သြစတြေးလျ ဘင်ဒီဘိချ်ကမ်းခြေ အကြမ်းဖက်မှု သေနတ်သမားတစ်ဦးအပါအဝင် ၁၆- ဦးသေဆုံး

 689

HtayOung (NP News)ဒီဇင်ဘာ ၁၅
ယမန်နေ့ ဒီဇင်ဘာ ၁၄-ရက် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဘွန်ဒီဘိချ်ကမ်းခြေ အကြမ်းဖက်ခံရမှုမှာ သေနတ် သမားတစ်ဦးအပါအဝင် ၁၆-ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိတယ်လို့ ယနေ့နိုင်ငံတကာမီ ဒီယာများ က ဖော်ပြပါတယ်။

တနင်္ဂနွေညနေပိုင်း ဘွန်ဒီ နားနေရိပ်သာအနီး အင်ခါပတ်ခ်ပန်းခြံအတွင်း ဂျူးလးူမျိုးတို့ရဲ့ “ဟန်နတ်ကာပွဲ တော်” ကျင်းပနေခိုက် ‌သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူများမှာ အသက် ၁၀-နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် သြစတြေးလျ ဂျုးလူမျိုးများနဲ့ အစ္စရေးနိုင်ငံသားတစ်ဦးလည်း ပါဝင်ပါတယ်။ ရဲအရာရှိ ၂-ဦးအပါအဝင် လူ ၄၂-ဦး ဒဏ်ရာရရှိခဲ့ရာမှာ ကျူးလွန်သူတွေဟာ ဆာဂျစ် အာခရမ် (၅၀-နှစ်) နဲ့ နာဗစ် အာခရမ် (၂၄-နှစ်) တို့ သားအဖ နှစ်ဦးဖြစ်ကြောင်း၊

လူကူးစင်္ကြံတစ်ခုပေါ်မှ ပန်းခြံလူစုလူဝေးအတွင်းသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖခင် ဆာဂျစ်အာခရမ်မှာ အခင်းဖြစ်နေရာမှာ ရဲတပ်ဖွဲ့ဝင်များက အသေဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ဟာ အပန်းဖြေအမဲလိုက်ရန် လိုင်စင်လက်နက်ကိုင်ဆောင်သူများဖြစ်ကြပြီး၊ တိုက်ခိုက်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သေနတ် ၆-လက်ကို လည်း တရားဝင်ပိုင်ဆိုင်ကြောင်း သိရှိရပါတယ်။

ပြင်းထန်စွာ ဒဏ်ရာရရှိသွားတဲ့ သားဖြစ်သူ နာဗစ်အာခရမ်ကို ရဲအစောင့်အရှောက်ဖြင့် ဆေးဝါးကုသပေးနေရ ပြီး ရာဇဝတ်ကြောင်း စွဲချက်များနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ယခင် အရှေ့အလယ်ပိုင်း “အစ္စလာမ်မစ်စတိတ်” IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ သြစတြေးလျ လုံခြုံမှုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ ASIP မှာ မှတ်တမ်း ရှိပေမယ့် ယခုဖြစ်ရပ်မှာ IS ရဲ့ ခြိမ်းခြောက်မှုလို့ မသတ်မှတ်နိုင်ကြောင်း၊ ဂျူးလူမျိုးအသိုင်းအဝိုင်းကို တမင်ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အခင်းဖြစ်ပွားရာအနီး သေနတ်သမားများနဲ့ ဆက်စပ်နေတဲ့ ကားတစ်စီးပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း များကို ရဲတပ်ဖွဲ့ တွေ့ရှိပါတယ်။ ပစ်ခတ်မှုဖြစ်ပွားနေစဉ် “အာမက်” အမည်ရှိ ဘေးမှ ရပ်ကြည့်နေသူ တစ်ဦးက သေနတ်သမားတစ်ဦးကို ဝင်ရောက်လုံးထွေးပြီး လက်နက်ချစေခဲ့တဲ့အတွက် “သူရဲကောင်း” အဖြစ် လူအများ ဝိုင်းဝန်းချီးကျူးနေကြပါတယ်။ အာမက်ရဲ့ လက်မောင်းမှာလည်း သေနတ်ဒဏ်ရာရရှိသွားပြီး ဆေးရုံတက်နေရ တယ်လို့ ဆိုပါတယ်။

