ဖေဖော်ဝါရီ (၁၂) ရက်တွင် လွှတ်တော် ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ကြေညာ

 126

ဂျန်ဇက်(NP News)-ဒီဇင်ဘာ ၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့် ဖေဖော်ဝါရီ (၁၂) ရက်တွင် လွှတ်တော်ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (၂၀၂၄) ခုနှစ်က တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲ များကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်အစိုးရ ဖြုတ်ချခံရပြီးနောက် နိုင်ငံ အတွင်း ရွေးကောက်ပွဲကို (၂) နှစ်အတွင်း ပြန်လည် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရှိတ်ဟာစီနာ ဦးဆောင်သည့် အစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် နိုဘယ်ဆုရှင် ယူနွတ်ဦးဆောင်သည့်ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ယာယီတာဝန်ယူခဲ့ပြီး နိုင်ငံအတွင်း ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်ခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့ ခေါင်းဆောင်ယူနွတ်က ၎င်းအနေဖြင့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် အနားယူမည်ဖြစ်ကြောင်းသတင်း ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မဲပေး ခွင့်ရှိသည့် လူပေါင်း (၁၂၈) သန်းကျော်ရှိနေပြီး လွှတ်တော်နေရာပေါင်း (၃၀ဝ) အတွက် မဲရုံပေါင်း (၄၂၀ဝဝ) တွင်မဲပေးရမည်ဖြစ်သည်။
အိမ်စောင့်အစိုးရအဖွဲ့ခေါင်းဆောင် ယူနွတ်က ရွေးကောက်ပွဲကျင်းပမည့်အချိန် ကြေညာနိုင်ခြင်းနှင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပမည့် အစီအစဉ်ကို ကြိုဆိုကြောင်းပြောသည်။ အိမ်စောင့်အစိုး ရအဖွဲ့ ခေါင်းဆောင်ယူနွတ်က ‘ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီခရီးဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို ဖြတ်ကျော်ခဲ့တယ်။ သမိုင်းဝင် လူထုအုံကြွမှု အပြီးမှာ နိုင်ငံလျှောက်လှမ်းခဲ့တဲ့လမ်းကြောင်းသစ်ကို ပိုမို အားကောင်းစေခဲ့ပါတယ်’ ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ပါတီကို ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်ရန်ပိတ်ပင်ခဲ့ရာ အငြင်းပွားမှုများရှိနေကြောင်းသိရသည်။ ဝန်ကြီးချုပ်ဟောင်း ခါလစ်ဇီယာဦးဆောင် သည့် (BNP) သည် ရွေးကောက်ပွဲတွင်အနိုင်ရရန် ရေပန်းအစားဆုံးဖြစ်နေပြီး Jamaat-e-Islami ပါတီနှင့် အကြိတ်အနှယ် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ အဆိုပါ ပါတီသည် အငြင်းပွားမှုများရှိခဲ့သည့်အတွက် (၂၀၁၃) ခုနှစ်နောက် ပိုင်းတည်းက ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
(Ref:CNA)

Zawgyi Version:
ေဖေဖာ္ဝါရီ (၁၂) ရက္တြင္ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမ်ားကို ျပန္လည္က်င္းပသြားမည္ဟု ဘဂၤလားေဒ့ရွ္အစိုးရ ေၾကညာ
ဂ်န္ဇက္(NP News)-ဒီဇင္ဘာ ၁၄
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လာမည့္ ေဖေဖာ္ဝါရီ (၁၂) ရက္တြင္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားကို ျပန္လည္က်င္းပ သြားမည္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ အာဏာပိုင္မ်ားကထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ (၂၀၂၄) ခုႏွစ္က တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္သည့္ ဆႏၵျပပြဲ မ်ားေၾကာင့္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ဦးေဆာင္သည့္ ဘဂၤလားေဒ့ရွ္အစိုးရ ျဖဳတ္ခ်ခံရၿပီးေနာက္ ႏိုင္ငံ အတြင္း ေ႐ြးေကာက္ပြဲကို (၂) ႏွစ္အတြင္း ျပန္လည္ က်င္းပရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။ ရွိတ္ဟာစီနာ ဦးေဆာင္သည့္ အစိုးရအဖြဲ႕ ျဖဳတ္ခ်ခံရၿပီးေနာက္ ႏိုဘယ္ဆုရွင္ ယူႏြတ္ဦးေဆာင္သည့္ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕က ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ယာယီတာဝန္ယူခဲ့ၿပီး ႏိုင္ငံအတြင္း ေ႐ြးေကာက္ပြဲမ်ား ျပန္လည္က်င္းပရန္ စီစဥ္ခဲ့ေၾကာင္းသိရသည္။
ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕ ေခါင္းေဆာင္ယူႏြတ္က ၎အေနျဖင့္ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မည္ မဟုတ္ဘဲ ေ႐ြးေကာက္ပြဲ ၿပီးဆုံးခ်ိန္တြင္ အနားယူမည္ျဖစ္ေၾကာင္းသတင္း ထုတ္ျပန္ထားသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ မဲေပး ခြင့္ရွိသည့္ လူေပါင္း (၁၂၈) သန္းေက်ာ္ရွိေနၿပီး လႊတ္ေတာ္ေနရာေပါင္း (၃၀ဝ) အတြက္ မဲ႐ုံေပါင္း (၄၂၀ဝဝ) တြင္မဲေပးရမည္ျဖစ္သည္။
အိမ္ေစာင့္အစိုးရအဖြဲ႕ေခါင္းေဆာင္ ယူႏြတ္က ေ႐ြးေကာက္ပြဲက်င္းပမည့္အခ်ိန္ ေၾကညာႏိုင္ျခင္းႏွင့္ ျပည္လုံး ကြၽတ္ဆႏၵခံယူပြဲက်င္းပမည့္ အစီအစဥ္ကို ႀကိဳဆိုေၾကာင္းေျပာသည္။ အိမ္ေစာင့္အစိုး ရအဖြဲ႕ ေခါင္းေဆာင္ယူႏြတ္က ‘ဘဂၤလားေဒ့ရွ္ရဲ႕ ဒီမိုကေရစီခရီးဟာ အေရးႀကီးတဲ့ မွတ္တိုင္တစ္ခုကို ျဖတ္ေက်ာ္ခဲ့တယ္။ သမိုင္းဝင္ လူထုအုံႂကြမႈ အၿပီးမွာ ႏိုင္ငံေလွ်ာက္လွမ္းခဲ့တဲ့လမ္းေၾကာင္းသစ္ကို ပိုမို အားေကာင္းေစခဲ့ပါတယ္’ ဟု ေျပာသည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ၏ပါတီကို ေ႐ြးေကာက္ပြဲ တြင္ပါဝင္ယွဥ္ၿပိဳင္ရန္ပိတ္ပင္ခဲ့ရာ အျငင္းပြားမႈမ်ားရွိေနေၾကာင္းသိရသည္။ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလစ္ဇီယာဦးေဆာင္ သည့္ (BNP) သည္ ေ႐ြးေကာက္ပြဲတြင္အႏိုင္ရရန္ ေရပန္းအစားဆုံးျဖစ္ေနၿပီး Jamaat-e-Islami ပါတီႏွင့္ အႀကိတ္အႏွယ္ ယွဥ္ၿပိဳင္ရဖြယ္ရွိေနသည္။ အဆိုပါ ပါတီသည္ အျငင္းပြားမႈမ်ားရွိခဲ့သည့္အတြက္ (၂၀၁၃) ခုႏွစ္ေနာက္ ပိုင္းတည္းက ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။
(Ref:CNA)

Related news

© 2021. All rights reserved.