ရန်ကုန်မြို့အတွင်း အိမ်ရောက်ပို့စနစ်ဖြင့် နှစ်ပတ်အတွင်း ဆန်အိတ်ပေါင်း (၃၄၀)ခန့် ရောင်းချနိုင်ခဲ့

125

စော(NP News)- ဒီဇင်ဘာ ၁၅
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းသို့ (၂၄)ပြည်ဆန်အိတ်များ အိမ်ရောက်ပို့စနစ်ဖြင့် နိုဝင်ဘာ ၂၆ရက်မှ ဒီဇင်ဘာ ၁၀ရက်နေ့အထိ အိတ်ပေါင်း (၃၄၀)ခန့် ကို ရောင်းချနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF)၏ အချက်အလက်များအရသိရသည်။
အဆိုပါစနစ်ဖြင့် ရောင်းချရာတွင် ဆန် အမျိုးအစား (၇)မျိုးအနက် ရွှေဘိုပေါ်ဆန်းဆန်အိတ်ရေ (၁၉၀)အိတ် ဖြင့် အများဆုံးရောင်းချနိုင်ခဲ့ပြီး ရက် (၉၀) ဆန်အိတ်ရေ (၅၉)အိတ်ဖြင့် ဒုတိယအများဆုံး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဧည့်မထဆန်အိတ်ရေ (၂၄)အိတ် ၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်)အိတ်ရေ (၂၉) အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်ဟောင်း)အိတ်ရေ (၂၃) အိတ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ (ဆန်သစ်)အိတ် ရေ(၆) အိတ်နှင့် ဧရာဝတီပေါ်ဆန်း နယ်စုံ (ဆန်ဟောင်း)အိတ် (၉) အိတ် စုစုပေါင်း (၃၄၀)အိတ်ကို အိမ်ထောင်စုအရေအတွက် (၂၆၇)ခုသို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စက်မှုဇုံများနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ ပြီးခဲ့သည့် နိုဝင်ဘာလက ပေါ်ဆန်း (၁၀) ကီလိုဂရမ် အိတ်ရေ (၅၂၀၄) အိတ်၊ ဧည့်မထ (၁၀) ကီလိုဂရမ် အိတ်ရေ (၅၁၅၀) အိတ်ကို ပေးပို့ ရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်ဟောင်း တစ်အိတ်လျှင် ငွေ (၁၈၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) (၂၄)ပြည် ဆန်ဟောင်း တစ်အိတ်လျှင် ငွေ (၁၅၀၀၀၀)ကျပ်နှင့် ဧရာဝတီပေါ်ဆန်း(ကြားပျံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် ငွေ (၁၃၀၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီပေါ်ဆန်း (နယ်စုံ) (၂၄)ပြည် ဆန်ဟောင်း တစ်အိတ်လျှင် ငွေ (၁၂၅၀၀၀)ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ် ၊ ရက်၉၀ (၂၄)ပြည်တစ်အိတ်လျှင် ငွေ (၇၅၀၀၀)ကျပ်နှင့် ဧည့်မထ (၁၅)မှတ် (၂၄)ပြည်တစ်အိတ်လျှင် ငွေ(၅၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕အတြင္း အိမ္ေရာက္ပို႔စနစ္ျဖင့္ ႏွစ္ပတ္အတြင္း ဆန္အိတ္ေပါင္း (၃၄၀)ခန႔္ ေရာင္းခ်ႏိုင္ခဲ့
ေစာ(NP News)- ဒီဇင္ဘာ ၁၅
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာနယ္နိမိတ္အတြင္းသို႔ (၂၄)ျပည္ဆန္အိတ္မ်ား အိမ္ေရာက္ပို႔စနစ္ျဖင့္ ႏိုဝင္ဘာ ၂၆ရက္မွ ဒီဇင္ဘာ ၁၀ရက္ေန႔အထိ အိတ္ေပါင္း (၃၄၀)ခန႔္ ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ (MRF)၏ အခ်က္အလက္မ်ားအရသိရသည္။
အဆိုပါစနစ္ျဖင့္ ေရာင္းခ်ရာတြင္ ဆန္ အမ်ိဳးအစား (၇)မ်ိဳးအနက္ ေ႐ႊဘိုေပၚဆန္းဆန္အိတ္ေရ (၁၉၀)အိတ္ ျဖင့္ အမ်ားဆုံးေရာင္းခ်ႏိုင္ခဲ့ၿပီး ရက္ (၉၀) ဆန္အိတ္ေရ (၅၉)အိတ္ျဖင့္ ဒုတိယအမ်ားဆုံး ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ဧည့္မထဆန္အိတ္ေရ (၂၄)အိတ္ ၊ ဧရာဝတီေပၚဆန္း ၾကားပ်ံ (ဆန္သစ္)အိတ္ေရ (၂၉) အိတ္၊ ဧရာဝတီေပၚဆန္း ၾကားပ်ံ (ဆန္ေဟာင္း)အိတ္ေရ (၂၃) အိတ္၊ ဧရာဝတီေပၚဆန္း နယ္စုံ (ဆန္သစ္)အိတ္ ေရ(၆) အိတ္ႏွင့္ ဧရာဝတီေပၚဆန္း နယ္စုံ (ဆန္ေဟာင္း)အိတ္ (၉) အိတ္ စုစုေပါင္း (၃၄၀)အိတ္ကို အိမ္ေထာင္စုအေရအတြက္ (၂၆၇)ခုသို႔ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ စက္မႈဇုံမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားထံသို႔ ၿပီးခဲ့သည့္ ႏိုဝင္ဘာလက ေပၚဆန္း (၁၀) ကီလိုဂရမ္ အိတ္ေရ (၅၂၀၄) အိတ္၊ ဧည့္မထ (၁၀) ကီလိုဂရမ္ အိတ္ေရ (၅၁၅၀) အိတ္ကို ေပးပို႔ ေရာင္းခ် ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ဆန္ေဈးႏႈန္းမ်ားအေနျဖင့္ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္ေဟာင္း တစ္အိတ္လွ်င္ ေငြ (၁၈၀၀၀၀) က်ပ္၊ ဧရာဝတီေပၚဆန္း (ၾကားပ်ံ) (၂၄)ျပည္ ဆန္ေဟာင္း တစ္အိတ္လွ်င္ ေငြ (၁၅၀၀၀၀)က်ပ္ႏွင့္ ဧရာဝတီေပၚဆန္း(ၾကားပ်ံ) (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ ေငြ (၁၃၀၀၀၀)က်ပ္ျဖင့္ ေရာင္းခ်ေနေၾကာင္း သိရသည္။
ထို႔ျပင္ ဧရာဝတီေပၚဆန္း (နယ္စုံ) (၂၄)ျပည္ ဆန္ေဟာင္း တစ္အိတ္လွ်င္ ေငြ (၁၂၅၀၀၀)က်ပ္၊ ဧရာဝတီေပၚဆန္း (နယ္စုံ) (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၁၅၀၀၀)က်ပ္ ၊ ရက္၉၀ (၂၄)ျပည္တစ္အိတ္လွ်င္ ေငြ (၇၅၀၀၀)က်ပ္ႏွင့္ ဧည့္မထ (၁၅)မွတ္ (၂၄)ျပည္တစ္အိတ္လွ်င္ ေငြ(၅၀၀၀၀)က်ပ္တို႔ျဖင့္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။