ဖားကန့်မှ အကျိုးအမြတ်များကို လက်မလွှတ်ရရေးအတွက် ပြည်သူကိုပင် ချနင်းလာသည့် KIA

108

သုတကျော် (NP News) - ဒီဇင်ဘာ ၁၇
KIA က ဖားကန့်မှအကျိုးအမြတ်များကိုလက် မလွှတ်ရရေးအတွက် ပြည်သူကိုပင်ချနင်းသောအ ပြုအမူများဆောင်ရွက်လာနေကြောင်း NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရသိရသည်။
ဖားကန့်သည် KIA တို့အတွက် ငွေရလွယ်သော နေရာတစ်ခုဖြစ်နေသည့်အပြင် ယင်းအဖွဲ့မှ ထိပ် ပိုင်းခေါင်းဆောင်တို့၏အကျိုးစီးပွားများနှင့်လည်းပတ်သက်နေပြီး NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ ဖားကန့် ကျောက်တူး ရာသီစတင်ပြီး (၇)လအတွင်းမှာပင် လောင်စာဆီနှင့် ယန္တရားချောဆီခေါင်းစဉ်အောက်မှကောက်ခံသော အခွန်နှစ်မျိုးစာ ကောက်ခံရရှိငွေပင်လျှင် ငွေကျပ် သိန်းပေါင်း(၁၀)သိန်းခန့်ရှိနေသည်။
လက်ရှိတွင် တပ်မတော်က ဖားကန့်ကိုထိန်းချုပ်ရန်အတွက် ထိုးစစ်ပြုလုပ်နေရာ KIA က မိုင်း ကိုအသွင်ပြောင်းကာ ထောင်လာခြင်းများပြုလုပ်နေသည့်အတွက် ပြည်သူများအကြား စိုးရိမ်စိတ်ရှိနေ ကြောင်း သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
တပ်မတော်က ဖားကန့်ကိုထိုးစစ်ဆင်နေသောကာလတွင် အချဉ်ပေါင်းရောင်းသော လှည်း အတွင်း ဗုံးတပ်ဆင်ကာ တိုက်ခိုက်ရန်ကြံစည်ခဲ့သည့်အပြင် ကွမ်းယာရောင်းသည့်ခုံအတွင်း မိုင်း ထည့် ကာ တိုက်ခိုက်ရန်ပြင်ဆင်ခြင်းမျိုးလည်းရှိနေကြောင်းသိရသည်။
“အလားတူက ရှေ့မှာ အချဉ်ပေါင်းလှည်းထဲ ဗုံးထောင်တယ်။ သူတို့က အဲဒီလိုထောင်တတ်တဲ့ ထုံး စံရှိတယ်။ အိမ်နားလည်းလာထောင်တယ်၊ လမ်းတွေလည်း လာထောင်ထားတော့ လူတွေကလန့် တာပေါ့။ အဲဒီလိုလုပ်နေကျကောင်တွေဆိုတော့ ကွမ်းယာခုံတွေ၊ အချဉ်ပေါင်းလှည်းတွေ တခြား ကိုယ့် မျက်စိနဲ့ စိမ်းတာတွေ အိမ်ရှေ့ရောက်လာရင် ပြောင်းပြေးကြနဲ့ ဒုက္ခရောက်တယ်”ဟု အဆိုပါ သတင်း ရင်းမြစ်ကဆိုသည်။