သေဆုံးသူများမှာ အသက် ၈၇-ခုနှစ်အရွယ်ထိ ပါဝင်ပြီး ဒုတိယကမ္ဘာစစ် ဂျူးလူမျိုးများကို အစုလိုက်အပုံလိုက် သတ်ဖြတ်စဉ် အသက်မသေပဲ ကျန်ရစ်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သြစတြေး လျနိုင်ငံအတွင်း လူတစ်ဦးချင်းစီရဲ့ သေနတ်ပိုင်ဆိုင်မှုအရေအတွက် ကန့်သတ်ခြင်းနဲ့ ပိုမိုတင်းကြပ်တဲ့ ဥပဒေ များထုတ်ပြန်မယ်လို့ အစိုးရက ကြေညာပါတယ်။
.

Zawgyi Version:
ၾသစေၾတးလ် ဘင္ဒီဘိခ်္ကမ္းေျခ အၾကမ္းဖက္မႈ ေသနတ္သမားတစ္ဦးအပါအဝင္ ၁၆- ဦးေသဆုံး
HtayOung (NP News)ဒီဇင္ဘာ ၁၅
ယမန္ေန႔ ဒီဇင္ဘာ ၁၄-ရက္ ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ ဘြန္ဒီဘိခ်္ကမ္းေျခ အၾကမ္းဖက္ခံရမႈမွာ ေသနတ္ သမားတစ္ဦးအပါအဝင္ ၁၆-ဦးေသဆုံးၿပီး လူအမ်ားအျပား ဒဏ္ရာရရွိတယ္လို႔ ယေန႔ႏိုင္ငံတကာမီ ဒီယာမ်ား က ေဖာ္ျပပါတယ္။

တနဂၤေႏြညေနပိုင္း ဘြန္ဒီ နားေနရိပ္သာအနီး အင္ခါပတ္ခ္ပန္းၿခံအတြင္း ဂ်ဴးလးူမ်ိဳးတို႔ရဲ႕ “ဟန္နတ္ကာပြဲ ေတာ္” က်င္းပေနခိုက္ ‌ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ ေသဆုံးသူမ်ားမွာ အသက္ ၁၀-ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးအပါအဝင္ ၾသစေၾတးလ် ဂ်ဳးလူမ်ိဳးမ်ားနဲ႔ အစၥေရးႏိုင္ငံသားတစ္ဦးလည္း ပါဝင္ပါတယ္။ ရဲအရာရွိ ၂-ဦးအပါအဝင္ လူ ၄၂-ဦး ဒဏ္ရာရရွိခဲ့ရာမွာ က်ဴးလြန္သူေတြဟာ ဆာဂ်စ္ အာခရမ္ (၅၀-ႏွစ္) နဲ႔ နာဗစ္ အာခရမ္ (၂၄-ႏွစ္) တို႔ သားအဖ ႏွစ္ဦးျဖစ္ေၾကာင္း၊

လူကူးစႀကႍတစ္ခုေပၚမွ ပန္းၿခံလူစုလူေဝးအတြင္းေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့ ဖခင္ ဆာဂ်စ္အာခရမ္မွာ အခင္းျဖစ္ေနရာမွာ ရဲတပ္ဖြဲ႕ဝင္မ်ားက အေသဖမ္းဆီးခဲ့ေၾကာင္း၊ ၎တို႔ဟာ အပန္းေျဖအမဲလိုက္ရန္ လိုင္စင္လက္နက္ကိုင္ေဆာင္သူမ်ားျဖစ္ၾကၿပီး၊ တိုက္ခိုက္မႈက်ဴးလြန္ရာမွာ အသုံးျပဳခဲ့တယ္လို႔ ယူဆရတဲ့ ေသနတ္ ၆-လက္ကို လည္း တရားဝင္ပိုင္ဆိုင္ေၾကာင္း သိရွိရပါတယ္။

