ယူကရိန်းနိုင်ငံပိုင်နက်အများအပြားကို ရုရှားထံ လွှဲပြောင်းပေးရန်အတွက် အမေရိကန်အစိုးရ တွန်းအားပေးနေ

 165

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၄

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ ပိုင်နက်အများအပြားကို ရုရှားထံလွှဲပြောင်းပေးရန်အတွက် တွန်းအား ပေးလျက်ရှိနေကြောင်း ယူကရိန်း သမ္မတ ဇယ်လန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား (၂၀၂၂)ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲကိုအဆုံးသတ်ရန် ကြားဝင် ကြိုးပမ်းလျက်ရှိနေရာ လက်ရှိအချိန်တွင် စစ်ပွဲကိုအဆုံးသတ်နိုင်ရန်အတွက် ယူကရိန်း ကို မူလပိုင်နက် နယ်မြေအများအပြားစွန့်လွှတ်ပေးရန် အမေရိကန် ဘက်က ကြိုးပမ်းခြင်းများရှိနေသည်ဟု သိရသည်။ စစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်အစိုးရ၏ အဆိုပြုကမ်းလှမ်းချက်များထဲတွင် ရုရှားသိမ်းပိုက် ထားသည့် ယူကရိန်းပိုင်နက်များကို လက်လွှတ်ပေးရ မည့်အချက်အပြင် ဒွန်းညက်စ်ဒေသမှ ယူကရိန်းစစ်သားများ ပြန်လည် ရုပ်သိမ်းရန်အချက်များ ပါဝင်လျက်ရှိနေသော်လည်း ဒွန်းညက်စ်ဒေသမှ ရုရှား တပ်ဖွဲ့များ ပြန်ရုပ်သိမ်းရမည့်အချက်များ ပါဝင်ခြင်း မျိုးမရှိကြောင်း သိရသည်။
အမေရိကန်သမ္မတသည် စစ်ပွဲအဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးအဆိုပြုချက် အချက်(၂၈) ချက်ပါသည့် ကမ်းလှမ်းချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အမေရိကန်အစိုးရအဆိုပြုခဲ့ သော ငြိမ်းချမ်းရေးအဆိုပြုချက်များသည် ရုရှားနိုင်ငံကို ပိုမိုအခွင့်ရေးဖြစ်စေခဲ့ကြောင်း စွပ်စွဲချက်ချက်များလည်း ထွက် ပေါ် နေသည်။ ယူကရိန်းသည် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအဆိုပြုချက်များကို ပြန်လည်သုံးသပ်လျက်ရှိနေ ပြီး သဘောမတူညီသည့်အချက်များ ပါဝင်နေကြောင်း သိရသည်။
ယူကရိန်းသမ္မတက ‘ငြိမ်းချမ်းရေးအတွက်အဆိုပြုကမ်းလှမ်းချက်(၂၈)ချက်ထဲမှာ သဘောမတူညီတဲ့အချက် တွေပါဝင်နေတယ်။ ဒွန်းညက်စ်ဒေသပိုင်ဆိုင်မှုနဲ့ Zaporizhzhia နျူကလီး ယားလျှပ်စစ်ဓာတ်အားပေးစက်ရုံကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောမတူညီဘူး၊ အဲဒါနဲ့ပတ်သက်ပြီး ထပ်မံဆွေးနွေးရဦးမယ်။ ဒါ့ပြင် ယူကရိန်းတပ်ဖွဲ့တွေကို ဒွန်းညက်စ်ဒေသရှိနယ်မြေကနေထွက်သွားဖို့နဲ့ ရုရှားတပ်ဖွဲ့တွေ အဲဒီနယ်မြေထဲကိုမဝင်ဖို့ ညှိနှိုင်းတာ မျိုးလည်း လုပ် ဆောင်ရမယ်’ဟုပြောသည်။ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းပိုင်နက်များကို လက်ခံလွှဲပြောင်းပေး ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ရေးသားဖော်ပြခြင်းမျိုးမရှိကြောင်း၊ ယူကရိန်းနိုင်ငံသားများသည် နိုင်ငံပိုင် နက်ပြဿနာများ ကို နောက်ဆုံးတွင် ဆွေးနွေးပြောဆိုရမည့်သူများဖြစ် ကြောင်းပြောသည်။

Zawgyi Version:
ယူကရိန္းႏိုင္ငံပိုင္နက္အမ်ားအျပားကို ႐ုရွားထံ လႊဲေျပာင္းေပးရန္အတြက္ အေမရိကန္အစိုးရ တြန္းအားေပးေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၄

