ကုန်တင်လေယာဉ်ကြီးများဆင်းနိုင်ရန် ထားဝယ်လေဆိပ်ကို အဆင့်မြှင့်တင်နေ

 895

Pearl (NP News) - ဒီဇင်ဘာလ ၁၈

ကုန်တင်လေယာဉ်ကြီးများဆင်းနိုင်ရန်အတွက် ထားဝယ်လေဆိပ်ကို အဆင်မြှင့်တင်ခြင်းများဆောင်ရွက်နေပြီဖြစ်ကြောင်း လေဆိပ်အဆင့်မြှင့်တင်‌ ရေးနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိအသုံးပြုနေသော ထားဝယ်လေ ယာဉ်ကွင်းမှာ ပြေးလမ်းအရှည် ပေ (၁၂၀ဝဝ) နှင့် အကျယ်ပေ (၁၀ဝ) ရှိပြီး လေယာဉ်ကွင်း ဧရိယာ စုစုပေါင်း (၃၆၄ ဒသမ ၆၇၇) ဧကခန့်ရှိကာ လေ ယာဉ်ရပ်နားရန် ပေ (၂၀ဝ) ကျော်အကျယ်ရှိ ကွင်း (၂)ခု နှင့် ပေ (၆၀ဝ x ၃၀ဝ) အကျယ်ရှိ ကွင်း(၁)ခု ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်း၌ပြေးဆွဲနေသည့် လေယာဉ်(၅)စင်း တစ်ပြိုင်တည်းရပ်နားနိုင်သည့် အပြင် လေယာဉ်ပြေးလမ်း၏ ခံနိုင်ဝန်မှာ ပေါင် (၈၇၃၀ဝဝ) ရှိသည့်အတွက် ပြည်တွင်းလေကြောင်း လိုင်းများတွင် အသုံးပြုနေသည့် လေယာဉ်အမျိုး အစားအားလုံးနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ တွင် အသုံးပြုနေသည့် Airbus 320 ကဲ့သို့သော လေယာဉ်များပါ ဆင်းသက်နိုင်ပြီး လက်ရှိတွင် Cargo လေယာဉ်ကြီးများဆင်းသက်နိုင်ရန်အတွက် အဆင် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။
“တစ်ဖက်ကို (၂၅) ပေစီချဲ့မယ်။ ပေ (၁၅၀) ဖြစ်မှာပေါ့ အကျယ်က။ ခင်းတာက (၃) ပေ လောက်ခင်းမှာ။ ချဲ့တဲ့ဟာကို (၁)ပေခွဲ (၁)ပေခွဲ (၂)လွှာပေါ့။ AC နဲ့ပေါင်းပြီးခင်းမှာ။ အထူကတော့ (၃‌)ပေလောက်ပေါ့။ ပိုရင် နည်းနည်းပေါ့။ ဘတ်ဂျက် ကတော့ နှစ်နှစ်ဘတ်ဂျက်။ အဲဒါကတော့ လေယာဉ် ပြေးလမ်းတစ်ခုတည်းမဟုတ်ဘူး။ အဆောက် အအုံ တွေလာဦးမှာ။ ပြေးလမ်းကတော့ ကျွန်တော်ထင် တယ် ဒီနှစ်ထဲမှာတင် ပြီးသွားနိုင်တယ်။ အ ဆောက်အအုံက အတိအကျတော့မထွက်သေးဘူး။ Design Estimate မထွက်သေးဘူး ။ အခုစနေပြီ။ အင်နဲ့အားနဲ့တော့ လုပ်နေပါတယ်။ ကွန်ကရစ် ဖျော် တဲ့စက်တွေ ထောင်ထားပြီးပြီ။ မြေကြီးတွေလည်း တူး နေပြီ။ ကွန်ကရစ်လောင်းဖို့အတွက် မြေကြီးတွေ တူး နေပြီ”ဟု လေဆိပ်အဆင့်မြှင့်တင်‌ရေးနှင့်ပတ်သက် ၍ သိရှိသူတစ်ဦးက NP News သို့ပြော သည်။
လေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ခဲကုန်ကြမ်းရရှိရေး အ တွက် အခက်အခဲအချို့ရှိနေကြောင်းလည်း သိရ သည်။ “သတ်မှတ်ချိန်ပြီးမယ် မပြီးဘူးက ကုန်းကြမ်းရ တဲ့အပေါ်မူတည်သေးတယ်။ Raw Materials မရ ရင် မပြီးနိုင်ဘူး။ အခက်အခဲက ဘာဖြစ်လဲဆိုတော့ ကျောက်အခက်အခဲဖြစ်နေတယ်။ ကွန်ကရစ်ဖျော်ဖို့ အတွက် ကျောက်ခဲဖြစ်နေတယ်။ ကျောက်က လိုသ လောက်မရဘူး။ လက်ရှိအခြေအနေမှာ။ ကျောက် ထုတ်ဖို့အတွက် မိုင်းခွဲရခက်တယ်။ သွားရေးလာရေး ခက်ခဲတယ်။ နယ်မြေအနေအထားအရ စိတ်မချရဘူး။ ပြီးတော့ ခက်တာက (၂၁) မိုင်မှာရှိတဲ့ ကျောက်ခွဲ စက်ရုံကလည်း မလည်ဘူး။ မလည်ဘူးဆိုတာက လည်း နယ်မြေအခြေအနေအရ မလည်တာပေါ့နော်။ အဓိကကတော့ ကျောက်ကိစ္စအဆင်ပြေရင် သတ် မှတ်ချိန်အကုန်ပြီးသွားမှာပေါ့နော်။ တခြားကုန်ကြမ်း က အဲဒီလောက် အခက်အခဲမရှိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်တင် ပြီးပါက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေ လာနိုင်မည်ဖြစ်ပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလာနိုင်သည့်အပြင် ထားဝယ်ဒေသတွင် အ ကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍လည်း များစွာအကျိုးရှိလာ နိုင်ကြောင်းလည်း သိရသည်။
“ထားဝယ်မှာ ယိုးဒယားနိုင်ငံသားတွေ စိတ်ဝင်စားတဲ့ဘုရားတွေရှိတယ်။ မြန်မာနိုင်ငံမှာ အလှဆုံး ကမ်းခြေတွေရှိတယ်။ ကျွန်းတွေရှိတယ်။ ငပလီထက် အများကြီးလှတာတွေရှိတယ်။Tour တွေလည်း အများကြီးဝင်လာနိုင်တယ်။ ‌ဒေသအ တွက်အများကြီးအကျိုးရှိလာမှာပေါ့။ ရေနက်ဆိပ် ကမ်းအတွက်လည်း အများကြီး အထောက်အကူဖြစ် တယ်။ အင်တာနေရှင်နယ်လေဆိပ်က မဖြစ်မနေ လို အပ်တာပေါ့လေ။ အင်တာနေရှင်နယ် လေဆိပ်ဆို တာက ဆိုဒ်အပြည့်လေဆိပ်တစ်ခုတော့ လိုအပ်တာ ပေါ့နော်။ အများကြီး Tour အတွက်ရော၊ ပို့ကုန်သွင်း ကုန်အတွက်ရော အရေးပါတဲ့လေဆိပ်တစ်ခု ဖြစ်လာ မှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ကုန္တင္ေလယာဥ္ႀကီးမ်ားဆင္းႏိုင္ရန္ ထားဝယ္ေလဆိပ္ကို အဆင့္ျမႇင့္တင္ေန
