မြန်မာသည် အွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုများ၏ ဆိုးကျိုးကို ပြင်းထန်စွာ ခံစားခဲ့ရသည့်အတွက် အားလုံးထက်ပိုမုန်းသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 583

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုများ၏ ဆိုးကျိုးကို ပြင်းထန်စွာ ခံစားခဲ့ရသည့်အတွက် အားလုံးထက်ပိုမုန်းကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(ဒီဇင်ဘာ ၁၄ရက်)၊ ရန်ကုန်မြို့တွင် ပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် နိုင်ငံတော်လုံခြုံရေးအား ခြိမ်းခြောက်သည့် (National Security Threat) အဖြစ် မြန်မာနိုင်ငံအစိုးရက ရှုမြင်ကြောင်း ဗိုလ်ချုပ်ဇောင်မင်းထွန်းက ဆိုသည်။
“ဒီအွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုတွေဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တဲ့ကိစ္စ(National Security Threat)အဖြစ် မြန်မာနိုင်ငံ အစိုးရက ရှုမြင်ပါတယ်။ အစိုးရ အပေါ်လူထုရဲ့ ယုံကြည်မှု(Public Trust)ကို ထိခိုက်စေပါတယ်။ စီးပွားရေးလုံခြုံမှု(Economic Security)ကို ထိခိုက်စေပါတယ်။ နိုင်ငံတော်ရဲ့တည်ငြိမ်မှု (National Stabality )ကို ပျက်ပြားစေပါ တယ်။ တိုင်းပြည်ရဲ့ ဂုဏ် သတင်း (National Dignity) ကို ညှိုးနွမ်းစေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို မြန်မာနိုင်ငံသားမဟုတ်သည့် နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာ သူများက လုပ်ဆောင်ခဲ့သည့် နိုင်ငံခြားသားများ အချို့သော EAO များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဝိသမ စီးပွားရေးသမားများ ကြောင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသနှင့် ကရင် ပြည်နယ်ဒေသ အချို့တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးများစွာ ထိခိုက်ခဲ့ ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဒါ့ကြောင့် ဒီနေ့လူကြီးမင်းတို့ကို ကျွန်တော်လေးလေးနက်နက်ပြောကြားလိုတာက မြန်မာသည် ဒီအွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုများရဲ့ ဆိုးကျိုးကို ပြင်းထန်စွာ ခံစားခဲ့ရလို့ လူကြီးမင်းတို့မုန်းတာထက် မြန်မာက ပိုမုန်းတယ်။ လူအများစုအပေါ် ကျူးလွန် တဲ့ရာ ဇဝတ်မှုအဖြစ် သတ်မှတ် တယ်ဆိုတာကို မြန်မာအစိုးရကအသိပေးပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါ အွန်လိုင်းလိမ်လည်ရာဇဝတ်မှုများနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို အစိုးအရအနေဖြင့် ဒုတိယအကြိမ်အခွင့်အရေး မပေးခြင်း၊ ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာအကွယ်ပေးခွင့်မရှိခြင်းတို့ဖြင့် ပြတ်သား စွာအရေး ယူသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီအွန်လိုင်းလိမ်လည်ရာဇဝတ်မှုတွေနဲ့ ပြစ်မှုကျူးလွန်ခဲ့သူများကို ကျွန်တော်တို့အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက် သွား မှာဖြစ်ပါတယ်။ No Second Chance ၊ ဒုတိယအကြိမ် အခွင့်အရေးလုံးဝမရှိပါဘူး။ No Political or Personal Protection ၊ ပုဂ္ဂိုလ် ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာအကွယ်ပေးခွင့်ရမှာမဟုတ်ပါဘူး။ ဒီအွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေဟာ တည်ငြိမ်အေးချမ်းမှုနည်းတဲ့ ၊ ဥပဒေလက်လှမ်းမီမှုနည်းတဲ့ နယ်စပ်ဒေသတွေမှာ အဖြစ်များပြီး International Organized Crime နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုပုံစံ/နိုင်ငံပေါင်းစုံမှ မသမာသူများ ပါဝင်ဆောင်ရွက်တဲ့ပုံစံဖြစ်လို့ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံများအကြား တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို နှိမ်နင်းရန် Task Force အဖွဲ့များ၊ Cooperation အဖွဲ့များဖွဲ့စည်းကာ ထိရောက်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ျမန္မာသည္ အြန္လိုင္းလိမ္လည္မႈ၊ ရာဇဝတ္မႈမ်ား၏ ဆိုးက်ိဳးကို ျပင္းထန္စြာ ခံစားခဲ့ရသည့္အတြက္ အားလုံးထက္ပိုမုန္းသည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၄

