ရှမ်းမြောက်က လွတ်မြောက်စဒေသမှ ကိုယ်စားလှယ်လောင်း တစ်ယောက်ရဲ့အခက်အခဲနဲ့အသံ (သီးသန့်အင်တာဗျူး)

 79

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့ကို တပ်မ တော်က ပြန်လည်ထိန်းချုပ်ထားပြီဖြစ်သည်။ ယင်းမြို့နယ်များအနက် သီပေါမြို့နယ်တွင် ရှမ်းနှင့် တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီမှကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဦးစိုင်းကောင်းသက်စံထံ NP News က ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-ပထမဦးဆုံးအနေနဲ့ အစ်ကိုက ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဘယ် မဲဆန္ဒ နယ်မှာ ဘယ်ပါတီကနေ ဝင်ပြိုင်မှာလဲဆိုတာ မိတ်ဆက်ပေးပါဦးခင်ဗျ။
ဖြေ-ကျွန်တော်ကတော့ ဦးစိုင်းကောင်းသက်စံပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နောင်အန်ဇာ တိဖြစ်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန် တော်က ပထဝီဝင်နဲ့ လည်းဘွဲ့ရခဲ့ပါတယ်။ နောက်ပြီး ပညာရေးတက္ကသိုလ်ကနေလည်း master နဲ့ ဘွဲ့ ရခဲ့ပါတယ်။ ဒီနိုင်ငံရေးအတွေ့အကြုံကတော့ ဒီ(၂၀၁၅)ကနေစပြီးတော့ ကျွန်တော်တို့က ရှမ်းနိုင်ငံရေး ရယ်၊ ရှမ်းစာပေနဲ့ ယဉ်ကျေး မှုတွေမှာပေါ့ အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မေး-လာမယ့် (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈)ရက် ကနေစပြီးကျင်းပမယ့်ရွေးကောက်ပွဲအပေါ် အမြင် လေးလည်းပြောပြပေးပါဦး။
ဖြေ- ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိအနေအထားကနေပြီးတော့ ပိုမိုကောင်းမွန် ပြီးတော့ ပြည်သူတွေရဲ့လိုလားတောင့်တချက် Free and Fair ပေါ့နော်။ လွတ်လပ်ပြီးတရားမျှတဲ့ ရွေး ကောက်ပွဲ ကျင်းပပေးမှုက ကျွန်တော်တို့ရဲ့နိုင်ငံအတွက် နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်တယ်ပေါ့။ ဒီ အပေါ်မှာ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုတယ်။ အခုလက်ရှိဖြစ်နေတဲ့ ပြည်တွင်း ပဋိပက္ခ တွေလည်း ချုပ်ငြိမ်းသွားနိုင်ပြီးတော့ ငြိမ်းချမ်းရေးလမ်းပေါ်ကိုရောက်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်ပေါ့။

မေး-ဝင်ပြိုင်မှာက သီပေါမြို့နယ်ဆိုတာကလည်း ဒီရှေ့ကာလမှာ စစ်ရေးပဋိပက္ခတွေအလွန်ကိုမှ ပြင်း ထန်ခဲ့တဲ့ဒေသတစ်ခုဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ဒီသီပေါမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အပေါ် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ။
ဖြေ-လက်ရှိ ကျွန်တော်တို့ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ဒီ(၃)ခုလုံးက ဒီနယ်တွေကို ကျွန်တော် တို့တပ်မတော်အနေနဲ့ နယ်မြေပြန်လည်စိုးမိုးထားနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့တော့ အင်မတန်ကို မှဝမ်းသာရတာပေါ့။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုပြန်လည်ရယူခြင်းဟာလည်း ကျွန်တော်တို့ နိုင်ငံအတွက်က အများကြီး အင်မတန်ကောင်းမွန်တဲ့ Image တစ်ခုပေါ့။ ဒီနယ်မြေပြန် လည်စိုးမိုးတဲ့အခါ မှာလည်း အခက်အခဲတွေရှိပါတယ်။ နံပါတ်(၁)ကတော့ ကျွန်တော်တို့ဒေသမှာ လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တော့သွားခဲ့တယ်။ နောက်တစ်ခုကတော့ အဓိကအ ခြေခံအဆောက်အအုံတွေပျက်စီးခဲ့တယ် ပေါ့။ ဒါ နံပါတ်(၂)ပေါ့။ နောက်ပြီး နယ်မြေစိုးမိုးတဲ့အခါမှာလည်း တပ်မတော်အနေနဲ့ အကောင်းဆုံး ကြိုးစားပြီးတော့ အဓိကနေရာတွေကို ထိန်းချုပ်ထားနိုင်ပေမယ့်လည်း တချို့နေရာလေးတွေမှာ အပြည့် အဝ မစိုးမိုးနိုင်တဲ့နေရာတွေရှိတယ်ပေါ့။ ဒီအပေါ်မှာလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ သက်ဆိုင်ရာအနေနဲ့ လုံခြုံရေးဆောင်ရွက်ပေးမှုတွေ ရှိသလို ကျွန်တော်တို့ကိုယ်တိုင်ကလည်း လုံခြုံရေးအသိနဲ့သွားရတာမျိုးရှိ တယ်ပေါ့။ ဥပမာ ကျွန်တော် တို့ သီပေါကနေပြီးတော့ (မိုးထိပ်ကျေးရွာ)ကိုသွားမယ်ဆိုရင် ရွေးကောက်ပွဲအတွက်သွားရင်ပေါ့နော်။ သွားတဲ့လမ်းတစ်လျှောက်မှာ မိုင်းတွေရှိတယ်ဗျ။ ကားလမ်းတွေမှာပေါ့။ အဲဒီမှာ ဘယ်ကိုရှောင် မောင်းလို မောင်း။ ညာကိုရှောင် မောင်းလိုမောင်းပေါ့။ ဒီအတွက်ကိုလည်း မိုင်းရှိ ကြောင်းကို တပ်မတော်အနေနဲ့ ကြိုးတွေဘာတွေတားပြီးတော့ အသိပေးတယ်ပေါ့နော်။ ဒီလိုမျိုးကတော့ စစ်ကြောင့် ကျန်ခဲ့တဲ့အန္တရာယ် ပေါ့။ နောက်တစ်ခုက မြို့အနေနဲ့ က ပြီးပြည့်စုံတဲ့အနေအထား မဟုတ်တဲ့အခါမှာ ခြိမ်းခြောက်မှုတွေ တော့ရှိတာပေါ့။ ကျွန်တော့်ကိုလည်း ကျောက်မဲခရိုင် PDF ကခြိမ်းခြောက်တာပဲ။ သို့သော်လည်းပဲ သက် ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကနေပြီးတော့ လုံခြုံရေးယူပေးတယ်။ စောင့်ရှောက်မှုတွေပေးတဲ့ အတွက် ကျွန်တော်တို့ဘေးကင်းတယ်ပေါ့။ ရွေးကောက်ပွဲအောင်နိုင်ရေးကို ဆောင်ရွက်နိုင်တယ်ပေါ့။ အဓိကကတော့ လုံခြုံရေးနဲ့ ဒုတိယအချက်ကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ သီပေါမြို့နယ် ဆိုရင် လည်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ အင်မတန်မှကျယ်ပြန့်တယ်။ သီပေါမြို့နယ်ရဲ့အောက်မှာ ရွာတစ် ရွာရှိတယ်။ လောလောဆယ် ကျွန်တော်တို့က နယ်မြေအနေအထားအရ သီပေါတံတားကြီးကိုပိတ်ထား တဲ့အတွက် အရင်က တစ်နာရီသွားရတဲ့ခရီးက ပတ်သွားရတဲ့အခါမှာ (၇)နာရီကြာသွားတယ်ပေါ့။ အဲဒီလို မျိုးအခက်အခဲလေးတွေရှိတယ်။ လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲလေးတွေတော့ ဒီလိုမျိုး ရှိပါတယ်။

