သွားဘက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များပါဝင်သောနယ်လှည့်ကုသ‌ရေးအဖွဲ့မှမအူပင်မြို့တွင် သွားနှင့်ခံတွင်းဆိုင်ရာရောဂါများအားအခမဲ့လာရောက်ကုသပေးမည်

 159

ပြည့်ဖြိုးပိုင် (မအူပင်)ဒီဇင်ဘာ - ၁၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် လာမည့် ဒီဇင်ဘာလ (၂၃)ရက်နေ့မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ သွားဘက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များပါဝင်သောနယ်လှည့် ကုသရေးအဖွဲ့နှင့် သွားတုပညာရှင် ဦးစိုးတင့်တို့မှ မအူပင်မြို့နယ်ရှိ သွားနှင့်ခံတွင်းရောဂါရှိသူများအား အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

"ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေပါပါတယ် ၊ ဒါက ပုံမှန်နယ်လှည့်ပြီးကုသပေးနေတဲ့အဖွဲ့ပါ။ ကျွန်တော်က ပုဂ္ဂလိက သွားတုလုပ်ငန်းလုပ်တယ် သွားတုတွေလှူချင်လို့ ဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီး အမြဲလိုက်လှူပေးတာပါ(၂၀၁၇)လောက်ကတည်းကပါ။ အခုက ကျွန်တော်ဇာတိမြို့မှာ လုပ်ချင်တယ်ဆိုလို့ ဝန်ကြီးဌာနကလိုက်ကူညီပေးတာပါ ၊ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာန သွားဘက်ဆိုင်ရာက လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကတည်းက လစဉ် နယ်လှည့်ပြီးကုသမှုတွေလုပ်ပေးနေတာပါ ကျွန်တော်ကသွားတုပညာရှင်ဆိုတော့ ပြည်သူကိုသွားတွေလှူချင်တာပေါ့နော် အဲ့တာနဲ့ ဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးလှူဒါန်းမှူတွေပြုပေးနေတာပါ။ မအူပင်မြို့မှာကတော့ကျွန်တော်အနေနဲ့ သွားတု (အံကပ်) ကိုလူအယောက် (၅၀) စာ အခမဲ့ လှူဒါန်းပေးသွားမှာပါ"ဟု သွားတုပညာရှင် ဦးစိုးတင့်မှ NP News သို့ပြောသည်။

သွားနှင့်ခံတွင်းရောဂါအခမဲ့ကုသရေးအစီအစဉ်အား မအူပင်မြို့တွင် (၃)ရက်တာ ကုသပေးသွားမည်ဖြစ်ပြီး သွားတု (အံကပ်) ပြုလုပ်ရန်လိုအပ်သော လူနာ (၅၀)ဦးအားလည်း အခမဲ့လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ အဆိုပါအစီအစဉ်တွင် မအူပင်မြို့ရှိ သန်းမိသားစုမှလည်းပါဝင်ကူညီလှူဒါန်းပေးထားကြောင်းလည်းသိရသည်။

Zawgyi Version:
သြားဘက္ဆိုင္ရာကြၽမ္းက်င္ဆရာဝန္မ်ားပါဝင္ေသာနယ္လွည့္ကုသ‌ေရးအဖြဲ႕မွမအူပင္ၿမိဳ႕တြင္ သြားႏွင့္ခံတြင္းဆိုင္ရာေရာဂါမ်ားအားအခမဲ့လာေရာက္ကုသေပးမည္
ျပည့္ၿဖိဳးပိုင္ (မအူပင္)ဒီဇင္ဘာ - ၁၄
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕တြင္ လာမည့္ ဒီဇင္ဘာလ (၂၃)ရက္ေန႔မွစတင္ကာ က်န္းမာေရးဝန္ႀကီးဌာနမွ သြားဘက္ဆိုင္ရာကြၽမ္းက်င္ဆရာဝန္မ်ားပါဝင္ေသာနယ္လွည့္ ကုသေရးအဖြဲ႕ႏွင့္ သြားတုပညာရွင္ ဦးစိုးတင့္တို႔မွ မအူပင္ၿမိဳ႕နယ္ရွိ သြားႏွင့္ခံတြင္းေရာဂါရွိသူမ်ားအား အခမဲ့ ကုသေပးမည္ျဖစ္ေၾကာင္း သိရသည္။

"က်န္းမာေရးဝန္ႀကီးဌာနက ဆရာဝန္ေတြပါပါတယ္ ၊ ဒါက ပုံမွန္နယ္လွည့္ၿပီးကုသေပးေနတဲ့အဖြဲ႕ပါ။ ကြၽန္ေတာ္က ပုဂၢလိက သြားတုလုပ္ငန္းလုပ္တယ္ သြားတုေတြလႉခ်င္လို႔ ဝန္ႀကီးဌာနနဲ႔ခ်ိတ္ဆက္ၿပီး အၿမဲလိုက္လႉေပးတာပါ(၂၀၁၇)ေလာက္ကတည္းကပါ။ အခုက ကြၽန္ေတာ္ဇာတိၿမိဳ႕မွာ လုပ္ခ်င္တယ္ဆိုလို႔ ဝန္ႀကီးဌာနကလိုက္ကူညီေပးတာပါ ၊ ကြၽန္ေတာ္တို႔က်န္းမာေရးဝန္ႀကီးဌာန သြားဘက္ဆိုင္ရာက လြန္ခဲ့တဲ့ (၁၀)ႏွစ္ေလာက္ကတည္းက လစဥ္ နယ္လွည့္ၿပီးကုသမႈေတြလုပ္ေပးေနတာပါ ကြၽန္ေတာ္ကသြားတုပညာရွင္ဆိုေတာ့ ျပည္သူကိုသြားေတြလႉခ်င္တာေပါ့ေနာ္ အဲ့တာနဲ႔ ဝန္ႀကီးဌာနနဲ႔ခ်ိတ္ဆက္ၿပီးလႉဒါန္းမႉေတြျပဳေပးေနတာပါ။ မအူပင္ၿမိဳ႕မွာကေတာ့ကြၽန္ေတာ္အေနနဲ႔ သြားတု (အံကပ္) ကိုလူအေယာက္ (၅၀) စာ အခမဲ့ လႉဒါန္းေပးသြားမွာပါ"ဟု သြားတုပညာရွင္ ဦးစိုးတင့္မွ NP News သို႔ေျပာသည္။

သြားႏွင့္ခံတြင္းေရာဂါအခမဲ့ကုသေရးအစီအစဥ္အား မအူပင္ၿမိဳ႕တြင္ (၃)ရက္တာ ကုသေပးသြားမည္ျဖစ္ၿပီး သြားတု (အံကပ္) ျပဳလုပ္ရန္လိုအပ္ေသာ လူနာ (၅၀)ဦးအားလည္း အခမဲ့လုပ္ေဆာင္ေပးသြားမည္ျဖစ္ကာ အဆိုပါအစီအစဥ္တြင္ မအူပင္ၿမိဳ႕ရွိ သန္းမိသားစုမွလည္းပါဝင္ကူညီလႉဒါန္းေပးထားေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.