တရုတ်သို့ သခွားမွှေးတင်ပို့ရန် (၇၅)ဂိတ်ထက်မနည်း ဖြတ်သန်းရပြီး ကျပ်သိန်း (၃၀) ကျော် ကုန်ကျ သဖြင့် ကုန်သည်များအခက်ကြုံ

250

Pearl (NP News)- ဒီဇင်ဘာ ၁၅
တရုတ်သို့ သခွားမွှေးတင်ပို့ရန် (၇၅)ဂိတ်ထက်မနည်း ဖြတ်သန်းရပြီး ကျပ်သိန်း (၃၀)ကျော် ကုန် ကျသဖြင့် ကုန်သည်များအခက်ကြုံနေကြောင်း သခွားမွှေးကုန်သည်ကြီးတစ်ဦးက NP News သို့ ပြော သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှ သခွားမွှေးများကို တရုတ်ပြည်သို့တင်ပို့ရာတွင် အသုံးပြုရန်အတွက် ကနဦးအနေဖြင့် မန္တလေးတိုင်းအတွင်း ဂျပ်/ဖော့ သွားယူရပြီး စစ်ကိုင်းတံတား (မန္တလေး ဘက်ခြမ်း) နှာပေါက် မှ ချောင်းဦးမြို့နယ် အထိလမ်းကြောင်းတစ်လျှောက်၌ စစ်ကိုင်း တံတား (မန္တလေးဘက်ခြမ်း) တွင် (၄)ဂိတ်၊ စစ်ကိုင်း တံတားမှ ကန်တလူတိုးဂိတ်အထိ (၆)ဂိတ်၊ စစ်ကိုင်း မြို့ နယ်တွင် (၃)ဂိတ်၊ မြင်းမူမြို့နယ်တွင် (၉)ဂိတ်၊ ချောင်းဦးမြို့နယ်တွင် (၃)ဂိတ် စုစုပေါင်း (၂၅)ဂိတ်ကို ဖြတ်သန်းရကာ ဂိတ်ကြေးအဖြစ် (၈၂၅၀ဝဝ)ကျပ် ကုန်ကျကြောင်း သိရသည်။
အလားတူ ချောင်းဦးမြို့နယ်မှ သခွား မွှေးများကို တရုတ်ပြည်သို့တင်ပို့ရန် ချောင်းဦးမှ စစ်ကိုင်း တံတား (မန္တလေးဘက်ခြမ်း) နှာပေါက်-မြစ် ခွဲလမ်းခွဲအထိလမ်းကြောင်းတစ်လျှောက်တွင် ချောင်းဦးမြို့ နယ်တွင် (၃)ဂိတ် ၊ မြင်းမူမြို့နယ်တွင်( ၉)ဂိတ်၊ စစ်ကိုင်းမြို့နယ်တွင် (၃)ဂိတ် ၊ ကန့်ဘလူဂိတ်မှ နှာ ပေါက်ဇက်ကူးသည်အထိ (၁၈)ဂိတ် ၊ စစ်ကိုင်းတံတား (မန္တလေးဘက်ခြမ်း)မှ မြစ်ငယ်လမ်းခွဲအထိ (၁၇) ဂိတ် စုစုပေါင်းဂိတ် (၅၀)တို့ကို အသုံးပြုဖြတ်သန်းရပြီး (၂၃၀၅၀ဝဝ) ကျပ်ကုန်ကျသဖြင့် စုစုပေါင်း (၃၁၃ ၀ဝဝဝ)ကျပ်အထိ ကုန်ကျနေကြောင်း သိရ သည်။
