ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုကို ကိုရီးယားသီချင်းဖြင့် သင်္ကန်းဝတ်ဆင်ကာ ပေါင်းစပ်သရုပ်ဖော်ရာတွင် ပါဝင်သူ ဆိုင်းဆရာ အပါအဝင် အမျိုးသား (၄)ဦးနှင့်အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးအရေးယူ

 518

စော (NP News) - ဒီဇင်ဘာ ၁၄

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၌ သာသနာအား ညှိုးနွမ်းစေရန် နှင့် အများပြည်သူအမြင်မတင့်တယ်သောပုံစံဖြင့် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုကို ကိုရီးယားသီချင်းဖြင့် သင်္ကန်းဝတ်ဆင်ကာ ပေါင်းစပ်သရုပ်ဖော်ရာတွင် ပါဝင်သူ ဆိုင်းဆရာ အပါအဝင် အမျိုးသား (၄)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် နှင့် (၁၃) ရက်တို့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဥတ္တရသီရိ မြို့နယ် ဇလောင်းကျေးရွာ၌ ဒီဇင်ဘာ(၅)ရက်မှ (၇) ရက်အထိ “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့က တီးခတ်ကပြဖျော်ဖြေခဲ့ရာ ဒီဇင်ဘာ(၆)ရက် ညပိုင်းက တီးမှုတ်ကပြဖျော်ဖြေမှုတွင် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ်သရုပ်ဖော်၍ ဆိုင်းဆရာအဖြစ် စိုးသိန်း(ခ)အောင်စိုးမင်းက တီးခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူရွှင်တော်ဖြစ်သူ စိုးမင်းဦးက သင်္ကန်းဝတ်ဆင် သရုပ်ဖော်၍ ကိုရီးယားသီချင်းတီးလုံးဖြင့် သင်္ကန်းအားချွတ်ကာ အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်ပြီး အများပြည်သူအမြင်မတင့်တယ်သည့် ညစ်ညမ်းသောအပြုအမူဖြင့် သရုပ်ပျက်ကပြရာတွင် ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက်နှင့် နန်းဝတီတို့က ပါဝင်သရုပ်ဖော်ကပြခဲ့ကြသည့်ကို သိရှိရသဖြင့် ၎င်းတို့ကို အရေးယူနိုင်ရေးအတွက် တောင်ညိုနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၂၉၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နေသူများဖြစ်ကြသည့် ဆိုင်းဆရာ စိုးသိန်း (ခ) အောင်စိုးမင်း (၅၈) နှစ်၊ သင်္ကန်းဝတ်ဆင်၍ သရုပ်ပျက်ကပြခဲ့သောလူရွှင်တော် စိုးမင်းဦး (၄၂) နှစ်၊ ပါဝင်ကပြဖျော်ဖြေခဲ့သူ နန်းဝတီ (၁၆) နှစ်၊ ကျွဲရှင်းကျေးရွာနေ ကိုဖြိုး (ခ) ဝေဖြိုးထက် (၃၉) နှစ်တို့ကို ဒီဇင်ဘာ ၁၁ရက်၊ ည ၁၀ နာရီ မိနစ် ၅၀တွင်လည်းကောင်း၊ လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာနေ ထက်လင်းဦး (ခ) မျက်ပြူး (၂၈)နှစ်အား ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အများပြည်သူ၏ ဘာသာရေးယုံကြည်မှု စိတ်ကို စော်ကားရန်၊ သာသနာအား ညှိုးနွမ်းစေရန်နှင့် အများပြည်သူအမြင်မတင့်တယ်စေရန် တီးမှုတ်ကပြဖျော်ဖြေခဲ့သူများဖြစ်သည့် စိုးသိန်း (ခ) အောင်စိုးမင်း ပါ ငါးဦးတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ၾကာနီကန္ဆရာေတာ္၏ အနႏၲငါးပါးရွိခိုးမႈကို ကိုရီးယားသီခ်င္းျဖင့္ သကၤန္းဝတ္ဆင္ကာ ေပါင္းစပ္သ႐ုပ္ေဖာ္ရာတြင္ ပါဝင္သူ ဆိုင္းဆရာ အပါအဝင္ အမ်ိဳးသား (၄)ဦးႏွင့္အမ်ိဳးသမီးတစ္ဦးတို႔ကို ဖမ္းဆီးအေရးယူ
