မလေးရှားနှင့် ထိုင်းသို့ ရေကြောင်းဖြင့် ပို့ဆောင်မည့် ငွေကျပ် (၁၃၃)ဘီလျံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား (၁၂)ဦး ဖမ်းမိ

634

စော(NP News)-ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်း ဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့များအနက် (၁၂)ဦးကို ငွေကျပ်( ၁၃၃) ဘီလျံကျော် တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၁ ဒသမ ၈ တန်ကျော် တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ (၂၇) ရက်၊ နံနက် ၆ နာရီတွင် သတင်းအရ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်၊ ကနောင် (၁)လမ်းတွင် ရွှေမောင်ဆန်း၊ မင်းဇော်လှိုင် (ခ) မင်းဇော်၊ အောင်ကျော်မျိုး (ခ) ငပိန်၊ မောင်မောင်သန်း (ခ) ဝင်းသန်းတို့ ၄ ဦးကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် ၁ စီး၊ MARK-X မော်တော်ယာဉ် ၁ စီး၊ LIGHT TRUCK မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့ ဆက်လက်သယ်ဆောင်မည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်ရှိ ဂိုဒေါင်အားဆက်လက်ရှာဖွေရာ ဂိုဒေါင်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) (၁ ဒသမ ၅၈) တန်နှင့် ကက်တမင်း (၆၀) ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် အိုက်စ်(မက်သ်အဖက်တမင်း) (၁ ဒသမ ၅၈ တန်) (၎င်းဒေသတန်ဖိုးငွေကျပ် ၃၉ ဒသမ ၅ ဘီလီယံ)နှင့် ကက်တမင်း (၁ ဒသမ ၈၈၅) တန် (၎င်းဒေသ တန်ဖိုးငွေကျပ် ၉၄ ဒသမ ၂၅ ဘီလီယံ) စုစုပေါင်း တန်ဖိုးငွေကျပ် (၁၃၃ ဒသမ ၇၅)ဘီလျံ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထပ်မံ၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော HINO Box ယာဉ်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်သို့ စိတ်ပြောင်းဆေးဝါး များ သယ်ဆောင်ခဲ့ပြီး တစ်ဆင့်လွှဲပြောင်းပေးခဲ့သည့် မြတ်မင်းကိုနှင့် ပြည့်စုံအောင်တို့ကို နိုဝင်ဘာ (၂၇) ရက် မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ တည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်ရှိ ဂိုဒေါင်အတွင်းသို့ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခဲ့သည့် ဇော်နိုင်ဦးနှင့် နေမင်းကျော်ထွေးတို့ကို နိုဝင်ဘာ( ၂၈) ရက် ၊ ညနေ ၅ နာရီတွင် ၎င်းတို့ စိတ်ပြောင်းဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် MITSUBISHI FUSO ဆီဘောက်ဆာယာဉ် ၁ စီးနှင့်အတူ ကျောက်ဆည်မြို့နယ်၊ သံရွာအနီးတွင်လည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်မြို့သို့ စိတ်ပြောင်းဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ကိုကိုကျော်ရဲနောင်ကို နိုဝင်ဘာ (၂၈) ရက်၊ ညနေ ၆ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ၎င်း၏နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် TOYOTA LAND CRUISER ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းအား ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင် ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် နိုင်ဝင်းထွေး (ခ) အငယ်လေး၊ မျိုးဝင်း (ခ) မျိုးကြီးနှင့် တင်ကိုကိုလင်းတို့ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက်(၁)၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ် စစ်ဆေးချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင် မြို့နေ ဖမ်းဆီးရန်ကျန်ရှိသော အားချန်၊ ကိုစိုင်း (ခ) စိုင်းလေး နှင့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်းချောင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်ရှိသော ရဲစိုးဦးတို့၏ အစီအမံ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စိတ်ပြောင်းဆေးဝါးများအား ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
မေလးရွားႏွင့္ ထိုင္းသို႔ ေရေၾကာင္းျဖင့္ ပို႔ေဆာင္မည့္ ေငြက်ပ္ (၁၃၃)ဘီလ်ံ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ အမ်ိဳးသား (၁၂)ဦး ဖမ္းမိ
ေစာ(NP News)-ဒီဇင္ဘာ ၁၅
ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ မေလးရွားႏွင့္ ထိုင္းေရပိုင္နက္သို႔ ပင္လယ္ေရေၾကာင္း ျဖင့္ သယ္ေဆာင္မည့္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕မ်ားအနက္ (၁၂)ဦးကို ေငြက်ပ္( ၁၃၃) ဘီလ်ံေက်ာ္ တန္ဖိုးရွိအိုက္စ္(မက္သ္အဖက္တမင္း) ၁ ဒသမ ၅၈ တန္ႏွင့္ ကက္တမင္း ၁ ဒသမ ၈ တန္ေက်ာ္ တို႔ႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာ (၂၇) ရက္၊ နံနက္ ၆ နာရီတြင္ သတင္းအရ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ (၁၉)ရပ္ကြက္၊ ကေနာင္ (၁)လမ္းတြင္ ေ႐ႊေမာင္ဆန္း၊ မင္းေဇာ္လႈိင္ (ခ) မင္းေဇာ္၊ ေအာင္ေက်ာ္မ်ိဳး (ခ) ငပိန္၊ ေမာင္ေမာင္သန္း (ခ) ဝင္းသန္းတို႔ ၄ ဦးကို ကက္တမင္း ၁ ဒသမ ၈ တန္ေက်ာ္၊ HINO Box ေမာ္ေတာ္ယာဥ္ ၁ စီး၊ MARK-X ေမာ္ေတာ္ယာဥ္ ၁ စီး၊ LIGHT TRUCK ေမာ္ေတာ္ယာဥ္ ၁ စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၎တို႔ ဆက္လက္သယ္ေဆာင္မည့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ (၁၉)ရပ္ကြက္ရွိ ဂိုေဒါင္အားဆက္လက္ရွာေဖြရာ ဂိုေဒါင္အတြင္းမွ အိုက္စ္(မက္သ္အဖက္တမင္း) (၁ ဒသမ ၅၈) တန္ႏွင့္ ကက္တမင္း (၆၀) ကီလိုတို႔ကို ထပ္မံသိမ္းဆည္းရမိသျဖင့္ အိုက္စ္(မက္သ္အဖက္တမင္း) (၁ ဒသမ ၅၈ တန္) (၎ေဒသတန္ဖိုးေငြက်ပ္ ၃၉ ဒသမ ၅ ဘီလီယံ)ႏွင့္ ကက္တမင္း (၁ ဒသမ ၈၈၅) တန္ (၎ေဒသ တန္ဖိုးေငြက်ပ္ ၉၄ ဒသမ ၂၅ ဘီလီယံ) စုစုေပါင္း တန္ဖိုးေငြက်ပ္ (၁၃၃ ဒသမ ၇၅)ဘီလ်ံ သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထပ္မံ၍ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာ HINO Box ယာဥ္ျဖင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ လားရႈိးမွ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕သစ္သို႔ စိတ္ေျပာင္းေဆးဝါး မ်ား သယ္ေဆာင္ခဲ့ၿပီး တစ္ဆင့္လႊဲေျပာင္းေပးခဲ့သည့္ ျမတ္မင္းကိုႏွင့္ ျပည့္စုံေအာင္တို႔ကို ႏိုဝင္ဘာ (၂၇) ရက္ မြန္းလြဲ ၂ နာရီအခ်ိန္ မဂၤလာဒုံၿမိဳ႕နယ္၊ ႏြယ္ေခြရပ္ကြက္ရွိ တည္းခိုခန္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္မွ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံ ၿမိဳ႕သစ္ရွိ ဂိုေဒါင္အတြင္းသို႔ စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ခဲ့သည့္ ေဇာ္ႏိုင္ဦးႏွင့္ ေနမင္းေက်ာ္ေထြးတို႔ကို ႏိုဝင္ဘာ( ၂၈) ရက္ ၊ ညေန ၅ နာရီတြင္ ၎တို႔ စိတ္ေျပာင္းေဆးဝါး သယ္ေဆာင္ရာတြင္ အသုံးျပဳခဲ့သည့္ MITSUBISHI FUSO ဆီေဘာက္ဆာယာဥ္ ၁ စီးႏွင့္အတူ ေက်ာက္ဆည္ၿမိဳ႕နယ္၊ သံ႐ြာအနီးတြင္လည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထပ္မံစစ္ေဆးေပၚေပါက္ခ်က္အရ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ရန္ကုန္ၿမိဳ႕သို႔ စိတ္ေျပာင္းေဆးဝါးမ်ား တာဝန္ခံသယ္ေဆာင္သူ ကိုကိုေက်ာ္ရဲေနာင္ကို ႏိုဝင္ဘာ (၂၈) ရက္၊ ညေန ၆ နာရီတြင္ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)ရွိ ၎၏ေနအိမ္တြင္ စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ အသုံးျပဳခဲ့သည့္ TOYOTA LAND CRUISER ယာဥ္ ၁ စီးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ၿပီး ၎အား ေဖာ္ထုတ္ခ်က္အရ စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ ရာတြင္ ပူးေပါင္းပါဝင္သူမ်ားျဖစ္သည့္ ႏိုင္ဝင္းေထြး (ခ) အငယ္ေလး၊ မ်ိဳးဝင္း (ခ) မ်ိဳးႀကီးႏွင့္ တင္ကိုကိုလင္းတို႔ကို ႏိုဝင္ဘာ ၂၉ ရက္ နံနက္ ၉ နာရီခြဲတြင္ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁)၌ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ စစ္ေဆးခ်က္မ်ားအရ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေလာက္ကိုင္ ၿမိဳ႕ေန ဖမ္းဆီးရန္က်န္ရွိေသာ အားခ်န္၊ ကိုစိုင္း (ခ) စိုင္းေလး ႏွင့္ မေကြးတိုင္း ေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ ေဖာင္းေခ်ာင္းေက်း႐ြာေန ဖမ္းဆီးရန္က်န္ရွိေသာ ရဲစိုးဦးတို႔၏ အစီအမံ ျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ စိတ္ေျပာင္းေဆးဝါးမ်ားအား ရန္ကုန္ၿမိဳ႕သို႔သယ္ေဆာင္ၿပီး ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ မေလးရွားႏွင့္ ထိုင္းေရပိုင္နက္သို႔ သယ္ေဆာင္ေရာင္းဝယ္ ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသည့္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ကို မူးယစ္ေဆးဝါး ႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္းႏွင့္ ၎တို႔၏ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ဆက္လက္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။