ဟုမ္မလင်းမြို့တွင် တစ်အိမ်ထောင်လျှင် တစ်လမီတာခ ကျပ်(၁၀)သိန်းဝန်းကျင်အထိ ကျသင့်နေ

475

သန့်ဇင် (NP News) - ဒီဇင်ဘာလ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် တစ်အိမ်ထောင်လျှင် လက်ရှိကာလအခြေအနေအရ တစ်လလျှင် မီတာခကျပ် (၁၀) သိန်းဝန်းကျင်အထိ ကျသင့်နေကြောင်း ဒေသခံများက NP News သို့ပြောသည်။
ဟုမ္မလင်းမြို့သည် အိမ်ခြေ(၄ဝဝဝ)ခန့်ရှိ သည့် မြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့ကို ပုဂ္ဂလိက ဓာတ် အားပေးစနစ်အဖြစ် ဖိုးသီးချိုကုမ္ပဏီက လျှပ်စစ်ဓာတ် အားပေးလျက်ရှိကြောင်း သိရသည်။
" ဒီဇယ်နဲ့မောင်းရတာမို့ ဆီဈေးတက်ရင် မီတာခ တက်ပါတယ်။ မီတာခက (၁၀) လပိုင်းဘေလ် (၁၁) လမှာဆောင်တာ (၁) ယူနစ် (၄၀ဝဝ) ကျော်ပါ၊ အခုက (၁) ယူနစ် (၄၅၈၀)ပါ။ ဒီဇယ်ဆီဈေးပေါ်မူ တည်ပြီး အတက်အကျရှိပါတယ်။ ရေအားလျှပ်စစ်နဲ့ ဒီဇယ်မောင်းနဲ့တအားကွာပါတယ်။ ဟုမ္မလင်းမြို့ ပေါ်မှာ စက်ရုံအလုပ်ရုံမရှိဘူး၊ ရှိတဲ့တွင်ခုံတို့ကလည်း သူ့စက်နဲ့သူမောင်းကြတယ်။ (၃) သိန်း (၄) သိန်းဝန်းကျင်ပါ။ အဲယားကွန်းသုံးရင် (၇) သိန်းနဲ့ (၁၀) သိန်းဝန်းကျင်ပါ"ဟု ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။
ဖိုးသီးချိုကုမ္ပဏီက ဟုမ္မလင်းမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဝေရာတွင် ဒီဇယ်စက်ကြီး များဖြင့် ဖြန့်ဝေရသည့်အတွက် လက်ရှိ ဒေသတွင်း စက်သုံးဆီပေါက်ဈေးအရ မီတာခများလည်းမြင့် တက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
" အခုဒီဇယ်ဈေးက တစ်ပေပါကို သိန်း (၃၀)လောက်ရှိနေတယ်။ (၂၈) သိန်း၊ (၂၉) သိန်းက နေ သိန်း (၃၀)လောက်အထိဖြစ်နေတယ်။ ဓာတ်ဆီ ကသူ့ထက်ဈေးနည်းနည်းပိုမြင့်နေတယ်။ သူ့ရဲ့ လမ်းကြောင်းက ကုန်းကြောင်းလည်းပိတ်ထားတယ်။ ရေကြောင်းလည်းပိတ်ထားတယ်။ အခုဗန်းမောက်ကနေတစ်ခါတလေလှည့်ဝင်တယ်။ အခုက ဗန်း မောက်မှာ PDF တွေနဲ့ တိုက်ပွဲခဏခဏဖြစ်နေတော့ လမ်းကြောင်းမပွင့်ဘူးပေါ့နော်။ အခု အိန္ဒိယက ဝင်တဲ့ဆီတွေကလည်း အပိတ်ခံထားရတဲ့အတွက် ဟုမ္မလင်းကကျပ်တည်းသွားတဲ့ အနေအထား ဖြစ်တာပေါ့"ဟု ဒေသခံအမျိုးသားက ပြောသည်။