“လောလောဆယ်ကတော့ ချောင်းဦးစိုက်ခင်းကနေ ခူးပြီပို့တာ။ ချောင်းဦးပြီးရင် ကန်တလူ၊ စစ် ကိုင်းတံတား၊ မြစ်ငယ် အဲဒီအဆင့်ဆင့် ဖြတ်ရတဲ့ အချိန်မှာကုန်ကျစရိတ်တွေ တအားများသွားတာ။ ဂိတ်ကြေးပဲ ခေါ်ရမှာပေါ့။ မခူးခင်မှာလည်း မန္တလေး ဂျပ်ဖာစက်ရုံက နေပြီးတော့ ဂျပ်ဖာတွေ တင်တယ်။ တင်တဲ့အချိန်မှာ (၈)သိန်းလောက်ကုန်တယ်။ အားလုံးပေါင်း သိန်း (၃၀) ကျော်လောက် ကုန်တယ်” ဟု သခွားမွှေးကုန်သည်ကြီးတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် သခွားမွှေးတစ်တန်လျှင် ယွမ် (၃၅၀ဝ)မှ (၄၅၀ဝ) ကြားပေါက်ဈေးရှိပြီး အထက်ပါ လမ်းကြောင်းများအတိုင်း တစ်ရက်လျှင် သခွားမွှေး ကုန်ကား (၂၀)ထက်မနည်း နေ့စဉ် ဖြတ်သန်းပြီး တရုတ်သို့ တင်ပို့နေရကြောင်းလည်း သိရသည်။
“သခွားမွှေးပို့တာက (၁၁) လပိုင်း ၊ (၁၅) ရက်ကစပြီးတော့ (၅) လပိုင်းကုန်အထိ။ အများဆုံး အချိန်ကတော့ (၁၂)လပိုင်းကနေစပြီးတော့ (၃)လပိုင်းထိကတော့ အများဆုံး။ အများဆုံးအချိန်တွေဆို အစီးရေက ရာချီတယ်။ အခုကတော့ တစ်ရက်ကို (၂၀) ဝန်းကျင်လောက်သွားတယ်”ဟု ၎င်းက ဆက် ပြောသည်။
ထို့ပြင် မိုင်းလားဂိတ်မှ တစ်ဆင့် တရုတ်ပြည်ဘက်သို့ပို့ဆောင်ရန် (၇) ရက်ထက်မနည်း ကြာ မြင့်သဖြင့် ဈေးနှိမ်ခံရမှုများရှိနေကာ ဈေးကွက်အလုခံရမှုများလည်း ရှိနေကြောင်း သိရသည်။
"ချောင်းဦးကနေ တရုတ်ပြည်ကို မိုင်းလား လမ်းကနေသွားတာ။ ကြာမြင့်ချိန်က တစ်ပတ်ရှစ် ရက်ကြာတယ်။ မူဆယ်ဘက်သွားရင်တော့ (၃)ရက် ကြာတယ်။ ပုပ်ကုန်ဆိုတော့ နည်းနည်း ညှိုးသွားတာ တို့ မလတ်တာတို့ဖြစ်တော့ ဈေးမရဘူး။ အဲဒီတော့ တရုတ်ပြည်ကို ပမာဏများများနဲ့ပို့တဲ့ကုန်တွေက ပမာဏ နည်းလာတယ်။ နည်းလာတော့ တရုတ်ပြည် ဈေးကွက်မှာ လာအိုတို့၊ ထိုင်းတို့က အသီးတွေက နေရာဝင်ယူတယ်။ ကိုယ့်ဘက်ကလည်း ဈေးနှုန်း သက်သက်သာသာနဲ့ အရည်အသွေးကောင်း ကောင်း နဲ့ ထိုးဖောက်မှာတွေကလည်း လိုအပ်ချက်ရှိသွားတဲ့ သဘောဖြစ်သွားတာပါ" ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
