ဧရာဝတီတိုင်းရှိ MSMEလုပ်ငန်းများအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အစီအစဉ်စတင်

148

စော(NP News)- ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးရှိ MSMEလုပ်ငန်း များအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင် ရေး အစီအစဉ်စတင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစီအစဉ်စတင်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ယမန်နေ့ (ဒီဇင်ဘာ ၁၄ရက်)က ကျင်းပခဲ့ရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် “MSMEs Digital Accelerator Program – Ayeyarwady” အစီအစဉ်သည် လုပ်ငန်းရှင်များ၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် စနစ်တကျစီမံဆောင်ရွက်မှုတစ်ခုပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
ထိုပြင် ပြည်တွင်း၌သာမက နိုင်ငံတကာ အွန်လိုင်းဈေးကွက်များတွင် ဝင်ရောက်နိုင်စေရန် လုပ်ငန်းလိုအပ်ချက်များ၊ ဆန်းသစ်တီထွင်မှုစွမ်းရည်များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၊ အွန်လိုင်းစျေးကွက်သုံးစွဲနည်းစနစ်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ၊ ဒစ်ဂျစ်တယ်အရောင်းမြှင့်တင်ရေးစနစ်များကို လက်တွေ့အခြေပြု ရှင်းလင်းဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ လက်တွေ့ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဧရာဝတီ MSME များကို ဒစ်ဂျစ်တယ်လမ်းပြမြေပုံတွင် တန်ဖိုးမြှင့်ဈေးကွက်များဆီသို့ လမ်းကြောင်းပေါ် တွန်းတင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
အလားတူ တက်ရောက်လာကြသော MSME လုပ်ငန်းရှင်များအနေဖြင့် လက်တွေ့လုပ်ငန်းခွင်အတွင်း တွေ့ကြုံနေရသည့် ဈေးကွက်ဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဒစ်ဂျစ်တယ်အသုံးပြုမှုဆိုင်ရာ၊ စနစ်ထည့်သွင်း အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ပညာရှင်များနှင့် တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်သည့်အပြင် အကြံဉာဏ်များရယူခြင်း၊ လက်တွေ့ဆောင်ရွက်ပေးခြင်းတို့ ရရှိနိုင်သည့်အတွက် အလွန်တန်ဖိုးရှိသည့် အခြေအနေကို ရရှိခြင်းပင်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ “Ayeyarwady Digital Accelerator Program”သည် ဧရာဝတီတိုင်းဒေသကြီး MSME များအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အစီအစဉ်နည်းလမ်းများ အကောင်အထည်ဖော်မှု စတင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအစီအစဉ်များနှင့်အတူ MSME များအတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်စနစ်ပြသမှုများနှင့် MSME လုပ်ငန်းရှင်များကိုယ်တိုင်ပါဝင်ပြသမှု ၁၃ ခုပါဝင်သည့်အတွက် လုပ်ငန်းရှင်များကလည်း တက်ညီလက်ညီပူးပေါင်းပါဝင်၍ စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ ဆန်းသစ်တီထွင်မှုများဖြင့် ဒစ်ဂျစ်တယ်အခွင့်အလမ်းများကို ဖန်တီးဖော်ဆောင်ကြနိုင်ရေး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
ဧရာဝတီတိုင္းရွိ MSMEလုပ္ငန္းမ်ားအား ဒစ္ဂ်စ္တယ္နည္းပညာအသုံးျပဳ၍ လုပ္ငန္းဖြံ႕ၿဖိဳးမႈျမႇင့္တင္ေရး အစီအစဥ္စတင္
