တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက် (ဈေးကွက် သုံးသပ်ဆောင်းပါး)

 236

ပြည့်ဖြိုး(NP News)

ပြည်တွင်းဈေးကွက်အတွင်း အပြောင်းအလဲ ကြီးကြီးမားမားမဖြစ်ပေါ်ခဲ့သော်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်နေ မှုကြောင့် ပြည်တွင်းရွှေဈေးများ စံချိန်တင်မြင့်တက်နေသည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ(၄၂၀ဝ)ဝန်း ကျင်တွင် အတက်အကျဖြစ်ပေါ်နေပြီး ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာငွေကျပ် (၈၈)သိန်း ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။
ရွှေဈေးများမြင့်တက်နေခြင်းကြောင့် ဈေးကွက်အတွင်း ရွှေသားအတုံး၊ အပိုင်း ရောင်းချမှု ဆိုင်အချို့ ရပ်နာ ထားကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြည်တွင်းငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ် လာဈေးမှာ အနည်းငယ် ကျဆင်းနေပြီး တစ်ဒေါ်လာလျှင် (၄၀၁၀)ကျပ်ဝန်းကျင်သို့ရောက်ရှိနေကြောင်း သိရသည်။ အမေရိကန်ဒေါ်လာဈေး အားပျော့နေ ခြင်းကြောင်း ပြည်တွင်းအခေါက်ရွှေဈေးများ အတိုင်း အတာတစ်ခုအထိ တက်ဈေးဖြစ်ပေါ်မှုကို ထိန်းထား နိုင်ကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင်(၈၈)သိန်းဝန်းကျင်တွင် အတက်အကျ ဖြစ်ပေါ် နေပြီး အတက်အကျဈေးနှုန်းမှာ တစ်သောင်း ကျပ်မှနှစ်သောင်းကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်နေသည်။ လာမည့်ရက် များအတွင်း ကမ္ဘာ့ရွှေဈေး အပေါ်မူတည်ကာ ပြည်တွင်းရွှေဈေးများ အပြောင်းအလဲ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ထူးခြား ချက်အနေဖြင့် စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီဈေးများသည် လွန်ခဲ့သောနှစ်နှစ်ဝန်းကျင်ကာလအတွင်း အ နိမ့်ဆုံးဈေးများဖြင့် တင်သွင်းရောင်းချနေရာ ဝယ်ယူ သုံးစွဲသူများအတွက် အဆင်ပြေနေကြောင်းသိရသည်။ သို့သော် လည်း စက်သုံးဆီတင်သွင်းမှုအတွင်း အဂတိလိုက်စားမှုများနှင့် နိုင်ငံတော်သို့ ငွေကျပ် (၅၄၀)ဘီလျံခန့် ပြန်လည် ပေးသွင်းရမည်ဆိုသော သတင်းများထွက်ပေါ်နေရာ စက်သုံးဆီဈေးကွက်ကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏စီးပွားရေးဆိုင် ရာအစီအရင်ခံစာထုတ်ပြန်ခဲ့ရာ မြန်မာ့စီးပွားရေးသည် တဖြည်းဖြည်း ပြန်လည်နာလန်ထူလာကြောင်း သုံးသပ်ထားသည်။ (၂၀၂၁) နိုင်ငံရေးအပြောင်းအလဲများ နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်သည် မြန်မာ့စီးပွားရေးကို အကျပိုင်းဖြင့်သာသုံးသပ်ခဲ့ရာမှ လက်ရှိ (၂၀၂၅) ဒီဇင်ဘာတွင်ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာတွင် အနည်းငယ် အကောင်းမြင်မှုများပါရှိလာသည်။ ထိုသို့ပြောင်းလဲလာခြင်းမှာလည်း ပြည်တွင်း ငွေလဲနှုန်း များတည်ငြိမ်နေခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ်မြင့်တက်လာခြင်း တို့ကြောင့်ဖြစ် ကြောင်း သိရ သည်။
လက်ရှိအချိန်သည် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသောဒေသများတွင် ကုန်စည်စီးဆင်းမှု လျော့နည်း နေရာ မြန်မာပြည်၏ ဈေးကွက်စီးပွားရေးအပေါ်တွင် သက်ရောက်မှုများရှိနေသည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်မှ မြို့များ မြန်မာနိုင်ငံအထက် ပိုင်းစစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကယားပြည်နယ်မြို့အချို့နှင့် ကရင်ပြည် နယ်အရှေပိုင်း၊ တနင်္သာရီမြို့နယ်များတွင် ကုန်စည် အဆက်အသွယ်ပြတ်တောက်လုနီးပါး အခက်အခဲ ကြုံတွေနေရခြင်းဖြစ်သည်။ လက်နက်ကိုင်ပုန်ကန် မှုများရှိနေသရွေ့ မြေပြင်ကုန်စည်သယ်ယူပို့ဆောင် ရေးလုပ်ငန်း များမှာ အခက်အခဲကြုံတွေနေရဦး မည်ဖြစ်သည်။

