ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကားကို ဗြိတိသျှအမျိုးသားတစ်ဦးတီထွင်

304

Pika (NP News) - ဒီဇင်ဘာ ၁၆
မော်တော်ယာဉ်များကိုချစ်မြတ်နိုးသော ဗြိတိသျှအမျိုးသားတစ်ဦးသည် ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံ ကားကို တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာဂင်း နစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ အိမ်ပုံစံ ကားသည် တစ်နာရီလျှင် အမြန်နှုန်း (၁၂၃ ဒသမ ၄၃) မိုင်အထိ ရောက်အောင်သွားပြခဲ့ပြီးနောက် ယခု ကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အသက်(၆၁)နှစ်အရွယ် ဘရိုင်ယန်ကိတ်က ၎င်းသည် ဂင်းနစ်စံချိန်မှတ်တမ်းစီးရီးများကို ကြည့်ရှု ခဲ့ပြီးနောက် ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်ရန်အတွက် ကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရိုင်ယန်ကိတ်က “ဂင်းနစ်စံချိန်တင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပဲ ဖြစ်ပါ တယ်။ ကျွန်တော်ဘာလုပ်နိုင်မလဲဆိုတာကိုလည်း အမြဲတမ်းတွေးခဲ့ပါတယ်။ ကျွန်တော်က ဂန္ထဝင် ကား တွေကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ဒီလိုကားတွေကိုတည်ဆောက်ဖို့ စိတ်ကူးရခဲ့တာပါ”ဟုပြော ဆိုခဲ့ သည်။
ဘရိုင်ယန်ကိတ်၏ အိမ်ပုံစံကားသည် တစ်နာရီလျှင် (၁၂၃ ဒသမ ၄၃)မိုင်အထိရောက်အောင် မောင်းနှင်နိုင်ခဲ့ပြီးနောက် (၂၀၁၉)ခုနှစ်တွင် ဗြိတိသျှလူမျိုးတစ်ဦးဖြစ်သည့် ကီဗင်နစ်တင်ခဲ့သော စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဘရိုင်ယန်ကိတ်၏ ဂင်းနစ်စံချိန်တင်ရန်ကြိးပမ်းမှုကို ယော့ခ်မြို့ရှိ Elvington လေယာဉ်ကွင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကား၏အမြန်နှုန်းကို Straightliners motors- ports က တိုင်းတာမှုများလုပ်ဆောင်ပေးကာ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်း၏ အိမ် ပုံစံကားကို ပိုမိုမြန်ဆန်လာစေရန်အတွက် ပြုပြင်မွမ်းမံရန်စီစဉ်ထားပြီး နောက်ဆုံးတွင် လမ်းမပေါ်တွင် တရားဝင်မောင်းနှင်ခွင့်များရရှိအောင်ပင် လုပ်ဆောင်ရန်မျှော်လင့်ထားကြောင်း ဘရိုင်ယန်ကိတ်ကပြော ကြားခဲ့သည်။

Zawgyi Version:
ကမာၻ႔အျမန္ဆုံး အိမ္ပုံစံကားကို ၿဗိတိသွ်အမ်ိဳးသားတစ္ဦးတီထြင္
Pika (NP News) - ဒီဇင္ဘာ ၁၆
ေမာ္ေတာ္ယာဥ္မ်ားကိုခ်စ္ျမတ္ႏိုးေသာ ၿဗိတိသွ်အမ်ိဳးသားတစ္ဦးသည္ ကမာၻ႔အျမန္ဆုံး အိမ္ပုံစံ ကားကို တည္ေဆာက္ခဲ့ၿပီးေနာက္ ကမာၻဂင္း နစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါ အိမ္ပုံစံ ကားသည္ တစ္နာရီလွ်င္ အျမန္ႏႈန္း (၁၂၃ ဒသမ ၄၃) မိုင္အထိ ေရာက္ေအာင္သြားျပခဲ့ၿပီးေနာက္ ယခု ကဲ့သို႔ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အသက္(၆၁)ႏွစ္အ႐ြယ္ ဘ႐ိုင္ယန္ကိတ္က ၎သည္ ဂင္းနစ္စံခ်ိန္မွတ္တမ္းစီးရီးမ်ားကို ၾကည့္ရႈ ခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းသြားရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဘ႐ိုင္ယန္ကိတ္က “ဂင္းနစ္စံခ်ိန္တင္ဖို႔က ကြၽန္ေတာ့္ရဲ႕ အိပ္မက္တစ္ခုပဲ ျဖစ္ပါ တယ္။ ကြၽန္ေတာ္ဘာလုပ္ႏိုင္မလဲဆိုတာကိုလည္း အၿမဲတမ္းေတြးခဲ့ပါတယ္။ ကြၽန္ေတာ္က ဂႏၴဝင္ ကား ေတြကို ခ်စ္ျမတ္ႏိုးသူျဖစ္တာေၾကာင့္ ဒီလိုကားေတြကိုတည္ေဆာက္ဖို႔ စိတ္ကူးရခဲ့တာပါ”ဟုေျပာ ဆိုခဲ့ သည္။
ဘ႐ိုင္ယန္ကိတ္၏ အိမ္ပုံစံကားသည္ တစ္နာရီလွ်င္ (၁၂၃ ဒသမ ၄၃)မိုင္အထိေရာက္ေအာင္ ေမာင္းႏွင္ႏိုင္ခဲ့ၿပီးေနာက္ (၂၀၁၉)ခုႏွစ္တြင္ ၿဗိတိသွ်လူမ်ိဳးတစ္ဦးျဖစ္သည့္ ကီဗင္နစ္တင္ခဲ့ေသာ စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဘ႐ိုင္ယန္ကိတ္၏ ဂင္းနစ္စံခ်ိန္တင္ရန္ႀကိးပမ္းမႈကို ေယာ့ခ္ၿမိဳ႕ရွိ Elvington ေလယာဥ္ကြင္းတြင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ကား၏အျမန္ႏႈန္းကို Straightliners motors- ports က တိုင္းတာမႈမ်ားလုပ္ေဆာင္ေပးကာ ကူညီေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ၎၏ အိမ္ ပုံစံကားကို ပိုမိုျမန္ဆန္လာေစရန္အတြက္ ျပဳျပင္မြမ္းမံရန္စီစဥ္ထားၿပီး ေနာက္ဆုံးတြင္ လမ္းမေပၚတြင္ တရားဝင္ေမာင္းႏွင္ခြင့္မ်ားရရွိေအာင္ပင္ လုပ္ေဆာင္ရန္ေမွ်ာ္လင့္ထားေၾကာင္း ဘ႐ိုင္ယန္ကိတ္ကေျပာ ၾကားခဲ့သည္။