(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)အတွက် ပွဲကြိုသုံးသပ်ချက်များ

 253

ရဲထက် (NP News) - ဒီဇင်ဘာ ၁၆

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ အသင်းကြီးတွေရဲ့အားပြိုင်မှုတွေကို စောင့်ကြည့်ရဖို့ ရှိနေပြီး ရမှတ် တွေကလည်း မကွာဟတော့တဲ့အနေအထားမျိုးမြင်တွေ့ရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံဆု ကိုရယူနိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေပေမယ့် မန်စီးတီးအသင်းရဲ့ အနီးကပ်ဖိအားပေးမှုတွေကြောင့် ဖိအားဝင် လာတဲ့အချိန်မှာ ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေတဲ့ ရက်သတ္တ ပတ်တွေလည်းဖြစ်ပါတယ်။ ဒါ့ပြင် အက်စတွန်ဗီလာ အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ခြေစွမ်းပိုင်း တိုးတက်လာမှုတွေက ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ရယူသွားနိုင်ဖို့ရှိနေပြီး ချဲလ်ဆီးအသင်း နဲ့မန်ယူအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရုန်းကန်လာဖို့ရှိနေတာကြောင့် ဒီ(၄)သင်းကြားက ပြိုင်ဆိုင်မှုကလည်း စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ဒါကြောင့် ွှ့န ှအအေနျာညေ ဂျာနယ်ကနေ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)ရဲ့ အကောင်းဆုံးပွဲစဉ်တွေ ကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

နယူးကာဆယ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ် ၂ - ဝ ချဲလ်ဆီး(၁၁ - ၅ -၂၀၂၅)
ချဲလ်ဆီး ၂ - ၁ နယူးကာဆယ် (၂၇-၁၀-၂၀၂၄)
ချဲလ်ဆီး ၂ - ၁ နယူးကာဆယ် (၁၂-၃-၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် ၂ - ၃ ချဲလ်ဆီး
နယူးကာဆယ် ၂ - ၂ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ခြေစွမ်း ပိုင်းကောင်းမွန်နေပေမယ့် နောက်တန်းခံစစ်ကို ယုံ ကြည်လို့မရတဲ့ အနေအထားတွေကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်လာရ နိုင်ပါတယ်။ အဓိကလို အပ်ချက်အနေနဲ့ကတော့ တိုက်စစ်ပိုင်း ကစားသမားတွေဖြစ်တဲ့ လီယန် ဒီလပ်နဲ့ ဂျာအိုပတ်ထရိုတို့ရဲ့ ခြေစွမ်းပိုင်းကျ ဆင်းမှုတွေအပြင် ကိုင်စီဒို ပါမလာတဲ့ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ် ပိုင်းက အသက်မပါသလိုဖြစ်နေခဲ့တာကိုတွေ့ရပါ တယ်။ ဒါ့ပြင် နည်းပြ မာရက်စကာရဲ့ လူချန်ကစားမှု တွေကြောင့် နိုင်ရမယ့်ပွဲစဉ်တွေမှာ ရမှတ်ဆုံးရှုံးမှုတွေ က ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီး ကစားသမားတွေရဲ့ယုံကြည်မှုတွေကိုပါ ကျ ဆင်းသွားစေခဲ့ တာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက် ကတော့ ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ကိုးလ်ပါးမားရဲ့ ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန် လာရမှုတွေကလည်း ချဲလ်ဆီးအသင်းအတွက် စိုးရိမ် စရာဖြစ်လာပါတယ်။ နောက် တစ်ချက်တော့ အရန်ကစားသမားတောင့်တင်းတယ်လို့ပြောလို့ရနေပေမယ့် အရန်ကစားသမားတွေက ပွဲထွက်ကစား သမား တွေလောက် ယုံကြည်လို့မရတဲ့အပြင် ကွင်းတွင်းစွမ်း ဆောင်ရည်ကလည်း ပွဲအဖြေကို ပြောင်းလဲစေနိုင် လောက်တဲ့ခြေစွမ်းမျိုးရှိမနေတာကိုတွေ့ရပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီရာသီမှာ ခြေစွမ်း ပိုင်းအရကြည့်ရင် ကျဆင်းသွားတာမှန်ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲပြန်လည်ရရှိလာမှုတွေနဲ့ ချဲလ်ဆီးအသင်းနဲ့ ရမှတ်အနေ အထားကလည်း ဒီပွဲ စဉ်နိုင်ရင် ဖိအားပေးလာနိုင်မှာဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းနဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာ နှစ်ပွဲနိုင်တာကြောင့် ချဲလ်ဆီးအသင်းကို အကောင်း ဆုံးရင်ဆိုင်လာနိုင်ဖို့ရှိနေပါတယ်။ ဒါ့ပြင် ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံလိုက်တိုင်းမှာ ပြိုင်ဆိုင်မှုကကြမ်း တမ်းသလို ကွင်းလယ်ပိုင်းနဲ့တိုက်စစ်ပိုင်းက အကြိတ် အနယ်ကစား ကြဖို့ရှိနေပါတယ်။ ဒါကြောင့် ရလဒ်ပိုင်း ကိုခန့်မှန်းရရင် နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်း ဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နိုင်ပွဲရဖို့ရုန်း ကန်လာနိုင်ဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေကို လည်းမြင်တွေ့လာ ရဖို့ရှိနေပါတယ်။ ဒါပေမဲ့ နှစ်သင်းလုံးက ရမှတ်လိုနေတဲ့အပြင် အရှုံးခံလိုမဖြစ်တော့တဲ့ အနေအထားမှာ တစ်ဖက်နဲ့ထိ န်းကန်ပြီး သရေလည်း ကျသွားနိုင်တဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ နိုင်ပွဲအနေနဲ့ ဆိုရင်တော့ လူစာရင်းအရ ချဲလ်ဆီးဘက်က (၁)ဂိုး လောက်အကွာနဲ့သာ ကပ်နိုင်ပါမယ်။