မေး-ကိုယ်စားလှယ်လောင်းတွေအတွက်ကတော့ လုံခြုံရေးနဲ့လမ်းပန်းဆက်သွယ်ရေး အခက် အခဲပေါ့နော်။ ဆန္ဒမဲပေးမယ့်မဲဆန္ဒရှင်တွေအတွက်ကျတော့ကော ဘယ်လိုအခက်အခဲနဲ့ ဘယ်လိုဖိအား တွေကြုံနေရလဲဆိုတာလည်း ရှင်းပြပေးပါဦး။
ဖြေ-ကျွန်တော်တို့ သီပေါမဲဆန္ဒနယ်တွေအတွက်တော့ တတိယပတ်မှာဖြစ်တဲ့အတွက် နည်းနည်း လေးတော့လိုသေးတာပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေက ရွေးကောက်ပွဲပူးပေါင်းဆောင်ရွက်မှုလေးတွေရှိ တယ်။ မဲစာရင်းကိုလည်း ကျွန်တော်လုပ်တော့ တကယ်တော့လည်း လာကြည့်ကြတယ်။ ပါ၏ မပါ၏ပေါ့ နော်။ ကျွန်တော်တို့ သီပေါနယ်ကလည်း ငြိမ်းချမ်းရေးကိုလိုလားပြီးတော့ အကြမ်းမဖက်ရေးကိုလိုလား တဲ့မြို့ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတော်အစိုးရကလုပ်တဲ့အခါမှာ ပူးပေါင်းဆောင်ရွက်မှုလေးတွေရှိတဲ့အ တွက်တော့ ကျွန်တော်တို့က အင်မတန်ကိုမှ ဝမ်းသာစရာတစ်ခုပေါ့။ သို့သော်လည်းပဲ လမ်းပန်းဆက် သွယ်ရေးအရ ဖုန်းတာဝါတိုင်တွေ အပြည့်အဝမရသေးတော့ တစ်နေရာနဲ့တစ်နေရာဆက်သွယ်တဲ့ နေရာ မှာ အခက်အခဲလေးတွေတော့ရှိတယ်ပေါ့။ အဓိကကတော့ ဆက်သွယ်ရေးခက်ခဲတယ်။ လျှပ်စစ် မီးတွေ မရသေးဘူး။ လျှပ်စစ်မီးတွေမရသေးတဲ့အတွက် ဆိုရှယ်မီဒီယာသုံးတဲ့အခါမှာပဲဖြစ်ဖြစ် မဲပေးနည်း စနစ် ကိုပဲ အခုထိကို ကျွန်တော်တို့ကမသိနိုင်သေးဘူးပေါ့။ သို့သော်လည်းပဲ သိပ်မကြာခင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကစီစဉ်ပေးတဲ့အတွက်‌ ကျွန်တော်တို့နယ်ကို ပြည်သူတွေကို သရုပ်ပြပေးနိုင်ဖို့ ကော်မတီတွေဖွဲ့ပြီးတော့စီစဉ်ထားတယ်။ ကျွန်တော် တို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း အဲဒီကော်မတီမှာပါပြီးတော့ ကွင်းဆင်းဆောင်ရွက်ပေးမယ့်အစီအစဉ်လေးတွေတော့ရှိပါတယ်။

မေး-အခုကာလမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ဟာ သူပုန်တွေဘက်မှာ ဖမ်းဆီးခံ ထားရတာတွေရှိတယ်။ နှောင့်ယှက်ခံရတာတွေလည်းရှိနေတယ်။ အဲဒီအပေါ်မှာကော ဘာများပြောချင် လဲ။
ဖြေ-ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီအရ လူတိုင်းရဲ့ထင်မြင်ယူဆချက် လူ့အခွင့်အရေးကို တန် ဖိုးထားရမှာပေါ့။ သို့သော်လည်းပဲ တစ်ဖက်ကိုစွန်းတဲ့ တစ်ဖက်စွန်းတဲ့ဝိဝါဒမျိုးပေါ့ ဒို့တာဝန် အရေး (၃) ပါးကို ထိခိုက်စေတဲ့ကိစ္စရပ်တွေဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘဲနဲ့ ဖက်ဆစ်စနစ်ဖြစ်သွားတာ ပေါ့။ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ထွန်းကားလာတဲ့အခါမှာ ကျွန်တော်တို့ကတော့ လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ယောက်အနေနဲ့ ဒါသည် နိုင်ငံအတွက် နစ်နာစေတဲ့ ကိစ္စလည်း ဖြစ်တယ်။ ဒါသည် ဒီမို ကရေစီ စနစ်မဟုတ်ဘူး။ ဖက်ဆစ်အာဏာရှင်စနစ်သာဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမှတ်ချက် ပေးလိုပါတယ်။

မေး- သီပေါမဲဆန္ဒမှာကော ပြည်သူလူထုက ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားတာ တွေ့ရပါသလဲ။ ပြည်သူ့အသံကိုကော ဘယ်လိုပြန်ကြားရပါသလဲ။
ဖြေ-ကျွန်တော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အနေနဲ့ကတော့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ယုံကြည်မှုကတော့ (၇၅)ရာခိုင်နှုန်းရှိပါတယ်။ ပြောချင်တာကတော့ ဒီရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက်ကောင်းကောင်းလေး ထားကြပါတယ်။ ဒီအတွက်လည်း ကျွန် တော်တို့က ပူးပေါင်းဆောင်ရွက်မှုတွေကောင်းရပါတယ်။ စစ်ဖြစ်ခဲ့သော်လည်းပဲ ရွေးကောက်ပွဲကို တစ် နယ်ပြီးတစ်နယ်၊ တစ်ရွာပြီးတစ်ရွာ ထပ်တိုးပြီးတော့ ကျင်းပနိုင်ပါတယ်။ ဥပမာပြောရရင် ကျွန်‌တော်တို့ ကို ဒီဘက်ရွာက ရွေးကောက်ပွဲလုပ်ရပြီး ဟိုဘက်ရွာက ရွေးကောက်ပွဲမလုပ်ရလို့ ကျွန်တော်တို့ကို လာ ပြီးတော့ အကူအညီတောင်းတာရှိတယ်။ ကိုယ်စားလှယ်တော်ကြီးတို့ ကျွန်တော်တို့ရွာကို ရွေးကောက်ပွဲ မလုပ်ပေးဘူးလား။ အဲဒီအခါမှာ ကျွန်တော်တို့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြ ပါတယ်။ အဲဒီလိုတင်ပြတဲ့အခါမှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း ခွင့်ပြုပေးခဲ့ပါတယ်။ ဒီအတွက်ကိုလည်း ရှေ့မှာ နောင်ချိုရော၊ ကျောက်မဲရော၊ သီပေါမှာပါ မဲဆန္ဒနယ်တွေတိုးခဲ့တယ်ပေါ့နော်။ ဒီအ ခြေအနေကြောင့်ပဲ ပိုပြီးတိုးလာခဲ့တယ်ပေါ့။ အဲဒါကြောင့်လည်း ပြည်သူလူထုကတော့ ဒီရွေး ကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်တယ်။ ကျွန် တော်တို့ ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ခု ဖြစ်တယ်လို့ယူဆကြတဲ့အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။