(စံချိန်တင်မြင့်တက်နေသည့် ပြည်တွင်းရွှေဈေး)
အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၈)သိန်း ကျော်အထိ ပေါက်ဈေးဖြစ်ပေါ်နေသောပြည်တွင်း ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်မူတည်ကာ ဆက်လက်ပြောင်းလဲနေမည်ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကွက်သည် အမေရိ ကန်ဗဟိုဘဏ်၏ မူဝါဒ အပြောင်းအလဲကြောင့် ဈေးကွက်ဝယ်လိုအားမြင့် တက်နေရာ ရွှေဈေးမှာ အမြင့်ပိုင်းတွင် အပြောင်းအလဲနည်းပါးစွာဖြင့်ရပ်တည်နေသည်။
ကမ္ဘာ့ရွှေဈေးမှာ ဒီဇင်ဘာလ(၉)ရက်နေ့ ပေါက်ဈေးအရ ရွှေတစ်အောင်စလျှင် (၄၁၈၈)ဒေါ်လာ ပေါက်ဈေးရှိ နေပြီး ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၈)သိန်းကျပ် ပေါက်ဈေးရှိနေသည်။
နိုင်ငံတကာရွှေဈေးကွက်များတွင်လည်း အမေရိကန်ဒေါ်လာအစား ရွှေကိုပြောင်းလဲစုဆောင်းခြင်း များရှိနေခြင်းကြောင့် (၂၀၂၅) ခုနှစ်ကုန်ဆုံးချိန်အထိ ရွှေဈေးများ ပြန်လည်ကျဆင်းနိုင်ခြေမရှိဘဲ (၂၀၂၆)ခုနှစ်အထိ ရွှေဈေးများမြင့်တက်နေနိုင်သည်။ (၂၀၂၄) ခုနှစ်ဝန်းကျင်က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ (၂၀ဝဝ)ဝန်းကျင်သာရှိနေရာမှ လက်ရှိတွင် နှစ်ဆကျော်မြင့်တက်လာခဲ့ခြင်း ကြောင့် ယခင်ဈေးသို့ ပြန်လည်ကျ ဆင်းရန်မလွယ်ကူကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ထို့ကြောင့် ပြည်တွင်းရွှေ ဈေးသည်လည်း ကမ္ဘာ့ရွှေဈေးနည်းတူ လိုက်ပါမြင့်တက်နေဦး မည်ဖြစ်သည်။ ပြည်တွင်း‌‌‌‌ငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းများ အတက်အကျတည်ငြိမ်နေ ပြီး အမေရိကန်ဒေါ်လာဈေးမှာ အနည်းငယ်ကျဆင်း နေသည်။
ဒီဇင်ဘာလ(၉)ရက်ပေါက်ဈေးများအရ ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၁၀) ကျပ်ပေါက် ဈေးရှိနေပြီး မြန်မာနိုင်ငံဗဟိုဘဏ်၏အွန် လိုင်း Fix ဈေးကွက်တွင် တစ်ဒေါ်လာလျှင် (၃၆၄၈) ကျပ်ပေါက် ဈေးရှိနေ ကြောင်းသိရသည်။ ပြင်ပဈေးနှင့် ဗဟိုဘဏ်ဈေးအကြား ကွာခြားချက်(၃၅၀)ကျပ် ကျော်ခန့်သာရှိနေသဖြင့် ပြည်တွင်း ငွေလဲဈေးနှုန်း တည်ငြိမ်နေကြောင်းသိရသည်။ အခြားသော နိုင်ငံခြားငွေလဲဈေးနှုန်းများမှာ တရုတ်ငွေ တစ်ယွမ်လျှင် (၅၆၇)ကျပ်၊ ထိုင်းငွေတစ်ဘတ်လျှင် (၁၂၅) ကျပ်နှင့် အိန္ဒိယငွေ တစ်ရူပီးလျှင် (၄၄)ကျပ် အသီးသီးပေါက် ဈေးရှိကြောင်း သိရသည်။
မြန်မာကျပ်ငွေသည် တရုတ်၊ အိန္ဒိယနှင့် ထိုင်း နိုင်ငံတို့နှင့်ကုန်သွယ်ရာတွင် တန်ကြေးတည်ငြိမ်နေ ခြင်းကြောင့် နယ်စပ်ကုန်သည်များအတွက် အကျိုးရှိ နိုင်မည်ဖြစ်သည်။ သို့သော်လည်း တရားဝင်သတ်မှတ် ထားသော ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် (၂၁၀ဝ)ကျပ်သည် လက်ရှိ အချိန်အထိ အပြောင်းအလဲ မရှိသော ကြောင့် ကုန်သွယ်ရေးလုပ်ငန်းများအတွင်း အခက်အခဲ ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်သည်။

(စားအုန်းဆီနှင့် စက်သုံးဆီဈေးကွက် တည်ငြိမ်နေ)
ပြည်ပမှ အဓိကတင်သွင်းရောင်းချနေသော စားအုန်းဆီနှင့်စက်သုံးဆီဈေးများမှာ ဈေးနှုန်းများကျ ဆင်းနေသော ကြောင့် သုံးစွဲသူများအကြား အဆင်ပြေ နေကြောင်းသိရသည်။ စားအုန်းဆီဈေးမှာ တရားဝင် ရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာလျှင် (၆၂၈၀)ကျပ်ဖြစ်ပြီး ဆီစာအုပ်ဖြင့်ခွဲတမ်းရောင်းချမှုတွင် တစ်ပိဿာလျှင် (၇၀ဝဝ)ကျပ်ဝန်းကျင်ရှိ ကြောင်းသိရ သည်။
ပြင်ပမှောင်ခိုဈေးကွက်အတွင်းတွင်မူ တစ်ပိဿာလျှင် (၁၂၀ဝဝ)ကျပ်ဝန်းကျင် ပေါက်ဈေးရှိ ကြောင်းသိရသည်။ စားအုန်းဆီမှာ ယခင်က ဈေးကွက်ပေါက်ဈေးကို ဈေးကွက်လိုအပ်ချက်အတိုင်း လိုသလောက်တင်သွင်းရောင်းချခြင်း မဟုတ်သောကြောင့် ပြင်ပဈေးကွက်အတွင်း ဈေးနှုန်း နှစ်ဆခန့် ကွာခြားနေခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်းစား အုန်းဆီဈေးတည်ငြိမ်နေမည်ဖြစ်ပြီး အဓိကအားဖြင့် ‌ဗဟိုဘဏ်က ဒေါ်လာများ ဆက်တိုက်ထုတ် ရောင်းပေးနေခြင်း ကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဆီပြတ်လပ်မှုမရှိနိုင်ပေ။
