တရုတ်က အမေရိကန်၏ စစ်အေးခေတ်မဟာဗျူဟာကို မည်သို့ ရယူသွားသနည်း

773

သန်းထိုက်စိုး (NP News) - ဒီဇင်ဘာလ ၁၈
သမိုင်းဆိုသည်မှာ သံသရာလည်တတ်သောသ ဘောရှိသော်လည်း ယနေ့ ကျွန်တော်တို့မြင်တွေ့နေ ရသည့်ဖြစ်စဉ်မျိုးမဟုတ်တော့ဘဲ လုံးဝဥဿုံ ပြောင်း ပြန်ဖြစ်သွားပြီး ခနဲ့တဲ့တဲ့နိုင်လှသည့်အခြေအနေမျိုး ကိုကြုံခဲ့ရပါသည်။ အမေရိကန်နှင့်တရုတ်တို့သည် စစ်အေးတိုက်ပွဲသစ်(New Cold War)တစ်ခုကို စတင်နေပြီဟု မကြာခဏကြားနေရသည်။
အမေရိကန်အစိုးရ၏ယူဆချက်မှာ ယခုစစ်ပွဲ သည် ပြီးခဲ့သည့်စစ်အေးတိုက်ပွဲအတိုင်း ပုံစံတူဖြစ် သွားလိမ့်မည်ဟူ၍ဖြစ်သည်။ အမေရိကန်က လွတ် လပ်၍ပျော့ပျောင်းကာ တက်ကြွသော ကမ္ဘာ့ခေါင်း ဆောင်နေရာမှပါဝင်မည်ဖြစ်ပြီး တရုတ်ကမူ တင်းမာ ၍ အယူဝါဒစွဲကြီးသော၊ မိမိတို့၏ဆန့်ကျင်ဘက်သ ဘောတရားများအောက်တွင်ပြိုလဲမည့် ဆိုဗီယက်ယူနီ ယံ (Soviet Union) နေရာမှ ပါဝင်လိမ့်မည်ဟု တွက် ဆထားကြသည်။
သို့သော် ထိုအခန်းကဏ္ဍများ ပြောင်းပြန်ဖြစ်နေ ပြီဟုပြောလျှင် စာဖတ်သူ မည်သို့ဆိုမည်နည်း။ ယခု ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွင် တရုတ်သည် (၁၉၅၀)ပြည့်လွန်နှစ်များက အမေရိကန်ကဲ့သို့ အကျိုးအမြတ် ကိုရှေးရှုသော(Rational)၊ လက်တွေ့ကျသော (Pragmatic) ၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ် ရေးနှင့် မဟာမိတ်ဖွဲ့ခြင်းကို အာရုံစိုက်သောနိုင်ငံအ ဖြစ်ပြုမူနေသည်ဟုပြောလျှင်ကော၊ တစ်ဖက်တွင် လည်း အမေရိကန်သည် (၁၉၈၀)ပြည့်လွန်နှစ်များက ဆိုဗီယက်ယူနီယံကဲ့သို့ တင်းမာခက်ထန်သော၊ အယူ ဝါဒကို ရှေ့တန်းတင်လွန်းသော၊ စစ်ရေးအရ အလွန် အကျွံဖြန့်ကြက်ထားပြီး ယိုယွင်းနေသော ပြည်တွင်းစ နစ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိတော့သည့်နိုင်ငံ အဖြစ် ပြုမူနေသည်ဟုပြောလျှင်ကော။ အဆိုပါအ ချက်များကို "Has China Won"(တရုတ်ကနိုင်သွား ပြီလား)စာအုပ်တွင်ဆွေးနွေးထားပြီး အမေရိကန် မဟာဗျူဟာသမားများ အိပ်မပျော်နိုင်အောင် တွေး တောသင့်သည့်အချက်လည်းပါဝင်သည်။
ယခင်စစ်အေးတိုက်ပွဲကာလက အမေရိကန် သည် ပျော့ပျောင်းပြောင်းလဲနိုင်စွမ်းရှိသည့် အင်အား ကြီးနိုင်ငံဖြစ်ခဲ့သည်။ ဗီယက်နမ်စစ်ပွဲတွင်ကျရှုံးသော အခါ အရှုံးခံကာတပ်ဆုတ်ခဲ့သည်။ IMF ၊ ကမ္ဘာ့ဘဏ် နှင့် ကုလသမဂ္ဂ(UN)ကဲ့သို့သော နိုင်ငံတကာအဖွဲ့အ စည်းများကိုတည်ထောင်ပြီး ကမ္ဘာ့နိုင်ငံများကိုဖိတ်ခေါ် ခဲ့သည်။
မိမိ ပြည်တွင်းအင်အားတောင့်တင်းရေးကို အာ ရုံစိုက်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ဆိုဗီယက်ယူနီ ယံသည် အယူဝါဒစွဲကြီးလွန်းခဲ့သည်။ ကျရှုံးနေသော ဝါဒကိုဖက်တွယ်ထားပြီး အာဖဂန်နစ္စတန်ကဲ့သို့ စစ် ရေးစွန့်စားမှုများတွင် ဘဏ္ဍာငွေများ မွဲပြာကျသည်အ ထိသုံးစွဲခဲ့သည်။ မိမိမတတ်နိုင်တော့သော ကမ္ဘာ့အင် ပါယာကြီးကိုထောက်ပံ့ရန်အတွက် မိမိပြည်သူလူထု ၏လိုအပ်ချက်များကို လျစ်လျူရှုခဲ့သည်။
ယနေ့ခေတ် တရုတ်နှင့်အမေရိကန်တို့၏ အပြု အမူကိုသေချာကြည့်လျှင် အံ့ဩဖွယ်ရာ ပြောင်းပြန် ဖြစ်စဉ်ကိုတွေ့ရပါလိမ့်မည်။ တရုတ်က အမေရိကန် အနိုင်ရခဲ့ဖူးသောနည်းလမ်းဟောင်း(Playbook)ကို ရယူသွားခဲ့ပြီး အမေရိကန်ကမူ ဝမ်းနည်းဖွယ်ကောင်း စွာပင် ဆိုဗီယက်တို့ရှုံးနိမ့်ခဲ့သောမဟာဗျူဟာကို ကျင့် သုံးနေပါသည်။