ေစာ(NP News)- ဒီဇင္ဘာ ၁၅
ဧရာဝတီတိုင္းေဒသႀကီးရွိ MSMEလုပ္ငန္း မ်ားအား ဒစ္ဂ်စ္တယ္နည္းပညာအသုံးျပဳ၍ လုပ္ငန္းဖြံ႕ၿဖိဳးမႈျမႇင့္တင္ ေရး အစီအစဥ္စတင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအစီအစဥ္စတင္ျခင္းကို ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ယမန္ေန႔ (ဒီဇင္ဘာ ၁၄ရက္)က က်င္းပခဲ့ရာ အေသးစား၊ အငယ္စားႏွင့္အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေကာ္မတီ ဒုတိယဥကၠ႒ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက Virtual စနစ္ျဖင့္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္တို႔ ပူးေပါင္းေဆာင္႐ြက္သည့္ “MSMEs Digital Accelerator Program – Ayeyarwady” အစီအစဥ္သည္ လုပ္ငန္းရွင္မ်ား၏ အမွန္တကယ္လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးမည့္ စနစ္တက်စီမံေဆာင္႐ြက္မႈတစ္ခုပင္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းကေျပာသည္။
ထိုျပင္ ျပည္တြင္း၌သာမက ႏိုင္ငံတကာ အြန္လိုင္းေဈးကြက္မ်ားတြင္ ဝင္ေရာက္ႏိုင္ေစရန္ လုပ္ငန္းလိုအပ္ခ်က္မ်ား၊ ဆန္းသစ္တီထြင္မႈစြမ္းရည္မ်ား၊ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ား၊ အြန္လိုင္းေစ်းကြက္သုံးစြဲနည္းစနစ္မ်ား၊ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈစနစ္မ်ား၊ သယ္ယူပို႔ေဆာင္ေရးစနစ္မ်ား၊ ဒစ္ဂ်စ္တယ္အေရာင္းျမႇင့္တင္ေရးစနစ္မ်ားကို လက္ေတြ႕အေျချပဳ ရွင္းလင္းေဆြးေႏြးျခင္း၊ အႀကံျပဳျခင္း၊ လက္ေတြ႕ေဆာင္႐ြက္ေပးျခင္းတို႔ျဖင့္ ဧရာဝတီ MSME မ်ားကို ဒစ္ဂ်စ္တယ္လမ္းျပေျမပုံတြင္ တန္ဖိုးျမႇင့္ေဈးကြက္မ်ားဆီသို႔ လမ္းေၾကာင္းေပၚ တြန္းတင္ေပးႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ၎ကထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ တက္ေရာက္လာၾကေသာ MSME လုပ္ငန္းရွင္မ်ားအေနျဖင့္ လက္ေတြ႕လုပ္ငန္းခြင္အတြင္း ေတြ႕ႀကဳံေနရသည့္ ေဈးကြက္ဆိုင္ရာ၊ ဘ႑ာေရးဆိုင္ရာ၊ ဒစ္ဂ်စ္တယ္အသုံးျပဳမႈဆိုင္ရာ၊ စနစ္ထည့္သြင္း အေကာင္အထည္ေဖာ္ရာတြင္ ေတြ႕ႀကဳံရသည့္အခက္အခဲမ်ားကို ပညာရွင္မ်ားႏွင့္ တိုက္႐ိုက္ေမးျမန္းေဆြးေႏြးႏိုင္သည့္အျပင္ အႀကံဉာဏ္မ်ားရယူျခင္း၊ လက္ေတြ႕ေဆာင္႐ြက္ေပးျခင္းတို႔ ရရွိႏိုင္သည့္အတြက္ အလြန္တန္ဖိုးရွိသည့္ အေျခအေနကို ရရွိျခင္းပင္ျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။
အဆိုပါ “Ayeyarwady Digital Accelerator Program”သည္ ဧရာဝတီတိုင္းေဒသႀကီး MSME မ်ားအား ဒစ္ဂ်စ္တယ္နည္းပညာအသုံးျပဳ၍ လုပ္ငန္းဖြံ႕ၿဖိဳးမႈျမႇင့္တင္ေရး အစီအစဥ္နည္းလမ္းမ်ား အေကာင္အထည္ေဖာ္မႈ စတင္ျခင္းပင္ျဖစ္ေၾကာင္း၊ ယခုအစီအစဥ္မ်ားႏွင့္အတူ MSME မ်ားအတြက္ လိုအပ္သည့္ ဒစ္ဂ်စ္တယ္စနစ္ျပသမႈမ်ားႏွင့္ MSME လုပ္ငန္းရွင္မ်ားကိုယ္တိုင္ပါဝင္ျပသမႈ ၁၃ ခုပါဝင္သည့္အတြက္ လုပ္ငန္းရွင္မ်ားကလည္း တက္ညီလက္ညီပူးေပါင္းပါဝင္၍ စဥ္ဆက္မျပတ္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္းမ်ား၊ ဆန္းသစ္တီထြင္မႈမ်ားျဖင့္ ဒစ္ဂ်စ္တယ္အခြင့္အလမ္းမ်ားကို ဖန္တီးေဖာ္ေဆာင္ၾကႏိုင္ေရး ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္းက တိုက္တြန္းေျပာၾကားခဲ့သည္။