မေး-လာမယ့်ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတာလဲ ပြောပြပေး ပါဦး။
ဖြေ-ကျွန်တော်တို့ကတော့ လာမယ့်နိုင်ငံတော်က ပြုလုပ်မယ့်ရွေးကောက်ပွဲကတော့ Free and fair ပေါ့၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ယုံကြည်တယ်ပေါ့။ ဘာလို့ယုံကြည်လဲဆို တော့ Myanmar Electronic Voting Machine ပေါ့ အချိန်လည်းတိုတယ်။ တိကျမှန်ကန်မှုလည်း ရှိတဲ့ အတွက် ဒီအပေါ်မှာလည်း ကျွန်တော်တို့ကယုံတယ်။ ဟိုတုန်းကလို ပယ်မဲတို့ မင်စွန်းတာတို့လည်း မရှိ တော့ဘူး။ ဒီဟာကလည်း အစိုးရအနေနဲ့ မဲရလဒ်အပေါ်မှာ တိကျမှန်ကန်မှုရှိအောင်၊ ဘက်လိုက်မှုမရှိအောင်လုပ် ထားတဲ့အတွက် ဒီအပေါ်မှာလည်း ကျွန်တော်တို့က ယုံကြည်မှုရှိတယ်ပေါ့။ ဒီမဲရလဒ်ပေါ်မှာ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဆိုတာနဲ့ ကျွန်တော်တို့ကတော့ ကိုယ့်ဒေသက စစ်ဘေးစစ်ဒဏ် သင့်ထားတဲ့ဒေသဖြစ်တယ်။ ပြန်လည်ထူထောင်ရေး အတွက်ကတော့ ကျွန်တော်တို့ကတော့ နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းသွားရမယ့်ကာလဖြစ်တဲ့အတွက် ကျွန်တော်ကတာ့ ပြောရမယ်ဆိုရင် အားရှိတယ်ပေါ့ဗျာ။ ကျွန်တော်တို့က ရွေးကောက်ပွဲမလုပ်ဘူး။ ဒီအ တိုင်းနေမယ်ဆိုရင် ကျွန်တော်တို့ ဒီဝဲဂယက်ကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲရှိသွားပြီ အရပ်သားအစိုးရ လည်း ပေါ်လာပြီဖြစ်တဲ့အခါကျတော့ လွှတ်တော်ထဲမှာတင်ပြလို့ရမယ်။ ဒေသအတွက် အကျိုးပြုမယ့် လူအာဏာရလာတဲ့အတွက် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ပြီးတော့ နိုင်ငံသားတိုင်း အခွင့်အရေးရရှိနိုင်အောင် ကျွန်တော်တို့ကတော့ ဆောင်ရွက်သွားနိုင်မယ် လို့ယုံကြည်တယ်။ အဲဒီအတွက် ကျွန်တော်တို့ကတော့ အားရပါတယ်ပေါ့။

မေး-ရှမ်းမြောက်အခြေအနေကလည်း စစ်ဘေးစစ်ဒဏ်သင့်ခဲ့တဲ့ဒေသဖြစ်တော့ အစ်ကိုလွှတ် တော်ထဲ ရောက်သွားခဲ့ရင် ဒီဒေသက အခြေအနေအရပ်ရပ်ကို ဘယ်လိုပြန်ကုစားမယ်လို့ ဘယ်လောက် အထိ ယုံကြည်ချက်ရှိလဲ။
ဖြေ-ကျွန်တော်လွှတ်တော်ထဲရောက်သွားရင်တော့ ဒီမှာပျက်စီးသွားတဲ့ ရုံးပိုင်းဆိုင်ရာတွေ လိုအပ်ချက်ရှိခဲ့တဲ့ ဆေးရုံတွေ၊ လမ်းပိုင်းတွေ လျှပ်စစ်မီးတွေရရှိအောင် ကျွန်တော် လွှတ်တော်မှာ ဆောင်ရွက်ပေးမယ်။ တစ်ဖက်မှာလည်း ပြည်သူလူထုရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့တစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကိုအကူအညီတောင်းမယ်။ လွှတ်တော်မှာ မေးခွန်းမေးပြီးတော့ ကျေးလက် ဆေးပေးခန်းတွေကို ပိုပြီးချဲ့ထွင်နိုင်အောင်လုပ်မယ်။ မြို့နယ်ဆရာဝန်တွေကိုလည်း အထူးကုဆရာဝန် တွေရနိုင်အောင် ဆောင်ရွက်ပေးမယ်။ အဓိကကတော့ လူမှုစီးပွားဘဝတိုးတက်နိုင်အောင် သုညဘဝ ကနေ (၅၀)ရာခိုင်နှုန်းအ ထိရနိုင်အောင် ကျွန်တော် ဒီလွှတ်တော်ကနေ ဆောင်ရွက်နိုင်မယ်။ ရွေး ကောက်ပွဲကနေဆောင်ရွက်နိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်။ ဒီယုံကြည်ချက်က ဘာကြောင့် ပြည့် နိုင်လဲဆိုတော့ လာမယ့်ရွေးကောက်ပွဲဟာ အားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အနေအထား တစ်ခု နောက်ပြီးတော့လည်း သံသယမများနိုင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဒီအပေါ်မှာ ကျွန်တော့်အ နေနဲ့ကတော့ အပြည့်အဝယုံကြည်ပါတယ်ပေါ့။ အထူးသဖြင့် ကျွန်တော်တို့စစ်ဘေးသင့်ခဲ့တဲ့ဒေသ တွေအတွက်ကတော့ အင်မတန်ကိုမှ ထွက်ပေါ်တစ်ခုဖြစ်တယ်။ အားကိုးရာယုံကြည်ရာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ ပြောလိုပါတယ်။

မေး-တစ်ဆက်တည်းမှာပဲ တချို့ပြောကြတာရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲက No Vote လို့ ပြောနေကြတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ-ဒီမိုကရေစီအရပဲကြည့်ကြည့် နိုင်ငံသား အခွင့်အရေးအရပဲကြည့်ကြည့် လူတိုင်းဟာ မိမိတို့ရဲ့ စိတ်ဆန္ဒကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ No Vote သမားလို့ပဲပြောပြော။ ရွေးကောက်ပွဲကိုမ ထောက်ခံတဲ့လူတွေလို့ပဲပြောပြော ဒါသူတို့ရဲ့လုပ်ရပ်ဟာ သူတို့သမိုင်းပါပဲ။ ရွေးကောက်ပွဲကို ထောက်ခံ တဲ့လူဟာ ရွေးကောက်ပွဲရဲ့ရလဒ်ကိုခံစားရမှာဖြစ်ပြီး ရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုတဲ့ No Vote သမားတွေကတော့ သူတို့ရဲ့နိုင်ငံသားအခွင့်အရေးဆုံးရှုံးသွားမှာပဲ။ မကြိုက်ဘူး မကြိုက်ဘူးလို့ပြောနေ လို့မရဘူး။ မကြိုက်ရင် မေးခွန်းတစ်ခုမှာ ရွေးချယ်ရတော့မယ်။ A သို့မဟုတ် B သို့မဟုတ် C ပေါ့။ အဖြေတစ်ခုကတော့ မှန်နေမှာပဲ။ ဒီမှာ မေးခွန်းကြီးဖတ်ပြီး ဒါကြီးက မဟုတ်ပါဘူးလို့ပြောနေခြင်းဟာ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ အစွန်းရောက်မှု တစ်နည်းအားဖြင့် ဝါဒနိုင်ငံရေးသာဖြစ်တယ်လို့ ပြော ချင်ပါတယ်။

