ကမ်းခြေသို့အပန်းလာဖြေသူများလာသော်လည်း ဒေသခံများကြား ထင်သလောက်အကျိုးမဖြစ်ဟုဆို

459

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာလ ၁၈
လက်ရှိပွင့်လင်းရာသီပိတ်ရက်များနှင့် အတူ ကမ်းခြေဒေသများသို့ အပန်းဖြေလာရောက်သူ အများအပြားရှိလာသော်လည်း ဒေသခံများကြားတွင် ထင်သားသလောက် အရောင်းအဝယ်မကောင်းသည့် အခြေအနေမျိုးကြုံရကြောင်း သိရသည်။
လွန်ခဲ့သော အောက်တိုဘာ သီတင်းကျွတ် ကာလကတည်းက အပန်းဖြေလာသူများမှာ ပိတ်ရက် ကာလအတွင်း အများအပြားရှိနေပြီး ယခုလို ဒီဇင် ဘာပိတ်ရက်များအတွင်းတွင် ပိုမိုများလာခဲ့ခြင်းဖြစ် သော်လည်း ထင်ထားသလောက် အကျိုးမဖြစ်ကြ သည့် အခြေအနေမျိုးကြုံကြကြောင်း ဒေသခံများက ဆိုကြသည်။
" အပန်းဖြေလာတဲ့ဧည့်သည်တွေက များ တယ်လေ၊ အရင်လို အပန်းဖြေလာပြီး ပင်လယ်စာ တွေချက်ခိုင်းတာမျိုး၊ ကျောက်ငါးတွေ၊ ပုစွန်တွေကို ဝယ်သွားတာမျိုး၊ ပုစွန်ခြောက်ငါးခြောက်တွေကို လက်ဆောင်ဝယ်သွားတာမျိုးက သိပ်မရှိဘူး၊ အပန်း ဖြေလာရုံလာပြီး ပြန်သွားကြတာများတယ်၊ လူများပြီး ကျွန်မတို့တော့ မရောင်းရဘူး၊ အရင်ကဆို အခုလို ဧည့်သည်များရင် တော်တော်လေးကို ရောင်းရတယ်၊ အခုက စရိတ်ချွေတာကြတာလည်း ဖြစ်လိမ့်မယ်"ဟု ငွေဆောင်ကမ်းခြေဒေသတွင် ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။
ပြည်တွင်းတွင် ယခုနောက်ပိုင်း အပန်းဖြေ လည်ပတ်စရာကမ်းခြေများများစားစားမရှိဘဲ ငွေ ဆောင်၊ ချောင်းသာ စသည့် ကမ်းခြေများသို့သာ အဓိ ကသွားရောက်လည်ပတ်ကြခြင်းကြောင့် ယင်းကမ်း ခြေများတွင် အပန်းဖြေလာသူအများအပြားရှိပြီး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ၏ တည်းခိုခများ မှာလည်း မြင့်တက်လျက်ရှိသည်။
" ဧည့်များတာတော့မှန်တယ်၊ အစ်မတို့ လည်း အရင်လိုမရောင်းရဘူး၊ အခုက အိမ်ကနေ ဟင်းတွေချက်ယူလာတာမျိုး၊ ကြော်လှော်ချက်ပြုတ်လာတာမျိုးရှိပြီးတော့ ဒီမှာကျမှထမင်းချည်းပဲဝယ်ရင်း စရိတ်ချုံ့ကြတာမျိုးလားတော့မသိဘူးပေါ့၊ ရောင်း အားကတော့ ထင်ထားသလောက်မဟုတ်သေးဘူး"ဟုလည်း ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
ယခုလိုကာလတွင် အခါကြီးရက်ကြီး ပိတ် ရက်များနှင့် ပိတ်ရက်ရှည်များအတွင်း တည်းခိုစရာ နေရာများပြည့်သည်အထိဖြစ်ခဲ့ကြသလို တည်းခို ခများမှာလည်း မြင့်တက်နေလျက်ရှိပြီး ပေးလိုက်ရ သောငွေကြေးနှင့်ညီမျှသည့် ဝန်ဆောင်မှုမျိုးမရ သော အခြေအနေမျိုးလည်းကြုံလာရကြောင်း အပန်း ဖြေလည်ပတ်သူများထံမှ သိရသည်။