ျပင္းထန္စြာ ဒဏ္ရာရရွိသြားတဲ့ သားျဖစ္သူ နာဗစ္အာခရမ္ကို ရဲအေစာင့္အေရွာက္ျဖင့္ ေဆးဝါးကုသေပးေနရ ၿပီး ရာဇဝတ္ေၾကာင္း စြဲခ်က္မ်ားနဲ႔ ရင္ဆိုင္ရဖြယ္ရွိေၾကာင္း၊ ယခင္ အေရွ႕အလယ္ပိုင္း “အစၥလာမ္မစ္စတိတ္” IS အၾကမ္းဖက္အဖြဲ႕နဲ႔ ဆက္ႏြယ္မႈရွိတယ္လို႔ ၾသစေၾတးလ် လုံၿခဳံမႈဆိုင္ရာ ေထာက္လွမ္းေရးအဖြဲ႕ ASIP မွာ မွတ္တမ္း ရွိေပမယ့္ ယခုျဖစ္ရပ္မွာ IS ရဲ႕ ၿခိမ္းေျခာက္မႈလို႔ မသတ္မွတ္ႏိုင္ေၾကာင္း၊ ဂ်ဴးလူမ်ိဳးအသိုင္းအဝိုင္းကို တမင္ပစ္မွတ္ထားတဲ့ အၾကမ္းဖက္မႈျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

အခင္းျဖစ္ပြားရာအနီး ေသနတ္သမားမ်ားနဲ႔ ဆက္စပ္ေနတဲ့ ကားတစ္စီးေပၚမွာ ေပါက္ကြဲေစတတ္တဲ့ ပစၥည္း မ်ားကို ရဲတပ္ဖြဲ႕ ေတြ႕ရွိပါတယ္။ ပစ္ခတ္မႈျဖစ္ပြားေနစဥ္ “အာမက္” အမည္ရွိ ေဘးမွ ရပ္ၾကည့္ေနသူ တစ္ဦးက ေသနတ္သမားတစ္ဦးကို ဝင္ေရာက္လုံးေထြးၿပီး လက္နက္ခ်ေစခဲ့တဲ့အတြက္ “သူရဲေကာင္း” အျဖစ္ လူအမ်ား ဝိုင္းဝန္းခ်ီးက်ဴးေနၾကပါတယ္။ အာမက္ရဲ႕ လက္ေမာင္းမွာလည္း ေသနတ္ဒဏ္ရာရရွိသြားၿပီး ေဆး႐ုံတက္ေနရ တယ္လို႔ ဆိုပါတယ္။

ေသဆုံးသူမ်ားမွာ အသက္ ၈၇-ခုႏွစ္အ႐ြယ္ထိ ပါဝင္ၿပီး ဒုတိယကမာၻစစ္ ဂ်ဴးလူမ်ိဳးမ်ားကို အစုလိုက္အပုံလိုက္ ႆတ္ျဖတ္စဥ္ အသက္မေသပဲ က်န္ရစ္ခဲ့သူျဖစ္ေၾကာင္းသိရွိရပါတယ္။ ယခုျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ၾသစေၾတး လ်ႏိုင္ငံအတြင္း လူတစ္ဦးခ်င္းစီရဲ႕ ေသနတ္ပိုင္ဆိုင္မႈအေရအတြက္ ကန႔္သတ္ျခင္းနဲ႔ ပိုမိုတင္းၾကပ္တဲ့ ဥပေဒ မ်ားထုတ္ျပန္မယ္လို႔ အစိုးရက ေၾကညာပါတယ္။
.

Related news

© 2021. All rights reserved.