တ႐ုတ္သို႔ သခြားေမႊးတင္ပို႔ရန္ (၇၅)ဂိတ္ထက္မနည္း ျဖတ္သန္းရၿပီး က်ပ္သိန္း (၃၀) ေက်ာ္ ကုန္က် သျဖင့္ ကုန္သည္မ်ားအခက္ႀကဳံ
Pearl (NP News)- ဒီဇင္ဘာ ၁၅
တ႐ုတ္သို႔ သခြားေမႊးတင္ပို႔ရန္ (၇၅)ဂိတ္ထက္မနည္း ျဖတ္သန္းရၿပီး က်ပ္သိန္း (၃၀)ေက်ာ္ ကုန္ က်သျဖင့္ ကုန္သည္မ်ားအခက္ႀကဳံေနေၾကာင္း သခြားေမႊးကုန္သည္ႀကီးတစ္ဦးက NP News သို႔ ေျပာ သည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္မွ သခြားေမႊးမ်ားကို တ႐ုတ္ျပည္သို႔တင္ပို႔ရာတြင္ အသုံးျပဳရန္အတြက္ ကနဦးအေနျဖင့္ မႏၲေလးတိုင္းအတြင္း ဂ်ပ္/ေဖာ့ သြားယူရၿပီး စစ္ကိုင္းတံတား (မႏၲေလး ဘက္ျခမ္း) ႏွာေပါက္ မွ ေခ်ာင္းဦးၿမိဳ႕နယ္ အထိလမ္းေၾကာင္းတစ္ေလွ်ာက္၌ စစ္ကိုင္း တံတား (မႏၲေလးဘက္ျခမ္း) တြင္ (၄)ဂိတ္၊ စစ္ကိုင္း တံတားမွ ကန္တလူတိုးဂိတ္အထိ (၆)ဂိတ္၊ စစ္ကိုင္း ၿမိဳ႕ နယ္တြင္ (၃)ဂိတ္၊ ျမင္းမူၿမိဳ႕နယ္တြင္ (၉)ဂိတ္၊ ေခ်ာင္းဦးၿမိဳ႕နယ္တြင္ (၃)ဂိတ္ စုစုေပါင္း (၂၅)ဂိတ္ကို ျဖတ္သန္းရကာ ဂိတ္ေၾကးအျဖစ္ (၈၂၅၀ဝဝ)က်ပ္ ကုန္က်ေၾကာင္း သိရသည္။
အလားတူ ေခ်ာင္းဦးၿမိဳ႕နယ္မွ သခြား ေမႊးမ်ားကို တ႐ုတ္ျပည္သို႔တင္ပို႔ရန္ ေခ်ာင္းဦးမွ စစ္ကိုင္း တံတား (မႏၲေလးဘက္ျခမ္း) ႏွာေပါက္-ျမစ္ ခြဲလမ္းခြဲအထိလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ေခ်ာင္းဦးၿမိဳ႕ နယ္တြင္ (၃)ဂိတ္ ၊ ျမင္းမူၿမိဳ႕နယ္တြင္( ၉)ဂိတ္၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ (၃)ဂိတ္ ၊ ကန႔္ဘလူဂိတ္မွ ႏွာ ေပါက္ဇက္ကူးသည္အထိ (၁၈)ဂိတ္ ၊ စစ္ကိုင္းတံတား (မႏၲေလးဘက္ျခမ္း)မွ ျမစ္ငယ္လမ္းခြဲအထိ (၁၇) ဂိတ္ စုစုေပါင္းဂိတ္ (၅၀)တို႔ကို အသုံးျပဳျဖတ္သန္းရၿပီး (၂၃၀၅၀ဝဝ) က်ပ္ကုန္က်သျဖင့္ စုစုေပါင္း (၃၁၃ ၀ဝဝဝ)က်ပ္အထိ ကုန္က်ေနေၾကာင္း သိရ သည္။
