(၃၃)ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက်အမျိုးသား (၃)ယောက်တွဲမြန်မာအသင်းက ရရှိ

 366

စော(NP News)- ဒီဇင်ဘာ ၁၄
(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ရာ တွင် မြန်မာအားကစားအဖွဲ့အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက်အမျိုးသား (၃)ယောက်တွဲမြန်မာအသင်းက ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းသည် ဗိုလ်လုပွဲစဉ်တွင် စင်ကာပူအသင်းကို ရလဒ် (၁-၃)ဖြင့် ဒီဇင်ဘာ (၁၄) ရက်က အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘိလိယက်အမျိုးသား (၃)ယောက်တွဲတွင် ဦးပေါက်စ ၊ ဦးအောင်ဌေး ၊ ဦးနေသွေးဦး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Notha-buri ၌ကျင်းပသည့် ဘိလိယက်နှင့်စနူကာအားကစားနည်း ဘိလိယက်အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဦးပေါက်စနှင့် စင်ကာပူအသင်းမှ ပီတာဂေးလ်ခရစ်တို့ ယှဉ်ပြိုင် ကစားခဲ့ရာ စင်ကာပူအသင်းမှပီတာ ဂေးလ်ခရစ်က ဦးပေါက်စကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းမှ ဦးပေါက်စသည် ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။
(၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ (၁၁) ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေ တံဆိပ် (၃) ခု၊ ငွေတံဆိပ် (၉) ခု၊ ကြေးတံဆိပ် (၅)ခု စုစုပေါင်း ဆုတံဆိပ် (၁၇)ခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၃၃)ႀကိမ္ေျမာက္ ဆီးဂိမ္းတြင္ ျမန္မာအားကစားအဖြဲ႕အတြက္ တတိယေျမာက္ ေ႐ႊတံဆိပ္ဆုကို ဘိလိယက္အမ်ိဳးသား (၃)ေယာက္တြဲျမန္မာအသင္းက ရရွိ
ေစာ(NP News)- ဒီဇင္ဘာ ၁၄
(၃၃)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲကို ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပခဲ့ရာ တြင္ ျမန္မာအားကစားအဖြဲ႕အတြက္ တတိယေျမာက္ ေ႐ႊတံဆိပ္ဆုကို ဘိလိယက္အမ်ိဳးသား (၃)ေယာက္တြဲျမန္မာအသင္းက ရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအသင္းသည္ ဗိုလ္လုပြဲစဥ္တြင္ စင္ကာပူအသင္းကို ရလဒ္ (၁-၃)ျဖင့္ ဒီဇင္ဘာ (၁၄) ရက္က အႏိုင္ရရွိခဲ့ၿပီး ေ႐ႊတံဆိပ္ဆု ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဘိလိယက္အမ်ိဳးသား (၃)ေယာက္တြဲတြင္ ဦးေပါက္စ ၊ ဦးေအာင္ေဌး ၊ ဦးေနေသြးဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ရွိ Thunder Dome Muang Thong Thani, Notha-buri ၌က်င္းပသည့္ ဘိလိယက္ႏွင့္စႏူကာအားကစားနည္း ဘိလိယက္အမ်ိဳးသား တစ္ဦးခ်င္းၿပိဳင္ပြဲ ဗိုလ္လုပြဲၿပိဳင္ပြဲတြင္ ျမန္မာအသင္းမွ ဦးေပါက္စႏွင့္ စင္ကာပူအသင္းမွ ပီတာေဂးလ္ခရစ္တို႔ ယွဥ္ၿပိဳင္ ကစားခဲ့ရာ စင္ကာပူအသင္းမွပီတာ ေဂးလ္ခရစ္က ဦးေပါက္စကို သုံးပြဲျပတ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ျမန္မာအသင္းမွ ဦးေပါက္စသည္ ေငြတံဆိပ္ဆု ရရွိခဲ့ေၾကာင္း သိရသည္။
(၃၃)ႀကိမ္ေျမာက္ အေရွ႕ ေတာင္အာရွ အားကစားၿပိဳင္ပြဲ၏ ဒီဇင္ဘာ (၁၁) ရက္ ၿပိဳင္ပြဲမ်ားအၿပီးတြင္ ျမန္မာအသင္းအေနျဖင့္ ေ႐ႊ တံဆိပ္ (၃) ခု၊ ေငြတံဆိပ္ (၉) ခု၊ ေၾကးတံဆိပ္ (၅)ခု စုစုေပါင္း ဆုတံဆိပ္ (၁၇)ခုျဖင့္ ႏိုင္ငံအလိုက္ အဆင့္ (၇) တြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.