တရုတ်၏ ကုန်သွယ်ရေးဆိုင်ရာ ပိုလျှံမှုက ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ဒေါ်လာ (၁) ထရီလျံကျော်အထိရှိလာ

185

Pika(NP News)-ဒီဇင်ဘာ ၁၄
တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာပိုလျှံမှုသည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ (၁)ထရီလျံ ကျော်သွားခဲ့ပြီး အခြားမည်သည့်နိုင်ငံကမှ ယှဉ်ပြိုင်နိုင်ခြင်းမျိုးမရှိသောအဆင့်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်အုပ်ချုပ် ရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန် အုပ်ချုပ်ရေးဌာနကထုတ်ပြန်ခဲ့သော (၂၀၂၅)ခုနှစ် ပထမ (၁၁)လ အတွက်စာရင်းအင်းများအရ တရုတ် နိုင်ငံသည် ပြင်ပအခက်အခဲများရှိနေသော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလအထိ စုစုပေါင်း အမေရိကန်ဒေါ် လာ(၁ ဒသမ ဝ၈)ထရီလျံ ကုန်သွယ်ရေးဆိုင်ရာ ပို လျှံမှုဖြင့်လည်ပတ်နေကြောင်းသိရသည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ (၃ ဒသမ ၄၆)ထရီလျံအထိရောက်ရှိခဲ့ပြီး (၂၀၂၄)ခုနှစ် နှင့်နှိုင်းယှဉ်မည်ဆိုပါက (၆ ဒသမ ၂)ရာခိုင်နှုန်းတိုး လာခဲ့ကာ သွင်းကုန် ပမာဏမှာ (ဝ ဒသမ ၂) ရာခိုင် နှုန်းတိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၃၇) ထရီလျံရှိခဲ့ကြောင်း အထွေထွေအကောက်ခွန်အုပ် ချုပ်ရေးဌာနက ခန့်မှန်းပြောဆိုခဲ့သည်။
ဒေတာများအရ ပြီးခဲ့သည့်လတစ်လတည်း တွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ (၁၁၁ ဒသမ ၆၈)ဘီလျံ ကုန်သွယ်ရေးဆိုင်ရာပိုလျှံမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး လတစ်လတည်းတွင် မှတ်တမ်းတင်နိုင်ခဲ့သည့် တတိယမြောက် အကြီးဆုံးကုန်သွယ် ရေးဆိုင်ရာ ပိုလျှံမှုတစ်ခုဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကုန်ပစ္စည်းထုတ်လုပ်မှုများသည် ကုန်သွယ်ရေးဆိုင်ရာပိုလျှံမှု မြင့်တက်လာမှုလမ်းကြောင်း၏ အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ကြောင်း တရုတ်နိုင်ငံ၏ အကောက်ခွန်အေဂျင်စီက သတင်း ထုတ်ပြန်ခဲ့သည်။ မော်တော် ယာဉ်များအပါအဝင် တရုတ်ပို့ကုန်များသည် အရှေ့တောင်အာရှ၊ အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိကတို့တွင် ဈေး ကွက်များဖြင့်ပြည့်နှက်နေပြီး ဂျာမနီ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကဲ့သို့သော ရိုးရာပြိုင်ဘက်များအပေါ် ဖိအားများ ကိုဖြစ်ပေါ်စေကြောင်းလည်းသိရသည်။
(Ref:RT)