အဆိုပါမဟာဗျူဟာနှင့်ပတ်သက်၍ ရှုထောင့် (၃)ခုကိုတင်ပြလိုပါသည်။ ယင်းတို့မှာ အယူဝါဒရေး ရာထောင်ချောက်(The Ideological Trap)၊ စစ် ရေးအရ မိမိကိုယ်ကိုယ်သတ်သေခြင်း(The Military Suicide)နှင့် သံတမန်ရေးရာပြိုလဲမှု (The Diplo matic Collapse) တို့ ဖြစ်ကြပါသည်။
အတွေးအခေါ်ပိုင်းဆိုင်ရာ
ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွင် အရေးအကြီးဆုံး လက်နက်မှာ ဒုံးကျည်များ၊ လေယာဉ်တင်သင်္ဘောများ မဟုတ်ဘဲ ရှင်းလင်းပြတ်သားသော မဟာဗျူဟာသာ ဖြစ်သည်။ စစ်အေးတိုက်ပွဲတွင် အမေရိကန်ကိုအောင် ပွဲရစေခဲ့သူမှာ George Kennan ဖြစ်သည်။ သူသည် ဉာဏ်ပညာကြီးမားသူဖြစ်ပြီး သူ၏ နာမည်ကျော် " Containment Strategy"(ထိန်းချုပ်ဟန့်တားရေး မဟာဗျူဟာ)တွင် အမေရိကန်နိုင်ချင်လျှင် မိမိ၏ " စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းမှု" (Spiritual Vitality)ကိုထိန်းသိမ်းထားရမည်ဟု သတိပေးခဲ့ သည်။
ပြည်တွင်းပြဿနာများကို အောင်မြင်စွာဖြေရှင်း နိုင်ကြောင်း ကမ္ဘာကိုပြသရမည်ဟုဆိုခဲ့သည်။ တင်း မာခက်ထန်မသွားရန်လည်းသတိပေးခဲ့သည်။ စစ် အေးခေတ်က အမေရိကန်သည် လက်တွေ့ကျခဲ့ သည်။ ဆိုဗီယက်ကိုထိန်းညှိရန်အတွက် ဒီမိုကရေစီ နိုင်ငံ၊ အာဏာရှင်နိုင်ငံ၊ ဘုရင်စနစ်နှင့် (၁၉၇၂) ခုနှစ် တွင် ကွန်မြူနစ်တရုတ်နှင့်ပင် မဟာမိတ်ဖွဲ့ခဲ့သည်။ အယူဝါဒထက် ရလဒ်ကိုဦးစားပေးခဲ့သည်။ သို့သော် ယနေ့ ဝါရှင်တန်ကိုကြည့်ပါ။ " ဒီမိုကရေစီနှင့် အာ ဏာရှင်စနစ်}ဟူသော ဒွိစုံတိုက်ပွဲ(Binary stru- ggle)ခေါင်းစဉ်အောက်တွင်ပိတ်မိနေသည်။ ကြား ကောင်းသော်လည်း လက်တွေ့တွင်မူ ယင်းသည် ချုပ်အင်္ကျီ (Straitjacket) ဝတ်ထားသကဲ့သို့ ဖြစ်နေ သည်။ ကမ္ဘာကြီးကို "အကောင်းနှင့်အဆိုး"ဟုခွဲခြား လိုက်ခြင်းဖြင့် အမေရိကန်၏စံနှုန်းများနှင့်မကိုက်ညီ သော အနောက်နိုင်ငံမဟုတ်သည့် ကမ္ဘာ့လူဦးရေ (၈၈%)နှင့် လက်တွေ့ကျကျဆက်ဆံနိုင်စွမ်းကို ပိတ် ပင်လိုက်သကဲ့သို့ဖြစ်နေသည်။
တရုတ်သည် အလွန်လက်တွေ့ကျသော လမ်း စဉ်ကိုလိုက်နေသည်။ တရုတ်ကွန်မြူနစ်ပါတီဟု အမည်ခံထားသော်လည်း တော်လှန်ရေးအယူဝါဒ များကို ဖြန့်ချိနေခြင်းမရှိပါ။ ဆိုဗီယက်တို့က ကမ္ဘာ ကြီးကို ကွန်မြူနစ်ဖြစ်စေချင်ခဲ့သဖြင့် အင်ဂိုလာ၊ နီ ကာရာဂွာနှင့် ဗီယက်နမ်တို့တွင် တော်လှန်ရေးများကို ဘီလျံနှင့်ချီ အကုန်ခံအားပေးခဲ့သည်။ တရုတ်က သင့်ကို ကွန်မြူနစ်ဖြစ်စေချင်သည်မဟုတ်ဘဲ၊ သင် နှင့် ကုန်သွယ်လိုခြင်းသာဖြစ်သည်။ တရုတ်ခေါင်း ဆောင်များ အာဖရိက သို့မဟုတ် လက်တင် အမေရိ ကသို့သွားသောအခါ အုပ်ချုပ်ရေးဆိုင်ရာlecturer များမပါလာပါ။ သူတို့နှင့်အတူ အင်ဂျင်နီယာများ၊ စာချုပ်စာတမ်းများသာပါလာပြီး " ဘာရောင်းမလဲ၊ ဘာဝယ်မလဲ၊ ဘာဆောက်ပေးရမလဲ"ဟူ၍သာမေး သည်။ (၁၉၅၀-၆၀) ဝန်းကျင်က အမေရိကန်လုပ်ခဲ့ သည်မှာ ယင်းအတိုင်းပင်ဖြစ်သည်။ ယနေ့တွင်မူ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို တရုတ်ကရှေ့ဆောင်နေပြီး အမေရိကန်ကမူ ကုန် သွယ်ရေးအကောက်ခွန်စည်းရိုးများ ကာရံခြင်း၊TPP (Trans-Pacific Partnership) ကဲ့သို့သော သဘော တူညီချက်များမှနုတ်ထွက်ခြင်းတို့ဖြင့် တံခါးပိတ်ဝါဒ ဘက်သို့ဦးလှည့်နေသည်။