လက်ရှိအချိန်တွင် စက်သုံးဆီဈေးများမှာ နှစ်နှစ်ဝန်းကျင်ကာလအတွင်း အနိမ့်ဆုံးဈေးသို့ရောက် ရှိနေရာ ပြည်တွင်းသုံးစွဲသူများအတွက် အဆင်ပြေသည့်အနေအထားဖြစ်ကြောင်းသိရသည်။ လက်ရှိဓာတ်ဆီ တစ်လီတာလျှင် (၂၅၀ဝ)ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိသဖြင့် အခြေခံသုံးစွဲသူများဖြစ်သည့် ဘေးတွဲဆိုင်ကယ်များ၊ အိုးဝေသုံးဘီးများနှင့် ဆီသုံး တက္ကစီကားများမှာ ဆီဈေးနှုန်းကျဆင်းမှုကြောင့် လုပ်ငန်းအဆင်ပြေနေခြင်းဖြစ်သည်။ ထူးခြားချက်အနေ ဖြင့် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့် နိုင်ငံ တော်အကြား ငွေကြေးကွာခြားချက်ဖြစ်ပေါ်ခြင်း ကြောင့် မြန်မာကျပ်ငွေ (၅၄၀)ဘီလျံခန့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည်ဟူသောသတင်းများဖြစ် သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနှင့်ညွှန်ချုပ်တို့ကိုအရေးယူထားကြောင်းသိရသည်။
ထို့ပြင် ပြန်လည်ပေးသွင်းရမည့်ငွေများကို ဇန်နဝါရီလ(၂၆)ရက်နောက်ဆုံးထားပြီး အကျေပြန် လည်ပေးသွင်း ရန်နှင့် စက်သုံးဆီတင်သွင်းသည့်လုပ် ငန်းရှင်များကိုလည်း ပြည်ပထွက်ခွာခွင့် ယာယီကန့် သတ်ထားကြောင်းသိရသည်။ စက်သုံးဆီ တင်သွင်းရောင်းချသည့်လုပ်ငန်းသည် အကျိုးအမြတ်များစွာ ရရှိနိုင်သော်လည်း မသမာမှုများဖြစ်ပေါ် လာပါက သက်ဆိုင်ရာ၏အရေးယူခြင်းခံရနိုင်ကြောင်းသိရသည်။ လတ်တလောတွင်မူ စက်သုံးဆီတင်သွင်း ရောင်းချမှု မှာ ပုံမှန်အခြေအနေတွင်ရပ်တည်နေပြီး စက်သုံးဆီဈေးများလည်းတည်ငြိမ်နေသည်။ လာမည့်ရက်များအတွင်း အမေရိကန်ဒေါ်လာဈေး အပြောင်းအလဲမရှိပါက စက်သုံးဆီဈေးများ ဆက်လက် တည်ငြိမ်နေမည်ဖြစ်သည်။

(ယခုတစ်ပတ်အတွင်းထုတ်ပြန်လာသည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာ)
မြန်မာစီးပွားရေးအပေါ် လေ့လာသုံးသပ်သည့် ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်သည့်အစီရင်ခံ စာသည် ယခုတစ်ပတ်အတွင်းထွက်ပေါ်လာသည်။ (၂၀၂၁) နိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအပေါ် အနုတ်လက္ခဏာများဖြင့်သာ သုံးသပ်မှတ်ချက်ပြုခဲ့သော်လည်း လက်ရှိထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ မြန်မာ့စီးပွားရေးမှာ အသင့်အတင့်တိုးတက်မှုရှိလာ ကြောင်းသုံးသပ်ထားသည်။
ငလျင်ဒဏ်နှင့် လက်နက်ကိုင်ပဋိပက္ခများအ ကြားတွင် မြန်မာ့စီးပွားရေးမှာ ပြန်လည်နာလန်ထူလာ ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (၃)ရာခိုင်နှုန်း ခန့်ရှိကြောင်းဖော်ပြထားသည်။ ထို့ပြင် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်တိုး တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုးမှာ ပြန်လည်မြင့်တက်လာကာ လက်ရှိအချိန်တွင် တည်ငြိမ်စွာမြင့် တက်နေ ကြောင်းသိရသည်။ ငွေကြေးဖောင်းပွမှုသည် မကြာမီကာလအတွင်း (၂၀) ရာခိုင်နှုန်းအထက်တွင်ရှိနေမည်ဟု ခန့်မှန် ထားပြီး စားဝတ်နေရေးစရိတ်များမြင့်တက်မှု ဆက်လက်ဖြစ်ပေါ်နေ ကြောင်းသိရသည်။ ပြည်တွင်းဝယ်လိုအား လျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်း ချက်အလားအလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဟုသိရသည်။