မန်စီးတီး Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၄ - ၁ ဝက်စ်ဟမ်း (၄ - ၁ -၂၀၂၅)
ဝက်စ်ဟမ်း ၁ - ၃ မန်စီးတီး (၃၁-၈-၂၀၂၅)
မန်စီးတီး ၄ - ၁ ဝက်စ်ဟမ်း (၁၉-၅-၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ဝ ဝက်စ်ဟမ်း
မန်စီးတီး ၃ - ဝ ဝက်စ်ဟမ်း
မန်စီးတီးအသင်းဟာ ဒီရာသီမှာ အာဆင် နယ်အသင်းနဲ့အပြိုင် ပရီးမီးယားလိဂ်ကို စိန်ခေါ်လာ နိုင်တဲ့အသင်း ဖြစ်ပြီး လီဗာပူးလ်အသင်းက စောစီးစွာ ချန်ပီယံဆုကနေသွေဖည်သွားချိန်မှာ မန်စီးတီးအ သင်းရဲ့ ချန်ပီယံလမ်း ကြောင်းဟာ ပိုကောင်းမွန်လာဖို့ ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်နှစ် အတွင်းမှာ ခြေစွမ်းပိုင်းကျဆင်းမှု တွေအပြင် ကစား သမားအဝင်အထွက်တွေကြားမှာ ရလဒ်ပိုင်းတွေ ဆက်တိုက်ဆိုးရွားသွားခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ အာဆင်နယ်အသင်းကို အကောင်းဆုံးဖိအားပေးပြီး ချန်ပီယံဘွဲ့ကို ပြန်လည်ရယူနိုင်ဖို့ရှိနေပါတယ်။ မန် စီးတီးအသင်းရဲ့ တိုးတက်လာတဲ့အချက်တွေကတော့ တိုက်စစ်ပိုင်းက ဟာလန်းနဲ့ဖိုဒန်အပြင် မန်စီးတီးအသင်းရဲ့ အားထားရမယ့်သူတစ် ယောက်ဖြစ်လာနိုင်တဲ့ ရိုင်ရယ်ချာကူရဲ့ခြေစွမ်းပိုင်းတွေဖြစ်ပြီး ဒဏ်ရာတွေကြောင့် ရိုဒရီ ရုန်းကန်လာရပေမယ့် ဂွန်ဆာလက်ရဲ့ ထိန်းကျောင်းပေးမှုတွေနဲ့အလုပ်ဖြစ်လာတဲ့ အနေအ ထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းဟာ ပုံမှန်ခြေစွမ်းပြန်ရနေပြီလို့ဆိုနိုင်ပြီး နေရာစုံက ကစားသမားတွေရဲ့သွင်းဂိုးတွေကိုပါ ဆက်တိုက်မြင်တွေ့ လာရတာဖြစ် ပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအနေနဲ့လည်း နောက်ပိုင်းပွဲစဉ်တွေကို တစ်ပွဲချင်းစီ အနိုင်ယူကျော်ဖြတ်ပြီး အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိ နေပါတယ်။ ဒီအရာတွေကိုလည်း မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့နှစ်တွေမှာ သက်သေပြထားပြီးသားဖြစ်တာကြောင့် မန်စီးတီး အသင်းကို မဖြစ်မနေစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ လက်ရှိ မှာလည်း မန်စီးတီးအသင်းက တဖြည်းဖြည်းနဲ့ ရမှတ် တွေ ဆက်တိုက်ရယူနေတာကြောင့် အာဆင်နယ်အသင်းအတွက် သတိထားရတော့မယ့်အနေအထားမျိုး မှာရှိနေပါ တယ်။ ဝက်စ်ဟမ်းအသင်းကတော့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေတဲ့အသင်းဖြစ်တဲ့အပြင် မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာလည်း နိုင်ပွဲရဖို့ရုန်းကန်ရနိုင်တာကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် သေချာ ပေါက် အနိုင်(၃)မှတ်ရယူနိုင်မယ့်ပွဲစဉ်ဖြစ်ပြီး အနည်းဆုံး(၂)ဂိုးပြတ် လောက်နဲ့နိုင်ပါမယ်။