လက်ရှိရန်ကုန်မြို့တွင် အလယ်အလတ် တန်းအိမ်သုံးမီတာခသည် လျှပ်စစ်ပစ္စည်းသုံးပစ္စည်းများစွာအသုံးပြုသည့်ကြားမှ တစ်လလျှင် ကျပ် (၁၀ဝဝဝ)ဝန်းကျင်သာ ကုန်ကျကြောင်း ရန်ကုန်မြို့ နေ ဒေသခံတစ်ဦးက ဆိုသည်။
" အရင်က (၂၅၀ဝ)ကျတယ်။ အဲဒီနောက် (၃၀ဝဝ)ကျော်။ (၄၀ဝဝ)ကျော်ကနေ (၉၀ဝဝ)ကျော်အထိ ဖြစ်သွားတာ။ အခုနောက်ပိုင်း (၁၀ဝဝဝ)နီးပါးဖြစ်သွားပြီ"ဟု ၎င်းကပြောသည်။
သို့သော် ဟုမ္မလင်းမြို့သည် အထက်ပါကဲ့ သို့ မီတာခအဆမတန်မြင့်တက်ခြင်းနှင့် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းတို့ကြောင့် အခက်အခဲများစွာ ဖြစ်ပေါ် နေကြောင်း ဟုမ္မလင်းမြို့ခံက ဆိုသည်။
ဟုမ္မလင်းမြို့နယ်အတွက် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့်တည်ဆောက်နေသော နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းရှိသော်လည်း ယင်းစီမံ ကိန်း တည်ဆောက်ရန် နယ်မြေအခက်ခဲများကြောင့် လာမည့် (၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ်တွင်သာ ပြီးစီး မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ဟုမၼလင္းၿမိဳ႕တြင္ တစ္အိမ္ေထာင္လွ်င္ တစ္လမီတာခ က်ပ္(၁၀)သိန္းဝန္းက်င္အထိ က်သင့္ေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာလ ၁၇
စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕တြင္ တစ္အိမ္ေထာင္လွ်င္ လက္ရွိကာလအေျခအေနအရ တစ္လလွ်င္ မီတာခက်ပ္ (၁၀) သိန္းဝန္းက်င္အထိ က်သင့္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ဟုမၼလင္းၿမိဳ႕သည္ အိမ္ေျခ(၄ဝဝဝ)ခန႔္ရွိ သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ယင္းၿမိဳ႕ကို ပုဂၢလိက ဓာတ္ အားေပးစနစ္အျဖစ္ ဖိုးသီးခ်ိဳကုမၸဏီက လွ်ပ္စစ္ဓာတ္ အားေပးလ်က္ရွိေၾကာင္း သိရသည္။
