ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ၏ အိန္ဒိယပရိသတ်တွေ့ဆုံပွဲအစီအစဉ် ကာလ ကတ္တားတွင် အဓိကရုန်းများဖြင့်

1199

ရုပ်ပျက်ဆင်းပျက် နိဂုံးချုပ်
HtayOung (NP News)-ဒီဇင်ဘာ ၁၄
သမိုင်းစဉ်တလျောက် အကောင်းဆုံးအားကစားသမားတစ်ဦးအဖြစ် မှတ်ယူခြင်းခံရသူ အာဂျင်တီးနား ပရော်ဖက်ရှင်နယ်ဘောလုံးတိုက်စစ်မှူး “လိုင်ယွန်နယ် မက်ဆီ” ရဲ့ အိန္ဒိယနိုင်ငံ ပရိသတ်များနဲ့ တွေ့ဆုံပွဲအစီအ စဉ်ဟာ ကာလကတ္တားမြိ့မှာ လူစုလူဝေးရုန့်ရင်းဆန်ခတ်မှုများနဲ့ ရုပ်ပျက်ဆင်းပျက် နိဂုံးချုပ်ခဲ့ရတယ်လို့ အိန္ဒိယ ဒေသန္တရသတင်းစာများက ဖော်ပြနေကြပါတယ်။
မက်ဆီရဲ့ “GOAT India Tour” ခေါ် သမိုင်းဝင် အိန္ဒိယ ဘောလုံးအမှတ်တရပွဲ အစီအစဉ်ကို ဒီဇင်ဘာ ၁၃-ရက် ကာလကတ္တားမြို့ “ဆော့လိတ်အားကစားကွင်း” မှာ စတင်ခဲ့ပါတယ် အသက် ၃၈-နှစ်အရွယ် အာဂျင်တီး နား ကမ္ဘာ့ဖလားဆုရှင်ကို သက်ရှိထင်ရှား ကိုယ်တိုင်မြင်တွေ့ခွင့်ရရှိဖို့အတွက် အိန္ဒိယတစ်ဝှမ်းမှ ပရိသတ် ထောင်ပေါင်းများစွာတို့ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။ လက်မှတ်ခဈေးနှုန်းကို နင့်နေအောင် ကုန်ကျခဲ့ရသူ များစွာရှိပြီး အချို့မှာ ရူပီး ၁၂,၀၀၀ (အမေရိကန် ၁၃၃ ဒေါ်လာခန့်) အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ပွဲအစပိုင်းမှာတော့ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နှက်နေခဲ့ပေမယ့် အခြေအနေမှာ လျင်မြန်စွာ ရှုပ်ထွေးလာခဲ့ပါတယ်။ (လူစည်ကားတဲ့ပွဲတိုင်း ရှေ့ဆုံးမှာ နေရာယူတတ်တဲ့) နိုင်ငံရေးသမားများ (အနံကြီး ကွင်းကျယ်) ဆယ်လီအနုပညာရှင်များ ခြံရံရောက်ရှိလာတဲ့ မက်ဆီရဲ့ ကွင်းထဲအတွင်း လူမြင်လိုက်ရချိန်ဟာ စုစုပေါင်း မိနစ် ၂၀ ခန့်သာ ရှိခဲ့ပါတယ်။ လုံခြုံရေးထူထပ်စွာ ဝန်းရံထားတဲ့အတွက် ပရိသတ်များအနီးထိ မရောက်နိုင်ခဲ့ပါဘူး။ လူအများစုအနေနဲ့ ထိုင်ခုံမှာ ထိုင်ရင်းဖြစ်စေ၊ မြင်ကွင်းကျယ် ရုပ်သံကားချပ်ပေါ်မှာ ဖြစ်စေ မက်ဆီ့ကို ရှင်းရှင်းလင်းလင်း မမြင်ကြဘူးလို့ ပြောပါတယ်။
ဂုဏ်ပြုပွဲ၊ အချိန်တို ဘောလုံးပွဲလေးတစ်ပွဲနဲ့ မက်ဆီရဲ့ ပေ ၇၀ အမြင့် ဧရာမ ရုပ်တုဖွင့်ပွဲ အပါအဝင် အထူးအ တွေ့အကြုံထူးများ ရရှိစေရမယ်လို့ ပွဲစီစဉ်သူများတွေက ကနဦး ကတိပေးထားပါတယ်။ ပရိသတ်တွေကတော့ သူတို့ အလိမ်ခံရတယ်လို့ပဲ မှတ်ယူကြပါတယ်။ မက်ဆီ စောစောစီးစီး ပြန်လည် ထွက်ခွာမှာဖြစ်ကြောင်း ကြေညာလိုက်တဲ့အခါ အမျက်ဒေါသတွေဟာ လူအုပ်ကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပရိသတ်အချို့က ရေသန့်ဘူးများနဲ့ ပစ်ပေါက်ခဲ့ကြပြီး ထိုင်ခုံများကို ရိုက်ချိုးကာ လုံခြုံရေးအတားအဆီးများကို ဖြတ်ကျော်ခဲ့ကြပါတယ်။
