အိန္ဒိယ နှင့် KIA အကြား မြေရှားအရောင်းအဝယ် သဘောတူသည်ဆိုသော သတင်းကို အိန္ဒိယသံရုံး ငြင်းပယ်

 269

အလင်း (NP News) - ဒီဇင်ဘာ ၁၄

Silicon Valley Times အမည်ရှိ အွန်လိုင်းသတင်းဌာနတစ်ခုက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော အိန္ဒိယ နှင့် KIA အကြား မြေရှားအရောင်းအဝယ် သဘောတူသည်ဆို သော သတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
“အိန္ဒိယနှင့် မြန်မာ သူပုန်အဖွဲ့တို့၏ လျှို့ဝှက်သဘောတူ ညီချက် ပေါ်ပေါက်လာခြင်း” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ရာ ယင်း သတင်းအတွင်း အိန္ဒိယနှင့် KIA ကြား တိုက်ရိုက် မြေရှားသတ္တုထုတ်ယူရေး မဟာမိတ်ဖွဲ့ထားကြောင်း ဖော်ပြထားသည်။
ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေး အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် အရူနာချာ ပရာဒက်ရှ်ပြည်နယ်ရှိ ဗီဂျိုင်နာဂါမှ မြန်မာနိုင်ငံ ချီဖွေရှိ မြေရှား သတ္တုတူးဖော်ရေး နေရာအထိ (၃၆၅) ကီလိုမီတာ ရှိသော လမ်းကွန်ရက်ကို တည်ဆောက်ခဲ့ကြောင်း Silicon Valley Times ၏ သတင်းတွင် ဆိုထားသေးသည်။
ထို့ပြင် ယင်းလမ်းပိုင်းကို မြန်မာအစိုးရ၏ ခွင့်ပြုချက်မပါဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယက KIA ကို လက်နက်များ၊ ဆေးဝါးအကူအညီများနှင့် ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းများပေးပို့ရန်နှင့် KIA ထိန်းချုပ်ရာဒေသမှ မြေရှားသယံဇာတများ အိန္ဒိယနိုင်ငံဆီ တင်သွင်းဖို့ အသုံးပြုသွားမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
အိန္ဒိယ၏ စစ်ရေးထောက်ပံ့မှုတွင် ခေတ်မီလက်နက်များနှင့် ဆေးဝါးပစ္စည်းများ ပါဝင်ပြီး အပြန်အလှန်အားဖြင့် KIA က နယ်စပ်အနီးရှိ အိန္ဒိယဆန့်ကျင်ရေး သူပုန်အဖွဲ့များ ဖြစ်သော National Socialist Council of Nagaland-K (YA) အပါအဝင် အဖွဲ့များကို နှိမ်နင်းပေးရန် ကတိပြုထားသည့်အပြင် အငြင်းပွားဖွယ်ရာ ချင်းပြည်နယ်နှင့် ကဘော်ချိုင့်ဝှမ်း ဒေသများအပေါ် အိန္ဒိယ၏ တောင်းဆိုမှုများကို KIA က ဆိတ်ဆိတ်နေခြင်းဖြင့် ထောက်ခံပေးထားကြောင်း ရေးသားထားသည်။
ထို့ပြင် ပူးပေါင်းဆောင်ရွက်မှုတွင် KIA ၏ ဌာနချုပ်ဖြစ်သော လိုင်ဇာမှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်၍ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အထိ ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်းကြောင်းတစ်ခု တည်ဆောက်ရန် လျှို့ဝှက်အစီအစဉ် ပါဝင်နေကြောင်းကိုလည်း Silicon Valley Times ဆိုထားကာ ဤစင်္ကြံလမ်းအတွက် ရန်ပုံငွေကို မြန်မာနိုင်ငံ၏ တရားမဝင် သစ်ခိုးထုတ်မှု ကွန်ရက်များမှ တစ်စိတ်တစ်ပိုင်း ရရှိနေပြီး မြေရှားသတ္တုများ၊ ရေနံနှင့် သစ်များကို အိန္ဒိယသို့ ရေရှည်ပို့ဆောင်နိုင်စေမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးထံ The Statesman ဂျာနယ်မှ ဆက်သွယ်အတည်ပြုခဲ့ရာ “သတင်းတု၊ သတင်းမှားတစ်ခုသာဖြစ်ကြောင်း”ဆိုသည်။
ထို့ပြင် အိန္ဒိယနှင့်ပတ်သက်၍ ထိုကဲ့သို့ သတင်းတု၊ သတင်းမှားများ မကြာခဏ ဖြန့်ဝေလျက်ရှိကြောင်း လည်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
“အစိုးရနဲ့လုပ်နေတဲ့ Kaladan project နဲ့ Tripartite လမ်းတွေတောင် အဆင်မပြေသေးတာ ကချင်ကို လမ်းဖောက်မယ်ဆိုတာ ရယ်စရာကြီးပဲ။ အိန္ဒိယ နဲ့ မြန်မာရဲ့ ကောင်းနေတဲ့ဆက်ဆံရေးကို ပျက်စေချင်လို့ ဖွတဲ့ လုပ်ကြံသတင်း disinformation ဖြစ်မယ်” ဟု သံတမန်ဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

