အချစ်ဇာတ်လမ်းကို တရားဝင်ဖော်ထုတ်ပြသလာခဲ့ပြီဖြစ်သည့် ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီနှင့် ကနေဒါဝန်ကြီးချုပ်ဟောင်း ထရူးဒိုး

617

Pika (NP News) - ဒီဇင်ဘာ ၁၄
ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီသည် ကနေဒါဝန်ကြီးချုပ်ဟောင်း ထရူးဒိုးနှင့် ပွေ့ဖက်ထား သည့် ဓာတ်ပုံ တစ်ပုံကို အင်စတာဂရမ်တွင်တင်ခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို တရားဝင်ဖော်ထုတ် ပြသခဲ့ကြောင်းသိရသည်။ အသက်(၄၁)နှစ်အရွယ် ကေတီပယ်ရီသည် ဖော်လိုဝါ(၂၀၂)သန်းရှိသည့် ၎င်း၏အင်စတာဂရမ်အကောင့်တွင် ထရူးဒိုးနှင့် ၎င်းတို့ပါးချင်းထိကပ်နေသည့် ဓာတ်ပုံကို တင်ခဲ့ကာ ပရိသတ်အများအပြားကို အံ့အားသင့်အောင်လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကေတီပယ်ရီသည် ၎င်းနှင့်ထရူးဒိုးတို့ ဆူရှီအတူစားနေသည့် ဗီဒီယိုများကိုလည်း အင်စတာဂရမ်တွင် တင်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ၎င်းမှတ်ချက်ပေးရန် တောင်းဆိုမှုများကို ကေတီပယ်ရီနှင့် ထရူးဒိုးတို့က ပြန်လည်တုံ့ပြန်ဖြေ ကြားခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။
ထရူးဒိုးသည် လစ်ဘရယ်ပါတီ၏ခေါင်း ဆောင်အဖြစ် (၂၀၁၅)ခုနှစ်မှ(၂၀၂၅)ခုနှစ်အထိ ကနေဒါဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ကြောင်းသိရသည်။ ထို့ပြင် ကေတီပယ်ရီနှင့် ထရူးဒိုး တို့တွဲနေသည်မှာ အချိန်ဘယ် လောက်ရှိပြီဆိုသည့် အချက်အလက်များကိုလည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေး ကြောင်းသိရသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီအိုကီရှီဒါနှင့် ၎င်း၏ဇနီးဖြစ်သူ ယူကိုတို့နှင့်အတူ ဓာတ်ပုံတွဲရိုက် ထားသော ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံတစ်ပုံကို ထရူးဒိုးက ၎င်း၏အင်စတာဂရမ်တွင် တင်ခဲ့ကြောင်းလည်းသိရ သည်။ အဆိုပါပို့စ်တွင် ‘တွေ့ရတာဝမ်းသာပါတယ် ဖူမီအိုကီရှီဒါ။ ကေတီနဲ့ကျွန်တော်က မင်းတို့နဲ့အတူတူ စားပွဲဝိုင်းတစ်ခုထဲမှာ ထိုင်ခွင့်ရလို့ ဝမ်းသာပါတယ်’ဟု ထရူးဒိုးက ရေးသားဖော်ပြထားသည်။

Zawgyi Version:
အခ်စ္ဇာတ္လမ္းကို တရားဝင္ေဖာ္ထုတ္ျပသလာခဲ့ၿပီျဖစ္သည့္ ကမာၻေက်ာ္အဆိုေတာ္ ေကတီပယ္ရီႏွင့္ ကေနဒါ ဝန္ႀကီးခ်ဳပ္ေဟာင္း ထ႐ူးဒိုး
Pika (NP News) - ဒီဇင္ဘာ ၁၄
ကမာၻေက်ာ္အဆိုေတာ္ ေကတီပယ္ရီသည္ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ထ႐ူးဒိုးႏွင့္ ေပြ႕ဖက္ထား သည့္ ဓာတ္ပုံ တစ္ပုံကို အင္စတာဂရမ္တြင္တင္ခဲ့ၿပီး ၎တို႔ႏွစ္ဦး၏ ဆက္ဆံေရးကို တရားဝင္ေဖာ္ထုတ္ ျပသခဲ့ေၾကာင္းသိရသည္။ အသက္(၄၁)ႏွစ္အ႐ြယ္ ေကတီပယ္ရီသည္ ေဖာ္လိုဝါ(၂၀၂)သန္းရွိသည့္ ၎၏အင္စတာဂရမ္အေကာင့္တြင္ ထ႐ူးဒိုးႏွင့္ ၎တို႔ပါးခ်င္းထိကပ္ေနသည့္ ဓာတ္ပုံကို တင္ခဲ့ကာ ပရိသတ္အမ်ားအျပားကို အံ့အားသင့္ေအာင္လုပ္ ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေကတီပယ္ရီသည္ ၎ႏွင့္ထ႐ူးဒိုးတို႔ ဆူရွီအတူစားေနသည့္ ဗီဒီယိုမ်ားကိုလည္း အင္စတာဂရမ္တြင္ တင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ၎မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ေကတီပယ္ရီႏွင့္ ထ႐ူးဒိုးတို႔က ျပန္လည္တုံ႔ျပန္ေျဖ ၾကားျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။
ထ႐ူးဒိုးသည္ လစ္ဘရယ္ပါတီ၏ေခါင္း ေဆာင္အျဖစ္ (၂၀၁၅)ခုႏွစ္မွ(၂၀၂၅)ခုႏွစ္အထိ ကေနဒါဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ ေကတီပယ္ရီႏွင့္ ထ႐ူးဒိုး တို႔တြဲေနသည္မွာ အခ်ိန္ဘယ္ ေလာက္ရွိၿပီဆိုသည့္ အခ်က္အလက္မ်ားကိုလည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသး ေၾကာင္းသိရသည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဖူမီအိုကီရွီဒါႏွင့္ ၎၏ဇနီးျဖစ္သူ ယူကိုတို႔ႏွင့္အတူ ဓာတ္ပုံတြဲ႐ိုက္ ထားေသာ ၎တို႔ႏွစ္ဦး၏ ဓာတ္ပုံတစ္ပုံကို ထ႐ူးဒိုးက ၎၏အင္စတာဂရမ္တြင္ တင္ခဲ့ေၾကာင္းလည္းသိရ သည္။ အဆိုပါပို႔စ္တြင္ ‘ေတြ႕ရတာဝမ္းသာပါတယ္ ဖူမီအိုကီရွီဒါ။ ေကတီနဲ႔ကြၽန္ေတာ္က မင္းတို႔နဲ႔အတူတူ စားပြဲဝိုင္းတစ္ခုထဲမွာ ထိုင္ခြင့္ရလို႔ ဝမ္းသာပါတယ္’ဟု ထ႐ူးဒိုးက ေရးသားေဖာ္ျပထားသည္။