ယင်းနေရာတွင် နက်နဲသော ခနဲ့တဲ့တဲ့နိုင်မှု (Irony)တစ်ခုရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို တီထွင်ခဲ့သော အမေရိကန်က အကြီးမားဆုံးသောကာ ကွယ်ရေးဝါဒီ (Protectionist) ဖြစ်လာပြီး ကွန်မြူနစ် တရုတ်က ကမ္ဘာ့ဈေးကွက်၏ အကြီးမားဆုံးသောကာ ကွယ်သူဖြစ်လာသည်။ အကြောင်းမှာ အမေရိကန် သည် ၎င်း၏ ပြည်တွင်းနိုင်ငံရေးကြောင့် လေဖြတ်နေ သကဲ့သို့ဖြစ်နေသောကြောင့်ဖြစ်သည်။ (၁၉၈၀)ပြည့် နှစ်များက ဆိုဗီယက်ခေါင်းဆောင်များသည် ၎င်းတို့၏ စစ်ရေးအသုံးစရိတ်များလွန်းခြင်း၊ စီးပွားရေးတုံ့ဆိုင်း နေခြင်းကိုသိသော်လည်း နိုင်ငံရေးအကျိုးစီးပွားအရှုပ် အထွေးများကြောင့် ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်ခဲ့ပါ။
ယနေ့ အမေရိကန် မဟာဗျူဟာသမားများသည် တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခြင်းက အမေရိ ကန်စားသုံးသူများကိုထိခိုက်စေကြောင်း၊ TPPမှ ထွက်လိုက်ခြင်းက အာရှတိုက်ကို တရုတ်လက်ထဲ ပန်းကန်ပြားဖြင့်ထိုးအပ်လိုက်သကဲ့သို့ဖြစ်ကြောင်း သိသော်လည်း လမ်းကြောင်းမပြောင်းနိုင်ကြပါ။ ဝါရှင် တန်၏ နိုင်ငံရေးကွဲပြားမှုများကြောင့် မည်သည့်ခေါင်း ဆောင်ကမှ " ငါမှားသွားတယ်" ဟု ဝန်မခံရဲကြပေ။ တရုတ်သည်မူ လိုအပ်လျှင် ချက်ချင်း ဂငယ်ကွေ့(U-turn)ကွေ့နိုင်သည်။ တိန့်ရှောင်ဖိန် (Deng Xiaoping) လက်ထက်က စီးပွားရေးကျရှုံးသောအခါ ကွန်မြူနစ်ပုံစံကိုမဖက်တွယ်ခဲ့ပါ။ "ကြောင်ဖြူကြောင် မည်း အရေးမကြီးဘူး၊ ကြွက်မိဖို့ကအဓိက" ဟုဆို ကာ ဈေးကွက်စီးပွားရေးကိုဖွင့်ပေးခဲ့သည်။ ယနေ့ ခေတ်တွင်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အကျပ်အ တည်းကိုရင်ဆိုင်ရသောအခါ စိမ်းလန်းသော စွမ်းအင် နည်းပညာ(Green energy)ဘက်သို့ အကြီးအကျယ် ဦးလှည့်ခဲ့သည်။
စစ်လက်နက်နှင့် စီးပွားရေး
ဆိုဗီယက်ယူနီယံပြိုကွဲရခြင်း၏ အဓိကအ ကြောင်းရင်းမှာ စစ်ရေးအသုံးစရိတ် လွန်ကဲခြင်းဖြစ် သည်။ မိမိထက် စီးပွားရေး များစွာကြီးမားသော အ မေရိကန်ကိုယှဉ်ပြိုင်ရန်ကြိုးစားရင်း လယ်ထွန်စက် အစား တင့်ကား၊ အသားငါးအစား ဒုံးကျည်ကို ဦးစား ပေးခဲ့သည်။ ယနေ့ခေတ်တွင် မည်သူက ထိုအချက် နှင့်ကိုက်ညီနေသနည်း။ အမေရိကန်သည် အရှေ့အ လယ်ပိုင်းတွင် နှစ်ပေါင်း(၂၀)နီးပါးစစ်တိုက်ခဲ့သည်။ Brown တက္ကသိုလ်၏လေ့လာချက်အရ (၉/၁၁) ဖြစ်စဉ်နောက်ပိုင်း အမေရိကန်သည် စစ်ပွဲများအ တွက် ဒေါ်လာ(၅)ထရီလျံခန့်သုံးစွဲခဲ့သည်။ ဤပမာ ဏသည် အမေရိကန်ကို ပိုမို အင်အားကြီးစေခဲ့သ လား။ မဟုတ်ပါ။ အီရတ်တွင် ဖရိုဖရဲဖြစ်မှု၊ အာဖဂန် နစ္စတန်တွင်ကျရှုံးမှုများကိုသာရရှိခဲ့သည်။ အမေရိ ကန်က သဲကန္တာရထဲတွင်စစ်တိုက်နေချိန်၌ တရုတ်က ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။