အေမရိကန္ႏိုင္ငံအေနျဖင့္ ယူကရိန္းႏိုင္ငံ ပိုင္နက္အမ်ားအျပားကို ႐ုရွားထံလႊဲေျပာင္းေပးရန္အတြက္ တြန္းအား ေပးလ်က္ရွိေနေၾကာင္း ယူကရိန္း သမၼတ ဇယ္လန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား (၂၀၂၂)ခုႏွစ္တြင္ စတင္ျဖစ္ပြားခဲ့သည့္ စစ္ပြဲကိုအဆုံးသတ္ရန္ ၾကားဝင္ ႀကိဳးပမ္းလ်က္ရွိေနရာ လက္ရွိအခ်ိန္တြင္ စစ္ပြဲကိုအဆုံးသတ္ႏိုင္ရန္အတြက္ ယူကရိန္း ကို မူလပိုင္နက္ နယ္ေျမအမ်ားအျပားစြန႔္လႊတ္ေပးရန္ အေမရိကန္ ဘက္က ႀကိဳးပမ္းျခင္းမ်ားရွိေနသည္ဟု သိရသည္။ စစ္ပြဲအဆုံးသတ္ရန္အတြက္ အေမရိကန္အစိုးရ၏ အဆိုျပဳကမ္းလွမ္းခ်က္မ်ားထဲတြင္ ႐ုရွားသိမ္းပိုက္ ထားသည့္ ယူကရိန္းပိုင္နက္မ်ားကို လက္လႊတ္ေပးရ မည့္အခ်က္အျပင္ ဒြန္းညက္စ္ေဒသမွ ယူကရိန္းစစ္သားမ်ား ျပန္လည္ ႐ုပ္သိမ္းရန္အခ်က္မ်ား ပါဝင္လ်က္ရွိေနေသာ္လည္း ဒြန္းညက္စ္ေဒသမွ ႐ုရွား တပ္ဖြဲ႕မ်ား ျပန္႐ုပ္သိမ္းရမည့္အခ်က္မ်ား ပါဝင္ျခင္း မ်ိဳးမရွိေၾကာင္း သိရသည္။
အေမရိကန္သမၼတသည္ စစ္ပြဲအဆုံးသတ္ရန္အတြက္ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ အခ်က္(၂၈) ခ်က္ပါသည့္ ကမ္းလွမ္းခ်က္ကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း စတင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္အစိုးရအဆိုျပဳခဲ့ ေသာ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္မ်ားသည္ ႐ုရွားႏိုင္ငံကို ပိုမိုအခြင့္ေရးျဖစ္ေစခဲ့ေၾကာင္း စြပ္စြဲခ်က္ခ်က္မ်ားလည္း ထြက္ ေပၚ ေနသည္။ ယူကရိန္းသည္ လက္ရွိအခ်ိန္တြင္ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္မ်ားကို ျပန္လည္သုံးသပ္လ်က္ရွိေန ၿပီး သေဘာမတူညီသည့္အခ်က္မ်ား ပါဝင္ေနေၾကာင္း သိရသည္။
ယူကရိန္းသမၼတက ‘ၿငိမ္းခ်မ္းေရးအတြက္အဆိုျပဳကမ္းလွမ္းခ်က္(၂၈)ခ်က္ထဲမွာ သေဘာမတူညီတဲ့အခ်က္ ေတြပါဝင္ေနတယ္။ ဒြန္းညက္စ္ေဒသပိုင္ဆိုင္မႈနဲ႔ Zaporizhzhia န်ဴကလီး ယားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကိစၥေတြနဲ႔ ပတ္သက္ၿပီး သေဘာမတူညီဘူး၊ အဲဒါနဲ႔ပတ္သက္ၿပီး ထပ္မံေဆြးေႏြးရဦးမယ္။ ဒါ့ျပင္ ယူကရိန္းတပ္ဖြဲ႕ေတြကို ဒြန္းညက္စ္ေဒသရွိနယ္ေျမကေနထြက္သြားဖို႔နဲ႔ ႐ုရွားတပ္ဖြဲ႕ေတြ အဲဒီနယ္ေျမထဲကိုမဝင္ဖို႔ ညႇိႏႈိင္းတာ မ်ိဳးလည္း လုပ္ ေဆာင္ရမယ္’ဟုေျပာသည္။ ယူကရိန္းသမၼတ ဇယ္လန္စကီးက ယူကရိန္းပိုင္နက္မ်ားကို လက္ခံလႊဲေျပာင္းေပး ရန္အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲတြင္ ေရးသားေဖာ္ျပျခင္းမ်ိဳးမရွိေၾကာင္း၊ ယူကရိန္းႏိုင္ငံသားမ်ားသည္ ႏိုင္ငံပိုင္ နက္ျပႆနာမ်ား ကို ေနာက္ဆုံးတြင္ ေဆြးေႏြးေျပာဆိုရမည့္သူမ်ားျဖစ္ ေၾကာင္းေျပာသည္။

Related news

© 2021. All rights reserved.