စပါးစ် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၅ - ၁ စပါးစ် (၂၇- ၄ -၂၀၂၅)
စပါးစ် ၃ - ၆ လီဗာပူးလ် (၂၂-၁၂-၂၀၂၄)
လီဗာပူးလ် ၄ - ၂ စပါးစ် (၅-၅-၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၂ လီဗာပူးလ်
စပါးစ် ၂ - ၃ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ နည်းပြနဲ့ကစားသမားတွေကြားကပြဿနာတွေအပြင် အသင်းရဲ့ သက်ကြီး ပိုင်းရောက်လာတဲ့ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် နိုင်ပွဲတွေ ဆက်တိုက်ကျဆင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိမှာ လည်း ဆာလက်နဲ့ နည်းပြအာနဲ့စလော့ကြားက အကွဲအပြဲတွေကို စတင်မြင်တွေ့လာရပြီဖြစ်ပြီး လီဗာ ပူးလ်ဘုတ်အဖွဲ့ကလည်း ဆာလက်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချမှတ်လာဖို့ရှိနေပါတယ်။ လီဗာပူးလ်အသင်းရဲ့ အဓိကပြဿနာကတော့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူခွင့်ပြုနေတဲ့ ခံစစ်ပိုင်းဖြစ် ပြီး ဗန်ဒိုက်ရဲ့ အသက်အရွယ်နဲ့ခြေစွမ်းကို လီဗာပူးလ် အသင်းအနေနဲ့ ထည့်တွက်ရတော့မှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီရာသီ လူခေါ်ယူမှု တွေကလည်း ထင်သ လောက်အလုပ်မဖြစ်ခဲ့တဲ့အပြင် တိုက်စစ်ပိုင်းက ဆာလက်ရဲ့ခြေစွမ်းပိုင်း ကျဆင်းမှုတွေနဲ့ အာကီတီကီနဲ့ ဂတ်စ်ပိုတို့ကလည်း သွင်းဂိုးတွေအတွက် စိတ်မချရ တဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ပိုင်း မှာ ဆော်ဘိုဆလိုင်းရှိနေတာက လီဗာပူးလ်အသင်းတွေ ကံကောင်းမှုတစ်ခုဖြစ်ခဲ့ပြီး နေရာစုံမှာကစားနေတဲ့ ကွင်းလယ် ကစားသမားတစ်ယောက်ရဲ့စွမ်းဆောင် ရည်ဟာ လိုတာထက်ကို ပိုနေခဲ့ပြီလို့နိုင်ပါတယ်။ စပါးစ်အသင်းကလည်း လီဗာပူးလ်အသင်းနဲ့ ရမှတ် သိပ်မကွာတဲ့အနေအထားမျိုးမှာရှိနေတဲ့အပြင် ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်တစ် နေရာကို တောင် ရယူနိုင် ဖို့ရုန်းကန်လာရနိုင်တဲ့အထိ အခြေအနေဆိုးရွားသွား နိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက စပါးစ်အသင်းဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့အပြင် နယူးကာဆယ်အသင်းကိုပါ ရှုံးနိမ့်ထား ခဲ့တာဖြစ်ပြီး နည်းပြသစ် သောမတ်ဖရန့် လက်ထက်မှာ တိုးတက်မလာတဲ့အပြင် ပိုဆိုးလာ တယ်လို့တောင်ဆိုနိုင်ပါ တယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်းကိုခန့်မှန်းရရင် ထိပ်တိုက်တွေ့ဆုံမှုတွေအရ လီဗာပူးလ်အသင်းက အသာရ ထားတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းက အရင်လိုမဟုတ်တော့တာကြောင့် ဒီနှစ်သင်းကြားမှာ ကွာဟချက်အများကြီးမရှိတာ ကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ ရမှာဖြစ်ပြီး အနည်းဆုံး (၄)ဂိုးနဲ့အထက်ဖြစ်လာဖို့ရှိနေပါတယ်။ နိုင်ပွဲအနေနဲ့ဆိုရင်တော့ လီဗာပူးလ်အ သင်းက အနည်းငယ်အသာရနိုင်တဲ့အနေအထားမျိုး မှာရှိနေပါတယ်။

အဲဗာတန် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အဲဗာတန် ၁- ၁ အာဆင်နယ် (၅ - ၄ -၂၀၂၅)
အာဆင်နယ် ဝ - ဝ အဲဗာတန် (၁၄-၁၂-၂၀၂၄)
အာဆင်နယ် ၂ - ၁ အဲဗာတန် (၁၉-၅-၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အဲဗာတန် ဝ - ၂ အာဆင်နယ်
အဲဗာတန် ၁ - ၃ အာဆင်နယ်