မေး-လာမယ့်ရွေးကောက်ပွဲအပြီး တက်လာမယ့်အ စိုးရအသစ်က ရှမ်းမြောက်အရေးကိုကိုင် တွယ်တဲ့အခါမှာ ဘယ်လောက် အကောင်းဘက်ကိုရောက်သွားနိုင်မယ်လို့ယုံကြည်ပါသလဲ။
ဖြေ-ရွေးကောက်ပွဲပြီးရင်တက်လာမယ့်အစိုးရက အရပ်သားအစိုးရပေါ့နော်။ ဒီအရပ်သား အစိုးရ အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်နဲ့ ပြည်တွင်းပဋိပက္ခတွေချုပ်ငြိမ်းသွားအောင် ဆောင်ရွက်သွား ရမှာပေါ့။ ဒီအပေါ်မှာ လွှတ်တော်နိုင်ငံရေးသမားတွေအနေနဲ့လည်း ငြိမ်းချမ်းရေးရရှိအောင် EAOs တွေနဲ့ ဆွေးနွေးမယ်။ တွေ့ဆုံမယ် အကောင်းဆုံးအဖြေရှာကြ မယ်။ တပ်မတော်အနေနဲ့ကလည်း လွှတ်တော် ရော နိုင်ငံရေးအနေနဲ့ရော သဘောထား၊ နိုင်ငံရေးခံယူချက် NCA လမ်းပြမြေပုံအရ ဆောင်ရွက်သွားမှာ ပေါ့နော်။ ဒီအပေါ် ကျွန်တော်တို့အနေနဲ့ကတော့ အားရတယ်။ ရှမ်းမြောက်ပဋိပက္ခ (၄၀)ရာခိုင်နှုန်း သို့ မဟုတ် (၅၀)ရာခိုင်နှုန်း ချုပ်ငြိမ်းသွားမှာပေါ့။ ရွေးကောက်ပွဲလုပ်မှာဖြစ်တဲ့အတွက် တချို့ ဒေသတွေ မှာဆိုရင် ဆုပ်ကိုင်ထားရာကနေ ဆုတ်ခွာသွားတာရှိတယ်။ လုံးဝကြီး ထွက်ခွာသွားတာမျိုးတွေရှိတယ် ပေါ့။ ဒါဟာ ကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်တယ်ပေါ့။ ရွေးကောက်ပွဲအပြီးမှာလည်း ဒီထက်ကောင်းမွန်တဲ့ ရလဒ် တစ်ခုထွက်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

မေး-ရှမ်းမြောက်ပဋိပက္ခကြောင့် စီမံကိန်းတချို့နဲ့ စိုက်ပျိုးမြေတွေမလုပ်နိုင်တာရှိပါတယ်။ သီပေါ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ရော ဒေသခံတစ်ယောက်အနေနဲ့ပါ လွှတ်တော်ထဲရောက်ခဲ့ရင် ဘာတွေ လုပ်ချင်လဲ။
ဖြေ-ကျွန်တော်တို့က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒေသ တည်ငြိမ်ရေးက အလွန်အရေးကြီးပါတယ်။ ဒေသတည်ငြိမ်အေးချမ်းရေးမရရှိဘဲနဲ့ ကျွန်တော်တို့က တော့ ဘာမှဆောင်ရွက်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီဒေသမှာရှိတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် နယ်မြေတည်ငြိမ်ရပါမယ်။ ဒုတိယက တရားဥပဒေစိုး မိုးရပါမယ်။ ဒီနှစ်ခုကို ကျွန်တော် တို့က အဓိကထားပြီးဆောင်ရွက်ပြီးမှသာလျှင် ကုန်သွယ်ရေးအပိုင်းပဲဖြစ်ဖြစ် အခြားအခြားသော စီးပွား ရေးလုပ်ငန်းတွေအားလုံးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ကတော့ ဦးစားပေး အနေနဲ့နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ ဦးစားပေးဆောင်ရွက်သွားဖို့ပဲရှိပါတယ်။

ကျေးဇူးတင်ပါတယ်။

Zawgyi Version:
ရွမ္းေျမာက္က လြတ္ေျမာက္စေဒသမွ ကိုယ္စားလွယ္ေလာင္း တစ္ေယာက္ရဲ႕အခက္အခဲနဲ႔အသံ (သီးသန႔္အင္တာဗ်ဴး)
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၆

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ႏွင့္ သီေပါၿမိဳ႕နယ္တို႔ကို တပ္မ ေတာ္က ျပန္လည္ထိန္းခ်ဳပ္ထားၿပီျဖစ္သည္။ ယင္းၿမိဳ႕နယ္မ်ားအနက္ သီေပါၿမိဳ႕နယ္တြင္ ရွမ္းႏွင့္ တိုင္း ရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴ) ပါတီမွကိုယ္စားျပဳကာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္မည့္ ဦးစိုင္းေကာင္းသက္စံထံ NP News က ဆက္သြယ္ေမးျမန္းထားသည္ မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-ပထမဦးဆုံးအေနနဲ႔ အစ္ကိုက ဘယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္နဲ႔ ဘယ္ မဲဆႏၵ နယ္မွာ ဘယ္ပါတီကေန ဝင္ၿပိဳင္မွာလဲဆိုတာ မိတ္ဆက္ေပးပါဦးခင္ဗ်။
ေျဖ-ကြၽန္ေတာ္ကေတာ့ ဦးစိုင္းေကာင္းသက္စံပါ။ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ေနာင္အန္ဇာ တိျဖစ္ၿပီးေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္တာကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါ မဲဆႏၵ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေနရာကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ ကြၽန္ ေတာ္က ပထဝီဝင္နဲ႔ လည္းဘြဲ႕ရခဲ့ပါတယ္။ ေနာက္ၿပီး ပညာေရးတကၠသိုလ္ကေနလည္း master နဲ႔ ဘြဲ႕ ရခဲ့ပါတယ္။ ဒီႏိုင္ငံေရးအေတြ႕အႀကဳံကေတာ့ ဒီ(၂၀၁၅)ကေနစၿပီးေတာ့ ကြၽန္ေတာ္တို႔က ရွမ္းႏိုင္ငံေရး ရယ္၊ ရွမ္းစာေပနဲ႔ ယဥ္ေက်း မႈေတြမွာေပါ့ အသီးသီး တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ေမး-လာမယ့္ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္ ကေနစၿပီးက်င္းပမယ့္ေ႐ြးေကာက္ပြဲအေပၚ အျမင္ ေလးလည္းေျပာျပေပးပါဦး။
ေျဖ- ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ လက္ရွိအေနအထားကေနၿပီးေတာ့ ပိုမိုေကာင္းမြန္ ၿပီးေတာ့ ျပည္သူေတြရဲ႕လိုလားေတာင့္တခ်က္ Free and Fair ေပါ့ေနာ္။ လြတ္လပ္ၿပီးတရားမွ်တဲ့ ေ႐ြး ေကာက္ပြဲ က်င္းပေပးမႈက ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံအတြက္ ႏိုင္ငံေရးထြက္ေပါက္တစ္ခုျဖစ္တယ္ေပါ့။ ဒီ အေပၚမွာ ကြၽန္ေတာ္တို႔ ဝမ္းေျမာက္ဝမ္းသာနဲ႔ႀကိဳဆိုတယ္။ အခုလက္ရွိျဖစ္ေနတဲ့ ျပည္တြင္း ပဋိပကၡ ေတြလည္း ခ်ဳပ္ၿငိမ္းသြားႏိုင္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးလမ္းေပၚကိုေရာက္လာလိမ့္မယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ယုံၾကည္ပါတယ္ေပါ့။

