AA က မဝင်မနေရ စစ်မှုထမ်း ဆင့်ခေါ်ပြီး (၄၅) ရက် သင်တန်းပေးကာ ရှေ့တန်းပို့သဖြင့် ပလက်ဝ ဒေသခံရာချီ ထွက်ပြေးနေ

 403

သုတကျော်(NP News)-ဒီဇင်ဘာ ၁၄
AA က မဝင်မနေရ စစ်မှုထမ်းဆင့် ခေါ်ပြီး (၄၅) ရက် စစ်သင်တန်းပေးကာ ရှေ့တန်း ပို့သဖြင့် ပလက်ဝဒေသခံ ရာချီ ထွက်ပြေးနေကြ ကြောင်း ပလက်ဝဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ပလက်ဝဒေသကို AA က ထိန်းချုပ်ပြီး နောက်ယင်းဒေသရှိ ရခိုင်တိုင်းရင်းသားများကို မဝင်မနေရ စစ်မှု ထမ်းဆင့်ခေါ်ပြီးနောက် ချင်းတိုင်းရင်းသားများကို ထပ်မံ ခေါ်ယူနေခြင်းဖြစ်ရာ မဝင်လို သူများနှင့် မိသားစုဝင်များက အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ဘက်သို့ တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
‘ပလက်ဝမှာ အခုတစ်ခါက ဒုတိယအသုတ်ပေါ့။ ပထမအသုတ်က စစ်သင်တန်း ပေးပြီးပြီ။ အဲဒီတုန်းက ရခိုင်တွေပေါ့။ အခုက ချင်းတိုင်းရင်းသားတွေကို ခေါ်မယ်ဆိုပြီးလုပ်တာ’ ဟု ပလက်ဝ ဒေသခံက ဆိုသည်။ AA က ပလက် ဝဒေသတွင် နေထိုင်သူများကို စာရင်းကောက်ယူ ပြီးနောက် စစ်မှုထမ်းအတွက် အကျုံးဝင်သူများကို ဆင့်ခေါ်ရန်စီစဉ် နေခြင်းဖြစ်ကာ တရားဝင် ခေါ်ယူခြင်းမရှိသေးသော်လည်း ဒေသခံက ကြိုတင်တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ချင်းလည်း ပြေးတယ်။ ရခိုင်လည်း ပြေးတာပဲ။ အဓိကတော့ ရှေ့တန်းထွက်ရမှာ စိုးတာ။ တော်တော်များများက သင်တန်း (၄၅) ရက်ကို သင် တန်းပေးတယ်။ ဒေသခံတွေက (၄၅) ရက် စစ်သင် တန်းတက်ဆိုလည်းတက်မယ်။ ပြီးရင် မြို့ထဲမှာပဲ ပြန်ချပေးပေါ့။ အခုက အဲဒီလိုမဟုတ်ဘူး။ အရင် တုန်းက မြို့ထဲမှာချပေးမယ်ပြောတာ။ အခုနောက် ပိုင်းက အိန္ဒိယနယ်စပ်တို့၊ တိုက်ပွဲဖြစ်နေတဲ့ နေရာ တွေ ချပေးတာရှိတယ်။ ပထမအသုတ်က အဖွဲ့တွေ၊ တခြားနေရာက အဖွဲ့တွေက အဲဒီလို ပြဿနာရှိတော့ မိဘတွေရော၊ ဝင်မယ့်သူတွေရော စိုးရိမ်ပြီးဖြစ်ကြတာ” ဟု ၎င်းက ဆိုသည်။
ချင်းတိုင်းရင်းသားများအပါအဝင် အခြား တိုင်းရင်းသားများကိုပါ ဆင့်ခေါ်ခြင်းသည် ယုံကြည်၍ခေါ်ခြင်းထက် လူအင်အားလိုအပ် သောကြောင့် ခေါ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘ယုံတယ်တော့လည်း မဟုတ်ဘူးပေါ့ အဓိကနေရာတွေ မထားဘူးပေါ့ဗျာ။ တိုက်ခိုက်ရေး ဘက်ထားတာမျိုး လုပ်ချင်လုပ်မှာပေါ့’ ဟု အဆိုပါ ပလက်ဝဒေသခံက ဆိုသည်။