အာဆင်နယ်အသင်းအတွက် ဒီပွဲကအမှားခံလို့မရတော့ပွဲဖြစ်ပြီး သရေကျလို့တောင်မရတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာ နိုင်ပါတယ်။ ဒါ့ပြင် မန်စီးတီးအ သင်းရဲ့ အနီးကပ်ဖိအားပေးမှုတွေက အာဆင်နယ်အသင်းအတွက် မဖြစ်မနေ နိုင်ပွဲရဖို့လို အပ်နေတာဖြစ်ပြီး ဒီပွဲစဉ်ကိုသာနိုင်ပွဲမရခဲ့ရင် အာဆင်နယ်အသင်းရဲ့ ချန်ပီယံရည်မှန်းချက်ဟာ ထိခိုက်လာဖို့ရှိနေပါ တယ်။ ဒါ့ပြင် အာဆင်နယ်အသင်းဟာ ဒီဇင်ဘာလအတွင်းမှာ ရုန်းကန်ရလေ့ရှိတဲ့ထုံးစံအတိုင်း ဒဏ်ရာပြဿနာတွေက အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက် တစ်ခုဖြစ်လာခဲ့ပါပြီ။ ဂါဘရီရယ်၊ ဆလီဗာတို့ ဒဏ်ရာ ရနေတာဟာ အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး မနှစ်ကရာသီမှာလည်း ဒီလိုပြဿနာတွေကို အာဆင်နယ် အသင်းရင်ဆိုင်ခဲ့ရပြီး ချန်ပီယံဆုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဂါဘရီရယ်၊ ဆလီဗာတို့ရှိ နေချိန်မှာ သွင်းဂိုးတွေကိုခွင့်ပြုပေးခဲ့ရတာမျိုး မရှိသလောက် နည်းခဲ့ပေမယ့် ဒီနှစ်ယောက်မရှိတဲ့အချိန်မှာတော့ သွင်းဂိုးတွေကို ဆက်တိုက်ခွင့်ပြုပေးနေရတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့အတွက်ဆိုရင် ဒီပွဲစဉ်ကစပြီး ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့လိုအပ်လာ မှာလည်းဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း နည်းပြ မိုးယက်ဇ်လက်ထက်မှာ ကစားပုံ ပိုကောင်း လာတဲ့အပြင် အသင်းကြီးတွေကို ဒုက္ခပေးလာနိုင်တဲ့ အသင်းဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အဲဗာတန်အိမ်ကွင်းမှာ ခက်ခက်ခဲခဲကစားပြီး မှသာ နိုင်ပွဲရယူနိုင်ပါမယ်။ ဂိုးတော့မပြတ်ပါဘူး။

၂၀ - ၁၂ - ၂၀၂၅ (စနေနေ့ ညပိုင်း)
ည(ရးဝဝ) နယူးကာဆယ် vs ချဲလ်ဆီး
ည(၉း၃၀) မန်စီးတီး Vs ဝက်စ်ဟမ်း
ည(၁၂းဝဝ) စပါးစ် Vs လီဗာပူးလ်

၁၉ - ၁၀ - ၂၀၂၅ (တနင်္ဂနွေနေ့ နံနက်ပိုင်း)
နံနက်(၂း၃၀) အဲဗာတန် Vs အာဆင်နယ်

Zawgyi Version:
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၇)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဒီဇင္ဘာ ၁၆

ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကေတာ့ အသင္းႀကီးေတြရဲ႕အားၿပိဳင္မႈေတြကို ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီး ရမွတ္ ေတြကလည္း မကြာဟေတာ့တဲ့အေနအထားမ်ိဳးျမင္ေတြ႕ရပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံဆု ကိုရယူႏိုင္ဖို႔ အေကာင္းဆုံးအေနအထားမွာရွိေနေပမယ့္ မန္စီးတီးအသင္းရဲ႕ အနီးကပ္ဖိအားေပးမႈေတြေၾကာင့္ ဖိအားဝင္ လာတဲ့အခ်ိန္မွာ ၿပိဳင္ဆိုင္မႈျပင္းထန္လာဖို႔ရွိေနတဲ့ ရက္သတၱ ပတ္ေတြလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အက္စတြန္ဗီလာ အသင္းနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ရဲ႕ ေျခစြမ္းပိုင္း တိုးတက္လာမႈေတြက ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ရယူသြားႏိုင္ဖို႔ရွိေနၿပီး ခ်ဲလ္ဆီးအသင္း နဲ႔မန္ယူအသင္းကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ႐ုန္းကန္လာဖို႔ရွိေနတာေၾကာင့္ ဒီ(၄)သင္းၾကားက ၿပိဳင္ဆိုင္မႈကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။ ဒါေၾကာင့္ ႊ႕န ွအေအန်ာေည ဂ်ာနယ္ကေန ပရီးမီးယားလိဂ္ပြဲစဥ္(၁၇)ရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြ ကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။