" ဒီဇယ္နဲ႔ေမာင္းရတာမို႔ ဆီေဈးတက္ရင္ မီတာခ တက္ပါတယ္။ မီတာခက (၁၀) လပိုင္းေဘလ္ (၁၁) လမွာေဆာင္တာ (၁) ယူနစ္ (၄၀ဝဝ) ေက်ာ္ပါ၊ အခုက (၁) ယူနစ္ (၄၅၈၀)ပါ။ ဒီဇယ္ဆီေဈးေပၚမူ တည္ၿပီး အတက္အက်ရွိပါတယ္။ ေရအားလွ်ပ္စစ္နဲ႔ ဒီဇယ္ေမာင္းနဲ႔တအားကြာပါတယ္။ ဟုမၼလင္းၿမိဳ႕ ေပၚမွာ စက္႐ုံအလုပ္႐ုံမရွိဘူး၊ ရွိတဲ့တြင္ခုံတို႔ကလည္း သူ႔စက္နဲ႔သူေမာင္းၾကတယ္။ (၃) သိန္း (၄) သိန္းဝန္းက်င္ပါ။ အဲယားကြန္းသုံးရင္ (၇) သိန္းနဲ႔ (၁၀) သိန္းဝန္းက်င္ပါ"ဟု ေဒသခံအမ်ိဳးသားတစ္ဦး က ေျပာသည္။
ဖိုးသီးခ်ိဳကုမၸဏီက ဟုမၼလင္းၿမိဳ႕ကို လွ်ပ္စစ္ဓာတ္အားျဖန႔္ေဝရာတြင္ ဒီဇယ္စက္ႀကီး မ်ားျဖင့္ ျဖန႔္ေဝရသည့္အတြက္ လက္ရွိ ေဒသတြင္း စက္သုံးဆီေပါက္ေဈးအရ မီတာခမ်ားလည္းျမင့္ တက္ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
" အခုဒီဇယ္ေဈးက တစ္ေပပါကို သိန္း (၃၀)ေလာက္ရွိေနတယ္။ (၂၈) သိန္း၊ (၂၉) သိန္းက ေန သိန္း (၃၀)ေလာက္အထိျဖစ္ေနတယ္။ ဓာတ္ဆီ ကသူ႔ထက္ေဈးနည္းနည္းပိုျမင့္ေနတယ္။ သူ႔ရဲ႕ လမ္းေၾကာင္းက ကုန္းေၾကာင္းလည္းပိတ္ထားတယ္။ ေရေၾကာင္းလည္းပိတ္ထားတယ္။ အခုဗန္းေမာက္ကေနတစ္ခါတေလလွည့္ဝင္တယ္။ အခုက ဗန္း ေမာက္မွာ PDF ေတြနဲ႔ တိုက္ပြဲခဏခဏျဖစ္ေနေတာ့ လမ္းေၾကာင္းမပြင့္ဘူးေပါ့ေနာ္။ အခု အိႏၵိယက ဝင္တဲ့ဆီေတြကလည္း အပိတ္ခံထားရတဲ့အတြက္ ဟုမၼလင္းကက်ပ္တည္းသြားတဲ့ အေနအထား ျဖစ္တာေပါ့"ဟု ေဒသခံအမ်ိဳးသားက ေျပာသည္။
လက္ရွိရန္ကုန္ၿမိဳ႕တြင္ အလယ္အလတ္ တန္းအိမ္သုံးမီတာခသည္ လွ်ပ္စစ္ပစၥည္းသုံးပစၥည္းမ်ားစြာအသုံးျပဳသည့္ၾကားမွ တစ္လလွ်င္ က်ပ္ (၁၀ဝဝဝ)ဝန္းက်င္သာ ကုန္က်ေၾကာင္း ရန္ကုန္ၿမိဳ႕ ေန ေဒသခံတစ္ဦးက ဆိုသည္။
" အရင္က (၂၅၀ဝ)က်တယ္။ အဲဒီေနာက္ (၃၀ဝဝ)ေက်ာ္။ (၄၀ဝဝ)ေက်ာ္ကေန (၉၀ဝဝ)ေက်ာ္အထိ ျဖစ္သြားတာ။ အခုေနာက္ပိုင္း (၁၀ဝဝဝ)နီးပါးျဖစ္သြားၿပီ"ဟု ၎ကေျပာသည္။
သို႔ေသာ္ ဟုမၼလင္းၿမိဳ႕သည္ အထက္ပါကဲ့ သို႔ မီတာခအဆမတန္ျမင့္တက္ျခင္းႏွင့္ လွ်ပ္စစ္မီး ပုံမွန္မရရွိျခင္းတို႔ေၾကာင့္ အခက္အခဲမ်ားစြာ ျဖစ္ေပၚ ေနေၾကာင္း ဟုမၼလင္းၿမိဳ႕ခံက ဆိုသည္။
ဟုမၼလင္းၿမိဳ႕နယ္အတြက္ တိုင္းေဒသႀကီး အစိုးရရန္ပုံေငြျဖင့္တည္ေဆာက္ေနေသာ နမ့္ပင ေရအားလွ်ပ္စစ္စီမံကိန္းရွိေသာ္လည္း ယင္းစီမံ ကိန္း တည္ေဆာက္ရန္ နယ္ေျမအခက္ခဲမ်ားေၾကာင့္ လာမည့္ (၂၀၂၆-၂၀၂၇)ဘ႑ာႏွစ္တြင္သာ ၿပီးစီး မည္ျဖစ္ေၾကာင္းသိရသည္။