လူရွှင်တော် သရုပ်ဆောင် ညောင်ညောင် (အသက် ၆၂ နှစ်) ကွယ်လွန်

 519

NP News - ဒီဇင်ဘာ ၁၇

ရုပ်ရှင်နှင့်ဗွီဒီယို ဟာသရုပ်ဆောင် ညောင်ညောင်သည် ယနေ့ ဒီဇင်ဘာလ(၁၇) ရက် ည ၇ နာရီ ၁ဝ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ OSC ဆေးရုံတွင် အသည်းရောဂါဖြင့် ကွယ်လွန်ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။
လူရွှင်တော်ညောင်ညောင် ကွယ်လွန်ဆုံးပါးသွားပြီဖြစ်ကြောင်းကို ၄င်း၏ သူငယ်ချင်းဖြစ်သူ အကယ်ဒမီလွင်မိုးက Lwin Moe ဖေ့ဘွတ်အကောင့်တွင် အတည်ပြုဖော််ပြခဲ့သည်။
"ကိုညီရေ... ဒီတခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတကွေ့..ပြန်တွေ့ကြရအောင်ဗျာ" ဟု ညောင်ညောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်းမှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ညောင်ညောင်သည် ၂ဝ၁၉ ခုနှစ်ကတည်းက အသည်းခြောက်ရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရဖူးပြီး၊ ဦးခေါင်းကွဲအက်ခဲ့မှုဒဏ်ကြောင့်လည်း ဆေးရုံတွင် ခုနှစ်လကျော်ကြာ မှတ်ဥာဏ်ချို့ယွင်းမှုဖြစ်ပွားခဲ့ဖူးသည်။
စိုးရိမ်ရသည့် ကျန်းမာရေးအခြေအနေများကြောင့်လည်း ၄င်း ကွယ်လွန်ဆုံးပါးသွားပြီဖြစ်ကြောင်း သတင်းမှားများ ထွက်ပေါ်ခဲ့ဖူးသည်။

၂ဝ၂၅ ခုနှစ် နိုဝင်ဘာလတွင် ညောင်ညောင်က ၄င်းကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း နှင့် အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း ပရိသတ်တွေကို ကိုယ်တိုင်အသိပေးပြောကြားမှု ရှိခဲ့ပေမယ့် ယခု ဒီဇင်ဘာလ ပထမပတ်တွင် ၄င်း၏ နာရေးသတင်းကို ကြားသိခဲ့ရခြင်းဖြစ်သည်။

၄င်းကွယ်လွန်မှုသတင်း ကြားသိရမှုအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အနုပညာအသိုင်းအဝိုင်းမှရေးသားဖော်ပြခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။

Zawgyi Version:
လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ေညာင္ေညာင္ (အသက္ ၆၂ ႏွစ္) ကြယ္လြန္
NP News - ဒီဇင္ဘာ ၁၇

႐ုပ္ရွင္ႏွင့္ဗြီဒီယို ဟာသ႐ုပ္ေဆာင္ ေညာင္ေညာင္သည္ ယေန႔ ဒီဇင္ဘာလ(၁၇) ရက္ ည ၇ နာရီ ၁ဝ မိနစ္အခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ OSC ေဆး႐ုံတြင္ အသည္းေရာဂါျဖင့္ ကြယ္လြန္ဆုံးပါးသြားခဲ့ျခင္းျဖစ္သည္။
လူ႐ႊင္ေတာ္ေညာင္ေညာင္ ကြယ္လြန္ဆုံးပါးသြားၿပီျဖစ္ေၾကာင္းကို ၄င္း၏ သူငယ္ခ်င္းျဖစ္သူ အကယ္ဒမီလြင္မိုးက Lwin Moe ေဖ့ဘြတ္အေကာင့္တြင္ အတည္ျပဳေဖာ္္ျပခဲ့သည္။
"ကိုညီေရ... ဒီတခါေတာ့ တကယ္ႏႈတ္ဆက္သြားၿပီေပါ့။ သံသရာတေကြ႕..ျပန္ေတြ႕ၾကရေအာင္ဗ်ာ" ဟု ေညာင္ေညာင္ ကြယ္လြန္မႈအေပၚ ဝမ္းနည္းေၾကာင္းမွတ္တမ္းတင္ခဲ့ျခင္းျဖစ္သည္။
ေညာင္ေညာင္သည္ ၂ဝ၁၉ ခုႏွစ္ကတည္းက အသည္းေျခာက္ေရာဂါေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ရဖူးၿပီး၊ ဦးေခါင္းကြဲအက္ခဲ့မႈဒဏ္ေၾကာင့္လည္း ေဆး႐ုံတြင္ ခုႏွစ္လေက်ာ္ၾကာ မွတ္ဥာဏ္ခ်ိဳ႕ယြင္းမႈျဖစ္ပြားခဲ့ဖူးသည္။
စိုးရိမ္ရသည့္ က်န္းမာေရးအေျခအေနမ်ားေၾကာင့္လည္း ၄င္း ကြယ္လြန္ဆုံးပါးသြားၿပီျဖစ္ေၾကာင္း သတင္းမွားမ်ား ထြက္ေပၚခဲ့ဖူးသည္။

၂ဝ၂၅ ခုႏွစ္ ႏိုဝင္ဘာလတြင္ ေညာင္ေညာင္က ၄င္းက်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း ႏွင့္ အႏုပညာအလုပ္မ်ားကို ျပန္လည္လုပ္ကိုင္လ်က္ရွိေၾကာင္း ပရိသတ္ေတြကို ကိုယ္တိုင္အသိေပးေျပာၾကားမႈ ရွိခဲ့ေပမယ့္ ယခု ဒီဇင္ဘာလ ပထမပတ္တြင္ ၄င္း၏ နာေရးသတင္းကို ၾကားသိခဲ့ရျခင္းျဖစ္သည္။

၄င္းကြယ္လြန္မႈသတင္း ၾကားသိရမႈအေပၚ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္း အႏုပညာအသိုင္းအဝိုင္းမွေရးသားေဖာ္ျပခဲ့ၾကသည္ကိုလည္း ေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.