နယူးကာဆယ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယူးကာဆယ္ ၂ - ဝ ခ်ဲလ္ဆီး(၁၁ - ၅ -၂၀၂၅)
ခ်ဲလ္ဆီး ၂ - ၁ နယူးကာဆယ္ (၂၇-၁၀-၂၀၂၄)
ခ်ဲလ္ဆီး ၂ - ၁ နယူးကာဆယ္ (၁၂-၃-၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယူးကာဆယ္ ၂ - ၃ ခ်ဲလ္ဆီး
နယူးကာဆယ္ ၂ - ၂ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ ေျခစြမ္း ပိုင္းေကာင္းမြန္ေနေပမယ့္ ေနာက္တန္းခံစစ္ကို ယုံ ၾကည္လို႔မရတဲ့ အေနအထားေတြေၾကာင့္ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ ႐ုန္းကန္လာရ ႏိုင္ပါတယ္။ အဓိကလို အပ္ခ်က္အေနနဲ႔ကေတာ့ တိုက္စစ္ပိုင္း ကစားသမားေတြျဖစ္တဲ့ လီယန္ ဒီလပ္နဲ႔ ဂ်ာအိုပတ္ထ႐ိုတို႔ရဲ႕ ေျခစြမ္းပိုင္းက် ဆင္းမႈေတြအျပင္ ကိုင္စီဒို ပါမလာတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ကြင္းလယ္ ပိုင္းက အသက္မပါသလိုျဖစ္ေနခဲ့တာကိုေတြ႕ရပါ တယ္။ ဒါ့ျပင္ နည္းျပ မာရက္စကာရဲ႕ လူခ်န္ကစားမႈ ေတြေၾကာင့္ ႏိုင္ရမယ့္ပြဲစဥ္ေတြမွာ ရမွတ္ဆုံးရႈံးမႈေတြ က ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္လာခဲ့ၿပီး ကစားသမားေတြရဲ႕ယုံၾကည္မႈေတြကိုပါ က် ဆင္းသြားေစခဲ့ တာျဖစ္ပါတယ္။ အေရးႀကီးဆုံးအခ်က္ ကေတာ့ ဒဏ္ရာျပႆနာကေန ျပန္လည္ေကာင္းမြန္လာတဲ့ ကိုးလ္ပါးမားရဲ႕ ပုံမွန္ေျခစြမ္းျပန္ရဖို႔ ႐ုန္းကန္ လာရမႈေတြကလည္း ခ်ဲလ္ဆီးအသင္းအတြက္ စိုးရိမ္ စရာျဖစ္လာပါတယ္။ ေနာက္ တစ္ခ်က္ေတာ့ အရန္ကစားသမားေတာင့္တင္းတယ္လို႔ေျပာလို႔ရေနေပမယ့္ အရန္ကစားသမားေတြက ပြဲထြက္ကစား သမား ေတြေလာက္ ယုံၾကည္လို႔မရတဲ့အျပင္ ကြင္းတြင္းစြမ္း ေဆာင္ရည္ကလည္း ပြဲအေျဖကို ေျပာင္းလဲေစႏိုင္ ေလာက္တဲ့ေျခစြမ္းမ်ိဳးရွိမေနတာကိုေတြ႕ရပါတယ္။ နယူးကာဆယ္အသင္းကေတာ့ ဒီရာသီမွာ ေျခစြမ္း ပိုင္းအရၾကည့္ရင္ က်ဆင္းသြားတာမွန္ေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ႏိုင္ပြဲျပန္လည္ရရွိလာမႈေတြနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္အေန အထားကလည္း ဒီပြဲ စဥ္ႏိုင္ရင္ ဖိအားေပးလာႏိုင္မွာျဖစ္ပါတယ္။ ခ်ဲလ္ဆီး အသင္းနဲ႔ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္(၃)ပြဲမွာ ႏွစ္ပြဲႏိုင္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းကို အေကာင္း ဆုံးရင္ဆိုင္လာႏိုင္ဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံလိုက္တိုင္းမွာ ၿပိဳင္ဆိုင္မႈကၾကမ္း တမ္းသလို ကြင္းလယ္ပိုင္းနဲ႔တိုက္စစ္ပိုင္းက အႀကိတ္ အနယ္ကစား ၾကဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ရလဒ္ပိုင္း ကိုခန႔္မွန္းရရင္ နယူးကာဆယ္အသင္းရဲ႕ အိမ္ကြင္း ျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႏိုင္ပြဲရဖို႔႐ုန္း ကန္လာႏိုင္ဖို႔ရွိေနၿပီး အျပန္အလွန္သြင္းဂိုးေတြကို လည္းျမင္ေတြ႕လာ ရဖို႔ရွိေနပါတယ္။ ဒါေပမဲ့ ႏွစ္သင္းလုံးက ရမွတ္လိုေနတဲ့အျပင္ အရႈံးခံလိုမျဖစ္ေတာ့တဲ့ အေနအထားမွာ တစ္ဖက္နဲ႔ထိ န္းကန္ၿပီး သေရလည္း က်သြားႏိုင္တဲ့ပြဲစဥ္ျဖစ္လာႏိုင္ပါတယ္။ ႏိုင္ပြဲအေနနဲ႔ ဆိုရင္ေတာ့ လူစာရင္းအရ ခ်ဲလ္ဆီးဘက္က (၁)ဂိုး ေလာက္အကြာနဲ႔သာ ကပ္ႏိုင္ပါမယ္။