အိမ်ရှေ့တွင် ပုံမှန်မဟုတ်သောပစ္စည်းမျိုး ရောက်လာလျှင်ပင် စိုးရိမ်နေရသော အခြေအနေမျိုး ဖြစ်နေပြီး ပြည်သူများကိုထိလျှင် ထိစေဆိုသောသဘောမျိုး သက်ရောက်နေကြောင်း အခြား သတင်း ရင်းမြစ်တစ်ဦးကဆိုသည်။
“အဓိကက အခုလိုမျိုး ပုံဖျက်ပြီးမိုင်းထောင်တာက တိုက်ပွဲဖြစ်ရင်တစ်မျိုးပေါ့။ အခုကျတော့ ဒီအတိုင်း မိုင်းကထောင်ထားခဲ့တယ်။ ထောင်ထားတော့ တပ်က လာ၊ မလာလည်းမသေချာဘူးလေ။ အဲဒီ တော့ သာမန်ပြည်သူကသွားထိလိုက်လို့ ပေါက်ကွဲ တာတို့ဘာတို့ဖြစ်ရင် ပြည်သူတွေပဲသေမှာ။ ပြောရ ရင် ချနင်းလာတဲ့ပုံစံမျိုးပဲ။ မြို့ကိုလက်မလွှတ်ရအောင်လို့ ရတဲ့နည်းသုံးလာတဲ့သဘောမျိုးပဲ။ နောက် တစ်ခုက KIA က လူသစ်တွေ အပြင်းအထန်စုခဲ့တယ်။ အခု သင်တန်းပေးနေပြီ။ ဗန်းမော်ဘက်လည်း အသေများတာကိုး။ ဆိုတော့ ဘာနေနေ ပြည်သူကိုချနင်းမယ်လို့ ပြောနိုင်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဖားကန့်အကြောင်းသိရှိသူ သတင်းရင်းမြစ်တစ်ဦးကမူ အဆိုပါ လုပ်ရပ်သည် မာ သောနေရာကို ရှောင်ကာ ပျော့သည့်နေရာကိုရွေးတိုက်သည့် ပုံစံမျိုးဖြစ်နေကြောင်းပြောသည်။“သူတို့က ရှင်းရှင်းပြောရင် တည့်မှတိုက်လို့မရ ပဲ။ များရင်ရှောင်ပေါ့ အားနည်းတဲ့နေရာတိုက်တယ်။ လစ်ရင် လစ် သလို လုပ်တာ သူတို့အလုပ်ပဲ။ သူတို့ ဒါပဲ လုပ်တာ”ဟု ဖားကန့်အခြေအနေနှင့်ပတ်သက်၍ ၎င်းကဆို သည်။
တစ်ဖက်တွင်လည်း KIA မှ အမှတ် (၉) တပ် မဟာမှူး၏ခွင့်ပြုချက်အရဟုဆိုကာ ဖားကန့်က ခရစ်ယာန်သင်္ချိုင်းမြေကို ကျောက်တူးဖော်နေပြီး ဒေသခံများမှာ ကြောက်လန့်၍မပြောရဲကြောင်းလည်း ၎င်းက ပြောသည်။
“သင်္ချိုင်းမြေဘေးအိမ်ကလူတွေဆိုတာကလည်း တပ်မဟာ (၉)ဆိုတာနဲ့ ဘယ်ပြောရဲမလဲ” ဟု ၎င်းကဆိုပြီး KIA ၏အရှိန်အဝါသုံးကာ ဖားကန့်တွင် ကျောက်တူးဖော်နေသူပမာဏများပြားကြောင်း လည်း ၎င်းကဆိုသည်။ တစ်ဖန် KIA ကမွေးမြူထားသည့် KPDF များဘက်တွင်လည်း KIA ကိုမကျေနပ်မှု များရှိနေပြီး မကျေနပ်၍ပြန်ပြောပါကလည်း ရှေ့တန်းကို ပို့လေ့ရှိကြောင်း ၎င်းကဆိုသည်။