အဆိုပါ AA ၏ စစ်မှုထမ်းကို ကြောက်၍ ထွက်ပြေးကြသူများက အိန္ဒိယဘက်သို့ အများဆုံး ထွက်ခွာနေ ကြခြင်းမှာ ပြည်မသို့လာရန်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် လမ်းစရိတ် မြင့်တက်နေခြင်းကြောင့်ဖြစ် ကြောင်း အခြား ချင်း တိုင်းရင်းသားတစ်ဦးက ဆိုသည်။
‘ပလက်ဝကို AA စသိမ်းခါစ တောင် ရန်ကုန်ကို ပြေးတာ ပိုက်ဆံ သိန်းတစ်ရာ့ငါးဆယ် လောက် ကုန်တယ်လို့ ပြောတယ်။ မိသားစုလိုက်ပေါ့။ ဘာကြောင့်ကုန်လဲ ဆိုတော့ ဆိုပါစို့ ပလက်ဝကနေ ရွာတစ်ရွာကို စက်လှေ စင်းလုံး ငှားတယ်။ စက်လှေ က ဆယ်သိန်း။ အထုပ်တွေ ဘာတွေ ဝိုင်းထမ်းပေး တယ်။ တစ်ထုပ်ကို ငါးသောင်း ဆိုတော့ အဆင့်ဆင့်က တစ်ရာကျော်၊ တစ်ရာ့ငါးဆယ်လောက် ကုန် တယ် ကြားတယ်။ ဒီဘက်ဆင်းဖို့ မဖြစ်နိုင်ဘူး။ ဒါ ကြောင့် မီဇိုဘက်ပဲပြေးတယ်ကြားတယ်’ ဟု ၎င်းက ဆိုသည်။

Zawgyi Version:
AA က မဝင္မေနရ စစ္မႈထမ္း ဆင့္ေခၚၿပီး (၄၅) ရက္ သင္တန္းေပးကာ ေရွ႕တန္းပို႔သျဖင့္ ပလက္ဝ ေဒသခံရာခ်ီ ထြက္ေျပးေန
သုတေက်ာ္(NP News)-ဒီဇင္ဘာ ၁၄
AA က မဝင္မေနရ စစ္မႈထမ္းဆင့္ ေခၚၿပီး (၄၅) ရက္ စစ္သင္တန္းေပးကာ ေရွ႕တန္း ပို႔သျဖင့္ ပလက္ဝေဒသခံ ရာခ်ီ ထြက္ေျပးေနၾက ေၾကာင္း ပလက္ဝေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ပလက္ဝေဒသကို AA က ထိန္းခ်ဳပ္ၿပီး ေနာက္ယင္းေဒသရွိ ရခိုင္တိုင္းရင္းသားမ်ားကို မဝင္မေနရ စစ္မႈ ထမ္းဆင့္ေခၚၿပီးေနာက္ ခ်င္းတိုင္းရင္းသားမ်ားကို ထပ္မံ ေခၚယူေနျခင္းျဖစ္ရာ မဝင္လို သူမ်ားႏွင့္ မိသားစုဝင္မ်ားက အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ ျပည္နယ္ဘက္သို႔ တိမ္းေရွာင္ေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