ေမး-ဝင္ၿပိဳင္မွာက သီေပါၿမိဳ႕နယ္ဆိုတာကလည္း ဒီေရွ႕ကာလမွာ စစ္ေရးပဋိပကၡေတြအလြန္ကိုမွ ျပင္း ထန္ခဲ့တဲ့ေဒသတစ္ခုျဖစ္တယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒီသီေပါမဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ရတဲ့ အေပၚ ဘယ္လိုအခက္အခဲေတြ ႀကဳံေတြ႕ေနရလဲ။
ေျဖ-လက္ရွိ ကြၽန္ေတာ္တို႔ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါ၊ ဒီ(၃)ခုလုံးက ဒီနယ္ေတြကို ကြၽန္ေတာ္ တို႔တပ္မေတာ္အေနနဲ႔ နယ္ေျမျပန္လည္စိုးမိုးထားႏိုင္တဲ့အတြက္ ကြၽန္ေတာ္အေနနဲ႔ေတာ့ အင္မတန္ကို မွဝမ္းသာရတာေပါ့။ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကိုျပန္လည္ရယူျခင္းဟာလည္း ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္က အမ်ားႀကီး အင္မတန္ေကာင္းမြန္တဲ့ Image တစ္ခုေပါ့။ ဒီနယ္ေျမျပန္ လည္စိုးမိုးတဲ့အခါ မွာလည္း အခက္အခဲေတြရွိပါတယ္။ နံပါတ္(၁)ကေတာ့ ကြၽန္ေတာ္တို႔ေဒသမွာ လမ္းပန္းဆက္သြယ္ေရး ေတြ ျပတ္ေတာ့သြားခဲ့တယ္။ ေနာက္တစ္ခုကေတာ့ အဓိကအ ေျခခံအေဆာက္အအုံေတြပ်က္စီးခဲ့တယ္ ေပါ့။ ဒါ နံပါတ္(၂)ေပါ့။ ေနာက္ၿပီး နယ္ေျမစိုးမိုးတဲ့အခါမွာလည္း တပ္မေတာ္အေနနဲ႔ အေကာင္းဆုံး ႀကိဳးစားၿပီးေတာ့ အဓိကေနရာေတြကို ထိန္းခ်ဳပ္ထားႏိုင္ေပမယ့္လည္း တခ်ိဳ႕ေနရာေလးေတြမွာ အျပည့္ အဝ မစိုးမိုးႏိုင္တဲ့ေနရာေတြရွိတယ္ေပါ့။ ဒီအေပၚမွာလည္း ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းေတြအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အခါမွာ သက္ဆိုင္ရာအေနနဲ႔ လုံၿခဳံေရးေဆာင္႐ြက္ေပးမႈေတြ ရွိသလို ကြၽန္ေတာ္တို႔ကိုယ္တိုင္ကလည္း လုံၿခဳံေရးအသိနဲ႔သြားရတာမ်ိဳးရွိ တယ္ေပါ့။ ဥပမာ ကြၽန္ေတာ္ တို႔ သီေပါကေနၿပီးေတာ့ (မိုးထိပ္ေက်း႐ြာ)ကိုသြားမယ္ဆိုရင္ ေ႐ြးေကာက္ပြဲအတြက္သြားရင္ေပါ့ေနာ္။ သြားတဲ့လမ္းတစ္ေလွ်ာက္မွာ မိုင္းေတြရွိတယ္ဗ်။ ကားလမ္းေတြမွာေပါ့။ အဲဒီမွာ ဘယ္ကိုေရွာင္ ေမာင္းလို ေမာင္း။ ညာကိုေရွာင္ ေမာင္းလိုေမာင္းေပါ့။ ဒီအတြက္ကိုလည္း မိုင္းရွိ ေၾကာင္းကို တပ္မေတာ္အေနနဲ႔ ႀကိဳးေတြဘာေတြတားၿပီးေတာ့ အသိေပးတယ္ေပါ့ေနာ္။ ဒီလိုမ်ိဳးကေတာ့ စစ္ေၾကာင့္ က်န္ခဲ့တဲ့အႏၲရာယ္ ေပါ့။ ေနာက္တစ္ခုက ၿမိဳ႕အေနနဲ႔ က ၿပီးျပည့္စုံတဲ့အေနအထား မဟုတ္တဲ့အခါမွာ ၿခိမ္းေျခာက္မႈေတြ ေတာ့ရွိတာေပါ့။ ကြၽန္ေတာ့္ကိုလည္း ေက်ာက္မဲခ႐ိုင္ PDF ကၿခိမ္းေျခာက္တာပဲ။ သို႔ေသာ္လည္းပဲ သက္ ဆိုင္ရာလုံၿခဳံေရးအဖြဲ႕အစည္းေတြကေနၿပီးေတာ့ လုံၿခဳံေရးယူေပးတယ္။ ေစာင့္ေရွာက္မႈေတြေပးတဲ့ အတြက္ ကြၽန္ေတာ္တို႔ေဘးကင္းတယ္ေပါ့။ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကို ေဆာင္႐ြက္ႏိုင္တယ္ေပါ့။ အဓိကကေတာ့ လုံၿခဳံေရးနဲ႔ ဒုတိယအခ်က္ကေတာ့ လမ္းပန္းဆက္သြယ္ေရးေပါ့။ သီေပါၿမိဳ႕နယ္ ဆိုရင္ လည္း ေ႐ြးေကာက္ပြဲက်င္းပတဲ့အခါမွာ အင္မတန္မွက်ယ္ျပန႔္တယ္။ သီေပါၿမိဳ႕နယ္ရဲ႕ေအာက္မွာ ႐ြာတစ္ ႐ြာရွိတယ္။ ေလာေလာဆယ္ ကြၽန္ေတာ္တို႔က နယ္ေျမအေနအထားအရ သီေပါတံတားႀကီးကိုပိတ္ထား တဲ့အတြက္ အရင္က တစ္နာရီသြားရတဲ့ခရီးက ပတ္သြားရတဲ့အခါမွာ (၇)နာရီၾကာသြားတယ္ေပါ့။ အဲဒီလို မ်ိဳးအခက္အခဲေလးေတြရွိတယ္။ လုံၿခဳံေရးနဲ႔ လမ္းပန္းဆက္သြယ္ေရးအခက္အခဲေလးေတြေတာ့ ဒီလိုမ်ိဳး ရွိပါတယ္။