အမှန်တော့ တည်တည်ငြိမ်ငြိမ် ရှိခဲ့တာ ၁၀ မိနစ်ကျော်လောက်သာဖြစ်ပြီး ပရိသတ်ရဲ့ ဆူပူအော်ဟစ်မှုများ ကြောင့် မက်ဆီကို ချက်ချင်း ပြန်ခေါ်ထုတ်သွားရပါတယ်။ လုံခြုံရေးအစီအစဉ်များကြောင့် အခြေအနေဟာ ပိုကောင်းလာရမယ့်အစား ပိုဆိုးသွားစေခဲ့ပါတယ်။ အထပ်ထပ်ဝန်းရံထားတဲ့ လူသား အတားအဆီးများနဲ့ ဆက် သွယ်ရေးညံ့ဖျင်းမှုများကြောင့် အားမလို အားမရ စိတ်ပျက်မှုများသာ ပိုမိုတိုးပွားလာခဲ့ပါတယ်။ သာမန်လက်မှတ်ကိုင်ဆောင်ထားသူများကို အတော်ဝေးဝေးမှာ နေရာချထားပြီး လုံခြုံရေးဝန်ထမ်းများသာလျင် မက်ဆီနဲ့အ တူ ဓာတ်ပုံရိုက်ခွင့်ရရှိကြတယ်လို့ ပရိသတ်အချို့က မကျေမနပ် ပြောကြပါတယ်။
ဖြစ်ရပ်အပြီး ပွဲစီစဉ်သူ ခေါင်းဆောင်ကို ရဲများက ဖမ်းဆီးခဲ့ပြီး လိမ်လည်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်ခြင်း ဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးမှုများ စတင်နေပါတယ်။ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီးက မက်ဆီ နဲ့ ပရိသတ်များကို လူသိရှင်ကြား တောင်းပန်ပြီး တရားဝင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားထားပါတယ်။
မက်ဆီနဲ့အတူ “အင်တာမိုင်ယာမီအသင်း” မှ ကစားဖော်များဖြစ်ကြတဲ့ “လူးဝစ်ဇ် ဆွာရပ်ဇ်” နဲ့ “ရိုဒရီဂို ဒီ ပေါလ်” တို့လည်း အတူလိုက်ပါလာခြင်း ဖြစ်ပါတယ်။ ၁၃-ရက်နေ့တစ်ရက်တည်းမှာပဲ ကာလကတ္တားနဲ့ ဟိုက်ဒရာဘတ်မြို့၊ ၁၄-ရက်နေမှာ မွန်ဘိုင်းမြို့ ပရိသတ်များနဲ့ တွေ့ဆုံနှုတ်ဆက်မှာဖြစ်ပြီး၊ ပြပွဲပြိုင်ပွဲ၊ ဒေသခံ ဂုဏ် သရေရှိ ပုဂ္ဂိုလ်များနဲ့ပွဲတက်ခြင်း၊ ပရဟိတ ဖက်ရှင်ရှိုးပွဲ၊ အားကစားနည်းပြခြင်း၊ ကလေးငယ်များအတွက် ဘောလုံးလေ့ကျင့်ရေး၊ ဂီတဖျော်ဖြေပွဲတို့ ပါဝင်ဖို့ စီစဉ်ထားပါတယ်။ ဒီဇင်ဘာ ၁၅-ရက် နယူးဒေလီပွဲမှာ ဆိုရင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ တွေ့ဆုံဖို့အထိ ပြင်ဆင်ထားပါတယ်။
ခရီးစဉ်ကို ဆက်လက်ကျင်းပရန် စီစဉ်ထားပေမယ့် ကာလကတ္တားဖြစ်ရပ်ဟာ မက်ဆီ့ရဲ့ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။ ပရိသတ်များစွာအတွက် မက်ဆီကို သက်ရှိထင်ရှား မြင်တွေ့ရခွင့်ရမယ့် အိပ်မက်ဟာ ပျော်ရွှင်ဖွယ် အမှတ်တရတစ်ခုအစား နာကျင် စိတ်ပျက်စရာတစ်ခု ဖြစ်လာခဲ့ရတယ်လို့ သတင်းများမှာ ဆက်လက်ဖော်ပြပါတယ်။
.

