လေပိုင်နက်အနီးကို ချဉ်းကပ်လာတဲ့ အမျိုးအမည်မသိဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ တူရကီစစ်ဘက်ပြော

92

Pika (NP News) - ဒီဇင်ဘာ ၁၇
ပင်လယ်နက်အတွင်းမှာရှိတဲ့၎င်းရဲ့လေပိုင်နက်အနီးကို ချဉ်းကပ်လာတဲ့ အမျိုးအမည်မသိဒရုန်းတစ်စင်းကို တူရကီအစိုးရက ပစ်ချခဲ့တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
တူရကီပိုင် ကုန်တင်သင်္ဘောသုံးစီးကို ပျက်စီးစေခဲ့တဲ့ယူကရိန်းဆိပ်ကမ်းတွေကို ရုရှားရဲ့တိုက်ခိုက်မှုတွေအပြီး ပင်လယ်နက်မှာ တင်းမာမှုအရှိန်မြင့်တက်လာတာကို တူရကီအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာ သတိပေးခဲ့ပြီး နောက် ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တူရကီနဲ့နေတိုးအဖွဲ့ရဲ့ F-16 တိုက်လေယာဉ်တွေဟာ ဒရုန်းတစ်စင်းကို ခြေရာခံတွေ့ရှိခဲ့ပြီးနောက် တူရကီလေပိုင်နက် လုံခြုံတယ်ဆိုတာကို သေချာစေဖို့အတွက် ပစ်ချမှု တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမျိုးအမည်မသိတဲ့ဒရုန်းကို ဘေးကင်းတဲ့ဧရိယာအရောက်မှာ ပစ်ချခဲ့တာဖြစ်တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒရုန်းအမျိုးအစား ဒါမှမဟုတ် ဘယ်နိုင်ငံကပိုင်တဲ့ ဒရုန်းဖြစ်တယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကို တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေလပိုင္နက္အနီးကို ခ်ဥ္းကပ္လာတဲ့ အမ်ိဳးအမည္မသိဒ႐ုန္းတစ္စင္းကို ပစ္ခ်ခဲ့တယ္လို႔ တူရကီစစ္ဘက္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၇
ပင္လယ္နက္အတြင္းမွာရွိတဲ့၎ရဲ႕ေလပိုင္နက္အနီးကို ခ်ဥ္းကပ္လာတဲ့ အမ်ိဳးအမည္မသိဒ႐ုန္းတစ္စင္းကို တူရကီအစိုးရက ပစ္ခ်ခဲ့တယ္လို႔ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
တူရကီပိုင္ ကုန္တင္သေဘၤာသုံးစီးကို ပ်က္စီးေစခဲ့တဲ့ယူကရိန္းဆိပ္ကမ္းေတြကို ႐ုရွားရဲ႕တိုက္ခိုက္မႈေတြအၿပီး ပင္လယ္နက္မွာ တင္းမာမႈအရွိန္ျမင့္တက္လာတာကို တူရကီအစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္မွာ သတိေပးခဲ့ၿပီး ေနာက္ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ တူရကီနဲ႔ေနတိုးအဖြဲ႕ရဲ႕ F-16 တိုက္ေလယာဥ္ေတြဟာ ဒ႐ုန္းတစ္စင္းကို ေျခရာခံေတြ႕ရွိခဲ့ၿပီးေနာက္ တူရကီေလပိုင္နက္ လုံၿခဳံတယ္ဆိုတာကို ေသခ်ာေစဖို႔အတြက္ ပစ္ခ်မႈ ေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အမ်ိဳးအမည္မသိတဲ့ဒ႐ုန္းကို ေဘးကင္းတဲ့ဧရိယာအေရာက္မွာ ပစ္ခ်ခဲ့တာျဖစ္တယ္လို႔ တူရကီ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒ႐ုန္းအမ်ိဳးအစား ဒါမွမဟုတ္ ဘယ္ႏိုင္ငံကပိုင္တဲ့ ဒ႐ုန္းျဖစ္တယ္ဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။