Zawgyi Version:
အိႏၵိယ ႏွင့္ KIA အၾကား ေျမရွားအေရာင္းအဝယ္ သေဘာတူသည္ဆိုေသာ သတင္းကို အိႏၵိယသံ႐ုံး ျငင္းပယ္
အလင္း (NP News) - ဒီဇင္ဘာ ၁၄

Silicon Valley Times အမည္ရွိ အြန္လိုင္းသတင္းဌာနတစ္ခုက အဂၤလိပ္ဘာသာျဖင့္ ေရးသားေသာ အိႏၵိယ ႏွင့္ KIA အၾကား ေျမရွားအေရာင္းအဝယ္ သေဘာတူသည္ဆို ေသာ သတင္းမွာ သတင္းမွားသာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယ သံ႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News သို့ ေျပာသည္။
“အိႏၵိယႏွင့္ ျမန္မာ သူပုန္အဖြဲ႕တို႔၏ လွ်ိဳ႕ဝွက္သေဘာတူ ညီခ်က္ ေပၚေပါက္လာျခင္း” ဟူေသာ ေခါင္းစဥ္ျဖင့္ သတင္းေဖာ္ျပခဲ့ရာ ယင္း သတင္းအတြင္း အိႏၵိယႏွင့္ KIA ၾကား တိုက္႐ိုက္ ေျမရွားသတၱဳထုတ္ယူေရး မဟာမိတ္ဖြဲ႕ထားေၾကာင္း ေဖာ္ျပထားသည္။
ၿဂိဳဟ္တုဓာတ္ပုံမ်ားႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ေထာက္လွမ္းေရး အခ်က္အလက္မ်ားအရ အိႏၵိယႏိုင္ငံသည္ အ႐ူနာခ်ာ ပရာဒက္ရွ္ျပည္နယ္ရွိ ဗီဂ်ိဳင္နာဂါမွ ျမန္မာႏိုင္ငံ ခ်ီေဖြရွိ ေျမရွား သတၱဳတူးေဖာ္ေရး ေနရာအထိ (၃၆၅) ကီလိုမီတာ ရွိေသာ လမ္းကြန္ရက္ကို တည္ေဆာက္ခဲ့ေၾကာင္း Silicon Valley Times ၏ သတင္းတြင္ ဆိုထားေသးသည္။
ထို႔ျပင္ ယင္းလမ္းပိုင္းကို ျမန္မာအစိုးရ၏ ခြင့္ျပဳခ်က္မပါဘဲ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အိႏၵိယက KIA ကို လက္နက္မ်ား၊ ေဆးဝါးအကူအညီမ်ားႏွင့္ ေထာက္ပံ့ပို႔ေဆာင္ေရး ပစၥည္းမ်ားေပးပို႔ရန္ႏွင့္ KIA ထိန္းခ်ဳပ္ရာေဒသမွ ေျမရွားသယံဇာတမ်ား အိႏၵိယႏိုင္ငံဆီ တင္သြင္းဖို႔ အသုံးျပဳသြားမည္ျဖစ္ေၾကာင္းကိုလည္း ေဖာ္ျပထားသည္။
