မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေး မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံပူးပေါင်း လေ့လာဆွေးနွေး

224

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၆
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေး မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံပူးပေါင်းလေ့လာဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန် ချက်အရ သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီမှ တွဲဖက်အတွင်းရေးမှူး (၂)၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဒုတိယရဲချုပ် (၂)၊ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများသည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်မှုအား လေ့လာ ရန် ရောက်ရှိလာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ Office of Assistant Commissioner General မှ Pol.Lt. Gen. Jirabhop Bhuridej နှင့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့( ဒီဇင်ဘာ ၁၅ရက်) နံနက်ပိုင်းက မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၌ ကြိုဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် နံနက် (၈) နာရီတွင် မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့တို့သည် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှ KK Park နယ်မြေသို့ ထွက်ခွာခဲ့ပြီး KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများ ဖြိုချဖျက်ဆီးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးပြီးနောက် မြဝတီမြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် မြဝတီမြို့မှ ရွှေကုက္ကိုလ်နယ်မြေသို့ ဆက်လက်ထွက်ခွာကြပြီး တရားမဝင်နိုင်ငံခြားသားများထားရှိရာ အဆောက်အအုံများနှင့် မိုင်းခွဲဖျက်ဆီးထားသော ရထိုက်ကုမ္ပဏီပိုင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အဆောက်အအုံများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ရွှေကုက္ကိုလ်မှ မြဝတီမြို့သို့ ပြန်လည်ထွက်ခွာရာ မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကွပ် ကဲရေးရုံးသို့ ရောက်ရှိပြီး ယင်းနေရာတွင် ထိန်းသိမ်းထားရှိသည့် တရုတ်နိုင်ငံသားများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားအစည်း အဝေးခန်းမ၌ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆိုင်ရာ Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud)များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးပူး ပေါင်းဆောင် ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Zawgyi Version:
ျမဝတီေဒသရွိ အြန္လိုင္းလိမ္လည္မႈမ်ား ကင္းစင္ပေပ်ာက္သည္အထိ ရွင္းလင္းေဆာင္႐ြက္ေရး ျမန္မာ-တ႐ုတ္-ထိုင္း (၃) ႏိုင္ငံပူးေပါင္း ေလ့လာေဆြးေႏြး
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၆
ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ျမဝတီေဒသရွိ အြန္လိုင္းလိမ္လည္မႈမ်ား ကင္းစင္ပေပ်ာက္သည္အထိ ရွင္းလင္းေဆာင္႐ြက္ေရး ျမန္မာ-တ႐ုတ္-ထိုင္း (၃) ႏိုင္ငံပူးေပါင္းေလ့လာေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ ခ်က္အရ သိရသည္။
အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား တိုက္ဖ်က္ေရးႀကီးၾကပ္မႈဗဟိုေကာ္မတီမွ တြဲဖက္အတြင္းေရးမႉး (၂)၊ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ (၂)၊ ရဲဗိုလ္ခ်ဳပ္ မ်ိဳးမင္းထိုက္ႏွင့္ တာဝန္ရွိသူမ်ား၊ ျမဝတီခ႐ိုင္စီမံခန႔္ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီဥကၠ႒ ခ႐ိုင္အုပ္ ခ်ဳပ္ေရးမႉး ဦးေကာင္းစံလင္းႏွင့္ တာဝန္ရွိသူမ်ားသည္ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား တိုက္ဖ်က္မႈအား ေလ့လာ ရန္ ေရာက္ရွိလာၾကသည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီးဌာန လက္ေထာက္ဝန္ႀကီး Mr. Liu Zhong Yi ႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းႏိုင္ငံ Office of Assistant Commissioner General မွ Pol.Lt. Gen. Jirabhop Bhuridej ႏွင့္ ကိုယ္စားလွယ္ အဖြဲ႕အား ယမန္ေန႔( ဒီဇင္ဘာ ၁၅ရက္) နံနက္ပိုင္းက ျမန္မာ-ထိုင္း အမွတ္ (၁) ခ်စ္ၾကည္ေရးတံတား၌ ႀကိဳဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ နံနက္ (၈) နာရီတြင္ ျမန္မာ-တ႐ုတ္-ထိုင္း ကိုယ္စားလွယ္သုံးဖြဲ႕တို႔သည္ ျမန္မာ-ထိုင္း အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားမွ KK Park နယ္ေျမသို႔ ထြက္ခြာခဲ့ၿပီး KK Park နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ားတြင္ အသုံးျပဳခဲ့သည့္ တရားမဝင္အေဆာက္အအုံမ်ား ၿဖိဳခ်ဖ်က္ဆီးထားမႈမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ၾကည့္ရႈစစ္ေဆးၿပီးေနာက္ ျမဝတီၿမိဳ႕သို႔ ျပန္လည္ထြက္ခြာခဲ့ရာ မြန္းလြဲပိုင္းတြင္ ျမဝတီၿမိဳ႕မွ ေ႐ႊကုကၠိဳလ္နယ္ေျမသို႔ ဆက္လက္ထြက္ခြာၾကၿပီး တရားမဝင္ႏိုင္ငံျခားသားမ်ားထားရွိရာ အေဆာက္အအုံမ်ားႏွင့္ မိုင္းခြဲဖ်က္ဆီးထားေသာ ရထိုက္ကုမၸဏီပိုင္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းလုပ္ကိုင္ခဲ့သည့္ အေဆာက္အအုံမ်ားကို လွည့္လည္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေ႐ႊကုကၠိဳလ္မွ ျမဝတီၿမိဳ႕သို႔ ျပန္လည္ထြက္ခြာရာ ျမဝတီၿမိဳ႕ရွိ နယ္ျခားေစာင့္တပ္ (BGF) လုံၿခဳံေရးႏွင့္ စည္းကမ္းထိန္းသိမ္း ေရးကြပ္ ကဲေရး႐ုံးသို႔ ေရာက္ရွိၿပီး ယင္းေနရာတြင္ ထိန္းသိမ္းထားရွိသည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ျမန္မာ-တ႐ုတ္-ထိုင္း (၃) ႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႕မ်ားသည္ ျမဝတီၿမိဳ႕ ျမန္မာ-ထိုင္း အမွတ္ (၂) ခ်စ္ၾကည္ ေရးတံတားအစည္း အေဝးခန္းမ၌ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား တိုက္ဖ်က္ေရးဆိုင္ရာ Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling ညႇိႏႈိင္းအစည္းအေဝးကို က်င္းပခဲ့ၿပီး ျမဝတီေဒသရွိ အြန္လိုင္းလိမ္လည္မႈ (Telecom Fraud)မ်ား ကင္းစင္ပေပ်ာက္သည္အထိ ရွင္းလင္းေဆာင္႐ြက္ေရးႏွင့္ အြန္လိုင္းလိမ္လည္မႈ (Telecom Fraud) ႏွင့္ ဆက္စပ္ပတ္သက္သူမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ရာတြင္ အဆင္ေျပေခ်ာေမြ႕ေစေရးပူး ေပါင္းေဆာင္ ႐ြက္ရမည့္ကိစၥရပ္မ်ားကို ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာ-ထိုင္း အမွတ္ (၂) ခ်စ္ၾကည္ေရးတံတားမွ ထိုင္းႏိုင္ငံသို႔ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ခံယူကာ ျမန္မာႏိုင္ငံအတြင္း လုံးဝအေျခမျပဳႏိုင္ေရး ျပည္တြင္းအင္အားစုမ်ားအျပင္ အိမ္နီးခ်င္းႏိုင္ငံအစိုးရမ်ားႏွင့္လည္း ေပါင္းစပ္ညႇိႏႈိင္း၍ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။