Zawgyi Version:
ကမ္းေျခသို႔အပန္းလာေျဖသူမ်ားလာေသာ္လည္း ေဒသခံမ်ားၾကား ထင္သေလာက္အက်ိဳးမျဖစ္ဟုဆို
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာလ ၁၈
လက္ရွိပြင့္လင္းရာသီပိတ္ရက္မ်ားႏွင့္ အတူ ကမ္းေျခေဒသမ်ားသို႔ အပန္းေျဖလာေရာက္သူ အမ်ားအျပားရွိလာေသာ္လည္း ေဒသခံမ်ားၾကားတြင္ ထင္သားသေလာက္ အေရာင္းအဝယ္မေကာင္းသည့္ အေျခအေနမ်ိဳးႀကဳံရေၾကာင္း သိရသည္။
လြန္ခဲ့ေသာ ေအာက္တိုဘာ သီတင္းကြၽတ္ ကာလကတည္းက အပန္းေျဖလာသူမ်ားမွာ ပိတ္ရက္ ကာလအတြင္း အမ်ားအျပားရွိေနၿပီး ယခုလို ဒီဇင္ ဘာပိတ္ရက္မ်ားအတြင္းတြင္ ပိုမိုမ်ားလာခဲ့ျခင္းျဖစ္ ေသာ္လည္း ထင္ထားသေလာက္ အက်ိဳးမျဖစ္ၾက သည့္ အေျခအေနမ်ိဳးႀကဳံၾကေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။
" အပန္းေျဖလာတဲ့ဧည့္သည္ေတြက မ်ား တယ္ေလ၊ အရင္လို အပန္းေျဖလာၿပီး ပင္လယ္စာ ေတြခ်က္ခိုင္းတာမ်ိဳး၊ ေက်ာက္ငါးေတြ၊ ပုစြန္ေတြကို ဝယ္သြားတာမ်ိဳး၊ ပုစြန္ေျခာက္ငါးေျခာက္ေတြကို လက္ေဆာင္ဝယ္သြားတာမ်ိဳးက သိပ္မရွိဘူး၊ အပန္း ေျဖလာ႐ုံလာၿပီး ျပန္သြားၾကတာမ်ားတယ္၊ လူမ်ားၿပီး ကြၽန္မတို႔ေတာ့ မေရာင္းရဘူး၊ အရင္ကဆို အခုလို ဧည့္သည္မ်ားရင္ ေတာ္ေတာ္ေလးကို ေရာင္းရတယ္၊ အခုက စရိတ္ေခြၽတာၾကတာလည္း ျဖစ္လိမ့္မယ္"ဟု ေငြေဆာင္ကမ္းေျခေဒသတြင္ ဆိုင္ဖြင့္ထားသူ တစ္ဦးက ေျပာသည္။
ျပည္တြင္းတြင္ ယခုေနာက္ပိုင္း အပန္းေျဖ လည္ပတ္စရာကမ္းေျခမ်ားမ်ားစားစားမရွိဘဲ ေငြ ေဆာင္၊ ေခ်ာင္းသာ စသည့္ ကမ္းေျခမ်ားသို႔သာ အဓိ ကသြားေရာက္လည္ပတ္ၾကျခင္းေၾကာင့္ ယင္းကမ္း ေျခမ်ားတြင္ အပန္းေျဖလာသူအမ်ားအျပားရွိၿပီး ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္းမ်ား၏ တည္းခိုခမ်ား မွာလည္း ျမင့္တက္လ်က္ရွိသည္။
" ဧည့္မ်ားတာေတာ့မွန္တယ္၊ အစ္မတို႔ လည္း အရင္လိုမေရာင္းရဘူး၊ အခုက အိမ္ကေန ဟင္းေတြခ်က္ယူလာတာမ်ိဳး၊ ေၾကာ္ေလွာ္ခ်က္ျပဳတ္လာတာမ်ိဳးရွိၿပီးေတာ့ ဒီမွာက်မွထမင္းခ်ည္းပဲဝယ္ရင္း စရိတ္ခ်ဳံ႕ၾကတာမ်ိဳးလားေတာ့မသိဘူးေပါ့၊ ေရာင္း အားကေတာ့ ထင္ထားသေလာက္မဟုတ္ေသးဘူး"ဟုလည္း ထမင္းဆိုင္ဖြင့္ထားသူတစ္ဦးက ေျပာသည္။
ယခုလိုကာလတြင္ အခါႀကီးရက္ႀကီး ပိတ္ ရက္မ်ားႏွင့္ ပိတ္ရက္ရွည္မ်ားအတြင္း တည္းခိုစရာ ေနရာမ်ားျပည့္သည္အထိျဖစ္ခဲ့ၾကသလို တည္းခို ခမ်ားမွာလည္း ျမင့္တက္ေနလ်က္ရွိၿပီး ေပးလိုက္ရ ေသာေငြေၾကးႏွင့္ညီမွ်သည့္ ဝန္ေဆာင္မႈမ်ိဳးမရ ေသာ အေျခအေနမ်ိဳးလည္းႀကဳံလာရေၾကာင္း အပန္း ေျဖလည္ပတ္သူမ်ားထံမွ သိရသည္။