ေမး-ကိုယ္စားလွယ္ေလာင္းေတြအတြက္ကေတာ့ လုံၿခဳံေရးနဲ႔လမ္းပန္းဆက္သြယ္ေရး အခက္ အခဲေပါ့ေနာ္။ ဆႏၵမဲေပးမယ့္မဲဆႏၵရွင္ေတြအတြက္က်ေတာ့ေကာ ဘယ္လိုအခက္အခဲနဲ႔ ဘယ္လိုဖိအား ေတြႀကဳံေနရလဲဆိုတာလည္း ရွင္းျပေပးပါဦး။
ေျဖ-ကြၽန္ေတာ္တို႔ သီေပါမဲဆႏၵနယ္ေတြအတြက္ေတာ့ တတိယပတ္မွာျဖစ္တဲ့အတြက္ နည္းနည္း ေလးေတာ့လိုေသးတာေပါ့ေနာ္။ ဒါေပမဲ့ ျပည္သူေတြက ေ႐ြးေကာက္ပြဲပူးေပါင္းေဆာင္႐ြက္မႈေလးေတြရွိ တယ္။ မဲစာရင္းကိုလည္း ကြၽန္ေတာ္လုပ္ေတာ့ တကယ္ေတာ့လည္း လာၾကည့္ၾကတယ္။ ပါ၏ မပါ၏ေပါ့ ေနာ္။ ကြၽန္ေတာ္တို႔ သီေပါနယ္ကလည္း ၿငိမ္းခ်မ္းေရးကိုလိုလားၿပီးေတာ့ အၾကမ္းမဖက္ေရးကိုလိုလား တဲ့ၿမိဳ႕ျဖစ္တယ္။ အဲဒါေၾကာင့္ ႏိုင္ငံေတာ္အစိုးရကလုပ္တဲ့အခါမွာ ပူးေပါင္းေဆာင္႐ြက္မႈေလးေတြရွိတဲ့အ တြက္ေတာ့ ကြၽန္ေတာ္တို႔က အင္မတန္ကိုမွ ဝမ္းသာစရာတစ္ခုေပါ့။ သို႔ေသာ္လည္းပဲ လမ္းပန္းဆက္ သြယ္ေရးအရ ဖုန္းတာဝါတိုင္ေတြ အျပည့္အဝမရေသးေတာ့ တစ္ေနရာနဲ႔တစ္ေနရာဆက္သြယ္တဲ့ ေနရာ မွာ အခက္အခဲေလးေတြေတာ့ရွိတယ္ေပါ့။ အဓိကကေတာ့ ဆက္သြယ္ေရးခက္ခဲတယ္။ လွ်ပ္စစ္ မီးေတြ မရေသးဘူး။ လွ်ပ္စစ္မီးေတြမရေသးတဲ့အတြက္ ဆိုရွယ္မီဒီယာသုံးတဲ့အခါမွာပဲျဖစ္ျဖစ္ မဲေပးနည္း စနစ္ ကိုပဲ အခုထိကို ကြၽန္ေတာ္တို႔ကမသိႏိုင္ေသးဘူးေပါ့။ သို႔ေသာ္လည္းပဲ သိပ္မၾကာခင္က ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကစီစဥ္ေပးတဲ့အတြက္‌ ကြၽန္ေတာ္တို႔နယ္ကို ျပည္သူေတြကို သ႐ုပ္ျပေပးႏိုင္ဖို႔ ေကာ္မတီေတြဖြဲ႕ၿပီးေတာ့စီစဥ္ထားတယ္။ ကြၽန္ေတာ္ တို႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြလည္း အဲဒီေကာ္မတီမွာပါၿပီးေတာ့ ကြင္းဆင္းေဆာင္႐ြက္ေပးမယ့္အစီအစဥ္ေလးေတြေတာ့ရွိပါတယ္။

ေမး-အခုကာလမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ဟာ သူပုန္ေတြဘက္မွာ ဖမ္းဆီးခံ ထားရတာေတြရွိတယ္။ ေႏွာင့္ယွက္ခံရတာေတြလည္းရွိေနတယ္။ အဲဒီအေပၚမွာေကာ ဘာမ်ားေျပာခ်င္ လဲ။
ေျဖ-ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီမိုကေရစီအရ လူတိုင္းရဲ႕ထင္ျမင္ယူဆခ်က္ လူ႔အခြင့္အေရးကို တန္ ဖိုးထားရမွာေပါ့။ သို႔ေသာ္လည္းပဲ တစ္ဖက္ကိုစြန္းတဲ့ တစ္ဖက္စြန္းတဲ့ဝိဝါဒမ်ိဳးေပါ့ ဒို႔တာဝန္ အေရး (၃) ပါးကို ထိခိုက္ေစတဲ့ကိစၥရပ္ေတြဆိုရင္ေတာ့ ဒီမိုကေရစီမဟုတ္ေတာ့ဘဲနဲ႔ ဖက္ဆစ္စနစ္ျဖစ္သြားတာ ေပါ့။ ငါနဲ႔မတူ ငါ့ရန္သူဆိုၿပီး ထြန္းကားလာတဲ့အခါမွာ ကြၽန္ေတာ္တို႔ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း တစ္ေယာက္အေနနဲ႔ ဒါသည္ ႏိုင္ငံအတြက္ နစ္နာေစတဲ့ ကိစၥလည္း ျဖစ္တယ္။ ဒါသည္ ဒီမို ကေရစီ စနစ္မဟုတ္ဘူး။ ဖက္ဆစ္အာဏာရွင္စနစ္သာျဖစ္တယ္လို႔ ကြၽန္ေတာ္ကေတာ့ အဲဒီလိုမွတ္ခ်က္ ေပးလိုပါတယ္။

ေမး- သီေပါမဲဆႏၵမွာေကာ ျပည္သူလူထုက ေ႐ြးေကာက္ပြဲအေပၚ ဘယ္လိုသေဘာထားတာ ေတြ႕ရပါသလဲ။ ျပည္သူ႔အသံကိုေကာ ဘယ္လိုျပန္ၾကားရပါသလဲ။
ေျဖ-ကြၽန္ေတာ္တို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အေနနဲ႔ကေတာ့ က်င္းပျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲအေပၚ ျပည္သူလူထုရဲ႕ယုံၾကည္မႈကေတာ့ (၇၅)ရာခိုင္ႏႈန္းရွိပါတယ္။ ေျပာခ်င္တာကေတာ့ ဒီေ႐ြးေကာက္ပြဲအေပၚမွာ ေမွ်ာ္လင့္ခ်က္ေကာင္းေကာင္းေလး ထားၾကပါတယ္။ ဒီအတြက္လည္း ကြၽန္ ေတာ္တို႔က ပူးေပါင္းေဆာင္႐ြက္မႈေတြေကာင္းရပါတယ္။ စစ္ျဖစ္ခဲ့ေသာ္လည္းပဲ ေ႐ြးေကာက္ပြဲကို တစ္ နယ္ၿပီးတစ္နယ္၊ တစ္႐ြာၿပီးတစ္႐ြာ ထပ္တိုးၿပီးေတာ့ က်င္းပႏိုင္ပါတယ္။ ဥပမာေျပာရရင္ ကြၽန္‌ေတာ္တို႔ ကို ဒီဘက္႐ြာက ေ႐ြးေကာက္ပြဲလုပ္ရၿပီး ဟိုဘက္႐ြာက ေ႐ြးေကာက္ပြဲမလုပ္ရလို႔ ကြၽန္ေတာ္တို႔ကို လာ ၿပီးေတာ့ အကူအညီေတာင္းတာရွိတယ္။ ကိုယ္စားလွယ္ေတာ္ႀကီးတို႔ ကြၽန္ေတာ္တို႔႐ြာကို ေ႐ြးေကာက္ပြဲ မလုပ္ေပးဘူးလား။ အဲဒီအခါမွာ ကြၽန္ေတာ္တို႔ကလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္ျပ ပါတယ္။ အဲဒီလိုတင္ျပတဲ့အခါမွာ ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္ကလည္း ခြင့္ျပဳေပးခဲ့ပါတယ္။ ဒီအတြက္ကိုလည္း ေရွ႕မွာ ေနာင္ခ်ိဳေရာ၊ ေက်ာက္မဲေရာ၊ သီေပါမွာပါ မဲဆႏၵနယ္ေတြတိုးခဲ့တယ္ေပါ့ေနာ္။ ဒီအ ေျခအေနေၾကာင့္ပဲ ပိုၿပီးတိုးလာခဲ့တယ္ေပါ့။ အဲဒါေၾကာင့္လည္း ျပည္သူလူထုကေတာ့ ဒီေ႐ြး ေကာက္ပြဲသည္ ႏိုင္ငံေရးထြက္ေပါက္တစ္ခုျဖစ္တယ္။ ကြၽန္ ေတာ္တို႔ ၿငိမ္းခ်မ္းေရးအတြက္ လမ္းစတစ္ခု ျဖစ္တယ္လို႔ယူဆၾကတဲ့အတြက္ ကြၽန္ေတာ္တို႔နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္မႈေတြရွိပါတယ္။