Zawgyi Version:
ကမာၻေက်ာ္ ေဘာ္လုံးသမား မက္ဆီ၏ အိႏၵိယပရိသတ္ေတြ႕ဆုံပြဲအစီအစဥ္ ကာလ ကတၱားတြင္ အဓိက႐ုန္းမ်ားျဖင့္ ႐ုပ္ပ်က္ဆင္းပ်က္ နိဂုံးခ်ဳပ္
HtayOung (NP News)-ဒီဇင္ဘာ ၁၄
သမိုင္းစဥ္တေလ်ာက္ အေကာင္းဆုံးအားကစားသမားတစ္ဦးအျဖစ္ မွတ္ယူျခင္းခံရသူ အာဂ်င္တီးနား ပေရာ္ဖက္ရွင္နယ္ေဘာ္လုံးတိုက္စစ္မႉး “လိုင္ယြန္နယ္ မက္ဆီ” ရဲ႕ အိႏၵိယႏိုင္ငံ ပရိသတ္မ်ားနဲ႔ ေတြ႕ဆုံပြဲအစီအ စဥ္ဟာ ကာလကတၱားၿမိ့မွာ လူစုလူေဝး႐ုန႔္ရင္းဆန္ခတ္မႈမ်ားနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ နိဂုံးခ်ဳပ္ခဲ့ရတယ္လို႔ အိႏၵိယ ေဒသႏၲရသတင္းစာမ်ားက ေဖာ္ျပေနၾကပါတယ္။
မက္ဆီရဲ႕ “GOAT India Tour” ေခၚ သမိုင္းဝင္ အိႏၵိယ ေဘာလုံးအမွတ္တရပြဲ အစီအစဥ္ကို ဒီဇင္ဘာ ၁၃-ရက္ ကာလကတၱားၿမိဳ႕ “ေဆာ့လိတ္အားကစားကြင္း” မွာ စတင္ခဲ့ပါတယ္ အသက္ ၃၈-ႏွစ္အ႐ြယ္ အာဂ်င္တီး နား ကမာၻ႔ဖလားဆုရွင္ကို သက္ရွိထင္ရွား ကိုယ္တိုင္ျမင္ေတြ႕ခြင့္ရရွိဖို႔အတြက္ အိႏၵိယတစ္ဝွမ္းမွ ပရိသတ္ ေထာင္ေပါင္းမ်ားစြာတို႔ စုေဝးေရာက္ရွိလာခဲ့ၾကပါတယ္။ လက္မွတ္ခေဈးႏႈန္းကို နင့္ေနေအာင္ ကုန္က်ခဲ့ရသူ မ်ားစြာရွိၿပီး အခ်ိဳ႕မွာ ႐ူပီး ၁၂,၀၀၀ (အေမရိကန္ ၁၃၃ ေဒၚလာခန႔္) အထိ ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။
ပြဲအစပိုင္းမွာေတာ့ စိတ္လႈပ္ရွားမႈနဲ႔ ျပည့္ႏွက္ေနခဲ့ေပမယ့္ အေျခအေနမွာ လ်င္ျမန္စြာ ရႈပ္ေထြးလာခဲ့ပါတယ္။ (လူစည္ကားတဲ့ပြဲတိုင္း ေရွ႕ဆုံးမွာ ေနရာယူတတ္တဲ့) ႏိုင္ငံေရးသမားမ်ား (အနံႀကီး ကြင္းက်ယ္) ဆယ္လီအႏုပညာရွင္မ်ား ၿခံရံေရာက္ရွိလာတဲ့ မက္ဆီရဲ႕ ကြင္းထဲအတြင္း လူျမင္လိုက္ရခ်ိန္ဟာ စုစုေပါင္း မိနစ္ ၂၀ ခန႔္သာ ရွိခဲ့ပါတယ္။ လုံၿခဳံေရးထူထပ္စြာ ဝန္းရံထားတဲ့အတြက္ ပရိသတ္မ်ားအနီးထိ မေရာက္ႏိုင္ခဲ့ပါဘူး။ လူအမ်ားစုအေနနဲ႔ ထိုင္ခုံမွာ ထိုင္ရင္းျဖစ္ေစ၊ ျမင္ကြင္းက်ယ္ ႐ုပ္သံကားခ်ပ္ေပၚမွာ ျဖစ္ေစ မက္ဆီ့ကို ရွင္းရွင္းလင္းလင္း မျမင္ၾကဘူးလို႔ ေျပာပါတယ္။
ဂုဏ္ျပဳပြဲ၊ အခ်ိန္တို ေဘာလုံးပြဲေလးတစ္ပြဲနဲ႔ မက္ဆီရဲ႕ ေပ ၇၀ အျမင့္ ဧရာမ ႐ုပ္တုဖြင့္ပြဲ အပါအဝင္ အထူးအ ေတြ႕အႀကဳံထူးမ်ား ရရွိေစရမယ္လို႔ ပြဲစီစဥ္သူမ်ားေတြက ကနဦး ကတိေပးထားပါတယ္။ ပရိသတ္ေတြကေတာ့ သူတို႔ အလိမ္ခံရတယ္လို႔ပဲ မွတ္ယူၾကပါတယ္။ မက္ဆီ ေစာေစာစီးစီး ျပန္လည္ ထြက္ခြာမွာျဖစ္ေၾကာင္း ေၾကညာလိုက္တဲ့အခါ အမ်က္ေဒါသေတြဟာ လူအုပ္ၾကားမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ပရိသတ္အခ်ိဳ႕က ေရသန႔္ဘူးမ်ားနဲ႔ ပစ္ေပါက္ခဲ့ၾကၿပီး ထိုင္ခုံမ်ားကို ႐ိုက္ခ်ိဳးကာ လုံၿခဳံေရးအတားအဆီးမ်ားကို ျဖတ္ေက်ာ္ခဲ့ၾကပါတယ္။
အမွန္ေတာ့ တည္တည္ၿငိမ္ၿငိမ္ ရွိခဲ့တာ ၁၀ မိနစ္ေက်ာ္ေလာက္သာျဖစ္ၿပီး ပရိသတ္ရဲ႕ ဆူပူေအာ္ဟစ္မႈမ်ား ေၾကာင့္ မက္ဆီကို ခ်က္ခ်င္း ျပန္ေခၚထုတ္သြားရပါတယ္။ လုံၿခဳံေရးအစီအစဥ္မ်ားေၾကာင့္ အေျခအေနဟာ ပိုေကာင္းလာရမယ့္အစား ပိုဆိုးသြားေစခဲ့ပါတယ္။ အထပ္ထပ္ဝန္းရံထားတဲ့ လူသား အတားအဆီးမ်ားနဲ႔ ဆက္ သြယ္ေရးညံ့ဖ်င္းမႈမ်ားေၾကာင့္ အားမလို အားမရ စိတ္ပ်က္မႈမ်ားသာ ပိုမိုတိုးပြားလာခဲ့ပါတယ္။ သာမန္လက္မွတ္ကိုင္ေဆာင္ထားသူမ်ားကို အေတာ္ေဝးေဝးမွာ ေနရာခ်ထားၿပီး လုံၿခဳံေရးဝန္ထမ္းမ်ားသာလ်င္ မက္ဆီနဲ႔အ တူ ဓာတ္ပုံ႐ိုက္ခြင့္ရရွိၾကတယ္လို႔ ပရိသတ္အခ်ိဳ႕က မေက်မနပ္ ေျပာၾကပါတယ္။