အထက်ပါအတိုင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် သုံးသပ်ချက်များထွက်ပေါ်လာပြီး အနည်းငယ်သောတိုးတက်မှုများကို စတင်ဖော်ပြလာ ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏စီးပွား ရေးအခြေ အနေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနည်းပါးခြင်းနှင့် ငွေကြေးမူဝါဒများ မတည် ငြိမ်ခြင်းတို့မှာ ဆက်လက် ဖြစ်ပေါ်နေရာ ယခင်အခြေ အနေသို့ပြန်လည်ရောက်ရှိရန် အချိန်ယူရဦးမည်ဖြစ်သည်။ လူတစ်ဦးချင်းဝင်ငွေမှာ သိသာစွာတိုးတက်မှု မရှိသောကြောင့် မြန်မာ့စီးပွားရေးပြန်လည် နာလန်ထူ လာသည်ဟုဆိုနိုင်ဖွယ်မရှိသေးပေ။ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး လစာဝင်ငွေများတိုးတက် မှုနည်းပါးခြင်းကြောင့် အခြေခံလူတန်းစားများမှာ အကျပ်အတည်းမြင့်မားနေဆဲဖြစ်သည်။ လာမည့်ရက်များအတွင်း မြန်မာ့စီးပွားရေး အပြောင်းအလဲဖြစ်ပေါ်ရန် နည်းပါးပြီး လက်ရှိအခြေအနေဖြင့်သာ ဆက်လက်ရပ် တည်နေနိုင်သည်။

(လက်နက်ကိုင်ပဋိပက္ခများနှင့် ကုန်စည် စီးဆင်းမှု ရပ်တန့်ခြင်း)
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုများ ရပ်တန့်နေရာ ကုန်စည်စီးဆင်းမှုများသည်လည်း အထိုက်အ လျောက် အားနည်းနေခြင်းဖြစ်သည်။ ယခင်က ပုံမှန်ကုန်သွယ်နေသောကုန်စည်များသည် လက်နက်ကိုင် များထိန်းချုပ်ရာ ဒေသများသို့ သယ်ဆောင်နိုင်ခြင်းမရှိ သောကြောင့် ကုန်စည်စီးဆင်းမှု လုံးဝနီးပါးရပ်ဆိုင်းနေကြောင်းသိရသည်။
အဓိကအားဖြင့် ရခိုင်ပြည်နယ်ရှိ AA လက်နက်ကိုင်များထိန်းချုပ်ရာဒေသများတွင် ဒေသခံများမှာ အစား အသောက်နှင့် ဆေးဝါးရှားပါးခြင်းများ ကြုံတွေ့နေရပြီး ဒေသထွက်ကုန်စည်များကိုလည်း ပြည်မသို့ မတင်ပို့နိုင်ခြင်း ကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။
ထို့ပြင် ကုန်ဈေးနှုန်းများသည်လည်း ကုန်စည်ရှားပါးမှုကြောင့်မြင့်တက်နေပြီး အခြေခံလူတန်းစားများမှာ အခက်အခဲ ပိုမိုကြုံတွေ့နေကြောင်းသိရသည်။ ရခိုင်ဒေသမှာ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်း အကြီး အကျယ်ဖြစ်ပေါ် နေသောဒေသဖြစ်ပြီး ကျန်ပြည်နယ် နှင့်တိုင်းများမှာ အနည်းငယ်ကုန်စည်စီးဆင်းမှုရှိနေသေးသည်။ ရှမ်းပြည် မြောက်ပိုင်းတွင်မူ လားရှိုးမြို့ကို ကျော်လွန်ပါက လက်နက်ကိုင်များထိန်းချုပ်သည့်ဒေသများရှိနေပြီး ပြည်မမှ ကုန်စည် တင်ပို့မှုနည်းပါးသလို မြောက်ပိုင်းရှမ်းပြည်မှ ကုန်စည်ပြန်လည်ဝင်ရောက်မှု လည်းနည်းပါးနေသည်။
သို့သော်လည်း ရခိုင်ဒေသကဲ့သို့ အငတ်ဘေး ပြဿနာများ ရှမ်းမြောက်တွင်ဖြစ်ပေါ်ခြင်းမရှိသော ကြောင့် တရုတ်ပြည်မှ အစားအစာနှင့်ဆေးဝါးများ လက်နက်ကိုင်များထိန်းချုပ်ရာ‌ဒေသများသို့ ဝင်ရောက်နေကြောင်းသိရှိနိုင် သည်။ ချင်းပြည်နယ်နှင့် အန္ဒိယ-မြန်မာနယ်စပ်များတွင်မှု တရားဝင်ကုန်သွယ် မှုရပ်ဆိုင်းသွားသော်လည်း နှစ်နိုင်ငံ အကြား ဒေသခံများ၏ကူးလူးဆက်ဆံမှု ယခင်ကတည်းကရှိနေခြင်းကြောင့် အခြေခံကုန်စည်များပြတ် တောက်သွား ခြင်း မရှိကြောင်းသိရသည်။ သို့သော်လည်း ပြည်မအတွင်းရှိ ဟုမ္မလင်းနှင့်ဖားကန့်စသည့်ဒေသများတွင် တိုက်ပွဲ ရှိမရှိပေါ်မူတည်ကာ ကုန်စည်များ သယ်ဆောင်နေရ ကြောင်းသိရသည်။
ကယားပြည်နယ်ရှိမြို့နယ်အချို့တွင် လက်နက်ကိုင်များက ထိန်းချုပ်ထားဆဲဖြစ်ရာ ပြည်မမှတရားဝင် ကုန်စည် များသွားရောက်ရောင်းချနိုင်ခြင်းမရှိကြောင်းသိရသည်။ ကယားပြည်နယ်သည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသောကြောင့် ထိုင်းနိုင်ငံ ဘက်မှကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရသည့်အခြေ အနေဖြစ်သည်။ ကရင်ပြည်နယ် မြဝတီနယ်စပ်နှင့် တနင်္သာရီတောင်ပိုင်းမြို့နယ်များသည်လည်း တိုက်ပွဲအခြေအနေအပေါ်မူတည်ကာ ကုန်စည်များ သယ်ဆောင်ရောင်းချနေရဆဲဖြစ်ပြီး လတ်တလောတွင် ကုန်းလမ်းဖြင့်သွားလာရန်ခက်ခဲနေကြောင်း သိရသည်။ ထို့ ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံး အခြေအနေအရ မြေပြင်မှသယ်‌ဆောင်သောကုန်စည်စီးဆင်း မှုမှာ အတိုင်းအတာတစ်ခု အထိကျပ်တည်းနေကြောင်း တွေ့မြင်နိုင်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