မန္စီးတီး Vs ဝက္စ္ဟမ္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၄ - ၁ ဝက္စ္ဟမ္း (၄ - ၁ -၂၀၂၅)
ဝက္စ္ဟမ္း ၁ - ၃ မန္စီးတီး (၃၁-၈-၂၀၂၅)
မန္စီးတီး ၄ - ၁ ဝက္စ္ဟမ္း (၁၉-၅-၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ဝ ဝက္စ္ဟမ္း
မန္စီးတီး ၃ - ဝ ဝက္စ္ဟမ္း
မန္စီးတီးအသင္းဟာ ဒီရာသီမွာ အာဆင္ နယ္အသင္းနဲ႔အၿပိဳင္ ပရီးမီးယားလိဂ္ကို စိန္ေခၚလာ ႏိုင္တဲ့အသင္း ျဖစ္ၿပီး လီဗာပူးလ္အသင္းက ေစာစီးစြာ ခ်န္ပီယံဆုကေနေသြဖည္သြားခ်ိန္မွာ မန္စီးတီးအ သင္းရဲ႕ ခ်န္ပီယံလမ္း ေၾကာင္းဟာ ပိုေကာင္းမြန္လာဖို႔ ရွိေနပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ႏွစ္ အတြင္းမွာ ေျခစြမ္းပိုင္းက်ဆင္းမႈ ေတြအျပင္ ကစား သမားအဝင္အထြက္ေတြၾကားမွာ ရလဒ္ပိုင္းေတြ ဆက္တိုက္ဆိုး႐ြားသြားခဲ့တာျဖစ္ၿပီး ဒီရာသီမွာေတာ့ အာဆင္နယ္အသင္းကို အေကာင္းဆုံးဖိအားေပးၿပီး ခ်န္ပီယံဘြဲ႕ကို ျပန္လည္ရယူႏိုင္ဖို႔ရွိေနပါတယ္။ မန္ စီးတီးအသင္းရဲ႕ တိုးတက္လာတဲ့အခ်က္ေတြကေတာ့ တိုက္စစ္ပိုင္းက ဟာလန္းနဲ႔ဖိုဒန္အျပင္ မန္စီးတီးအသင္းရဲ႕ အားထားရမယ့္သူတစ္ ေယာက္ျဖစ္လာႏိုင္တဲ့ ႐ိုင္ရယ္ခ်ာကူရဲ႕ေျခစြမ္းပိုင္းေတြျဖစ္ၿပီး ဒဏ္ရာေတြေၾကာင့္ ႐ိုဒရီ ႐ုန္းကန္လာရေပမယ့္ ဂြန္ဆာလက္ရဲ႕ ထိန္းေက်ာင္းေပးမႈေတြနဲ႔အလုပ္ျဖစ္လာတဲ့ အေနအ ထားမ်ိဳးျဖစ္ပါတယ္။ ဒါ့ျပင္ မန္စီးတီးအသင္းဟာ ပုံမွန္ေျခစြမ္းျပန္ရေနၿပီလို႔ဆိုႏိုင္ၿပီး ေနရာစုံက ကစားသမားေတြရဲ႕သြင္းဂိုးေတြကိုပါ ဆက္တိုက္ျမင္ေတြ႕ လာရတာျဖစ္ ပါတယ္။ မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာအေနနဲ႔လည္း ေနာက္ပိုင္းပြဲစဥ္ေတြကို တစ္ပြဲခ်င္းစီ အႏိုင္ယူေက်ာ္ျဖတ္ၿပီး အာဆင္နယ္အသင္းကို ေက်ာ္ျဖတ္ျပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိ ေနပါတယ္။ ဒီအရာေတြကိုလည္း မန္စီးတီးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ႏွစ္ေတြမွာ သက္ေသျပထားၿပီးသားျဖစ္တာေၾကာင့္ မန္စီးတီး အသင္းကို မျဖစ္မေနေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ လက္ရွိ မွာလည္း မန္စီးတီးအသင္းက တျဖည္းျဖည္းနဲ႔ ရမွတ္ ေတြ ဆက္တိုက္ရယူေနတာေၾကာင့္ အာဆင္နယ္အသင္းအတြက္ သတိထားရေတာ့မယ့္အေနအထားမ်ိဳး မွာရွိေနပါ တယ္။ ဝက္စ္ဟမ္းအသင္းကေတာ့ တန္းဆင္းဇုန္ထဲမွာ ႐ုန္းကန္ေနတဲ့အသင္းျဖစ္တဲ့အျပင္ မန္စီးတီးအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံခ်ိန္တိုင္းမွာလည္း ႏိုင္ပြဲရဖို႔႐ုန္းကန္ရႏိုင္တာေၾကာင့္ ဒီပြဲစဥ္က မန္စီးတီးအသင္းအတြက္ ေသခ်ာ ေပါက္ အႏိုင္(၃)မွတ္ရယူႏိုင္မယ့္ပြဲစဥ္ျဖစ္ၿပီး အနည္းဆုံး(၂)ဂိုးျပတ္ ေလာက္နဲ႔ႏိုင္ပါမယ္။

