နိုင်ငံတွင်းမအေးချမ်းမှုကို အခွင့်ကောင်းယူ၍ ပထဝီနိုင်ငံရေးအရေးပါမှုကို အသုံးချရန် အင်အားကြီးနိုင်ငံအချို့က မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေ

211

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၅
နိုင်ငံတွင်းမအေးချမ်းမှုကို အခွင့်ကောင်းယူ၍ ပထဝီနိုင်ငံရေးအရေးပါမှုကို အသုံးချရန် အင်အားကြီးနိုင်ငံအချို့ကလွှမ်းမိုးချုပ် ကိုင်လို သည့်အတွက် ဆူပူအကြမ်းဖက်မှုများနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဒီဇင်ဘာ ၁၅ရက်)တွင် ကျရောက်သော (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိသဖြင့် အစိုးရအဆက်ဆက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ယခုအချိန်အထိ အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက် လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
သို့သော်လည်း လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုအသုံးချရန် အင်အားကြီး နိုင်ငံတချို့မှ ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ဆူပူအကြမ်းဖက် မှုများနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ ရကြောင်း လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသော အယူ အဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ကြောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီး တခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်း အတင်းအဓမ္မရောက်ရှိစေခဲ့ကြကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်း သောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်း ကြောင်းမှန်ပေါ်ရောက်ရှိကြရေးလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ သာဖြစ်နေ သည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထိုဒေသများသည် လွတ်လပ်ရေးမရမီနှင့် ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်း ခဲ့သလို ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် “လဲရာသူခိုးထောင်း” ဆိုသကဲ့သို့ ပိုမိုအခြေအနေဆိုးရွားနေသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်လျှင် နိုင်ငံ၏ ဝေးလံလှသော ကျေးလက်ဒေသများမှာပင် တည်ငြိမ်အေးချမ်းမှုရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိ နေသည်ကို တွေ့ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
zawgyi version