(ေဈးကြက္ သုံးသပ္ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)

ျပည္တြင္းေဈးကြက္အတြင္း အေျပာင္းအလဲ ႀကီးႀကီးမားမားမျဖစ္ေပၚခဲ့ေသာ္လည္း ကမာၻ႔ေ႐ႊေဈး ျမင့္တက္ေန မႈေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား စံခ်ိန္တင္ျမင့္တက္ေနသည္။ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ေဒၚလာ(၄၂၀ဝ)ဝန္း က်င္တြင္ အတက္အက်ျဖစ္ေပၚေနၿပီး ျပည္တြင္းေ႐ႊေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ျမန္မာေငြက်ပ္ (၈၈)သိန္း ဝန္းက်င္ေပါက္ေဈးရွိေၾကာင္းသိရသည္။
ေ႐ႊေဈးမ်ားျမင့္တက္ေနျခင္းေၾကာင့္ ေဈးကြက္အတြင္း ေ႐ႊသားအတုံး၊ အပိုင္း ေရာင္းခ်မႈ ဆိုင္အခ်ိဳ႕ ရပ္နာ ထားေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ျပည္တြင္းေငြလဲေဈးကြက္အတြင္း အေမရိကန္ေဒၚ လာေဈးမွာ အနည္းငယ္ က်ဆင္းေနၿပီး တစ္ေဒၚလာလွ်င္ (၄၀၁၀)က်ပ္ဝန္းက်င္သို႔ေရာက္ရွိေနေၾကာင္း သိရသည္။ အေမရိကန္ေဒၚလာေဈး အားေပ်ာ့ေန ျခင္းေၾကာင္း ျပည္တြင္းအေခါက္ေ႐ႊေဈးမ်ား အတိုင္း အတာတစ္ခုအထိ တက္ေဈးျဖစ္ေပၚမႈကို ထိန္းထား ႏိုင္ေၾကာင္းသိရသည္။
ယခုတစ္ပတ္အတြင္း အေခါက္ေ႐ႊေဈးမွာ တစ္က်ပ္သားလွ်င္(၈၈)သိန္းဝန္းက်င္တြင္ အတက္အက် ျဖစ္ေပၚ ေနၿပီး အတက္အက်ေဈးႏႈန္းမွာ တစ္ေသာင္း က်ပ္မွႏွစ္ေသာင္းက်ပ္အတြင္း ေပါက္ေဈးျဖစ္ေပၚေနသည္။ လာမည့္ရက္ မ်ားအတြင္း ကမာၻ႔ေ႐ႊေဈး အေပၚမူတည္ကာ ျပည္တြင္းေ႐ႊေဈးမ်ား အေျပာင္းအလဲ ျဖစ္ေပၚေနမည္ျဖစ္သည္။ ထူးျခား ခ်က္အေနျဖင့္ စက္သုံးဆီေဈးကြက္အတြင္း စက္သုံးဆီေဈးမ်ားသည္ လြန္ခဲ့ေသာႏွစ္ႏွစ္ဝန္းက်င္ကာလအတြင္း အ နိမ့္ဆုံးေဈးမ်ားျဖင့္ တင္သြင္းေရာင္းခ်ေနရာ ဝယ္ယူ သုံးစြဲသူမ်ားအတြက္ အဆင္ေျပေနေၾကာင္းသိရသည္။ သို႔ေသာ္ လည္း စက္သုံးဆီတင္သြင္းမႈအတြင္း အဂတိလိုက္စားမႈမ်ားႏွင့္ ႏိုင္ငံေတာ္သို႔ ေငြက်ပ္ (၅၄၀)ဘီလ်ံခန႔္ ျပန္လည္ ေပးသြင္းရမည္ဆိုေသာ သတင္းမ်ားထြက္ေပၚေနရာ စက္သုံးဆီေဈးကြက္ကို ဆက္လက္ေစာင့္ၾကည့္ရ မည္ျဖစ္သည္။ ယခုတစ္ပတ္အတြင္း ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံ၏စီးပြားေရးဆိုင္ ရာအစီအရင္ခံစာထုတ္ျပန္ခဲ့ရာ ျမန္မာ့စီးပြားေရးသည္ တျဖည္းျဖည္း ျပန္လည္နာလန္ထူလာေၾကာင္း သုံးသပ္ထားသည္။ (၂၀၂၁) ႏိုင္ငံေရးအေျပာင္းအလဲမ်ား ေနာက္ပိုင္းတြင္ ကမာၻ႔ဘဏ္သည္ ျမန္မာ့စီးပြားေရးကို အက်ပိုင္းျဖင့္သာသုံးသပ္ခဲ့ရာမွ လက္ရွိ (၂၀၂၅) ဒီဇင္ဘာတြင္ထုတ္ျပန္ေသာ ေနာက္ဆုံးအစီရင္ခံစာတြင္ အနည္းငယ္ အေကာင္းျမင္မႈမ်ားပါရွိလာသည္။ ထိုသို႔ေျပာင္းလဲလာျခင္းမွာလည္း ျပည္တြင္း ေငြလဲႏႈန္း မ်ားတည္ၿငိမ္ေနျခင္းႏွင့္ ျမန္မာက်ပ္ေငြတန္ဖိုး အနည္းငယ္ျမင့္တက္လာျခင္း တို႔ေၾကာင့္ျဖစ္ ေၾကာင္း သိရ သည္။
လက္ရွိအခ်ိန္သည္ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားေနေသာေဒသမ်ားတြင္ ကုန္စည္စီးဆင္းမႈ ေလ်ာ့နည္း ေနရာ ျမန္မာျပည္၏ ေဈးကြက္စီးပြားေရးအေပၚတြင္ သက္ေရာက္မႈမ်ားရွိေနသည္။ အဓိကအားျဖင့္ ရခိုင္ျပည္နယ္မွ ၿမိဳ႕မ်ား ျမန္မာႏိုင္ငံအထက္ ပိုင္းစစ္ကိုင္းတိုင္းႏွင့္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္ေျမာက္ပိုင္း၊ ကယားျပည္နယ္ၿမိဳ႕အခ်ိဳ႕ႏွင့္ ကရင္ျပည္ နယ္အေရွပိုင္း၊ တနသၤာရီၿမိဳ႕နယ္မ်ားတြင္ ကုန္စည္ အဆက္အသြယ္ျပတ္ေတာက္လုနီးပါး အခက္အခဲ ႀကဳံေတြေနရျခင္းျဖစ္သည္။ လက္နက္ကိုင္ပုန္ကန္ မႈမ်ားရွိေနသေ႐ြ႕ ေျမျပင္ကုန္စည္သယ္ယူပို႔ေဆာင္ ေရးလုပ္ငန္း မ်ားမွာ အခက္အခဲႀကဳံေတြေနရဦး မည္ျဖစ္သည္။