စပါးစ္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၅ - ၁ စပါးစ္ (၂၇- ၄ -၂၀၂၅)
စပါးစ္ ၃ - ၆ လီဗာပူးလ္ (၂၂-၁၂-၂၀၂၄)
လီဗာပူးလ္ ၄ - ၂ စပါးစ္ (၅-၅-၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၂ လီဗာပူးလ္
စပါးစ္ ၂ - ၃ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ နည္းျပနဲ႔ကစားသမားေတြၾကားကျပႆနာေတြအျပင္ အသင္းရဲ႕ သက္ႀကီး ပိုင္းေရာက္လာတဲ့ကစားသမားေတြရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈေတြေၾကာင့္ ႏိုင္ပြဲေတြ ဆက္တိုက္က်ဆင္းေနတဲ့ အသင္း ျဖစ္ပါတယ္။ လက္ရွိမွာ လည္း ဆာလက္နဲ႔ နည္းျပအာနဲ႔စေလာ့ၾကားက အကြဲအၿပဲေတြကို စတင္ျမင္ေတြ႕လာရၿပီျဖစ္ၿပီး လီဗာ ပူးလ္ဘုတ္အဖြဲ႕ကလည္း ဆာလက္အတြက္ ဆုံးျဖတ္ခ်က္တစ္ခုကို ခိုင္မာစြာခ်မွတ္လာဖို႔ရွိေနပါတယ္။ လီဗာပူးလ္အသင္းရဲ႕ အဓိကျပႆနာကေတာ့ သြင္းဂိုးေတြကို လြယ္လြယ္ကူကူခြင့္ျပဳေနတဲ့ ခံစစ္ပိုင္းျဖစ္ ၿပီး ဗန္ဒိုက္ရဲ႕ အသက္အ႐ြယ္နဲ႔ေျခစြမ္းကို လီဗာပူးလ္ အသင္းအေနနဲ႔ ထည့္တြက္ရေတာ့မွာျဖစ္ပါတယ္။ ဒါ့ျပင္ ဒီရာသီ လူေခၚယူမႈ ေတြကလည္း ထင္သ ေလာက္အလုပ္မျဖစ္ခဲ့တဲ့အျပင္ တိုက္စစ္ပိုင္းက ဆာလက္ရဲ႕ေျခစြမ္းပိုင္း က်ဆင္းမႈေတြနဲ႔ အာကီတီကီနဲ႔ ဂတ္စ္ပိုတို႔ကလည္း သြင္းဂိုးေတြအတြက္ စိတ္မခ်ရ တဲ့အေနအထားျဖစ္ပါတယ္။ ဒါေပမဲ့ ကြင္းလယ္ပိုင္း မွာ ေဆာ္ဘိုဆလိုင္းရွိေနတာက လီဗာပူးလ္အသင္းေတြ ကံေကာင္းမႈတစ္ခုျဖစ္ခဲ့ၿပီး ေနရာစုံမွာကစားေနတဲ့ ကြင္းလယ္ ကစားသမားတစ္ေယာက္ရဲ႕စြမ္းေဆာင္ ရည္ဟာ လိုတာထက္ကို ပိုေနခဲ့ၿပီလို႔ႏိုင္ပါတယ္။ စပါးစ္အသင္းကလည္း လီဗာပူးလ္အသင္းနဲ႔ ရမွတ္ သိပ္မကြာတဲ့အေနအထားမ်ိဳးမွာရွိေနတဲ့အျပင္ ဒီရာသီမွာ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ ေနရာကို ေတာင္ ရယူႏိုင္ ဖို႔႐ုန္းကန္လာရႏိုင္တဲ့အထိ အေျခအေနဆိုး႐ြားသြား ႏိုင္ပါတယ္။ ဒီထက္ပိုဆိုးတာက စပါးစ္အသင္းဟာ ဒီရာသီမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္ယူ၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔အျပင္ နယူးကာဆယ္အသင္းကိုပါ ရႈံးနိမ့္ထား ခဲ့တာျဖစ္ၿပီး နည္းျပသစ္ ေသာမတ္ဖရန႔္ လက္ထက္မွာ တိုးတက္မလာတဲ့အျပင္ ပိုဆိုးလာ တယ္လို႔ေတာင္ဆိုႏိုင္ပါ တယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ရလဒ္ပိုင္းကိုခန႔္မွန္းရရင္ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရ လီဗာပူးလ္အသင္းက အသာရ ထားတယ္ဆိုေပမယ့္ ေျခစြမ္းပိုင္းက အရင္လိုမဟုတ္ေတာ့တာေၾကာင့္ ဒီႏွစ္သင္းၾကားမွာ ကြာဟခ်က္အမ်ားႀကီးမရွိတာ ေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္သြင္းဂိုးေတြ ျမင္ေတြ႕ ရမွာျဖစ္ၿပီး အနည္းဆုံး (၄)ဂိုးနဲ႔အထက္ျဖစ္လာဖို႔ရွိေနပါတယ္။ ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ လီဗာပူးလ္အ သင္းက အနည္းငယ္အသာရႏိုင္တဲ့အေနအထားမ်ိဳး မွာရွိေနပါတယ္။

