ရွှေဘိုမြို့နယ်တွင် PDF တို့ ထောင်ထားသည့် မိုင်းများကြောင့် (၅) နှစ်အတွင်း ဒေသခံ (၈၀) နီးပါး သေဆုံးခဲ့

212

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၄
(၂၀၂၁)ခုနှစ်ကစတင်ကာ လက်ရှိအချိန်အထိ (၅)နှစ်ခန့်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တွင် PDF တို့ထောင်ထား သည့်မိုင်းများကြောင့် ဒေသခံ(၈၀)နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ရွှေဘိုမြို့နယ်အတွင်း PDF တို့ထောင် ထားသည့် မိုင်းများကို လယ်ယာများ၊ ကျေးရွာချင်း ဆက်လမ်းများနှင့် နေအိမ်ခြံဝင်းများအတွင်း အများစုတွေ့ရပြီး အဆိုပါမိုင်းများကြောင့် သေဆုံးရသူများတွင် အမျိုးသားအများဆုံးပါဝင် ကြောင်း သိရသည်။
‘ခန့်မှန်းခြေက ကျွန်တော်တို့နယ်မြေမှာဆိုရင် လူ(၃၀)(၄၀)လောက်ရှိပြီ။ တစ်မြို့နယ်လုံး ဆိုရင် (၈၀)နီးပါး ရှိမယ်။ အဲဒါရွှေဘိုမြို့နယ်ပဲရှိ သေးတယ်။ ဒီလောက်ဖြစ်နေတာတောင် ဒေသခံတွေဘာ အသံမှမထွက်ရဲကြဘူး’ ဟု ၎င်းကပြောသည်။
ထို့ပြင် PDF ၏မိုင်းများကြောင့် မရိတ်သိမ်းနိုင်သော လယ်ဧက (၁၀ဝ) ဝန်းကျင်ရှိနေပြီး နေအိမ်ခြံ ဝင်းအတွင်း ရှိနေသည့် မိုင်းများကြောင့် လည်း နေရပ်စွန်ခွာနေရသူများ ရှိနေကြောင်း ၎င်းက ဆိုသည်။
‘မိုင်းတွေကြောင့်မရိတ်နိုင်တဲ့ လယ်ဧက က(၁၀ဝ)ပတ်ချာလည်လောက်ရှိမယ်ထင်တယ်။ ဒေသခံတွေ တော် တော်ကို အခက်အခဲဖြစ်နေတာ။ တပ်ကလည်းဘာမှာမလုပ်ပေးနိုင်ဘူး။ ပြောရရင် လယ်ကိုသွားရင် သူတို့ ထောင်ထားတဲ့ မိုင်းတွေနင်းမိလို့ သေရတယ်ဆိုပြီး သူတို့ကတောင် အပြစ်ပြောကြ သေးတယ်။ မိုင်းတွေက လယ်ထဲ တွေမှာရှိတယ်။ အိမ်တွေထဲလည်းထောင်ကြတယ်။ ကျေးရွာချင်း ဆက်လမ်းတွေမှာလည်း ထောင်ကြတယ်။ အဲဒီ လောက်အထိဆိုးတာ’ဟု ၎င်းကပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည် ဒီဇင်ဘာလ (၁၁) ရက်က ရွှေဘိုမြို့တောင်ဘက်ရှိ ဇီးတောကျေးရွာနှင့် အောင်ချမ်းသာရွာသစ်ကျေး ရွာကြားတွင် PDF တို့ထောင်ထားသည့် မိုင်းကြောင့် တောင်သူတစ်ဦး လယ်တောမှပြန်လာ စဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDF တို႔ ေထာင္ထားသည့္ မိုင္းမ်ားေၾကာင့္ (၅) ႏွစ္အတြင္း ေဒသခံ (၈၀) နီးပါး ေသဆုံးခဲ့
