ယူကရိန်းက နယ်မြေတွေကို ဆုံးရှုံးနှင့်နေပြီးသားဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 95

Pika (NP News) - ဒီဇင်ဘာ ၁၇

ယူကရိန်းက ၎င်းပိုင်ဆိုင်တဲ့နယ်မြေတွေကို ဆုံးရှုံးနှင့်နေပြီးသားဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဥရောပခေါင်းဆောင်တွေနဲ့ အလွန်ကောင်းမွန်တဲ့ဆွေးနွေးမှုတစ်ခုလုပ်ဆောင်ခဲ့ ကြောင်း နဲ့ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး တူညီတဲ့သဘောထားတွေ ရရှိစေဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ ရုရှားသမ္မတပူတင်နဲ့ တိုက်ရိုက်စကားပြောဆိုမှုတွေကို မကြာသေးခင်ရက်ပိုင်းအတွင်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဒေါ်နယ်ထရမ့်အစိုးရဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ် အတွက် မူဘောင်တစ်ခုကို အဆိုပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ထဲမှာ ယူကရိန်းရဲ့နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့နဲ့ နယ်မြေအချို့ကို ရုရှားကိုပေးအပ်ဖို့ အစီအစဉ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

အပြန်အလှန်အနေနဲ့ ယူကရိန်းက အမျိုးအမည် ဖော်ပြထားတာမျိုးမရှိတဲ့လုံခြုံရေးအာမခံချက်တွေကို ရရှိမှာဖြစ် တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ရှင်းရှင်းပြောရမယ်ဆိုရင် ယူကရိန်းက နယ်မြေတွေ ဆုံးရှုံးနှင့် နေပြီးသားဆိုတာ သိသာပါတယ်။ ယူကရိန်းက နယ်မြေတွေကို ဆုံးရှုံးပြီးပြီမလို့ လုပ်သင့်တာကို ဆက်လုပ်ဖို့ပဲ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ရပြီးရင်လည်း ရုရှားနဲ့ယူကရိန်းကြား စစ်ပွဲပြန် မဖြစ်ပွားလာစေ မယ့် လုံခြုံရေးအာမခံချက်တွေကို ရရှိအောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက နယ္ေျမေတြကို ဆုံးရႈံးႏွင့္ေနၿပီးသားျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၇

ယူကရိန္းက ၎ပိုင္ဆိုင္တဲ့နယ္ေျမေတြကို ဆုံးရႈံးႏွင့္ေနၿပီးသားျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဥေရာပေခါင္းေဆာင္ေတြနဲ႔ အလြန္ေကာင္းမြန္တဲ့ေဆြးေႏြးမႈတစ္ခုလုပ္ေဆာင္ခဲ့ ေၾကာင္း နဲ႔ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး တူညီတဲ့သေဘာထားေတြ ရရွိေစဖို႔ ႀကိဳးပမ္းမႈရဲ႕ တစ္စိတ္ တစ္ပိုင္းအေနနဲ႔ ႐ုရွားသမၼတပူတင္နဲ႔ တိုက္႐ိုက္စကားေျပာဆိုမႈေတြကို မၾကာေသးခင္ရက္ပိုင္းအတြင္း လုပ္ေဆာင္ခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လတုန္းက ေဒၚနယ္ထရမ့္အစိုးရဟာ ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔ရည္႐ြယ္တဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ အတြက္ မူေဘာင္တစ္ခုကို အဆိုျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္အဆိုျပဳခဲ့တဲ့ ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္ထဲမွာ ယူကရိန္းရဲ႕ေနတိုးအဖြဲ႕ဝင္ျဖစ္လာဖို႔ ရည္မွန္းခ်က္ေတြကို စြန႔္လႊတ္ဖို႔နဲ႔ နယ္ေျမအခ်ိဳ႕ကို ႐ုရွားကိုေပးအပ္ဖို႔ အစီအစဥ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။

အျပန္အလွန္အေနနဲ႔ ယူကရိန္းက အမ်ိဳးအမည္ ေဖာ္ျပထားတာမ်ိဳးမရွိတဲ့လုံၿခဳံေရးအာမခံခ်က္ေတြကို ရရွိမွာျဖစ္ တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ရွင္းရွင္းေျပာရမယ္ဆိုရင္ ယူကရိန္းက နယ္ေျမေတြ ဆုံးရႈံးႏွင့္ ေနၿပီးသားဆိုတာ သိသာပါတယ္။ ယူကရိန္းက နယ္ေျမေတြကို ဆုံးရႈံးၿပီးၿပီမလို႔ လုပ္သင့္တာကို ဆက္လုပ္ဖို႔ပဲ လိုအပ္ပါတယ္။ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရၿပီးရင္လည္း ႐ုရွားနဲ႔ယူကရိန္းၾကား စစ္ပြဲျပန္ မျဖစ္ပြားလာေစ မယ့္ လုံၿခဳံေရးအာမခံခ်က္ေတြကို ရရွိေအာင္ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.