ျမန္မာႏိုင္ငံသည္ အြန္လိုင္းလိမ္လည္မႈ၊ ရာဇဝတ္မႈမ်ား၏ ဆိုးက်ိဳးကို ျပင္းထန္စြာ ခံစားခဲ့ရသည့္အတြက္ အားလုံးထက္ပိုမုန္းေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ဒီဇင္ဘာ ၁၄ရက္)၊ ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ေသာ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ၏ အမ်ိဳးသားအဆင့္ အြန္လိုင္းလိမ္လည္မႈ အျမစ္ျဖတ္ ႏွိမ္နင္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ားသည္ ႏိုင္ငံေတာ္လုံၿခဳံေရးအား ၿခိမ္းေျခာက္သည့္ (National Security Threat) အျဖစ္ ျမန္မာႏိုင္ငံအစိုးရက ရႈျမင္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာင္မင္းထြန္းက ဆိုသည္။
“ဒီအြန္လိုင္းလိမ္လည္မႈ၊ ေလာင္းကစားမႈေတြဟာ ႏိုင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္တဲ့ကိစၥ(National Security Threat)အျဖစ္ ျမန္မာႏိုင္ငံ အစိုးရက ရႈျမင္ပါတယ္။ အစိုးရ အေပၚလူထုရဲ႕ ယုံၾကည္မႈ(Public Trust)ကို ထိခိုက္ေစပါတယ္။ စီးပြားေရးလုံၿခဳံမႈ(Economic Security)ကို ထိခိုက္ေစပါတယ္။ ႏိုင္ငံေတာ္ရဲ႕တည္ၿငိမ္မႈ (National Stabality )ကို ပ်က္ျပားေစပါ တယ္။ တိုင္းျပည္ရဲ႕ ဂုဏ္ သတင္း (National Dignity) ကို ညႇိဳးႏြမ္းေစပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ထို႔ျပင္ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ားကို ျမန္မာႏိုင္ငံသားမဟုတ္သည့္ ႏိုင္ငံအတြင္း တရားမဝင္ဝင္ေရာက္လာ သူမ်ားက လုပ္ေဆာင္ခဲ့သည့္ ႏိုင္ငံျခားသားမ်ား အခ်ိဳ႕ေသာ EAO မ်ား၊ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ဝိသမ စီးပြားေရးသမားမ်ား ေၾကာင့္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ေဒသႏွင့္ ကရင္ ျပည္နယ္ေဒသ အခ်ိဳ႕တြင္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးမ်ားစြာ ထိခိုက္ခဲ့ ရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံတကာတြင္ ျမန္မာႏိုင္ငံ၏ဂုဏ္သိကၡာလည္း က်ဆင္းခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာၾကားခဲ့သည္။
“ဒါ့ေၾကာင့္ ဒီေန႔လူႀကီးမင္းတို႔ကို ကြၽန္ေတာ္ေလးေလးနက္နက္ေျပာၾကားလိုတာက ျမန္မာသည္ ဒီအြန္လိုင္းလိမ္လည္မႈ၊ ရာဇဝတ္မႈမ်ားရဲ႕ ဆိုးက်ိဳးကို ျပင္းထန္စြာ ခံစားခဲ့ရလို႔ လူႀကီးမင္းတို႔မုန္းတာထက္ ျမန္မာက ပိုမုန္းတယ္။ လူအမ်ားစုအေပၚ က်ဴးလြန္ တဲ့ရာ ဇဝတ္မႈအျဖစ္ သတ္မွတ္ တယ္ဆိုတာကို ျမန္မာအစိုးရကအသိေပးေျပာၾကားလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ အဆိုပါ အြန္လိုင္းလိမ္လည္ရာဇဝတ္မႈမ်ားႏွင့္ ျပစ္မႈက်ဴးလြန္ခဲ့သူမ်ားကို အစိုးအရအေနျဖင့္ ဒုတိယအႀကိမ္အခြင့္အေရး မေပးျခင္း၊ ပုဂၢိဳလ္ေရးအရေသာ္လည္းေကာင္း၊ ႏိုင္ငံေရးအရေသာ္လည္းေကာင္း လုံးဝအကာအကြယ္ေပးခြင့္မရွိျခင္းတို႔ျဖင့္ ျပတ္သား စြာအေရး ယူသြားမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ဒီအြန္လိုင္းလိမ္လည္ရာဇဝတ္မႈေတြနဲ႔ ျပစ္မႈက်ဴးလြန္ခဲ့သူမ်ားကို ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ျပတ္ျပတ္သားသားအေရးယူ ေဆာင္႐ြက္ သြား မွာျဖစ္ပါတယ္။ No Second Chance ၊ ဒုတိယအႀကိမ္ အခြင့္အေရးလုံးဝမရွိပါဘူး။ No Political or Personal Protection ၊ ပုဂၢိဳလ္ ေရးအရေသာ္လည္းေကာင္း၊ ႏိုင္ငံေရးအရေသာ္လည္းေကာင္း လုံးဝအကာအကြယ္ေပးခြင့္ရမွာမဟုတ္ပါဘူး။ ဒီအြန္လိုင္းလိမ္လည္ ရာဇဝတ္မႈေတြဟာ တည္ၿငိမ္ေအးခ်မ္းမႈနည္းတဲ့ ၊ ဥပေဒလက္လွမ္းမီမႈနည္းတဲ့ နယ္စပ္ေဒသေတြမွာ အျဖစ္မ်ားၿပီး International Organized Crime ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈပုံစံ/ႏိုင္ငံေပါင္းစုံမွ မသမာသူမ်ား ပါဝင္ေဆာင္႐ြက္တဲ့ပုံစံျဖစ္လို႔ ႏိုင္ငံတကာနဲ႔ ေဒသတြင္း ႏိုင္ငံမ်ားအၾကား တက္ႂကြစြာ ပူးေပါင္း ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္လည္း အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမ်ားကို ႏွိမ္နင္းရန္ Task Force အဖြဲ႕မ်ား၊ Cooperation အဖြဲ႕မ်ားဖြဲ႕စည္းကာ ထိေရာက္စြာပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.