အဲဗာတန္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အဲဗာတန္ ၁- ၁ အာဆင္နယ္ (၅ - ၄ -၂၀၂၅)
အာဆင္နယ္ ဝ - ဝ အဲဗာတန္ (၁၄-၁၂-၂၀၂၄)
အာဆင္နယ္ ၂ - ၁ အဲဗာတန္ (၁၉-၅-၂၀၂၄)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အဲဗာတန္ ဝ - ၂ အာဆင္နယ္
အဲဗာတန္ ၁ - ၃ အာဆင္နယ္

အာဆင္နယ္အသင္းအတြက္ ဒီပြဲကအမွားခံလို႔မရေတာ့ပြဲျဖစ္ၿပီး သေရက်လို႔ေတာင္မရတဲ့ ပြဲစဥ္တစ္ပြဲျဖစ္လာ ႏိုင္ပါတယ္။ ဒါ့ျပင္ မန္စီးတီးအ သင္းရဲ႕ အနီးကပ္ဖိအားေပးမႈေတြက အာဆင္နယ္အသင္းအတြက္ မျဖစ္မေန ႏိုင္ပြဲရဖို႔လို အပ္ေနတာျဖစ္ၿပီး ဒီပြဲစဥ္ကိုသာႏိုင္ပြဲမရခဲ့ရင္ အာဆင္နယ္အသင္းရဲ႕ ခ်န္ပီယံရည္မွန္းခ်က္ဟာ ထိခိုက္လာဖို႔ရွိေနပါ တယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းဟာ ဒီဇင္ဘာလအတြင္းမွာ ႐ုန္းကန္ရေလ့ရွိတဲ့ထုံးစံအတိုင္း ဒဏ္ရာျပႆနာေတြက အာဆင္နယ္အသင္းအတြက္ ထိုးႏွက္ခ်က္ တစ္ခုျဖစ္လာခဲ့ပါၿပီ။ ဂါဘရီရယ္၊ ဆလီဗာတို႔ ဒဏ္ရာ ရေနတာဟာ အာဆင္နယ္အသင္းအတြက္ ႀကီးမားတဲ့ ျပႆနာတစ္ခုျဖစ္ၿပီး မႏွစ္ကရာသီမွာလည္း ဒီလိုျပႆနာေတြကို အာဆင္နယ္ အသင္းရင္ဆိုင္ခဲ့ရၿပီး ခ်န္ပီယံဆုနဲ႔လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဂါဘရီရယ္၊ ဆလီဗာတို႔ရွိ ေနခ်ိန္မွာ သြင္းဂိုးေတြကိုခြင့္ျပဳေပးခဲ့ရတာမ်ိဳး မရွိသေလာက္ နည္းခဲ့ေပမယ့္ ဒီႏွစ္ေယာက္မရွိတဲ့အခ်ိန္မွာေတာ့ သြင္းဂိုးေတြကို ဆက္တိုက္ခြင့္ျပဳေပးေနရတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္း အေနနဲ႔ ခ်န္ပီယံဆုကို သိမ္းပိုက္ႏိုင္ဖို႔အတြက္ဆိုရင္ ဒီပြဲစဥ္ကစၿပီး ပြဲစဥ္တိုင္းကို အႏိုင္ကစားဖို႔လိုအပ္လာ မွာလည္းျဖစ္ပါတယ္။ အဲဗာတန္အသင္းကလည္း နည္းျပ မိုးယက္ဇ္လက္ထက္မွာ ကစားပုံ ပိုေကာင္း လာတဲ့အျပင္ အသင္းႀကီးေတြကို ဒုကၡေပးလာႏိုင္တဲ့ အသင္းျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ အဲဗာတန္အိမ္ကြင္းမွာ ခက္ခက္ခဲခဲကစားၿပီး မွသာ ႏိုင္ပြဲရယူႏိုင္ပါမယ္။ ဂိုးေတာ့မျပတ္ပါဘူး။

၂၀ - ၁၂ - ၂၀၂၅ (စေနေန႔ ညပိုင္း)
ည(ရးဝဝ) နယူးကာဆယ္ vs ခ်ဲလ္ဆီး
ည(၉း၃၀) မန္စီးတီး Vs ဝက္စ္ဟမ္း
ည(၁၂းဝဝ) စပါးစ္ Vs လီဗာပူးလ္

၁၉ - ၁၀ - ၂၀၂၅ (တနဂၤေႏြေန႔ နံနက္ပိုင္း)
နံနက္(၂း၃၀) အဲဗာတန္ Vs အာဆင္နယ္

Related news

© 2021. All rights reserved.