တရုတ်သည် ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့်ရထား လမ်းကွန်ရက် ကီလိုမီတာ(၄၀,ဝဝဝ)ကျော်ကိုတည် ဆောက်ခဲ့ပြီး၊ အမေရိကန်က သုည(Zero)သာ ဆောက်ခဲ့သည်။ နယူးယောက်လေဆိပ်မှ ပေကျင်း လေဆိပ်သို့ပျံသန်းကြည့်လျှင် တတိယကမ္ဘာမှ ပထမ ကမ္ဘာသို့သွားရသကဲ့သို့ခံစားရလိမ့်မည်။ အမေရိကန် အစိုးရသည် ကာကွယ်ရေးအတွက် နောက်ကပ်ပါ နိုင်ငံ(၁၀)နိုင်ငံပေါင်းထက် များသောပမာဏဖြစ် သည့် တစ်နှစ်လျှင် ဒေါ်လာ ဘီလျံ(၈၀ဝ)သုံးစွဲနေချိန် တွင်၊ အမေရိကန်ပြည်သူများမှာမူ ပျက်စီးနေသော လမ်းတံတားများကိုဖြတ်သန်းနေရသည်။
နျူကလီးယားကိစ္စကိုကြည့်ပါ။ အမေရိကန်တွင် နျူကလီးယားထိပ်ဖူး (၆,ဝဝဝ)ကျော်ရှိပြီး ယင်းတို့ကို ထိန်းသိမ်းရန် ဒေါ်လာ (၁)ထရီလျံသုံးစွဲနေသည်။ တရုတ်တွင်မူ ထိပ်ဖူး (၂၈၀) မှ (၃၀ဝ) ဝန်းကျင်သာရှိ သည်။ အဘယ်ကြောင့်နည်း။ တရုတ် မဟာဗျူဟာသ မားများသည် လက်တွေ့ကျသောကြောင့်ဖြစ်သည်။ ရန်သူကိုဟန့်တားရန် (၃၀ဝ)ဆိုလျှင်လုံလောက်ပြီဟု သူတို့သိသည်။ ပိုနေသောငွေများကို ဉာဏ်ရည်တု (AI)၊ Quanအပြင် Computing နှင့် ပညာရေး တွင် ရင်းနှီးမြှုပ်နှံသည်။
သံတမန်ရေးရာ
စစ်အေးခေတ်က အမေရိကန်သည် မဟာမိတ် ဖွဲ့ရာတွင် ဆရာတစ်ဆူဖြစ်ခဲ့ပြီး Peace Corps ကဲ့သို့ အစီအစဉ်များဖြင့် ကမ္ဘာကိုဆွဲဆောင်ခဲ့သည်။ ဆိုဗီ ယက်ကမူ ဟန်ဂေရီနှင့် ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်ခဲ့သော ဗိုလ်ကျသူ(Bully) ဖြစ်ခဲ့သည်။ ယနေ့တွင် အမေရိကန်သည် ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးပြုလာသည်။ အီရန်၊ ဗင်နီဇွဲ လား၊ ရုရှားနှင့် မိမိကိုသဘောမတူသူများကို တစ်ဖက် သတ်ပိတ်ဆို့မှုI(Sanctions)လုပ်သည်။ အမေရိကန် သံတမန်များသည် ကုလသမဂ္ဂတွင် နိုင်ငံငယ်များကို အကူအညီဖြတ်မည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ ယင်းမှာ ယုံကြည်မှုရှိသောခေါင်းဆောင်၏ အပြုအမူ မဟုတ်ဘဲ သံသယလွန်ကဲနေသောအင်ပါယာ(Paranoid empire)တစ်ခု၏အပြုအမူသာဖြစ်သည်။ တ ရုတ်သည်မူ "ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း" (BRI) မှတစ်ဆင့် နိုင်ငံရေးတရားဟောချက်များမပါဘဲ အ ခြေခံအဆောက်အအုံများကိုကမ်းလှမ်းသည်။ အနောက်မီဒီယာများက ယင်းကို "ကြွေးမြီထောင် ချောက်" (Debt Trap)ဟုခေါ်သော်လည်း အာဖရိက ခေါင်းဆောင်များကမူ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ခုတည်းသော ရွေးချယ်စရာလမ်းကြောင်းအဖြစ် ရှုမြင်ကြသည်။
အမေရိကန်က WHO နှင့် ပဲရစ်ရာသီဥတုသ ဘောတူညီချက်များမှနုတ်ထွက်နေချိန် (ယခင်အစိုးရ လက်ထက်)တွင် တရုတ်က ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဘတ်ဂျက်တွင် ဒုတိယအများဆုံးထည့် ဝင်သူဖြစ်လာသည်။ Global South ဟုခေါ်သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏မျက်လုံးထဲတွင် အမေရိကန်သည် စိတ်မချရသော၊ တစ်ကိုယ်ကောင်းဆန်သောနိုင်ငံအ ဖြစ်မြင်လာပြီး တရုတ်ကို တည်ငြိမ်ပြီး ရက်ရောသူအ ဖြစ်မြင်လာကြသည်။ အခြေအနေကဆိုးရွားသော် လည်း မျှော်လင့်ချက်မမဲ့သေးပါ။ အမေရိကန်သည် ကမ္ဘာပေါ်တွင် ဉာဏ်ပညာအကြီးဆုံး လူ့အဖွဲ့အစည်း၊ အကောင်းဆုံးတက္ကသိုလ်များနှင့် တီထွင် ဆန်းသစ်မှု ရှိနေဆဲဖြစ်သည်။ အမေရိကန်သည် ကမ္ဘာ့လူဦးရေ (၇)ဘီလျံထဲမှလူတော်များကို ဆွဲဆောင်နိုင်သော် လည်း တရုတ်သည် ၎င်း၏လူဦးရေ (၁.၄) ဘီလျံထဲ မှသာရှာဖွေနိုင်သည်။ ရေရှည်တွင် (၇)ဘီလျံက (၁.၄)ဘီလျံထက်သာသွားနိုင်သည်။