(စံခ်ိန္တင္ျမင့္တက္ေနသည့္ ျပည္တြင္းေ႐ႊေဈး)
အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၈)သိန္း ေက်ာ္အထိ ေပါက္ေဈးျဖစ္ေပၚေနေသာျပည္တြင္း ေ႐ႊေဈးသည္ ကမာၻ႔ေ႐ႊေဈးအတက္အက်ေပၚမူတည္ကာ ဆက္လက္ေျပာင္းလဲေနမည္ျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးကြက္သည္ အေမရိ ကန္ဗဟိုဘဏ္၏ မူဝါဒ အေျပာင္းအလဲေၾကာင့္ ေဈးကြက္ဝယ္လိုအားျမင့္ တက္ေနရာ ေ႐ႊေဈးမွာ အျမင့္ပိုင္းတြင္ အေျပာင္းအလဲနည္းပါးစြာျဖင့္ရပ္တည္ေနသည္။
ကမာၻ႔ေ႐ႊေဈးမွာ ဒီဇင္ဘာလ(၉)ရက္ေန႔ ေပါက္ေဈးအရ ေ႐ႊတစ္ေအာင္စလွ်င္ (၄၁၈၈)ေဒၚလာ ေပါက္ေဈးရွိ ေနၿပီး ျပည္တြင္းေ႐ႊေဈးကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၈)သိန္းက်ပ္ ေပါက္ေဈးရွိေနသည္။
ႏိုင္ငံတကာေ႐ႊေဈးကြက္မ်ားတြင္လည္း အေမရိကန္ေဒၚလာအစား ေ႐ႊကိုေျပာင္းလဲစုေဆာင္းျခင္း မ်ားရွိေနျခင္းေၾကာင့္ (၂၀၂၅) ခုႏွစ္ကုန္ဆုံးခ်ိန္အထိ ေ႐ႊေဈးမ်ား ျပန္လည္က်ဆင္းႏိုင္ေျခမရွိဘဲ (၂၀၂၆)ခုႏွစ္အထိ ေ႐ႊေဈးမ်ားျမင့္တက္ေနႏိုင္သည္။ (၂၀၂၄) ခုႏွစ္ဝန္းက်င္က ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စ လွ်င္ အေမရိကန္ေဒၚလာ (၂၀ဝဝ)ဝန္းက်င္သာရွိေနရာမွ လက္ရွိတြင္ ႏွစ္ဆေက်ာ္ျမင့္တက္လာခဲ့ျခင္း ေၾကာင့္ ယခင္ေဈးသို႔ ျပန္လည္က် ဆင္းရန္မလြယ္ကူေၾကာင္း ကမာၻ႔ေ႐ႊေဈးကြက္ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားသည္။ ထို႔ေၾကာင့္ ျပည္တြင္းေ႐ႊ ေဈးသည္လည္း ကမာၻ႔ေ႐ႊေဈးနည္းတူ လိုက္ပါျမင့္တက္ေနဦး မည္ျဖစ္သည္။ ျပည္တြင္း‌‌‌‌ေငြလဲေဈးကြက္အတြင္း ႏိုင္ငံျခားေငြလဲႏႈန္းမ်ား အတက္အက်တည္ၿငိမ္ေန ၿပီး အေမရိကန္ေဒၚလာေဈးမွာ အနည္းငယ္က်ဆင္း ေနသည္။
ဒီဇင္ဘာလ(၉)ရက္ေပါက္ေဈးမ်ားအရ ျပင္ပေဈးကြက္တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၁၀) က်ပ္ေပါက္ ေဈးရွိေနၿပီး ျမန္မာႏိုင္ငံဗဟိုဘဏ္၏အြန္ လိုင္း Fix ေဈးကြက္တြင္ တစ္ေဒၚလာလွ်င္ (၃၆၄၈) က်ပ္ေပါက္ ေဈးရွိေန ေၾကာင္းသိရသည္။ ျပင္ပေဈးႏွင့္ ဗဟိုဘဏ္ေဈးအၾကား ကြာျခားခ်က္(၃၅၀)က်ပ္ ေက်ာ္ခန႔္သာရွိေနသျဖင့္ ျပည္တြင္း ေငြလဲေဈးႏႈန္း တည္ၿငိမ္ေနေၾကာင္းသိရသည္။ အျခားေသာ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ားမွာ တ႐ုတ္ေငြ တစ္ယြမ္လွ်င္ (၅၆၇)က်ပ္၊ ထိုင္းေငြတစ္ဘတ္လွ်င္ (၁၂၅) က်ပ္ႏွင့္ အိႏၵိယေငြ တစ္႐ူပီးလွ်င္ (၄၄)က်ပ္ အသီးသီးေပါက္ ေဈးရွိေၾကာင္း သိရသည္။
ျမန္မာက်ပ္ေငြသည္ တ႐ုတ္၊ အိႏၵိယႏွင့္ ထိုင္း ႏိုင္ငံတို႔ႏွင့္ကုန္သြယ္ရာတြင္ တန္ေၾကးတည္ၿငိမ္ေန ျခင္းေၾကာင့္ နယ္စပ္ကုန္သည္မ်ားအတြက္ အက်ိဳးရွိ ႏိုင္မည္ျဖစ္သည္။ သို႔ေသာ္လည္း တရားဝင္သတ္မွတ္ ထားေသာ ဗဟိုဘဏ္၏ အေမရိကန္ေဒၚလာေငြလဲႏႈန္းမွာ တစ္ေဒၚလာလွ်င္ (၂၁၀ဝ)က်ပ္သည္ လက္ရွိ အခ်ိန္အထိ အေျပာင္းအလဲ မရွိေသာ ေၾကာင့္ ကုန္သြယ္ေရးလုပ္ငန္းမ်ားအတြင္း အခက္အခဲ ဆက္လက္ႀကဳံေတြ႕ေနရဦးမည္ျဖစ္သည္။

(စားအုန္းဆီႏွင့္ စက္သုံးဆီေဈးကြက္ တည္ၿငိမ္ေန)
ျပည္ပမွ အဓိကတင္သြင္းေရာင္းခ်ေနေသာ စားအုန္းဆီႏွင့္စက္သုံးဆီေဈးမ်ားမွာ ေဈးႏႈန္းမ်ားက် ဆင္းေနေသာ ေၾကာင့္ သုံးစြဲသူမ်ားအၾကား အဆင္ေျပ ေနေၾကာင္းသိရသည္။ စားအုန္းဆီေဈးမွာ တရားဝင္ ရည္ၫႊန္းသတ္မွတ္ေဈးမွာ တစ္ပိႆာလွ်င္ (၆၂၈၀)က်ပ္ျဖစ္ၿပီး ဆီစာအုပ္ျဖင့္ခြဲတမ္းေရာင္းခ်မႈတြင္ တစ္ပိႆာလွ်င္ (၇၀ဝဝ)က်ပ္ဝန္းက်င္ရွိ ေၾကာင္းသိရ သည္။
ျပင္ပေမွာင္ခိုေဈးကြက္အတြင္းတြင္မူ တစ္ပိႆာလွ်င္ (၁၂၀ဝဝ)က်ပ္ဝန္းက်င္ ေပါက္ေဈးရွိ ေၾကာင္းသိရသည္။ စားအုန္းဆီမွာ ယခင္က ေဈးကြက္ေပါက္ေဈးကို ေဈးကြက္လိုအပ္ခ်က္အတိုင္း လိုသေလာက္တင္သြင္းေရာင္းခ်ျခင္း မဟုတ္ေသာေၾကာင့္ ျပင္ပေဈးကြက္အတြင္း ေဈးႏႈန္း ႏွစ္ဆခန႔္ ကြာျခားေနျခင္းျဖစ္သည္။ လာမည့္ရက္မ်ားအတြင္းစား အုန္းဆီေဈးတည္ၿငိမ္ေနမည္ျဖစ္ၿပီး အဓိကအားျဖင့္ ‌ဗဟိုဘဏ္က ေဒၚလာမ်ား ဆက္တိုက္ထုတ္ ေရာင္းေပးေနျခင္း ေၾကာင့္ ျပည္တြင္းေဈးကြက္အတြင္း ဆီျပတ္လပ္မႈမရွိႏိုင္ေပ။