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၄
(၂၀၂၁)ခုႏွစ္ကစတင္ကာ လက္ရွိအခ်ိန္အထိ (၅)ႏွစ္ခန႔္ကာလအတြင္း စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုၿမိဳ႕နယ္ တြင္ PDF တို႔ေထာင္ထား သည့္မိုင္းမ်ားေၾကာင့္ ေဒသခံ(၈၀)နီးပါး ေသဆုံးခဲ့ေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ေ႐ႊဘိုၿမိဳ႕နယ္အတြင္း PDF တို႔ေထာင္ ထားသည့္ မိုင္းမ်ားကို လယ္ယာမ်ား၊ ေက်း႐ြာခ်င္း ဆက္လမ္းမ်ားႏွင့္ ေနအိမ္ၿခံဝင္းမ်ားအတြင္း အမ်ားစုေတြ႕ရၿပီး အဆိုပါမိုင္းမ်ားေၾကာင့္ ေသဆုံးရသူမ်ားတြင္ အမ်ိဳးသားအမ်ားဆုံးပါဝင္ ေၾကာင္း သိရသည္။
‘ခန႔္မွန္းေျခက ကြၽန္ေတာ္တို႔နယ္ေျမမွာဆိုရင္ လူ(၃၀)(၄၀)ေလာက္ရွိၿပီ။ တစ္ၿမိဳ႕နယ္လုံး ဆိုရင္ (၈၀)နီးပါး ရွိမယ္။ အဲဒါေ႐ႊဘိုၿမိဳ႕နယ္ပဲရွိ ေသးတယ္။ ဒီေလာက္ျဖစ္ေနတာေတာင္ ေဒသခံေတြဘာ အသံမွမထြက္ရဲၾကဘူး’ ဟု ၎ကေျပာသည္။
ထို႔ျပင္ PDF ၏မိုင္းမ်ားေၾကာင့္ မရိတ္သိမ္းႏိုင္ေသာ လယ္ဧက (၁၀ဝ) ဝန္းက်င္ရွိေနၿပီး ေနအိမ္ၿခံ ဝင္းအတြင္း ရွိေနသည့္ မိုင္းမ်ားေၾကာင့္ လည္း ေနရပ္စြန္ခြာေနရသူမ်ား ရွိေနေၾကာင္း ၎က ဆိုသည္။
‘မိုင္းေတြေၾကာင့္မရိတ္ႏိုင္တဲ့ လယ္ဧက က(၁၀ဝ)ပတ္ခ်ာလည္ေလာက္ရွိမယ္ထင္တယ္။ ေဒသခံေတြ ေတာ္ ေတာ္ကို အခက္အခဲျဖစ္ေနတာ။ တပ္ကလည္းဘာမွာမလုပ္ေပးႏိုင္ဘူး။ ေျပာရရင္ လယ္ကိုသြားရင္ သူတို႔ ေထာင္ထားတဲ့ မိုင္းေတြနင္းမိလို႔ ေသရတယ္ဆိုၿပီး သူတို႔ကေတာင္ အျပစ္ေျပာၾက ေသးတယ္။ မိုင္းေတြက လယ္ထဲ ေတြမွာရွိတယ္။ အိမ္ေတြထဲလည္းေထာင္ၾကတယ္။ ေက်း႐ြာခ်င္း ဆက္လမ္းေတြမွာလည္း ေထာင္ၾကတယ္။ အဲဒီ ေလာက္အထိဆိုးတာ’ဟု ၎ကေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည္ ဒီဇင္ဘာလ (၁၁) ရက္က ေ႐ႊဘိုၿမိဳ႕ေတာင္ဘက္ရွိ ဇီးေတာေက်း႐ြာႏွင့္ ေအာင္ခ်မ္းသာ႐ြာသစ္ေက်း ႐ြာၾကားတြင္ PDF တို႔ေထာင္ထားသည့္ မိုင္းေၾကာင့္ ေတာင္သူတစ္ဦး လယ္ေတာမွျပန္လာ စဥ္ မိုင္းနင္းမိ၍ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။