Zawgyi Version:
တ႐ုတ္က အေမရိကန္၏ စစ္ေအးေခတ္မဟာဗ်ဴဟာကို မည္သို႔ ရယူသြားသနည္း
သန္းထိုက္စိုး (NP News) - ဒီဇင္ဘာလ ၁၈
သမိုင္းဆိုသည္မွာ သံသရာလည္တတ္ေသာသ ေဘာရွိေသာ္လည္း ယေန႔ ကြၽန္ေတာ္တို႔ျမင္ေတြ႕ေန ရသည့္ျဖစ္စဥ္မ်ိဳးမဟုတ္ေတာ့ဘဲ လုံးဝဥႆုံ ေျပာင္း ျပန္ျဖစ္သြားၿပီး ခနဲ႔တဲ့တဲ့ႏိုင္လွသည့္အေျခအေနမ်ိဳး ကိုႀကဳံခဲ့ရပါသည္။ အေမရိကန္ႏွင့္တ႐ုတ္တို႔သည္ စစ္ေအးတိုက္ပြဲသစ္(New Cold War)တစ္ခုကို စတင္ေနၿပီဟု မၾကာခဏၾကားေနရသည္။
အေမရိကန္အစိုးရ၏ယူဆခ်က္မွာ ယခုစစ္ပြဲ သည္ ၿပီးခဲ့သည့္စစ္ေအးတိုက္ပြဲအတိုင္း ပုံစံတူျဖစ္ သြားလိမ့္မည္ဟူ၍ျဖစ္သည္။ အေမရိကန္က လြတ္ လပ္၍ေပ်ာ့ေပ်ာင္းကာ တက္ႂကြေသာ ကမာၻ႔ေခါင္း ေဆာင္ေနရာမွပါဝင္မည္ျဖစ္ၿပီး တ႐ုတ္ကမူ တင္းမာ ၍ အယူဝါဒစြဲႀကီးေသာ၊ မိမိတို႔၏ဆန႔္က်င္ဘက္သ ေဘာတရားမ်ားေအာက္တြင္ၿပိဳလဲမည့္ ဆိုဗီယက္ယူနီ ယံ (Soviet Union) ေနရာမွ ပါဝင္လိမ့္မည္ဟု တြက္ ဆထားၾကသည္။
သို႔ေသာ္ ထိုအခန္းက႑မ်ား ေျပာင္းျပန္ျဖစ္ေန ၿပီဟုေျပာလွ်င္ စာဖတ္သူ မည္သို႔ဆိုမည္နည္း။ ယခု ပထဝီႏိုင္ငံေရးၿပိဳင္ဆိုင္မႈတြင္ တ႐ုတ္သည္ (၁၉၅၀)ျပည့္လြန္ႏွစ္မ်ားက အေမရိကန္ကဲ့သို႔ အက်ိဳးအျမတ္ ကိုေရွးရႈေသာ(Rational)၊ လက္ေတြ႕က်ေသာ (Pragmatic) ၊ အေျခခံအေဆာက္အအုံ၊ ကုန္သြယ္ ေရးႏွင့္ မဟာမိတ္ဖြဲ႕ျခင္းကို အာ႐ုံစိုက္ေသာႏိုင္ငံအ ျဖစ္ျပဳမူေနသည္ဟုေျပာလွ်င္ေကာ၊ တစ္ဖက္တြင္ လည္း အေမရိကန္သည္ (၁၉၈၀)ျပည့္လြန္ႏွစ္မ်ားက ဆိုဗီယက္ယူနီယံကဲ့သို႔ တင္းမာခက္ထန္ေသာ၊ အယူ ဝါဒကို ေရွ႕တန္းတင္လြန္းေသာ၊ စစ္ေရးအရ အလြန္ အကြၽံျဖန႔္ၾကက္ထားၿပီး ယိုယြင္းေနေသာ ျပည္တြင္းစ နစ္ကို ျပဳျပင္ေျပာင္းလဲႏိုင္စြမ္းမရွိေတာ့သည့္ႏိုင္ငံ အျဖစ္ ျပဳမူေနသည္ဟုေျပာလွ်င္ေကာ။ အဆိုပါအ ခ်က္မ်ားကို "Has China Won"(တ႐ုတ္ကႏိုင္သြား ၿပီလား)စာအုပ္တြင္ေဆြးေႏြးထားၿပီး အေမရိကန္ မဟာဗ်ဴဟာသမားမ်ား အိပ္မေပ်ာ္ႏိုင္ေအာင္ ေတြး ေတာသင့္သည့္အခ်က္လည္းပါဝင္သည္။
ယခင္စစ္ေအးတိုက္ပြဲကာလက အေမရိကန္ သည္ ေပ်ာ့ေပ်ာင္းေျပာင္းလဲႏိုင္စြမ္းရွိသည့္ အင္အား ႀကီးႏိုင္ငံျဖစ္ခဲ့သည္။ ဗီယက္နမ္စစ္ပြဲတြင္က်ရႈံးေသာ အခါ အရႈံးခံကာတပ္ဆုတ္ခဲ့သည္။ IMF ၊ ကမာၻ႔ဘဏ္ ႏွင့္ ကုလသမဂၢ(UN)ကဲ့သို႔ေသာ ႏိုင္ငံတကာအဖြဲ႕အ စည္းမ်ားကိုတည္ေထာင္ၿပီး ကမာၻ႔ႏိုင္ငံမ်ားကိုဖိတ္ေခၚ ခဲ့သည္။
မိမိ ျပည္တြင္းအင္အားေတာင့္တင္းေရးကို အာ ႐ုံစိုက္ခဲ့သည္။ ဆန႔္က်င္ဘက္အားျဖင့္ ဆိုဗီယက္ယူနီ ယံသည္ အယူဝါဒစြဲႀကီးလြန္းခဲ့သည္။ က်ရႈံးေနေသာ ဝါဒကိုဖက္တြယ္ထားၿပီး အာဖဂန္နစၥတန္ကဲ့သို႔ စစ္ ေရးစြန႔္စားမႈမ်ားတြင္ ဘ႑ာေငြမ်ား မြဲျပာက်သည္အ ထိသုံးစြဲခဲ့သည္။ မိမိမတတ္ႏိုင္ေတာ့ေသာ ကမာၻ႔အင္ ပါယာႀကီးကိုေထာက္ပံ့ရန္အတြက္ မိမိျပည္သူလူထု ၏လိုအပ္ခ်က္မ်ားကို လ်စ္လ်ဴရႈခဲ့သည္။