လက္ရွိအခ်ိန္တြင္ စက္သုံးဆီေဈးမ်ားမွာ ႏွစ္ႏွစ္ဝန္းက်င္ကာလအတြင္း အနိမ့္ဆုံးေဈးသို႔ေရာက္ ရွိေနရာ ျပည္တြင္းသုံးစြဲသူမ်ားအတြက္ အဆင္ေျပသည့္အေနအထားျဖစ္ေၾကာင္းသိရသည္။ လက္ရွိဓာတ္ဆီ တစ္လီတာလွ်င္ (၂၅၀ဝ)က်ပ္ဝန္းက်င္သာ ေပါက္ေဈးရွိသျဖင့္ အေျခခံသုံးစြဲသူမ်ားျဖစ္သည့္ ေဘးတြဲဆိုင္ကယ္မ်ား၊ အိုးေဝသုံးဘီးမ်ားႏွင့္ ဆီသုံး တကၠစီကားမ်ားမွာ ဆီေဈးႏႈန္းက်ဆင္းမႈေၾကာင့္ လုပ္ငန္းအဆင္ေျပေနျခင္းျဖစ္သည္။ ထူးျခားခ်က္အေန ျဖင့္ စက္သုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားႏွင့္ ႏိုင္ငံ ေတာ္အၾကား ေငြေၾကးကြာျခားခ်က္ျဖစ္ေပၚျခင္း ေၾကာင့္ ျမန္မာက်ပ္ေငြ (၅၄၀)ဘီလ်ံခန႔္ ႏိုင္ငံေတာ္သို႔ ျပန္လည္ေပးသြင္းရမည္ဟူေသာသတင္းမ်ားျဖစ္ သည္။ ယင္းကိစၥႏွင့္ပတ္သက္ၿပီး စြမ္းအင္ဝန္ႀကီးဌာန ဒုဝန္ႀကီးႏွင့္ၫႊန္ခ်ဳပ္တို႔ကိုအေရးယူထားေၾကာင္းသိရသည္။
ထို႔ျပင္ ျပန္လည္ေပးသြင္းရမည့္ေငြမ်ားကို ဇန္နဝါရီလ(၂၆)ရက္ေနာက္ဆုံးထားၿပီး အေက်ျပန္ လည္ေပးသြင္း ရန္ႏွင့္ စက္သုံးဆီတင္သြင္းသည့္လုပ္ ငန္းရွင္မ်ားကိုလည္း ျပည္ပထြက္ခြာခြင့္ ယာယီကန႔္ သတ္ထားေၾကာင္းသိရသည္။ စက္သုံးဆီ တင္သြင္းေရာင္းခ်သည့္လုပ္ငန္းသည္ အက်ိဳးအျမတ္မ်ားစြာ ရရွိႏိုင္ေသာ္လည္း မသမာမႈမ်ားျဖစ္ေပၚ လာပါက သက္ဆိုင္ရာ၏အေရးယူျခင္းခံရႏိုင္ေၾကာင္းသိရသည္။ လတ္တေလာတြင္မူ စက္သုံးဆီတင္သြင္း ေရာင္းခ်မႈ မွာ ပုံမွန္အေျခအေနတြင္ရပ္တည္ေနၿပီး စက္သုံးဆီေဈးမ်ားလည္းတည္ၿငိမ္ေနသည္။ လာမည့္ရက္မ်ားအတြင္း အေမရိကန္ေဒၚလာေဈး အေျပာင္းအလဲမရွိပါက စက္သုံးဆီေဈးမ်ား ဆက္လက္ တည္ၿငိမ္ေနမည္ျဖစ္သည္။

(ယခုတစ္ပတ္အတြင္းထုတ္ျပန္လာသည့္ ကမာၻ႔ဘဏ္အစီရင္ခံစာ)
ျမန္မာစီးပြားေရးအေပၚ ေလ့လာသုံးသပ္သည့္ ကမာၻ႔ဘဏ္၏ ေနာက္ဆုံးထုတ္ျပန္သည့္အစီရင္ခံ စာသည္ ယခုတစ္ပတ္အတြင္းထြက္ေပၚလာသည္။ (၂၀၂၁) ႏိုင္ငံေရးအေျပာင္းအလဲကာလေနာက္ပိုင္းတြင္ ကမာၻ႔ဘဏ္က ျမန္မာ့စီးပြားေရးအေပၚ အႏုတ္လကၡဏာမ်ားျဖင့္သာ သုံးသပ္မွတ္ခ်က္ျပဳခဲ့ေသာ္လည္း လက္ရွိထုတ္ျပန္သည့္ အစီရင္ခံစာတြင္မူ ျမန္မာ့စီးပြားေရးမွာ အသင့္အတင့္တိုးတက္မႈရွိလာ ေၾကာင္းသုံးသပ္ထားသည္။
ငလ်င္ဒဏ္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားအ ၾကားတြင္ ျမန္မာ့စီးပြားေရးမွာ ျပန္လည္နာလန္ထူလာ ေၾကာင္းႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ (၃)ရာခိုင္ႏႈန္း ခန႔္ရွိေၾကာင္းေဖာ္ျပထားသည္။ ထို႔ျပင္ ကုမၸဏီမ်ား၏ စြမ္းေဆာင္ရည္တိုး တက္လာၿပီး ျမန္မာက်ပ္ေငြတန္ဖိုးမွာ ျပန္လည္ျမင့္တက္လာကာ လက္ရွိအခ်ိန္တြင္ တည္ၿငိမ္စြာျမင့္ တက္ေန ေၾကာင္းသိရသည္။ ေငြေၾကးေဖာင္းပြမႈသည္ မၾကာမီကာလအတြင္း (၂၀) ရာခိုင္ႏႈန္းအထက္တြင္ရွိေနမည္ဟု ခန႔္မွန္ ထားၿပီး စားဝတ္ေနေရးစရိတ္မ်ားျမင့္တက္မႈ ဆက္လက္ျဖစ္ေပၚေန ေၾကာင္းသိရသည္။ ျပည္တြင္းဝယ္လိုအား ေလ်ာ့နည္းမႈ၊ အလုပ္သမားရွားပါးမႈႏွင့္ လွ်ပ္စစ္ဓာတ္အား မၾကာခဏျပတ္ေတာက္ျခင္းေၾကာင့္ စီးပြားေရးေမွ်ာ္မွန္း ခ်က္အလားအလာမွာ အခက္အခဲအတားအဆီးမ်ားရွိေနဆဲဟုသိရသည္။