Pearl (NP News) - ဒီဇင္ဘာလ ၁၈
ကုန္တင္ေလယာဥ္ႀကီးမ်ားဆင္းႏိုင္ရန္အတြက္ ထားဝယ္ေလဆိပ္ကို အဆင္ျမႇင့္တင္ျခင္းမ်ားေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ေလဆိပ္အဆင့္ျမႇင့္တင္‌ ေရးႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိအသုံးျပဳေနေသာ ထားဝယ္ေလ ယာဥ္ကြင္းမွာ ေျပးလမ္းအရွည္ ေပ (၁၂၀ဝဝ) ႏွင့္ အက်ယ္ေပ (၁၀ဝ) ရွိၿပီး ေလယာဥ္ကြင္း ဧရိယာ စုစုေပါင္း (၃၆၄ ဒသမ ၆၇၇) ဧကခန႔္ရွိကာ ေလ ယာဥ္ရပ္နားရန္ ေပ (၂၀ဝ) ေက်ာ္အက်ယ္ရွိ ကြင္း (၂)ခု ႏွင့္ ေပ (၆၀ဝ x ၃၀ဝ) အက်ယ္ရွိ ကြင္း(၁)ခု ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္တြင္း၌ေျပးဆြဲေနသည့္ ေလယာဥ္(၅)စင္း တစ္ၿပိဳင္တည္းရပ္နားႏိုင္သည့္ အျပင္ ေလယာဥ္ေျပးလမ္း၏ ခံႏိုင္ဝန္မွာ ေပါင္ (၈၇၃၀ဝဝ) ရွိသည့္အတြက္ ျပည္တြင္းေလေၾကာင္း လိုင္းမ်ားတြင္ အသုံးျပဳေနသည့္ ေလယာဥ္အမ်ိဳး အစားအားလုံးႏွင့္ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းမ်ား တြင္ အသုံးျပဳေနသည့္ Airbus 320 ကဲ့သို႔ေသာ ေလယာဥ္မ်ားပါ ဆင္းသက္ႏိုင္ၿပီး လက္ရွိတြင္ Cargo ေလယာဥ္ႀကီးမ်ားဆင္းသက္ႏိုင္ရန္အတြက္ အဆင္ ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ေနၿပီျဖစ္ ေၾကာင္း သိရသည္။
“တစ္ဖက္ကို (၂၅) ေပစီခ်ဲ႕မယ္။ ေပ (၁၅၀) ျဖစ္မွာေပါ့ အက်ယ္က။ ခင္းတာက (၃) ေပ ေလာက္ခင္းမွာ။ ခ်ဲ႕တဲ့ဟာကို (၁)ေပခြဲ (၁)ေပခြဲ (၂)လႊာေပါ့။ AC နဲ႔ေပါင္းၿပီးခင္းမွာ။ အထူကေတာ့ (၃‌)ေပေလာက္ေပါ့။ ပိုရင္ နည္းနည္းေပါ့။ ဘတ္ဂ်က္ ကေတာ့ ႏွစ္ႏွစ္ဘတ္ဂ်က္။ အဲဒါကေတာ့ ေလယာဥ္ ေျပးလမ္းတစ္ခုတည္းမဟုတ္ဘူး။ အေဆာက္ အအုံ ေတြလာဦးမွာ။ ေျပးလမ္းကေတာ့ ကြၽန္ေတာ္ထင္ တယ္ ဒီႏွစ္ထဲမွာတင္ ၿပီးသြားႏိုင္တယ္။ အ ေဆာက္အအုံက အတိအက်ေတာ့မထြက္ေသးဘူး။ Design Estimate မထြက္ေသးဘူး ။ အခုစေနၿပီ။ အင္နဲ႔အားနဲ႔ေတာ့ လုပ္ေနပါတယ္။ ကြန္ကရစ္ ေဖ်ာ္ တဲ့စက္ေတြ ေထာင္ထားၿပီးၿပီ။ ေျမႀကီးေတြလည္း တူး ေနၿပီ။ ကြန္ကရစ္ေလာင္းဖို႔အတြက္ ေျမႀကီးေတြ တူး ေနၿပီ”ဟု ေလဆိပ္အဆင့္ျမႇင့္တင္‌ေရးႏွင့္ပတ္သက္ ၍ သိရွိသူတစ္ဦးက NP News သို႔ေျပာ သည္။