ျဖစ္ရပ္အၿပီး ပြဲစီစဥ္သူ ေခါင္းေဆာင္ကို ရဲမ်ားက ဖမ္းဆီးခဲ့ၿပီး လိမ္လည္မႈ၊ စီမံခန႔္ခြဲမႈ ညံ့ဖ်င္ျခင္း ျဖစ္ႏိုင္ေျခကို စုံစမ္းစစ္ေဆးမႈမ်ား စတင္ေနပါတယ္။ အေနာက္ဘဂၤလားျပည္နယ္ ဝန္ႀကီးခ်ဳပ္ မာမာတာ ဘန္နာဂ်ီးက မက္ဆီ နဲ႔ ပရိသတ္မ်ားကို လူသိရွင္ၾကား ေတာင္းပန္ၿပီး တရားဝင္ စုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ ၫႊန္ၾကားထားပါတယ္။
မက္ဆီနဲ႔အတူ “အင္တာမိုင္ယာမီအသင္း” မွ ကစားေဖာ္မ်ားျဖစ္ၾကတဲ့ “လူးဝစ္ဇ္ ဆြာရပ္ဇ္” နဲ႔ “႐ိုဒရီဂို ဒီ ေပါလ္” တို႔လည္း အတူလိုက္ပါလာျခင္း ျဖစ္ပါတယ္။ ၁၃-ရက္ေန႔တစ္ရက္တည္းမွာပဲ ကာလကတၱားနဲ႔ ဟိုက္ဒရာဘတ္ၿမိဳ႕၊ ၁၄-ရက္ေနမွာ မြန္ဘိုင္းၿမိဳ႕ ပရိသတ္မ်ားနဲ႔ ေတြ႕ဆုံႏႈတ္ဆက္မွာျဖစ္ၿပီး၊ ျပပြဲၿပိဳင္ပြဲ၊ ေဒသခံ ဂုဏ္ သေရရွိ ပုဂၢိဳလ္မ်ားနဲ႔ပြဲတက္ျခင္း၊ ပရဟိတ ဖက္ရွင္ရႈိးပြဲ၊ အားကစားနည္းျပျခင္း၊ ကေလးငယ္မ်ားအတြက္ ေဘာလုံးေလ့က်င့္ေရး၊ ဂီတေဖ်ာ္ေျဖပြဲတို႔ ပါဝင္ဖို႔ စီစဥ္ထားပါတယ္။ ဒီဇင္ဘာ ၁၅-ရက္ နယူးေဒလီပြဲမွာ ဆိုရင္ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီနဲ႔ ေတြ႕ဆုံဖို႔အထိ ျပင္ဆင္ထားပါတယ္။
ခရီးစဥ္ကို ဆက္လက္က်င္းပရန္ စီစဥ္ထားေပမယ့္ ကာလကတၱားျဖစ္ရပ္ဟာ မက္ဆီ့ရဲ႕ပုံရိပ္ကို ဆိုး႐ြားစြာ ထိခိုက္ေစခဲ့ပါတယ္။ ပရိသတ္မ်ားစြာအတြက္ မက္ဆီကို သက္ရွိထင္ရွား ျမင္ေတြ႕ရခြင့္ရမယ့္ အိပ္မက္ဟာ ေပ်ာ္႐ႊင္ဖြယ္ အမွတ္တရတစ္ခုအစား နာက်င္ စိတ္ပ်က္စရာတစ္ခု ျဖစ္လာခဲ့ရတယ္လို႔ သတင္းမ်ားမွာ ဆက္လက္ေဖာ္ျပပါတယ္။
.