ေစာ (NP News) - ဒီဇင္ဘာ ၁၄
ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္၌ သာသနာအား ညႇိဳးႏြမ္းေစရန္ ႏွင့္ အမ်ားျပည္သူအျမင္မတင့္တယ္ေသာပုံစံျဖင့္ ၾကာနီကန္ဆရာေတာ္၏ အနႏၲငါးပါးရွိခိုးမႈကို ကိုရီးယားသီခ်င္းျဖင့္ သကၤန္းဝတ္ဆင္ကာ ေပါင္းစပ္သ႐ုပ္ေဖာ္ရာတြင္ ပါဝင္သူ ဆိုင္းဆရာ အပါအဝင္ အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ကို ၿပီးခဲ့သည့္ ဒီဇင္ဘာ (၁၁) ရက္ ႏွင့္ (၁၃) ရက္တို႔က ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဥတၱရသီရိ ၿမိဳ႕နယ္ ဇေလာင္းေက်း႐ြာ၌ ဒီဇင္ဘာ(၅)ရက္မွ (၇) ရက္အထိ “ေအာင္စိုးမင္း” ဂီတပေဒသာဆိုင္းအဖြဲ႕က တီးခတ္ကျပေဖ်ာ္ေျဖခဲ့ရာ ဒီဇင္ဘာ(၆)ရက္ ညပိုင္းက တီးမႈတ္ကျပေဖ်ာ္ေျဖမႈတြင္ ၾကာနီကန္ဆရာေတာ္၏ အနႏၲငါးပါးရွိခိုးမႈႏွင့္ ကိုရီးယားဂန္းနန္းစတိုင္ သီခ်င္းတီးလုံးတို႔အား ေပါင္းစပ္သ႐ုပ္ေဖာ္၍ ဆိုင္းဆရာအျဖစ္ စိုးသိန္း(ခ)ေအာင္စိုးမင္းက တီးခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လူ႐ႊင္ေတာ္ျဖစ္သူ စိုးမင္းဦးက သကၤန္းဝတ္ဆင္ သ႐ုပ္ေဖာ္၍ ကိုရီးယားသီခ်င္းတီးလုံးျဖင့္ သကၤန္းအားခြၽတ္ကာ အက်ႌမပါ ပုဆိုးခါးေတာင္းက်ိဳက္ၿပီး အမ်ားျပည္သူအျမင္မတင့္တယ္သည့္ ညစ္ညမ္းေသာအျပဳအမူျဖင့္ သ႐ုပ္ပ်က္ကျပရာတြင္ ထက္လင္းဦး (ခ) မ်က္ျပဴး၊ ကိုၿဖိဳး (ခ) ေဝၿဖိဳးထက္ႏွင့္ နန္းဝတီတို႔က ပါဝင္သ႐ုပ္ေဖာ္ကျပခဲ့ၾကသည့္ကို သိရွိရသျဖင့္ ၎တို႔ကို အေရးယူႏိုင္ေရးအတြက္ ေတာင္ညိဳနယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/ ၂၉၅-က ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းဆီးရမိႏိုင္ေရးေဆာင္႐ြက္ခဲ့ရာ ဥတၱရသီရိၿမိဳ႕နယ္ ေ႐ႊနံ႔သာရပ္ကြက္ေနသူမ်ားျဖစ္ၾကသည့္ ဆိုင္းဆရာ စိုးသိန္း (ခ) ေအာင္စိုးမင္း (၅၈) ႏွစ္၊ သကၤန္းဝတ္ဆင္၍ သ႐ုပ္ပ်က္ကျပခဲ့ေသာလူ႐ႊင္ေတာ္ စိုးမင္းဦး (၄၂) ႏွစ္၊ ပါဝင္ကျပေဖ်ာ္ေျဖခဲ့သူ နန္းဝတီ (၁၆) ႏွစ္၊ ကြၽဲရွင္းေက်း႐ြာေန ကိုၿဖိဳး (ခ) ေဝၿဖိဳးထက္ (၃၉) ႏွစ္တို႔ကို ဒီဇင္ဘာ ၁၁ရက္၊ ည ၁၀ နာရီ မိနစ္ ၅၀တြင္လည္းေကာင္း၊ လယ္ေဝးၿမိဳ႕နယ္ ေၾကာင္ေရေက်း႐ြာေန ထက္လင္းဦး (ခ) မ်က္ျပဴး (၂၈)ႏွစ္အား ဒီဇင္ဘာ ၁၃ ရက္ မြန္းလြဲ ၁ နာရီတြင္လည္းေကာင္း ၎တို႔၏ေနအိမ္အသီးသီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ အမ်ားျပည္သူ၏ ဘာသာေရးယုံၾကည္မႈ စိတ္ကို ေစာ္ကားရန္၊ သာသနာအား ညႇိဳးႏြမ္းေစရန္ႏွင့္ အမ်ားျပည္သူအျမင္မတင့္တယ္ေစရန္ တီးမႈတ္ကျပေဖ်ာ္ေျဖခဲ့သူမ်ားျဖစ္သည့္ စိုးသိန္း (ခ) ေအာင္စိုးမင္း ပါ ငါးဦးတို႔အား တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.