‘ပလက္ဝမွာ အခုတစ္ခါက ဒုတိယအသုတ္ေပါ့။ ပထမအသုတ္က စစ္သင္တန္း ေပးၿပီးၿပီ။ အဲဒီတုန္းက ရခိုင္ေတြေပါ့။ အခုက ခ်င္းတိုင္းရင္းသားေတြကို ေခၚမယ္ဆိုၿပီးလုပ္တာ’ ဟု ပလက္ဝ ေဒသခံက ဆိုသည္။ AA က ပလက္ ဝေဒသတြင္ ေနထိုင္သူမ်ားကို စာရင္းေကာက္ယူ ၿပီးေနာက္ စစ္မႈထမ္းအတြက္ အက်ဳံးဝင္သူမ်ားကို ဆင့္ေခၚရန္စီစဥ္ ေနျခင္းျဖစ္ကာ တရားဝင္ ေခၚယူျခင္းမရွိေသးေသာ္လည္း ေဒသခံက ႀကိဳတင္တိမ္းေရွာင္ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“ခ်င္းလည္း ေျပးတယ္။ ရခိုင္လည္း ေျပးတာပဲ။ အဓိကေတာ့ ေရွ႕တန္းထြက္ရမွာ စိုးတာ။ ေတာ္ေတာ္မ်ားမ်ားက သင္တန္း (၄၅) ရက္ကို သင္ တန္းေပးတယ္။ ေဒသခံေတြက (၄၅) ရက္ စစ္သင္ တန္းတက္ဆိုလည္းတက္မယ္။ ၿပီးရင္ ၿမိဳ႕ထဲမွာပဲ ျပန္ခ်ေပးေပါ့။ အခုက အဲဒီလိုမဟုတ္ဘူး။ အရင္ တုန္းက ၿမိဳ႕ထဲမွာခ်ေပးမယ္ေျပာတာ။ အခုေနာက္ ပိုင္းက အိႏၵိယနယ္စပ္တို႔၊ တိုက္ပြဲျဖစ္ေနတဲ့ ေနရာ ေတြ ခ်ေပးတာရွိတယ္။ ပထမအသုတ္က အဖြဲ႕ေတြ၊ တျခားေနရာက အဖြဲ႕ေတြက အဲဒီလို ျပႆနာရွိေတာ့ မိဘေတြေရာ၊ ဝင္မယ့္သူေတြေရာ စိုးရိမ္ၿပီးျဖစ္ၾကတာ” ဟု ၎က ဆိုသည္။
ခ်င္းတိုင္းရင္းသားမ်ားအပါအဝင္ အျခား တိုင္းရင္းသားမ်ားကိုပါ ဆင့္ေခၚျခင္းသည္ ယုံၾကည္၍ေခၚျခင္းထက္ လူအင္အားလိုအပ္ ေသာေၾကာင့္ ေခၚျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
‘ယုံတယ္ေတာ့လည္း မဟုတ္ဘူးေပါ့ အဓိကေနရာေတြ မထားဘူးေပါ့ဗ်ာ။ တိုက္ခိုက္ေရး ဘက္ထားတာမ်ိဳး လုပ္ခ်င္လုပ္မွာေပါ့’ ဟု အဆိုပါ ပလက္ဝေဒသခံက ဆိုသည္။
အဆိုပါ AA ၏ စစ္မႈထမ္းကို ေၾကာက္၍ ထြက္ေျပးၾကသူမ်ားက အိႏၵိယဘက္သို႔ အမ်ားဆုံး ထြက္ခြာေန ၾကျခင္းမွာ ျပည္မသို႔လာရန္အတြက္ လမ္းပန္းဆက္သြယ္ေရးအခက္အခဲႏွင့္ လမ္းစရိတ္ ျမင့္တက္ေနျခင္းေၾကာင့္ျဖစ္ ေၾကာင္း အျခား ခ်င္း တိုင္းရင္းသားတစ္ဦးက ဆိုသည္။
‘ပလက္ဝကို AA စသိမ္းခါစ ေတာင္ ရန္ကုန္ကို ေျပးတာ ပိုက္ဆံ သိန္းတစ္ရာ့ငါးဆယ္ ေလာက္ ကုန္တယ္လို႔ ေျပာတယ္။ မိသားစုလိုက္ေပါ့။ ဘာေၾကာင့္ကုန္လဲ ဆိုေတာ့ ဆိုပါစို႔ ပလက္ဝကေန ႐ြာတစ္႐ြာကို စက္ေလွ စင္းလုံး ငွားတယ္။ စက္ေလွ က ဆယ္သိန္း။ အထုပ္ေတြ ဘာေတြ ဝိုင္းထမ္းေပး တယ္။ တစ္ထုပ္ကို ငါးေသာင္း ဆိုေတာ့ အဆင့္ဆင့္က တစ္ရာေက်ာ္၊ တစ္ရာ့ငါးဆယ္ေလာက္ ကုန္ တယ္ ၾကားတယ္။ ဒီဘက္ဆင္းဖို႔ မျဖစ္ႏိုင္ဘူး။ ဒါ ေၾကာင့္ မီဇိုဘက္ပဲေျပးတယ္ၾကားတယ္’ ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.