“ဖာရှာပေးလိုက်၊ ဟိုဟာလုပ်ပေးလိုက်၊ ဒီဟာ လုပ်ပေးလိုက်၊ ဟိုကောင်မတွေခေါ်ပေးလိုက် ဒီလောက်အဆင့်ပဲ။ အဲဒီလိုလုပ်ပေးတဲ့ကောင်ကိုပဲ ခေါင်းဆောင်ခန့်တယ်။ တော်တဲ့ကောင်တွေ၊ ထက်တဲ့ ကောင်တွေ၊ ပြန်ပြောတဲ့ကောင်တွေဆိုရင် ရှေ့တန်း ပို့။ အဲဒါအခုထိ”ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် KIA အကြား တိုက်ပွဲများရှိနေ သည့်ဖားကန့်တွင် ယခုနှစ် စီးပွားရေးမကောင်းဖြစ် နေပြီး ပြည်သူများက တပ်မတော်ကိုသိမ်းစေလိုသည့် သဘောထားရှိနေကြကြောင်းလည်း ၎င်းကဆို သည်။ “သိမ်းစေချင်တာပေါ့။ ကျွန်တော်တို့က သိမ်းစေချင်တယ်။ တပ်သိမ်းသွားတာကောင်းတယ်။ တပ် မှာလည်း အားနည်းချက်တွေတော့ရှိပါတယ်။ အဲဒါ ထက်ကို ခွေးမသား KIA တွေကပိုဆိုးတယ်”ဟု ၎င်း ကဆိုသည်။
သို့သော် KIA တို့အနေဖြင့် ၎င်းတို့အကျိုးစီးပွား အများစုတည်နေသောဖားကန့်ကို အပြင်းအထန် ကာ ကွယ်မည့်သဘောရှိသည်။ “သူ့အင်အားရှိသလောက်တော့ သူကတော့ ကာကွယ်မှာ။ သူ့အကျိုး စီးပွားကိုး။ အဲဒီဖားကန့်က တော့ သူတို့ လွယ်လွယ်တော့ လက်လွှတ်မှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ဖားကန႔္မွ အက်ိဳးအျမတ္မ်ားကို လက္မလႊတ္ရေရးအတြက္ ျပည္သူကိုပင္ ခ်နင္းလာသည့္ KIA
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၇
KIA က ဖားကန႔္မွအက်ိဳးအျမတ္မ်ားကိုလက္ မလႊတ္ရေရးအတြက္ ျပည္သူကိုပင္ခ်နင္းေသာအ ျပဳအမူမ်ားေဆာင္႐ြက္လာေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရသိရသည္။
ဖားကန႔္သည္ KIA တို႔အတြက္ ေငြရလြယ္ေသာ ေနရာတစ္ခုျဖစ္ေနသည့္အျပင္ ယင္းအဖြဲ႕မွ ထိပ္ ပိုင္းေခါင္းေဆာင္တို႔၏အက်ိဳးစီးပြားမ်ားႏွင့္လည္းပတ္သက္ေနၿပီး NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ ဖားကန႔္ ေက်ာက္တူး ရာသီစတင္ၿပီး (၇)လအတြင္းမွာပင္ ေလာင္စာဆီႏွင့္ ယႏၲရားေခ်ာဆီေခါင္းစဥ္ေအာက္မွေကာက္ခံေသာ အခြန္ႏွစ္မ်ိဳးစာ ေကာက္ခံရရွိေငြပင္လွ်င္ ေငြက်ပ္ သိန္းေပါင္း(၁၀)သိန္းခန႔္ရွိေနသည္။