“ေလာေလာဆယ္ကေတာ့ ေခ်ာင္းဦးစိုက္ခင္းကေန ခူးၿပီပို႔တာ။ ေခ်ာင္းဦးၿပီးရင္ ကန္တလူ၊ စစ္ ကိုင္းတံတား၊ ျမစ္ငယ္ အဲဒီအဆင့္ဆင့္ ျဖတ္ရတဲ့ အခ်ိန္မွာကုန္က်စရိတ္ေတြ တအားမ်ားသြားတာ။ ဂိတ္ေၾကးပဲ ေခၚရမွာေပါ့။ မခူးခင္မွာလည္း မႏၲေလး ဂ်ပ္ဖာစက္႐ုံက ေနၿပီးေတာ့ ဂ်ပ္ဖာေတြ တင္တယ္။ တင္တဲ့အခ်ိန္မွာ (၈)သိန္းေလာက္ကုန္တယ္။ အားလုံးေပါင္း သိန္း (၃၀) ေက်ာ္ေလာက္ ကုန္တယ္” ဟု သခြားေမႊးကုန္သည္ႀကီးတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ သခြားေမႊးတစ္တန္လွ်င္ ယြမ္ (၃၅၀ဝ)မွ (၄၅၀ဝ) ၾကားေပါက္ေဈးရွိၿပီး အထက္ပါ လမ္းေၾကာင္းမ်ားအတိုင္း တစ္ရက္လွ်င္ သခြားေမႊး ကုန္ကား (၂၀)ထက္မနည္း ေန႔စဥ္ ျဖတ္သန္းၿပီး တ႐ုတ္သို႔ တင္ပို႔ေနရေၾကာင္းလည္း သိရသည္။
“သခြားေမႊးပို႔တာက (၁၁) လပိုင္း ၊ (၁၅) ရက္ကစၿပီးေတာ့ (၅) လပိုင္းကုန္အထိ။ အမ်ားဆုံး အခ်ိန္ကေတာ့ (၁၂)လပိုင္းကေနစၿပီးေတာ့ (၃)လပိုင္းထိကေတာ့ အမ်ားဆုံး။ အမ်ားဆုံးအခ်ိန္ေတြဆို အစီးေရက ရာခ်ီတယ္။ အခုကေတာ့ တစ္ရက္ကို (၂၀) ဝန္းက်င္ေလာက္သြားတယ္”ဟု ၎က ဆက္ ေျပာသည္။
ထို႔ျပင္ မိုင္းလားဂိတ္မွ တစ္ဆင့္ တ႐ုတ္ျပည္ဘက္သို႔ပို႔ေဆာင္ရန္ (၇) ရက္ထက္မနည္း ၾကာ ျမင့္သျဖင့္ ေဈးႏွိမ္ခံရမႈမ်ားရွိေနကာ ေဈးကြက္အလုခံရမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။
"ေခ်ာင္းဦးကေန တ႐ုတ္ျပည္ကို မိုင္းလား လမ္းကေနသြားတာ။ ၾကာျမင့္ခ်ိန္က တစ္ပတ္ရွစ္ ရက္ၾကာတယ္။ မူဆယ္ဘက္သြားရင္ေတာ့ (၃)ရက္ ၾကာတယ္။ ပုပ္ကုန္ဆိုေတာ့ နည္းနည္း ညႇိဳးသြားတာ တို႔ မလတ္တာတို႔ျဖစ္ေတာ့ ေဈးမရဘူး။ အဲဒီေတာ့ တ႐ုတ္ျပည္ကို ပမာဏမ်ားမ်ားနဲ႔ပို႔တဲ့ကုန္ေတြက ပမာဏ နည္းလာတယ္။ နည္းလာေတာ့ တ႐ုတ္ျပည္ ေဈးကြက္မွာ လာအိုတို႔၊ ထိုင္းတို႔က အသီးေတြက ေနရာဝင္ယူတယ္။ ကိုယ့္ဘက္ကလည္း ေဈးႏႈန္း သက္သက္သာသာနဲ႔ အရည္အေသြးေကာင္း ေကာင္း နဲ႔ ထိုးေဖာက္မွာေတြကလည္း လိုအပ္ခ်က္ရွိသြားတဲ့ သေဘာျဖစ္သြားတာပါ" ဟု ၎က ဆက္လက္ေျပာသည္။