အပစ်အခတ်ရပ်စဲဖို့ ထိုင်းနှင့်ကမ္ဘောဒီးယားတို့က သဘောတူညီလိုက်ပြီဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေကို ထိုင်းအစိုးရငြင်းဆန်ပယ်ချ

242

Pika(NP News)- ဒီဇင်ဘာ ၁၅
နယ်စပ်တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားစစ်သားတွေက ထိုင်းစစ်သား(၄)ဦးကို သတ်ပစ်ခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပြောဆိုထားတဲ့ အပစ်အခတ်ရပ်စဲဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က သဘောတူခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေက မမှန်ကန်ဘူးလို့လည်း ထိုင်းအစိုးရကပြောကြားခဲ့ပါတယ်။နယ်နမိတ်ချင်း(၈၀၀)ကီလိုမီတာလောက်ထိစပ်နေတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် နှစ်ဘက်စလုံးကလူ(၅)သိန်းနီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ယခုသီတင်းပတ်အတွင်း ကမ္ဘောဒီးယားနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား(၄)ဦးအပါအဝင် စုစုပေါင်းလူ(၂၄)ဦးသေဆုံးခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul ၊ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့နဲ့ ဖုန်းခေါ်ဆိုမှုလုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေးကိုပြန်လည်စတင်ဖို့ သဘောတူညီခဲ့တယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ထိုင်းဝန်ကြီးချုပ် Anutin Charnvirakulနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အပစ်အခတ်ရပ်စဲရေးပြဿနာကို ဆွေးနွေးခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း ထိုင်းအစိုးရကပြောကြားခဲ့ပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲဖို႔ ထိုင္းႏွင့္ကေမာၻဒီးယားတို႔က သေဘာတူညီလိုက္ၿပီဆိုတဲ့ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြကို ထိုင္းအစိုးရျငင္းဆန္ပယ္ခ်
Pika(NP News)- ဒီဇင္ဘာ ၁၅
နယ္စပ္တိုက္ပြဲေတြအတြင္း ကေမာၻဒီးယားစစ္သားေတြက ထိုင္းစစ္သား(၄)ဦးကို သတ္ပစ္ခဲ့တယ္လို႔ ထိုင္းအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ေျပာဆိုထားတဲ့ အပစ္အခတ္ရပ္စဲဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔က သေဘာတူခဲ့တယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြက မမွန္ကန္ဘူးလို႔လည္း ထိုင္းအစိုးရကေျပာၾကားခဲ့ပါတယ္။နယ္နမိတ္ခ်င္း(၈၀၀)ကီလိုမီတာေလာက္ထိစပ္ေနတဲ့ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့မႈေၾကာင့္ ႏွစ္ဘက္စလုံးကလူ(၅)သိန္းနီးပါးေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ယခုသီတင္းပတ္အတြင္း ကေမာၻဒီးယားနဲ႔ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ထိုင္းစစ္သား(၄)ဦးအပါအဝင္ စုစုေပါင္းလူ(၂၄)ဦးေသဆုံးခဲ့တယ္လို႔ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က ထိုင္းဝန္ႀကီးခ်ဳပ္ Anutin Charnvirakul ၊ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္တို႔နဲ႔ ဖုန္းေခၚဆိုမႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံစလုံးက အပစ္အခတ္ရပ္စဲေရးကိုျပန္လည္စတင္ဖို႔ သေဘာတူညီခဲ့တယ္ဆိုၿပီး ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း ထိုင္းဝန္ႀကီးခ်ဳပ္ Anutin Charnvirakulနဲ႔ ေဒၚနယ္ထရမ့္တို႔ရဲ႕ ဖုန္းေခၚဆိုမႈအတြင္း အပစ္အခတ္ရပ္စဲေရးျပႆနာကို ေဆြးေႏြးခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း ထိုင္းအစိုးရကေျပာၾကားခဲ့ပါတယ္။