အထက္ပါအတိုင္း ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံ၏စီးပြားေရးအေပၚ သုံးသပ္ခ်က္မ်ားထြက္ေပၚလာၿပီး အနည္းငယ္ေသာတိုးတက္မႈမ်ားကို စတင္ေဖာ္ျပလာ ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံ၏စီးပြား ေရးအေျခ အေနမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္မႈနည္းပါးျခင္းႏွင့္ ေငြေၾကးမူဝါဒမ်ား မတည္ ၿငိမ္ျခင္းတို႔မွာ ဆက္လက္ ျဖစ္ေပၚေနရာ ယခင္အေျခ အေနသို႔ျပန္လည္ေရာက္ရွိရန္ အခ်ိန္ယူရဦးမည္ျဖစ္သည္။ လူတစ္ဦးခ်င္းဝင္ေငြမွာ သိသာစြာတိုးတက္မႈ မရွိေသာေၾကာင့္ ျမန္မာ့စီးပြားေရးျပန္လည္ နာလန္ထူ လာသည္ဟုဆိုႏိုင္ဖြယ္မရွိေသးေပ။ ကုန္ေဈးႏႈန္းမ်ား ဆက္လက္ျမင့္တက္ေနၿပီး လစာဝင္ေငြမ်ားတိုးတက္ မႈနည္းပါးျခင္းေၾကာင့္ အေျခခံလူတန္းစားမ်ားမွာ အက်ပ္အတည္းျမင့္မားေနဆဲျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း ျမန္မာ့စီးပြားေရး အေျပာင္းအလဲျဖစ္ေပၚရန္ နည္းပါးၿပီး လက္ရွိအေျခအေနျဖင့္သာ ဆက္လက္ရပ္ တည္ေနႏိုင္သည္။

(လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ ကုန္စည္ စီးဆင္းမႈ ရပ္တန႔္ျခင္း)
ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္မႈမ်ား ရပ္တန႔္ေနရာ ကုန္စည္စီးဆင္းမႈမ်ားသည္လည္း အထိုက္အ ေလ်ာက္ အားနည္းေနျခင္းျဖစ္သည္။ ယခင္က ပုံမွန္ကုန္သြယ္ေနေသာကုန္စည္မ်ားသည္ လက္နက္ကိုင္ မ်ားထိန္းခ်ဳပ္ရာ ေဒသမ်ားသို႔ သယ္ေဆာင္ႏိုင္ျခင္းမရွိ ေသာေၾကာင့္ ကုန္စည္စီးဆင္းမႈ လုံးဝနီးပါးရပ္ဆိုင္းေနေၾကာင္းသိရသည္။
အဓိကအားျဖင့္ ရခိုင္ျပည္နယ္ရွိ AA လက္နက္ကိုင္မ်ားထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ေဒသခံမ်ားမွာ အစား အေသာက္ႏွင့္ ေဆးဝါးရွားပါးျခင္းမ်ား ႀကဳံေတြ႕ေနရၿပီး ေဒသထြက္ကုန္စည္မ်ားကိုလည္း ျပည္မသို႔ မတင္ပို႔ႏိုင္ျခင္း ေၾကာင့္ အလုပ္အကိုင္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚေနေၾကာင္းသိရသည္။
ထို႔ျပင္ ကုန္ေဈးႏႈန္းမ်ားသည္လည္း ကုန္စည္ရွားပါးမႈေၾကာင့္ျမင့္တက္ေနၿပီး အေျခခံလူတန္းစားမ်ားမွာ အခက္အခဲ ပိုမိုႀကဳံေတြ႕ေနေၾကာင္းသိရသည္။ ရခိုင္ေဒသမွာ ကုန္စည္စီးဆင္းမႈရပ္တန႔္ျခင္း အႀကီး အက်ယ္ျဖစ္ေပၚ ေနေသာေဒသျဖစ္ၿပီး က်န္ျပည္နယ္ ႏွင့္တိုင္းမ်ားမွာ အနည္းငယ္ကုန္စည္စီးဆင္းမႈရွိေနေသးသည္။ ရွမ္းျပည္ ေျမာက္ပိုင္းတြင္မူ လားရႈိးၿမိဳ႕ကို ေက်ာ္လြန္ပါက လက္နက္ကိုင္မ်ားထိန္းခ်ဳပ္သည့္ေဒသမ်ားရွိေနၿပီး ျပည္မမွ ကုန္စည္ တင္ပို႔မႈနည္းပါးသလို ေျမာက္ပိုင္းရွမ္းျပည္မွ ကုန္စည္ျပန္လည္ဝင္ေရာက္မႈ လည္းနည္းပါးေနသည္။
သို႔ေသာ္လည္း ရခိုင္ေဒသကဲ့သို႔ အငတ္ေဘး ျပႆနာမ်ား ရွမ္းေျမာက္တြင္ျဖစ္ေပၚျခင္းမရွိေသာ ေၾကာင့္ တ႐ုတ္ျပည္မွ အစားအစာႏွင့္ေဆးဝါးမ်ား လက္နက္ကိုင္မ်ားထိန္းခ်ဳပ္ရာ‌ေဒသမ်ားသို႔ ဝင္ေရာက္ေနေၾကာင္းသိရွိႏိုင္ သည္။ ခ်င္းျပည္နယ္ႏွင့္ အႏၵိယ-ျမန္မာနယ္စပ္မ်ားတြင္မႈ တရားဝင္ကုန္သြယ္ မႈရပ္ဆိုင္းသြားေသာ္လည္း ႏွစ္ႏိုင္ငံ အၾကား ေဒသခံမ်ား၏ကူးလူးဆက္ဆံမႈ ယခင္ကတည္းကရွိေနျခင္းေၾကာင့္ အေျခခံကုန္စည္မ်ားျပတ္ ေတာက္သြား ျခင္း မရွိေၾကာင္းသိရသည္။ သို႔ေသာ္လည္း ျပည္မအတြင္းရွိ ဟုမၼလင္းႏွင့္ဖားကန႔္စသည့္ေဒသမ်ားတြင္ တိုက္ပြဲ ရွိမရွိေပၚမူတည္ကာ ကုန္စည္မ်ား သယ္ေဆာင္ေနရ ေၾကာင္းသိရသည္။
ကယားျပည္နယ္ရွိၿမိဳ႕နယ္အခ်ိဳ႕တြင္ လက္နက္ကိုင္မ်ားက ထိန္းခ်ဳပ္ထားဆဲျဖစ္ရာ ျပည္မမွတရားဝင္ ကုန္စည္ မ်ားသြားေရာက္ေရာင္းခ်ႏိုင္ျခင္းမရွိေၾကာင္းသိရသည္။ ကယားျပည္နယ္သည္ အိမ္နီးခ်င္း ထိုင္းႏိုင္ငံႏွင့္ နယ္နိမိတ္ ထိစပ္ေနေသာေၾကာင့္ ထိုင္းႏိုင္ငံ ဘက္မွကုန္စည္မ်ားကိုသာ ဝယ္ယူသုံးစြဲရသည့္အေျခ အေနျဖစ္သည္။ ကရင္ျပည္နယ္ ျမဝတီနယ္စပ္ႏွင့္ တနသၤာရီေတာင္ပိုင္းၿမိဳ႕နယ္မ်ားသည္လည္း တိုက္ပြဲအေျခအေနအေပၚမူတည္ကာ ကုန္စည္မ်ား သယ္ေဆာင္ေရာင္းခ်ေနရဆဲျဖစ္ၿပီး လတ္တေလာတြင္ ကုန္းလမ္းျဖင့္သြားလာရန္ခက္ခဲေနေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး အေျခအေနအရ ေျမျပင္မွသယ္‌ေဆာင္ေသာကုန္စည္စီးဆင္း မႈမွာ အတိုင္းအတာတစ္ခု အထိက်ပ္တည္းေနေၾကာင္း ေတြ႕ျမင္ႏိုင္သည္။

Related news

© 2021. All rights reserved.