အိႏၵိယ၏ စစ္ေရးေထာက္ပံ့မႈတြင္ ေခတ္မီလက္နက္မ်ားႏွင့္ ေဆးဝါးပစၥည္းမ်ား ပါဝင္ၿပီး အျပန္အလွန္အားျဖင့္ KIA က နယ္စပ္အနီးရွိ အိႏၵိယဆန႔္က်င္ေရး သူပုန္အဖြဲ႕မ်ား ျဖစ္ေသာ National Socialist Council of Nagaland-K (YA) အပါအဝင္ အဖြဲ႕မ်ားကို ႏွိမ္နင္းေပးရန္ ကတိျပဳထားသည့္အျပင္ အျငင္းပြားဖြယ္ရာ ခ်င္းျပည္နယ္ႏွင့္ ကေဘာ္ခ်ိဳင့္ဝွမ္း ေဒသမ်ားအေပၚ အိႏၵိယ၏ ေတာင္းဆိုမႈမ်ားကို KIA က ဆိတ္ဆိတ္ေနျခင္းျဖင့္ ေထာက္ခံေပးထားေၾကာင္း ေရးသားထားသည္။
ထို႔ျပင္ ပူးေပါင္းေဆာင္႐ြက္မႈတြင္ KIA ၏ ဌာနခ်ဳပ္ျဖစ္ေသာ လိုင္ဇာမွ စစ္ကိုင္းတိုင္းေဒသႀကီးကို ျဖတ္၍ ခ်င္းျပည္နယ္၊ ရိေခၚဒါရ္ၿမိဳ႕အထိ ဒုတိယေျမာက္ မဟာဗ်ဴဟာေျမာက္ လမ္းေၾကာင္းတစ္ခု တည္ေဆာက္ရန္ လွ်ိဳ႕ဝွက္အစီအစဥ္ ပါဝင္ေနေၾကာင္းကိုလည္း Silicon Valley Times ဆိုထားကာ ဤစႀကႍလမ္းအတြက္ ရန္ပုံေငြကို ျမန္မာႏိုင္ငံ၏ တရားမဝင္ သစ္ခိုးထုတ္မႈ ကြန္ရက္မ်ားမွ တစ္စိတ္တစ္ပိုင္း ရရွိေနၿပီး ေျမရွားသတၱဳမ်ား၊ ေရနံႏွင့္ သစ္မ်ားကို အိႏၵိယသို႔ ေရရွည္ပို႔ေဆာင္ႏိုင္ေစမည္ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။
အဆိုပါ သတင္းႏွင့္ ပတ္သက္၍ အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ တာဝန္ရွိသူ တစ္ဦးထံ The Statesman ဂ်ာနယ္မွ ဆက္သြယ္အတည္ျပဳခဲ့ရာ “သတင္းတု၊ သတင္းမွားတစ္ခုသာျဖစ္ေၾကာင္း”ဆိုသည္။
ထို႔ျပင္ အိႏၵိယႏွင့္ပတ္သက္၍ ထိုကဲ့သို႔ သတင္းတု၊ သတင္းမွားမ်ား မၾကာခဏ ျဖန႔္ေဝလ်က္ရွိေၾကာင္း လည္း အထက္ပါ တာဝန္ရွိသူက ေျပာသည္။
“အစိုးရနဲ႔လုပ္ေနတဲ့ Kaladan project နဲ႔ Tripartite လမ္းေတြေတာင္ အဆင္မေျပေသးတာ ကခ်င္ကို လမ္းေဖာက္မယ္ဆိုတာ ရယ္စရာႀကီးပဲ။ အိႏၵိယ နဲ႔ ျမန္မာရဲ႕ ေကာင္းေနတဲ့ဆက္ဆံေရးကို ပ်က္ေစခ်င္လို႔ ဖြတဲ့ လုပ္ႀကံသတင္း disinformation ျဖစ္မယ္” ဟု သံတမန္ေဟာင္းတစ္ဦးက သုံးသပ္ေျပာၾကားသည္။

Related news

© 2021. All rights reserved.