ရုရှားမှာ မစ်ရှင်လုပ်ပြီး ပြန်လာတဲ့တပ်ဖွဲ့ကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း နွေးထွေးစွာကြိုဆို

 548

Pika (NP News) - ဒီဇင်ဘာ ၁၄

ရုရှားမှာ တာဝန်ထမ်းဆောင်ပြီးနောက် အိမ်ပြန်လာတဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့အင်ဂျင်နီယာတပ်ဖွဲ့တစ်ခုကို ကြိုဆိုတဲ့အခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားစစ်တပ်ရဲ့အင်ဂျင်နီယာတပ်ရင်း (၅၂၈)ကအရာရှိတွေနဲ့စစ်သားတွေကို ရက်ပေါင်း(၁၂၀) ကြာအောင် ပြည်ပမှာ ဖြန့်ကျက်ချထားစဉ်အချိန်အတွင်း သူရဲကောင်းဆန်တဲ့အပြုအမူတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တာအတွက် ကင်ဂျုံအန်းက ချီးကျူးစကားပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေဟာ လေယာဉ်ပေါ်ကနေဆင်းလာနေပြီး ကင်ဂျုံအန်းက စစ်သားတစ်ဦးကိုပွေ့ဖက်ကာ အခြားအရာရှိတွေက တပ်ဖွဲ့ကို ကြိုဆိုဖို့ စုဝေးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
မြောက်ကိုရီးယားရဲ့အင်ဂျင်နီယာတပ်ဖွဲ့ကို ပြီးခဲ့တဲ့ဩဂုတ်လအစောပိုင်းက ရုရှားကိုစေလွှတ်ခဲ့တာဖြစ်ပြီး ယူကရိန်း-ရုရှားစစ်ပွဲမှာ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ တိုက်ခိုက်ရေးနဲ့အင်ဂျင်နီယာလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ တယ်လို့ မြောက်ကိုရီးယားအစိုးရကပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ကာ့စ်ဒေသကို ယူကရိန်း တပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်မှုလာကိုတွန်းလှန်ရာမှာ ကူညီပေးခဲ့တဲ့မြောက်ကိုရီးယားတပ်သားတွေဟာ လက်ရှိအချိန်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားမွာ မစ္ရွင္လုပ္ၿပီး ျပန္လာတဲ့တပ္ဖြဲ႕ကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း ေႏြးေထြးစြာႀကိဳဆို
Pika (NP News) - ဒီဇင္ဘာ ၁၄
႐ုရွားမွာ တာဝန္ထမ္းေဆာင္ၿပီးေနာက္ အိမ္ျပန္လာတဲ့ ေျမာက္ကိုရီးယားစစ္တပ္ရဲ႕အင္ဂ်င္နီယာတပ္ဖြဲ႕တစ္ခုကို ႀကိဳဆိုတဲ့အခမ္းအနားကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းတက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားစစ္တပ္ရဲ႕အင္ဂ်င္နီယာတပ္ရင္း (၅၂၈)ကအရာရွိေတြနဲ႔စစ္သားေတြကို ရက္ေပါင္း(၁၂၀) ၾကာေအာင္ ျပည္ပမွာ ျဖန႔္က်က္ခ်ထားစဥ္အခ်ိန္အတြင္း သူရဲေကာင္းဆန္တဲ့အျပဳအမူေတြကို အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ခဲ့တာအတြက္ ကင္ဂ်ဳံအန္းက ခ်ီးက်ဴးစကားေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ခဲ့တဲ့ဗီဒီယိုဖိုင္တစ္ခုမွာ ယူနီေဖာင္းဝတ္ထားတဲ့စစ္သားေတြဟာ ေလယာဥ္ေပၚကေနဆင္းလာေနၿပီး ကင္ဂ်ဳံအန္းက စစ္သားတစ္ဦးကိုေပြ႕ဖက္ကာ အျခားအရာရွိေတြက တပ္ဖြဲ႕ကို ႀကိဳဆိုဖို႔ စုေဝးေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ေျမာက္ကိုရီးယားရဲ႕အင္ဂ်င္နီယာတပ္ဖြဲ႕ကို ၿပီးခဲ့တဲ့ဩဂုတ္လအေစာပိုင္းက ႐ုရွားကိုေစလႊတ္ခဲ့တာျဖစ္ၿပီး ယူကရိန္း-႐ုရွားစစ္ပြဲမွာ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ တိုက္ခိုက္ေရးနဲ႔အင္ဂ်င္နီယာလုပ္ငန္းေတြကို ေဆာင္႐ြက္ခဲ့ တယ္လို႔ ေျမာက္ကိုရီးယားအစိုးရကေျပာၾကားခဲ့ပါတယ္။႐ုရွားႏိုင္ငံ အေနာက္ပိုင္းမွာရွိတဲ့ကာ့စ္ေဒသကို ယူကရိန္း တပ္ဖြဲ႕ေတြ က်ဴးေက်ာ္ဝင္ေရာက္မႈလာကိုတြန္းလွန္ရာမွာ ကူညီေပးခဲ့တဲ့ေျမာက္ကိုရီးယားတပ္သားေတြဟာ လက္ရွိအခ်ိန္မွာ မိုင္းရွင္းလင္းေရးလုပ္ငန္းေတြမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ေနၿပီလို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့လမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.