ေလဆိပ္ အဆင့္ျမႇင့္တင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ေက်ာက္ခဲကုန္ၾကမ္းရရွိေရး အ တြက္ အခက္အခဲအခ်ိဳ႕ရွိေနေၾကာင္းလည္း သိရ သည္။ “သတ္မွတ္ခ်ိန္ၿပီးမယ္ မၿပီးဘူးက ကုန္းၾကမ္းရ တဲ့အေပၚမူတည္ေသးတယ္။ Raw Materials မရ ရင္ မၿပီးႏိုင္ဘူး။ အခက္အခဲက ဘာျဖစ္လဲဆိုေတာ့ ေက်ာက္အခက္အခဲျဖစ္ေနတယ္။ ကြန္ကရစ္ေဖ်ာ္ဖို႔ အတြက္ ေက်ာက္ခဲျဖစ္ေနတယ္။ ေက်ာက္က လိုသ ေလာက္မရဘူး။ လက္ရွိအေျခအေနမွာ။ ေက်ာက္ ထုတ္ဖို႔အတြက္ မိုင္းခြဲရခက္တယ္။ သြားေရးလာေရး ခက္ခဲတယ္။ နယ္ေျမအေနအထားအရ စိတ္မခ်ရဘူး။ ၿပီးေတာ့ ခက္တာက (၂၁) မိုင္မွာရွိတဲ့ ေက်ာက္ခြဲ စက္႐ုံကလည္း မလည္ဘူး။ မလည္ဘူးဆိုတာက လည္း နယ္ေျမအေျခအေနအရ မလည္တာေပါ့ေနာ္။ အဓိကကေတာ့ ေက်ာက္ကိစၥအဆင္ေျပရင္ သတ္ မွတ္ခ်ိန္အကုန္ၿပီးသြားမွာေပါ့ေနာ္။ တျခားကုန္ၾကမ္း က အဲဒီေလာက္ အခက္အခဲမရွိဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ထားဝယ္ေလယာဥ္ကြင္း အဆင့္ျမႇင့္တင္ ၿပီးပါက ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမ်ား ပိုမိုအဆင္ေျပ လာႏိုင္မည္ျဖစ္ၿပီး ခရီးသြားဧည့္သည္ဝင္ေရာက္မႈ မ်ားျပားလာႏိုင္သည့္အျပင္ ထားဝယ္ေဒသတြင္ အ ေကာင္အထည္ေဖာ္မည့္ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းႏွင့္ပတ္သက္၍လည္း မ်ားစြာအက်ိဳးရွိလာ ႏိုင္ေၾကာင္းလည္း သိရသည္။
“ထားဝယ္မွာ ယိုးဒယားႏိုင္ငံသားေတြ စိတ္ဝင္စားတဲ့ဘုရားေတြရွိတယ္။ ျမန္မာႏိုင္ငံမွာ အလွဆုံး ကမ္းေျခေတြရွိတယ္။ ကြၽန္းေတြရွိတယ္။ ငပလီထက္ အမ်ားႀကီးလွတာေတြရွိတယ္။Tour ေတြလည္း အမ်ားႀကီးဝင္လာႏိုင္တယ္။ ‌ေဒသအ တြက္အမ်ားႀကီးအက်ိဳးရွိလာမွာေပါ့။ ေရနက္ဆိပ္ ကမ္းအတြက္လည္း အမ်ားႀကီး အေထာက္အကူျဖစ္ တယ္။ အင္တာေနရွင္နယ္ေလဆိပ္က မျဖစ္မေန လို အပ္တာေပါ့ေလ။ အင္တာေနရွင္နယ္ ေလဆိပ္ဆို တာက ဆိုဒ္အျပည့္ေလဆိပ္တစ္ခုေတာ့ လိုအပ္တာ ေပါ့ေနာ္။ အမ်ားႀကီး Tour အတြက္ေရာ၊ ပို႔ကုန္သြင္း ကုန္အတြက္ေရာ အေရးပါတဲ့ေလဆိပ္တစ္ခု ျဖစ္လာ မွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.