ေမး-လာမယ့္ေ႐ြးေကာက္ပြဲအေပၚ ေမွ်ာ္လင့္ခ်က္နဲ႔ ဘယ္ေလာက္အထိလုပ္ႏိုင္မလဲဆိုတာလဲ ေျပာျပေပး ပါဦး။
ေျဖ-ကြၽန္ေတာ္တို႔ကေတာ့ လာမယ့္ႏိုင္ငံေတာ္က ျပဳလုပ္မယ့္ေ႐ြးေကာက္ပြဲကေတာ့ Free and fair ေပါ့၊ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ယုံၾကည္တယ္ေပါ့။ ဘာလို႔ယုံၾကည္လဲဆို ေတာ့ Myanmar Electronic Voting Machine ေပါ့ အခ်ိန္လည္းတိုတယ္။ တိက်မွန္ကန္မႈလည္း ရွိတဲ့ အတြက္ ဒီအေပၚမွာလည္း ကြၽန္ေတာ္တို႔ကယုံတယ္။ ဟိုတုန္းကလို ပယ္မဲတို႔ မင္စြန္းတာတို႔လည္း မရွိ ေတာ့ဘူး။ ဒီဟာကလည္း အစိုးရအေနနဲ႔ မဲရလဒ္အေပၚမွာ တိက်မွန္ကန္မႈရွိေအာင္၊ ဘက္လိုက္မႈမရွိေအာင္လုပ္ ထားတဲ့အတြက္ ဒီအေပၚမွာလည္း ကြၽန္ေတာ္တို႔က ယုံၾကည္မႈရွိတယ္ေပါ့။ ဒီမဲရလဒ္ေပၚမွာ ကြၽန္ေတာ္တို႔က လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သြားၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔ကေတာ့ ကိုယ့္ေဒသက စစ္ေဘးစစ္ဒဏ္ သင့္ထားတဲ့ေဒသျဖစ္တယ္။ ျပန္လည္ထူေထာင္ေရး အတြက္ကေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ႏိုင္ငံေတာ္အစိုးရနဲ႔ပူးေပါင္းသြားရမယ့္ကာလျဖစ္တဲ့အတြက္ ကြၽန္ေတာ္ကတာ့ ေျပာရမယ္ဆိုရင္ အားရွိတယ္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲမလုပ္ဘူး။ ဒီအ တိုင္းေနမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဒီဝဲဂယက္ကေန ႐ုန္းထြက္ႏိုင္မွာမဟုတ္ဘူး။ ေ႐ြးေကာက္ပြဲရွိသြားၿပီ အရပ္သားအစိုးရ လည္း ေပၚလာၿပီျဖစ္တဲ့အခါက်ေတာ့ လႊတ္ေတာ္ထဲမွာတင္ျပလို႔ရမယ္။ ေဒသအတြက္ အက်ိဳးျပဳမယ့္ လူအာဏာရလာတဲ့အတြက္ ဥပေဒေတြ ျပ႒ာန္းႏိုင္ၿပီးေတာ့ ႏိုင္ငံသားတိုင္း အခြင့္အေရးရရွိႏိုင္ေအာင္ ကြၽန္ေတာ္တို႔ကေတာ့ ေဆာင္႐ြက္သြားႏိုင္မယ္ လို႔ယုံၾကည္တယ္။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ကေတာ့ အားရပါတယ္ေပါ့။

ေမး-ရွမ္းေျမာက္အေျခအေနကလည္း စစ္ေဘးစစ္ဒဏ္သင့္ခဲ့တဲ့ေဒသျဖစ္ေတာ့ အစ္ကိုလႊတ္ ေတာ္ထဲ ေရာက္သြားခဲ့ရင္ ဒီေဒသက အေျခအေနအရပ္ရပ္ကို ဘယ္လိုျပန္ကုစားမယ္လို႔ ဘယ္ေလာက္ အထိ ယုံၾကည္ခ်က္ရွိလဲ။
ေျဖ-ကြၽန္ေတာ္လႊတ္ေတာ္ထဲေရာက္သြားရင္ေတာ့ ဒီမွာပ်က္စီးသြားတဲ့ ႐ုံးပိုင္းဆိုင္ရာေတြ လိုအပ္ခ်က္ရွိခဲ့တဲ့ ေဆး႐ုံေတြ၊ လမ္းပိုင္းေတြ လွ်ပ္စစ္မီးေတြရရွိေအာင္ ကြၽန္ေတာ္ လႊတ္ေတာ္မွာ ေဆာင္႐ြက္ေပးမယ္။ တစ္ဖက္မွာလည္း ျပည္သူလူထုရဲ႕က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔တစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ကိုအကူအညီေတာင္းမယ္။ လႊတ္ေတာ္မွာ ေမးခြန္းေမးၿပီးေတာ့ ေက်းလက္ ေဆးေပးခန္းေတြကို ပိုၿပီးခ်ဲ႕ထြင္ႏိုင္ေအာင္လုပ္မယ္။ ၿမိဳ႕နယ္ဆရာဝန္ေတြကိုလည္း အထူးကုဆရာဝန္ ေတြရႏိုင္ေအာင္ ေဆာင္႐ြက္ေပးမယ္။ အဓိကကေတာ့ လူမႈစီးပြားဘဝတိုးတက္ႏိုင္ေအာင္ သုညဘဝ ကေန (၅၀)ရာခိုင္ႏႈန္းအ ထိရႏိုင္ေအာင္ ကြၽန္ေတာ္ ဒီလႊတ္ေတာ္ကေန ေဆာင္႐ြက္ႏိုင္မယ္။ ေ႐ြး ေကာက္ပြဲကေနေဆာင္႐ြက္ႏိုင္မယ္လို႔ အျပည့္အဝယုံၾကည္တယ္။ ဒီယုံၾကည္ခ်က္က ဘာေၾကာင့္ ျပည့္ ႏိုင္လဲဆိုေတာ့ လာမယ့္ေ႐ြးေကာက္ပြဲဟာ အားလုံးဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္တဲ့အေနအထား တစ္ခု ေနာက္ၿပီးေတာ့လည္း သံသယမမ်ားႏိုင္တဲ့ ေ႐ြးေကာက္ပြဲျဖစ္တဲ့အတြက္ ဒီအေပၚမွာ ကြၽန္ေတာ့္အ ေနနဲ႔ကေတာ့ အျပည့္အဝယုံၾကည္ပါတယ္ေပါ့။ အထူးသျဖင့္ ကြၽန္ေတာ္တို႔စစ္ေဘးသင့္ခဲ့တဲ့ေဒသ ေတြအတြက္ကေတာ့ အင္မတန္ကိုမွ ထြက္ေပၚတစ္ခုျဖစ္တယ္။ အားကိုးရာယုံၾကည္ရာျဖစ္တယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ေျပာလိုပါတယ္။