လက္ရွိတြင္ တပ္မေတာ္က ဖားကန႔္ကိုထိန္းခ်ဳပ္ရန္အတြက္ ထိုးစစ္ျပဳလုပ္ေနရာ KIA က မိုင္း ကိုအသြင္ေျပာင္းကာ ေထာင္လာျခင္းမ်ားျပဳလုပ္ေနသည့္အတြက္ ျပည္သူမ်ားအၾကား စိုးရိမ္စိတ္ရွိေန ေၾကာင္း သတင္းရင္းျမစ္တစ္ဦးကဆိုသည္။
တပ္မေတာ္က ဖားကန႔္ကိုထိုးစစ္ဆင္ေနေသာကာလတြင္ အခ်ဥ္ေပါင္းေရာင္းေသာ လွည္း အတြင္း ဗုံးတပ္ဆင္ကာ တိုက္ခိုက္ရန္ႀကံစည္ခဲ့သည့္အျပင္ ကြမ္းယာေရာင္းသည့္ခုံအတြင္း မိုင္း ထည့္ ကာ တိုက္ခိုက္ရန္ျပင္ဆင္ျခင္းမ်ိဳးလည္းရွိေနေၾကာင္းသိရသည္။
“အလားတူက ေရွ႕မွာ အခ်ဥ္ေပါင္းလွည္းထဲ ဗုံးေထာင္တယ္။ သူတို႔က အဲဒီလိုေထာင္တတ္တဲ့ ထုံး စံရွိတယ္။ အိမ္နားလည္းလာေထာင္တယ္၊ လမ္းေတြလည္း လာေထာင္ထားေတာ့ လူေတြကလန႔္ တာေပါ့။ အဲဒီလိုလုပ္ေနက်ေကာင္ေတြဆိုေတာ့ ကြမ္းယာခုံေတြ၊ အခ်ဥ္ေပါင္းလွည္းေတြ တျခား ကိုယ့္ မ်က္စိနဲ႔ စိမ္းတာေတြ အိမ္ေရွ႕ေရာက္လာရင္ ေျပာင္းေျပးၾကနဲ႔ ဒုကၡေရာက္တယ္”ဟု အဆိုပါ သတင္း ရင္းျမစ္ကဆိုသည္။
အိမ္ေရွ႕တြင္ ပုံမွန္မဟုတ္ေသာပစၥည္းမ်ိဳး ေရာက္လာလွ်င္ပင္ စိုးရိမ္ေနရေသာ အေျခအေနမ်ိဳး ျဖစ္ေနၿပီး ျပည္သူမ်ားကိုထိလွ်င္ ထိေစဆိုေသာသေဘာမ်ိဳး သက္ေရာက္ေနေၾကာင္း အျခား သတင္း ရင္းျမစ္တစ္ဦးကဆိုသည္။
“အဓိကက အခုလိုမ်ိဳး ပုံဖ်က္ၿပီးမိုင္းေထာင္တာက တိုက္ပြဲျဖစ္ရင္တစ္မ်ိဳးေပါ့။ အခုက်ေတာ့ ဒီအတိုင္း မိုင္းကေထာင္ထားခဲ့တယ္။ ေထာင္ထားေတာ့ တပ္က လာ၊ မလာလည္းမေသခ်ာဘူးေလ။ အဲဒီ ေတာ့ သာမန္ျပည္သူကသြားထိလိုက္လို႔ ေပါက္ကြဲ တာတို႔ဘာတို႔ျဖစ္ရင္ ျပည္သူေတြပဲေသမွာ။ ေျပာရ ရင္ ခ်နင္းလာတဲ့ပုံစံမ်ိဳးပဲ။ ၿမိဳ႕ကိုလက္မလႊတ္ရေအာင္လို႔ ရတဲ့နည္းသုံးလာတဲ့သေဘာမ်ိဳးပဲ။ ေနာက္ တစ္ခုက KIA က လူသစ္ေတြ အျပင္းအထန္စုခဲ့တယ္။ အခု သင္တန္းေပးေနၿပီ။ ဗန္းေမာ္ဘက္လည္း အေသမ်ားတာကိုး။ ဆိုေတာ့ ဘာေနေန ျပည္သူကိုခ်နင္းမယ္လို႔ ေျပာႏိုင္တယ္” ဟု ၎ကဆိုသည္။