ယေန႔ေခတ္ တ႐ုတ္ႏွင့္အေမရိကန္တို႔၏ အျပဳ အမူကိုေသခ်ာၾကည့္လွ်င္ အံ့ဩဖြယ္ရာ ေျပာင္းျပန္ ျဖစ္စဥ္ကိုေတြ႕ရပါလိမ့္မည္။ တ႐ုတ္က အေမရိကန္ အႏိုင္ရခဲ့ဖူးေသာနည္းလမ္းေဟာင္း(Playbook)ကို ရယူသြားခဲ့ၿပီး အေမရိကန္ကမူ ဝမ္းနည္းဖြယ္ေကာင္း စြာပင္ ဆိုဗီယက္တို႔ရႈံးနိမ့္ခဲ့ေသာမဟာဗ်ဴဟာကို က်င့္ သုံးေနပါသည္။
အဆိုပါမဟာဗ်ဴဟာႏွင့္ပတ္သက္၍ ရႈေထာင့္ (၃)ခုကိုတင္ျပလိုပါသည္။ ယင္းတို႔မွာ အယူဝါဒေရး ရာေထာင္ေခ်ာက္(The Ideological Trap)၊ စစ္ ေရးအရ မိမိကိုယ္ကိုယ္သတ္ေသျခင္း(The Military Suicide)ႏွင့္ သံတမန္ေရးရာၿပိဳလဲမႈ (The Diplo matic Collapse) တို႔ ျဖစ္ၾကပါသည္။
အေတြးအေခၚပိုင္းဆိုင္ရာ
ပထဝီႏိုင္ငံေရးၿပိဳင္ဆိုင္မႈတြင္ အေရးအႀကီးဆုံး လက္နက္မွာ ဒုံးက်ည္မ်ား၊ ေလယာဥ္တင္သေဘၤာမ်ား မဟုတ္ဘဲ ရွင္းလင္းျပတ္သားေသာ မဟာဗ်ဴဟာသာ ျဖစ္သည္။ စစ္ေအးတိုက္ပြဲတြင္ အေမရိကန္ကိုေအာင္ ပြဲရေစခဲ့သူမွာ George Kennan ျဖစ္သည္။ သူသည္ ဉာဏ္ပညာႀကီးမားသူျဖစ္ၿပီး သူ၏ နာမည္ေက်ာ္ " Containment Strategy"(ထိန္းခ်ဳပ္ဟန႔္တားေရး မဟာဗ်ဴဟာ)တြင္ အေမရိကန္ႏိုင္ခ်င္လွ်င္ မိမိ၏ " စိတ္ပိုင္းဆိုင္ရာ တက္ႂကြလန္းဆန္းမႈ" (Spiritual Vitality)ကိုထိန္းသိမ္းထားရမည္ဟု သတိေပးခဲ့ သည္။
ျပည္တြင္းျပႆနာမ်ားကို ေအာင္ျမင္စြာေျဖရွင္း ႏိုင္ေၾကာင္း ကမာၻကိုျပသရမည္ဟုဆိုခဲ့သည္။ တင္း မာခက္ထန္မသြားရန္လည္းသတိေပးခဲ့သည္။ စစ္ ေအးေခတ္က အေမရိကန္သည္ လက္ေတြ႕က်ခဲ့ သည္။ ဆိုဗီယက္ကိုထိန္းညႇိရန္အတြက္ ဒီမိုကေရစီ ႏိုင္ငံ၊ အာဏာရွင္ႏိုင္ငံ၊ ဘုရင္စနစ္ႏွင့္ (၁၉၇၂) ခုႏွစ္ တြင္ ကြန္ျမဴနစ္တ႐ုတ္ႏွင့္ပင္ မဟာမိတ္ဖြဲ႕ခဲ့သည္။ အယူဝါဒထက္ ရလဒ္ကိုဦးစားေပးခဲ့သည္။ သို႔ေသာ္ ယေန႔ ဝါရွင္တန္ကိုၾကည့္ပါ။ " ဒီမိုကေရစီႏွင့္ အာ ဏာရွင္စနစ္}ဟူေသာ ဒြိစုံတိုက္ပြဲ(Binary stru- ggle)ေခါင္းစဥ္ေအာက္တြင္ပိတ္မိေနသည္။ ၾကား ေကာင္းေသာ္လည္း လက္ေတြ႕တြင္မူ ယင္းသည္ ခ်ဳပ္အက်ႌ (Straitjacket) ဝတ္ထားသကဲ့သို႔ ျဖစ္ေန သည္။ ကမာၻႀကီးကို "အေကာင္းႏွင့္အဆိုး"ဟုခြဲျခား လိုက္ျခင္းျဖင့္ အေမရိကန္၏စံႏႈန္းမ်ားႏွင့္မကိုက္ညီ ေသာ အေနာက္ႏိုင္ငံမဟုတ္သည့္ ကမာၻ႔လူဦးေရ (၈၈%)ႏွင့္ လက္ေတြ႕က်က်ဆက္ဆံႏိုင္စြမ္းကို ပိတ္ ပင္လိုက္သကဲ့သို႔ျဖစ္ေနသည္။
တ႐ုတ္သည္ အလြန္လက္ေတြ႕က်ေသာ လမ္း စဥ္ကိုလိုက္ေနသည္။ တ႐ုတ္ကြန္ျမဴနစ္ပါတီဟု အမည္ခံထားေသာ္လည္း ေတာ္လွန္ေရးအယူဝါဒ မ်ားကို ျဖန႔္ခ်ိေနျခင္းမရွိပါ။ ဆိုဗီယက္တို႔က ကမာၻ ႀကီးကို ကြန္ျမဴနစ္ျဖစ္ေစခ်င္ခဲ့သျဖင့္ အင္ဂိုလာ၊ နီ ကာရာဂြာႏွင့္ ဗီယက္နမ္တို႔တြင္ ေတာ္လွန္ေရးမ်ားကို ဘီလ်ံႏွင့္ခ်ီ အကုန္ခံအားေပးခဲ့သည္။ တ႐ုတ္က သင့္ကို ကြန္ျမဴနစ္ျဖစ္ေစခ်င္သည္မဟုတ္ဘဲ၊ သင္ ႏွင့္ ကုန္သြယ္လိုျခင္းသာျဖစ္သည္။ တ႐ုတ္ေခါင္း ေဆာင္မ်ား အာဖရိက သို႔မဟုတ္ လက္တင္ အေမရိ ကသို႔သြားေသာအခါ အုပ္ခ်ဳပ္ေရးဆိုင္ရာlecturer မ်ားမပါလာပါ။ သူတို႔ႏွင့္အတူ အင္ဂ်င္နီယာမ်ား၊ စာခ်ဳပ္စာတမ္းမ်ားသာပါလာၿပီး " ဘာေရာင္းမလဲ၊ ဘာဝယ္မလဲ၊ ဘာေဆာက္ေပးရမလဲ"ဟူ၍သာေမး သည္။ (၁၉၅၀-၆၀) ဝန္းက်င္က အေမရိကန္လုပ္ခဲ့ သည္မွာ ယင္းအတိုင္းပင္ျဖစ္သည္။ ယေန႔တြင္မူ ကမာၻ႔ကုန္သြယ္ေရးႏွင့္ ဂလိုဘယ္လိုက္ေဇးရွင္းကို တ႐ုတ္ကေရွ႕ေဆာင္ေနၿပီး အေမရိကန္ကမူ ကုန္ သြယ္ေရးအေကာက္ခြန္စည္း႐ိုးမ်ား ကာရံျခင္း၊TPP (Trans-Pacific Partnership) ကဲ့သို႔ေသာ သေဘာ တူညီခ်က္မ်ားမွႏုတ္ထြက္ျခင္းတို႔ျဖင့္ တံခါးပိတ္ဝါဒ ဘက္သို႔ဦးလွည့္ေနသည္။