ေမး-တစ္ဆက္တည္းမွာပဲ တခ်ိဳ႕ေျပာၾကတာရွိပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲက No Vote လို႔ ေျပာေနၾကတဲ့အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ-ဒီမိုကေရစီအရပဲၾကည့္ၾကည့္ ႏိုင္ငံသား အခြင့္အေရးအရပဲၾကည့္ၾကည့္ လူတိုင္းဟာ မိမိတို႔ရဲ႕ စိတ္ဆႏၵကို လြတ္လပ္စြာေ႐ြးခ်ယ္ပိုင္ခြင့္ရွိပါတယ္။ No Vote သမားလို႔ပဲေျပာေျပာ။ ေ႐ြးေကာက္ပြဲကိုမ ေထာက္ခံတဲ့လူေတြလို႔ပဲေျပာေျပာ ဒါသူတို႔ရဲ႕လုပ္ရပ္ဟာ သူတို႔သမိုင္းပါပဲ။ ေ႐ြးေကာက္ပြဲကို ေထာက္ခံ တဲ့လူဟာ ေ႐ြးေကာက္ပြဲရဲ႕ရလဒ္ကိုခံစားရမွာျဖစ္ၿပီး ေ႐ြးေကာက္ပြဲကိုမေထာက္ခံဘူးဆိုတဲ့ No Vote သမားေတြကေတာ့ သူတို႔ရဲ႕ႏိုင္ငံသားအခြင့္အေရးဆုံးရႈံးသြားမွာပဲ။ မႀကိဳက္ဘူး မႀကိဳက္ဘူးလို႔ေျပာေန လို႔မရဘူး။ မႀကိဳက္ရင္ ေမးခြန္းတစ္ခုမွာ ေ႐ြးခ်ယ္ရေတာ့မယ္။ A သို႔မဟုတ္ B သို႔မဟုတ္ C ေပါ့။ အေျဖတစ္ခုကေတာ့ မွန္ေနမွာပဲ။ ဒီမွာ ေမးခြန္းႀကီးဖတ္ၿပီး ဒါႀကီးက မဟုတ္ပါဘူးလို႔ေျပာေနျခင္းဟာ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံေရးအရ အစြန္းေရာက္မႈ တစ္နည္းအားျဖင့္ ဝါဒႏိုင္ငံေရးသာျဖစ္တယ္လို႔ ေျပာ ခ်င္ပါတယ္။

ေမး-လာမယ့္ေ႐ြးေကာက္ပြဲအၿပီး တက္လာမယ့္အ စိုးရအသစ္က ရွမ္းေျမာက္အေရးကိုကိုင္ တြယ္တဲ့အခါမွာ ဘယ္ေလာက္ အေကာင္းဘက္ကိုေရာက္သြားႏိုင္မယ္လို႔ယုံၾကည္ပါသလဲ။
ေျဖ-ေ႐ြးေကာက္ပြဲၿပီးရင္တက္လာမယ့္အစိုးရက အရပ္သားအစိုးရေပါ့ေနာ္။ ဒီအရပ္သား အစိုးရ အေနနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္နဲ႔ ျပည္တြင္းပဋိပကၡေတြခ်ဳပ္ၿငိမ္းသြားေအာင္ ေဆာင္႐ြက္သြား ရမွာေပါ့။ ဒီအေပၚမွာ လႊတ္ေတာ္ႏိုင္ငံေရးသမားေတြအေနနဲ႔လည္း ၿငိမ္းခ်မ္းေရးရရွိေအာင္ EAOs ေတြနဲ႔ ေဆြးေႏြးမယ္။ ေတြ႕ဆုံမယ္ အေကာင္းဆုံးအေျဖရွာၾက မယ္။ တပ္မေတာ္အေနနဲ႔ကလည္း လႊတ္ေတာ္ ေရာ ႏိုင္ငံေရးအေနနဲ႔ေရာ သေဘာထား၊ ႏိုင္ငံေရးခံယူခ်က္ NCA လမ္းျပေျမပုံအရ ေဆာင္႐ြက္သြားမွာ ေပါ့ေနာ္။ ဒီအေပၚ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ အားရတယ္။ ရွမ္းေျမာက္ပဋိပကၡ (၄၀)ရာခိုင္ႏႈန္း သို႔ မဟုတ္ (၅၀)ရာခိုင္ႏႈန္း ခ်ဳပ္ၿငိမ္းသြားမွာေပါ့။ ေ႐ြးေကာက္ပြဲလုပ္မွာျဖစ္တဲ့အတြက္ တခ်ိဳ႕ ေဒသေတြ မွာဆိုရင္ ဆုပ္ကိုင္ထားရာကေန ဆုတ္ခြာသြားတာရွိတယ္။ လုံးဝႀကီး ထြက္ခြာသြားတာမ်ိဳးေတြရွိတယ္ ေပါ့။ ဒါဟာ ေကာင္းမြန္တဲ့ရလဒ္တစ္ခုျဖစ္တယ္ေပါ့။ ေ႐ြးေကာက္ပြဲအၿပီးမွာလည္း ဒီထက္ေကာင္းမြန္တဲ့ ရလဒ္ တစ္ခုထြက္လာလိမ့္မယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ယုံၾကည္ပါတယ္။

ေမး-ရွမ္းေျမာက္ပဋိပကၡေၾကာင့္ စီမံကိန္းတခ်ိဳ႕နဲ႔ စိုက္ပ်ိဳးေျမေတြမလုပ္ႏိုင္တာရွိပါတယ္။ သီေပါ မဲဆႏၵရွင္တစ္ေယာက္အေနနဲ႔ေရာ ေဒသခံတစ္ေယာက္အေနနဲ႔ပါ လႊတ္ေတာ္ထဲေရာက္ခဲ့ရင္ ဘာေတြ လုပ္ခ်င္လဲ။
ေျဖ-ကြၽန္ေတာ္တို႔က ႏိုင္ငံတစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေဒသတစ္ခုဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ ေဒသ တည္ၿငိမ္ေရးက အလြန္အေရးႀကီးပါတယ္။ ေဒသတည္ၿငိမ္ေအးခ်မ္းေရးမရရွိဘဲနဲ႔ ကြၽန္ေတာ္တို႔က ေတာ့ ဘာမွေဆာင္႐ြက္လို႔မရပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီေဒသမွာရွိတဲ့ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳး တိုးတက္ဖို႔ဆိုရင္ နယ္ေျမတည္ၿငိမ္ရပါမယ္။ ဒုတိယက တရားဥပေဒစိုး မိုးရပါမယ္။ ဒီႏွစ္ခုကို ကြၽန္ေတာ္ တို႔က အဓိကထားၿပီးေဆာင္႐ြက္ၿပီးမွသာလွ်င္ ကုန္သြယ္ေရးအပိုင္းပဲျဖစ္ျဖစ္ အျခားအျခားေသာ စီးပြား ေရးလုပ္ငန္းေတြအားလုံးေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။ ဒီအေပၚမွာ ကြၽန္ေတာ္တို႔ကေတာ့ ဦးစားေပး အေနနဲ႔နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးကို ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စား လွယ္ေတြအေနနဲ႔ ဦးစားေပးေဆာင္႐ြက္သြားဖို႔ပဲရွိပါတယ္။

ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.