Zawgyi Version:
တ႐ုတ္၏ ကုန္သြယ္ေရးဆိုင္ရာ ပိုလွ်ံမႈက ပထမဆုံး အႀကိမ္အျဖစ္ အေမရိကန္ေဒၚလာ (၁) ထရီလ်ံေက်ာ္အထိရွိလာ
Pika(NP News)-ဒီဇင္ဘာ ၁၄
တ႐ုတ္ႏိုင္ငံ၏ ကုန္သြယ္ေရးဆိုင္ရာပိုလွ်ံမႈသည္ ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္ေဒၚလာ (၁)ထရီလ်ံ ေက်ာ္သြားခဲ့ၿပီး အျခားမည္သည့္ႏိုင္ငံကမွ ယွဥ္ၿပိဳင္ႏိုင္ျခင္းမ်ိဳးမရွိေသာအဆင့္တစ္ခုျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ၏ အေထြေထြအေကာက္ခြန္အုပ္ခ်ဳပ္ ေရးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။
တ႐ုတ္ႏိုင္ငံ၏ အေထြေထြအေကာက္ခြန္ အုပ္ခ်ဳပ္ေရးဌာနကထုတ္ျပန္ခဲ့ေသာ (၂၀၂၅)ခုႏွစ္ ပထမ (၁၁)လ အတြက္စာရင္းအင္းမ်ားအရ တ႐ုတ္ ႏိုင္ငံသည္ ျပင္ပအခက္အခဲမ်ားရွိေနေသာ္လည္း ၿပီးခဲ့သည့္ႏိုဝင္ဘာလအထိ စုစုေပါင္း အေမရိကန္ေဒၚ လာ(၁ ဒသမ ဝ၈)ထရီလ်ံ ကုန္သြယ္ေရးဆိုင္ရာ ပို လွ်ံမႈျဖင့္လည္ပတ္ေနေၾကာင္းသိရသည္။
အဆိုပါကာလအတြင္း တ႐ုတ္ႏိုင္ငံ၏ စုစုေပါင္းပို႔ကုန္ပမာဏသည္ အေမရိကန္ေဒၚလာ (၃ ဒသမ ၄၆)ထရီလ်ံအထိေရာက္ရွိခဲ့ၿပီး (၂၀၂၄)ခုႏွစ္ ႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက (၆ ဒသမ ၂)ရာခိုင္ႏႈန္းတိုး လာခဲ့ကာ သြင္းကုန္ ပမာဏမွာ (ဝ ဒသမ ၂) ရာခိုင္ ႏႈန္းတိုးလာခဲ့ၿပီး အေမရိကန္ေဒၚလာ (၂ ဒသမ ၃၇) ထရီလ်ံရွိခဲ့ေၾကာင္း အေထြေထြအေကာက္ခြန္အုပ္ ခ်ဳပ္ေရးဌာနက ခန႔္မွန္းေျပာဆိုခဲ့သည္။
ေဒတာမ်ားအရ ၿပီးခဲ့သည့္လတစ္လတည္း တြင္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ေဒၚလာ (၁၁၁ ဒသမ ၆၈)ဘီလ်ံ ကုန္သြယ္ေရးဆိုင္ရာပိုလွ်ံမႈကို မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး လတစ္လတည္းတြင္ မွတ္တမ္းတင္ႏိုင္ခဲ့သည့္ တတိယေျမာက္ အႀကီးဆုံးကုန္သြယ္ ေရးဆိုင္ရာ ပိုလွ်ံမႈတစ္ခုျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ကုန္ပစၥည္းထုတ္လုပ္မႈမ်ားသည္ ကုန္သြယ္ေရးဆိုင္ရာပိုလွ်ံမႈ ျမင့္တက္လာမႈလမ္းေၾကာင္း၏ အဓိက အစိတ္အပိုင္းအျဖစ္ပါဝင္ေၾကာင္း တ႐ုတ္ႏိုင္ငံ၏ အေကာက္ခြန္ေအဂ်င္စီက သတင္း ထုတ္ျပန္ခဲ့သည္။ ေမာ္ေတာ္ ယာဥ္မ်ားအပါအဝင္ တ႐ုတ္ပို႔ကုန္မ်ားသည္ အေရွ႕ေတာင္အာရွ၊ အာဖရိက၊ ဥေရာပႏွင့္ လက္တင္အေမရိကတို႔တြင္ ေဈး ကြက္မ်ားျဖင့္ျပည့္ႏွက္ေနၿပီး ဂ်ာမနီ၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔ကဲ့သို႔ေသာ ႐ိုးရာၿပိဳင္ဘက္မ်ားအေပၚ ဖိအားမ်ား ကိုျဖစ္ေပၚေစေၾကာင္းလည္းသိရသည္။
(Ref:RT)