ယင္းေနရာတြင္ နက္နဲေသာ ခနဲ႔တဲ့တဲ့ႏိုင္မႈ (Irony)တစ္ခုရွိသည္။ ကမာၻ႔ကုန္သြယ္ေရးစနစ္ကို တီထြင္ခဲ့ေသာ အေမရိကန္က အႀကီးမားဆုံးေသာကာ ကြယ္ေရးဝါဒီ (Protectionist) ျဖစ္လာၿပီး ကြန္ျမဴနစ္ တ႐ုတ္က ကမာၻ႔ေဈးကြက္၏ အႀကီးမားဆုံးေသာကာ ကြယ္သူျဖစ္လာသည္။ အေၾကာင္းမွာ အေမရိကန္ သည္ ၎၏ ျပည္တြင္းႏိုင္ငံေရးေၾကာင့္ ေလျဖတ္ေန သကဲ့သို႔ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။ (၁၉၈၀)ျပည့္ ႏွစ္မ်ားက ဆိုဗီယက္ေခါင္းေဆာင္မ်ားသည္ ၎တို႔၏ စစ္ေရးအသုံးစရိတ္မ်ားလြန္းျခင္း၊ စီးပြားေရးတုံ႔ဆိုင္း ေနျခင္းကိုသိေသာ္လည္း ႏိုင္ငံေရးအက်ိဳးစီးပြားအရႈပ္ အေထြးမ်ားေၾကာင့္ ျပဳျပင္ေျပာင္းလဲမႈမလုပ္ႏိုင္ခဲ့ပါ။
ယေန႔ အေမရိကန္ မဟာဗ်ဴဟာသမားမ်ားသည္ တ႐ုတ္ႏွင့္ကုန္သြယ္ေရးစစ္ပြဲဆင္ႏႊဲျခင္းက အေမရိ ကန္စားသုံးသူမ်ားကိုထိခိုက္ေစေၾကာင္း၊ TPPမွ ထြက္လိုက္ျခင္းက အာရွတိုက္ကို တ႐ုတ္လက္ထဲ ပန္းကန္ျပားျဖင့္ထိုးအပ္လိုက္သကဲ့သို႔ျဖစ္ေၾကာင္း သိေသာ္လည္း လမ္းေၾကာင္းမေျပာင္းႏိုင္ၾကပါ။ ဝါရွင္ တန္၏ ႏိုင္ငံေရးကြဲျပားမႈမ်ားေၾကာင့္ မည္သည့္ေခါင္း ေဆာင္ကမွ " ငါမွားသြားတယ္" ဟု ဝန္မခံရဲၾကေပ။ တ႐ုတ္သည္မူ လိုအပ္လွ်င္ ခ်က္ခ်င္း ဂငယ္ေကြ႕(U-turn)ေကြ႕ႏိုင္သည္။ တိန႔္ေရွာင္ဖိန္ (Deng Xiaoping) လက္ထက္က စီးပြားေရးက်ရႈံးေသာအခါ ကြန္ျမဴနစ္ပုံစံကိုမဖက္တြယ္ခဲ့ပါ။ "ေၾကာင္ျဖဴေၾကာင္ မည္း အေရးမႀကီးဘူး၊ ႂကြက္မိဖို႔ကအဓိက" ဟုဆို ကာ ေဈးကြက္စီးပြားေရးကိုဖြင့္ေပးခဲ့သည္။ ယေန႔ ေခတ္တြင္လည္း ပတ္ဝန္းက်င္ညစ္ညမ္းမႈ အက်ပ္အ တည္းကိုရင္ဆိုင္ရေသာအခါ စိမ္းလန္းေသာ စြမ္းအင္ နည္းပညာ(Green energy)ဘက္သို႔ အႀကီးအက်ယ္ ဦးလွည့္ခဲ့သည္။
စစ္လက္နက္ႏွင့္ စီးပြားေရး
ဆိုဗီယက္ယူနီယံၿပိဳကြဲရျခင္း၏ အဓိကအ ေၾကာင္းရင္းမွာ စစ္ေရးအသုံးစရိတ္ လြန္ကဲျခင္းျဖစ္ သည္။ မိမိထက္ စီးပြားေရး မ်ားစြာႀကီးမားေသာ အ ေမရိကန္ကိုယွဥ္ၿပိဳင္ရန္ႀကိဳးစားရင္း လယ္ထြန္စက္ အစား တင့္ကား၊ အသားငါးအစား ဒုံးက်ည္ကို ဦးစား ေပးခဲ့သည္။ ယေန႔ေခတ္တြင္ မည္သူက ထိုအခ်က္ ႏွင့္ကိုက္ညီေနသနည္း။ အေမရိကန္သည္ အေရွ႕အ လယ္ပိုင္းတြင္ ႏွစ္ေပါင္း(၂၀)နီးပါးစစ္တိုက္ခဲ့သည္။ Brown တကၠသိုလ္၏ေလ့လာခ်က္အရ (၉/၁၁) ျဖစ္စဥ္ေနာက္ပိုင္း အေမရိကန္သည္ စစ္ပြဲမ်ားအ တြက္ ေဒၚလာ(၅)ထရီလ်ံခန႔္သုံးစြဲခဲ့သည္။ ဤပမာ ဏသည္ အေမရိကန္ကို ပိုမို အင္အားႀကီးေစခဲ့သ လား။ မဟုတ္ပါ။ အီရတ္တြင္ ဖ႐ိုဖရဲျဖစ္မႈ၊ အာဖဂန္ နစၥတန္တြင္က်ရႈံးမႈမ်ားကိုသာရရွိခဲ့သည္။ အေမရိ ကန္က သဲကႏၲာရထဲတြင္စစ္တိုက္ေနခ်ိန္၌ တ႐ုတ္က ျပည္တြင္းတြင္ ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္။