လက္ရွိတြင္ ဖားကန႔္အေၾကာင္းသိရွိသူ သတင္းရင္းျမစ္တစ္ဦးကမူ အဆိုပါ လုပ္ရပ္သည္ မာ ေသာေနရာကို ေရွာင္ကာ ေပ်ာ့သည့္ေနရာကိုေ႐ြးတိုက္သည့္ ပုံစံမ်ိဳးျဖစ္ေနေၾကာင္းေျပာသည္။“သူတို႔က ရွင္းရွင္းေျပာရင္ တည့္မွတိုက္လို႔မရ ပဲ။ မ်ားရင္ေရွာင္ေပါ့ အားနည္းတဲ့ေနရာတိုက္တယ္။ လစ္ရင္ လစ္ သလို လုပ္တာ သူတို႔အလုပ္ပဲ။ သူတို႔ ဒါပဲ လုပ္တာ”ဟု ဖားကန႔္အေျခအေနႏွင့္ပတ္သက္၍ ၎ကဆို သည္။
တစ္ဖက္တြင္လည္း KIA မွ အမွတ္ (၉) တပ္ မဟာမႉး၏ခြင့္ျပဳခ်က္အရဟုဆိုကာ ဖားကန႔္က ခရစ္ယာန္သခ်ႋဳင္းေျမကို ေက်ာက္တူးေဖာ္ေနၿပီး ေဒသခံမ်ားမွာ ေၾကာက္လန႔္၍မေျပာရဲေၾကာင္းလည္း ၎က ေျပာသည္။
“သခ်ႋဳင္းေျမေဘးအိမ္ကလူေတြဆိုတာကလည္း တပ္မဟာ (၉)ဆိုတာနဲ႔ ဘယ္ေျပာရဲမလဲ” ဟု ၎ကဆိုၿပီး KIA ၏အရွိန္အဝါသုံးကာ ဖားကန႔္တြင္ ေက်ာက္တူးေဖာ္ေနသူပမာဏမ်ားျပားေၾကာင္း လည္း ၎ကဆိုသည္။ တစ္ဖန္ KIA ကေမြးျမဴထားသည့္ KPDF မ်ားဘက္တြင္လည္း KIA ကိုမေက်နပ္မႈ မ်ားရွိေနၿပီး မေက်နပ္၍ျပန္ေျပာပါကလည္း ေရွ႕တန္းကို ပို႔ေလ့ရွိေၾကာင္း ၎ကဆိုသည္။
“ဖာရွာေပးလိုက္၊ ဟိုဟာလုပ္ေပးလိုက္၊ ဒီဟာ လုပ္ေပးလိုက္၊ ဟိုေကာင္မေတြေခၚေပးလိုက္ ဒီေလာက္အဆင့္ပဲ။ အဲဒီလိုလုပ္ေပးတဲ့ေကာင္ကိုပဲ ေခါင္းေဆာင္ခန႔္တယ္။ ေတာ္တဲ့ေကာင္ေတြ၊ ထက္တဲ့ ေကာင္ေတြ၊ ျပန္ေျပာတဲ့ေကာင္ေတြဆိုရင္ ေရွ႕တန္း ပို႔။ အဲဒါအခုထိ”ဟု ၎ကဆိုသည္။
တပ္မေတာ္ႏွင့္ KIA အၾကား တိုက္ပြဲမ်ားရွိေန သည့္ဖားကန႔္တြင္ ယခုႏွစ္ စီးပြားေရးမေကာင္းျဖစ္ ေနၿပီး ျပည္သူမ်ားက တပ္မေတာ္ကိုသိမ္းေစလိုသည့္ သေဘာထားရွိေနၾကေၾကာင္းလည္း ၎ကဆို သည္။ “သိမ္းေစခ်င္တာေပါ့။ ကြၽန္ေတာ္တို႔က သိမ္းေစခ်င္တယ္။ တပ္သိမ္းသြားတာေကာင္းတယ္။ တပ္ မွာလည္း အားနည္းခ်က္ေတြေတာ့ရွိပါတယ္။ အဲဒါ ထက္ကို ေခြးမသား KIA ေတြကပိုဆိုးတယ္”ဟု ၎ ကဆိုသည္။
သို႔ေသာ္ KIA တို႔အေနျဖင့္ ၎တို႔အက်ိဳးစီးပြား အမ်ားစုတည္ေနေသာဖားကန႔္ကို အျပင္းအထန္ ကာ ကြယ္မည့္သေဘာရွိသည္။ “သူ႔အင္အားရွိသေလာက္ေတာ့ သူကေတာ့ ကာကြယ္မွာ။ သူ႔အက်ိဳး စီးပြားကိုး။ အဲဒီဖားကန႔္က ေတာ့ သူတို႔ လြယ္လြယ္ေတာ့ လက္လႊတ္မွာမဟုတ္ဘူး”ဟု ၎က ဆိုသည္။