အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က သဘောတူညီခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 236

Pika (NP News) - ဒီဇင်ဘာ ၁၄

ရက်ပေါင်းများစွာကြာအောင် အသေအပျောက်များတဲ့ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့က သဘောတူညီခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းမှာ အမေရိကန်အစိုးရက ကြားဝင်စေ့စပ်ပေးခဲ့တဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြန်လည် စတင်ဖို့ လုပ်ဆောင်ဖို့လိုအပ်တဲ့အရာတွေရှိသေးတယ်လို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့အရာရှိတွေက အကြံပြုပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့နဲ့ ဖုန်းခေါ်ဆိုမှုလုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေးကိုပြန်လည်စတင်ဖို့ သဘောတူညီခဲ့ တယ်ဆိုတာကို ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ထိုင်းနဲ့ကမ္ဘောဒီးယားတို့က ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ကျွန်တော်တို့ရဲ့ကြားဝင် စေ့စပ်ပေးမှုကြောင့် ရခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်လည်လိုက်နာဖို့ သဘောတူညီခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း သဘောတူညီချက်နဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးကို သက္တမ္းတိုးဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔က သေဘာတူညီခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၄
ရက္ေပါင္းမ်ားစြာၾကာေအာင္ အေသအေပ်ာက္မ်ားတဲ့ပဋိပကၡေတြ ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ အပစ္အခတ္ ရပ္စဲေရးကို သက္တမ္းတိုးဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားႏိုင္ငံတို႔က သေဘာတူညီခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယခုႏွစ္အေစာပိုင္းမွာ အေမရိကန္အစိုးရက ၾကားဝင္ေစ့စပ္ေပးခဲ့တဲ့အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ျပန္လည္ စတင္ဖို႔ လုပ္ေဆာင္ဖို႔လိုအပ္တဲ့အရာေတြရွိေသးတယ္လို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ရဲ႕အရာရွိေတြက အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က ထိုင္းဝန္ႀကီးခ်ဳပ္ Anutin Charnvirakul၊ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္တို႔နဲ႔ ဖုန္းေခၚဆိုမႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံစလုံးက အပစ္အခတ္ရပ္စဲေရးကိုျပန္လည္စတင္ဖို႔ သေဘာတူညီခဲ့ တယ္ဆိုတာကို ထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ထိုင္းနဲ႔ကေမာၻဒီးယားတို႔က ပစ္ခတ္တိုက္ခိုက္မႈေတြကို ရပ္တန႔္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ၾကားဝင္ ေစ့စပ္ေပးမႈေၾကာင့္ ရခဲ့တဲ့ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ျပန္လည္လိုက္နာဖို႔ သေဘာတူညီခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း သေဘာတူညီခ်က္နဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.