တ႐ုတ္သည္ ကမာၻ႔အႀကီးဆုံး ျမန္ႏႈန္းျမင့္ရထား လမ္းကြန္ရက္ ကီလိုမီတာ(၄၀,ဝဝဝ)ေက်ာ္ကိုတည္ ေဆာက္ခဲ့ၿပီး၊ အေမရိကန္က သုည(Zero)သာ ေဆာက္ခဲ့သည္။ နယူးေယာက္ေလဆိပ္မွ ေပက်င္း ေလဆိပ္သို႔ပ်ံသန္းၾကည့္လွ်င္ တတိယကမာၻမွ ပထမ ကမာၻသို႔သြားရသကဲ့သို႔ခံစားရလိမ့္မည္။ အေမရိကန္ အစိုးရသည္ ကာကြယ္ေရးအတြက္ ေနာက္ကပ္ပါ ႏိုင္ငံ(၁၀)ႏိုင္ငံေပါင္းထက္ မ်ားေသာပမာဏျဖစ္ သည့္ တစ္ႏွစ္လွ်င္ ေဒၚလာ ဘီလ်ံ(၈၀ဝ)သုံးစြဲေနခ်ိန္ တြင္၊ အေမရိကန္ျပည္သူမ်ားမွာမူ ပ်က္စီးေနေသာ လမ္းတံတားမ်ားကိုျဖတ္သန္းေနရသည္။
န်ဴကလီးယားကိစၥကိုၾကည့္ပါ။ အေမရိကန္တြင္ န်ဴကလီးယားထိပ္ဖူး (၆,ဝဝဝ)ေက်ာ္ရွိၿပီး ယင္းတို႔ကို ထိန္းသိမ္းရန္ ေဒၚလာ (၁)ထရီလ်ံသုံးစြဲေနသည္။ တ႐ုတ္တြင္မူ ထိပ္ဖူး (၂၈၀) မွ (၃၀ဝ) ဝန္းက်င္သာရွိ သည္။ အဘယ္ေၾကာင့္နည္း။ တ႐ုတ္ မဟာဗ်ဴဟာသ မားမ်ားသည္ လက္ေတြ႕က်ေသာေၾကာင့္ျဖစ္သည္။ ရန္သူကိုဟန႔္တားရန္ (၃၀ဝ)ဆိုလွ်င္လုံေလာက္ၿပီဟု သူတို႔သိသည္။ ပိုေနေသာေငြမ်ားကို ဉာဏ္ရည္တု (AI)၊ Quanအျပင္ Computing ႏွင့္ ပညာေရး တြင္ ရင္းႏွီးျမႇဳပ္ႏွံသည္။
သံတမန္ေရးရာ
စစ္ေအးေခတ္က အေမရိကန္သည္ မဟာမိတ္ ဖြဲ႕ရာတြင္ ဆရာတစ္ဆူျဖစ္ခဲ့ၿပီး Peace Corps ကဲ့သို႔ အစီအစဥ္မ်ားျဖင့္ ကမာၻကိုဆြဲေဆာင္ခဲ့သည္။ ဆိုဗီ ယက္ကမူ ဟန္ေဂရီႏွင့္ ခ်က္ကိုစလိုဗက္ကီးယားကို က်ဴးေက်ာ္ခဲ့ေသာ ဗိုလ္က်သူ(Bully) ျဖစ္ခဲ့သည္။ ယေန႔တြင္ အေမရိကန္သည္ ေဒၚလာေငြေၾကးကို လက္နက္သဖြယ္အသုံးျပဳလာသည္။ အီရန္၊ ဗင္နီဇြဲ လား၊ ႐ုရွားႏွင့္ မိမိကိုသေဘာမတူသူမ်ားကို တစ္ဖက္ သတ္ပိတ္ဆို႔မႈI(Sanctions)လုပ္သည္။ အေမရိကန္ သံတမန္မ်ားသည္ ကုလသမဂၢတြင္ ႏိုင္ငံငယ္မ်ားကို အကူအညီျဖတ္မည္ဟု ၿခိမ္းေျခာက္ေလ့ရွိသည္။ ယင္းမွာ ယုံၾကည္မႈရွိေသာေခါင္းေဆာင္၏ အျပဳအမူ မဟုတ္ဘဲ သံသယလြန္ကဲေနေသာအင္ပါယာ(Paranoid empire)တစ္ခု၏အျပဳအမူသာျဖစ္သည္။ တ ႐ုတ္သည္မူ "ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံကိန္း" (BRI) မွတစ္ဆင့္ ႏိုင္ငံေရးတရားေဟာခ်က္မ်ားမပါဘဲ အ ေျခခံအေဆာက္အအုံမ်ားကိုကမ္းလွမ္းသည္။ အေနာက္မီဒီယာမ်ားက ယင္းကို "ေႂကြးၿမီေထာင္ ေခ်ာက္" (Debt Trap)ဟုေခၚေသာ္လည္း အာဖရိက ေခါင္းေဆာင္မ်ားကမူ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာလမ္းေၾကာင္းအျဖစ္ ရႈျမင္ၾကသည္။
အေမရိကန္က WHO ႏွင့္ ပဲရစ္ရာသီဥတုသ ေဘာတူညီခ်က္မ်ားမွႏုတ္ထြက္ေနခ်ိန္ (ယခင္အစိုးရ လက္ထက္)တြင္ တ႐ုတ္က ကုလသမဂၢ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈဘတ္ဂ်က္တြင္ ဒုတိယအမ်ားဆုံးထည့္ ဝင္သူျဖစ္လာသည္။ Global South ဟုေခၚေသာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏မ်က္လုံးထဲတြင္ အေမရိကန္သည္ စိတ္မခ်ရေသာ၊ တစ္ကိုယ္ေကာင္းဆန္ေသာႏိုင္ငံအ ျဖစ္ျမင္လာၿပီး တ႐ုတ္ကို တည္ၿငိမ္ၿပီး ရက္ေရာသူအ ျဖစ္ျမင္လာၾကသည္။ အေျခအေနကဆိုး႐ြားေသာ္ လည္း ေမွ်ာ္လင့္ခ်က္မမဲ့ေသးပါ။ အေမရိကန္သည္ ကမာၻေပၚတြင္ ဉာဏ္ပညာအႀကီးဆုံး လူ႔အဖြဲ႕အစည္း၊ အေကာင္းဆုံးတကၠသိုလ္မ်ားႏွင့္ တီထြင္ ဆန္းသစ္မႈ ရွိေနဆဲျဖစ္သည္။ အေမရိကန္သည္ ကမာၻ႔လူဦးေရ (၇)ဘီလ်ံထဲမွလူေတာ္မ်ားကို ဆြဲေဆာင္ႏိုင္ေသာ္ လည္း တ႐ုတ္သည္ ၎၏လူဦးေရ (၁.၄) ဘီလ်ံထဲ မွသာရွာေဖြႏိုင္သည္။ ေရရွည္တြင္ (၇)ဘီလ်ံက (၁.၄)ဘီလ်ံထက္သာသြားႏိုင္သည္။