အမေရိကန်မှာတည်ဆောက်ထားတဲ့ သင်္ဘောအသစ်ကို ဆော်ဒီအာရေးဗျအစိုးရ စတင်ရေချ

 91

Pika (NP News) - ဒီဇင်ဘာလ ၁၈

အမေရိကန်နိုင်ငံ ဝစ်ကွိုင်ဆင်ပြည်နယ်မှာ တည်ဆောက်ထားတဲ့ ရေတပ်သင်္ဘောအသစ် His Majesty King Saud ကို ဆော်ဒီအာရေးဗျအစိုးရက ရေချခဲ့တယ်လို့ သိရပါတယ်။ His Majesty King Saudသင်္ဘောဟာ ဆော်ဒီ အာရေးဗျနိုင်ငံရဲ့ Tuwaiq စီမံကိန်းအောက်မှာတည်ဆောက်နေတဲ့ ဘက်စုံသုံးတိုက်ခိုက်ရေးသင်္ဘော (၄)စီး အနက် ပထမဆုံးတစ်စီးဖြစ်တယ်လို့လည်း သိရပါတယ်။ တော်ဝင်ဆော်ဒီရေတပ် (RSNF) အတွက် တည်ဆောက်ထားတဲ့ His Majesty King Saudသင်္ဘောအသစ်ဟာ အဆင့်မြင့်နည်းပညာတွေ၊လေ့ကျင့်မှုတွေမြှင့်တင်ဖို့နဲ့ တိုးချဲ့ထားတဲ့ စစ်ဆင်ရေးဆိုင်ရာစွမ်းရည်တွေနဲ့အတူ ရေတပ်ကို ခေတ်မီအောင်လုပ်ဆောင်ဖို့ ဆော်ဒီအာရေးဗျအစိုးရရဲ့ ကျယ်ပြန်တဲ့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Tuwaiq စီမံကိန်းဟာ အဲဒီအစီအစဉ်ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပေါ်ပေါက်လာတဲ့ ရေကြောင်း ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်တဲ့လျင်မြန်ပြီးခေတ်မီတဲ့ ရေတပ်အင်အားတစ်ရပ် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ် ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် His Majesty King Saud သင်္ဘောကို ရေချတဲ့အခမ်းအနားကို ဆော်ဒီအာရေးဗျရေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Mohammed Al-Ghuraibi၊ ဆော်ဒီအာရေးဗျ နဲ့ အမေရိကန်တို့ရဲ့ အကြီးတန်းအရာရှိတွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္မွာတည္ေဆာက္ထားတဲ့ သေဘၤာအသစ္ကို ေဆာ္ဒီအာေရးဗ်အစိုးရ စတင္ေရခ်
Pika (NP News) - ဒီဇင္ဘာလ ၁၈
အေမရိကန္ႏိုင္ငံ ဝစ္ကြိဳင္ဆင္ျပည္နယ္မွာ တည္ေဆာက္ထားတဲ့ ေရတပ္သေဘၤာအသစ္ His Majesty King Saud ကို ေဆာ္ဒီအာေရးဗ်အစိုးရက ေရခ်ခဲ့တယ္လို႔ သိရပါတယ္။ His Majesty King Saudသေဘၤာဟာ ေဆာ္ဒီ အာေရးဗ်ႏိုင္ငံရဲ႕ Tuwaiq စီမံကိန္းေအာက္မွာတည္ေဆာက္ေနတဲ့ ဘက္စုံသုံးတိုက္ခိုက္ေရးသေဘၤာ (၄)စီး အနက္ ပထမဆုံးတစ္စီးျဖစ္တယ္လို႔လည္း သိရပါတယ္။ ေတာ္ဝင္ေဆာ္ဒီေရတပ္ (RSNF) အတြက္ တည္ေဆာက္ထားတဲ့ His Majesty King Saudသေဘၤာအသစ္ဟာ အဆင့္ျမင့္နည္းပညာေတြ၊ေလ့က်င့္မႈေတြျမႇင့္တင္ဖို႔နဲ႔ တိုးခ်ဲ႕ထားတဲ့ စစ္ဆင္ေရးဆိုင္ရာစြမ္းရည္ေတြနဲ႔အတူ ေရတပ္ကို ေခတ္မီေအာင္လုပ္ေဆာင္ဖို႔ ေဆာ္ဒီအာေရးဗ်အစိုးရရဲ႕ က်ယ္ျပန္တဲ့ႀကိဳးပမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
Tuwaiq စီမံကိန္းဟာ အဲဒီအစီအစဥ္ရဲ႕အဓိကအစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ေပၚေပါက္လာတဲ့ ေရေၾကာင္း ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ႏိုင္တဲ့လ်င္ျမန္ၿပီးေခတ္မီတဲ့ ေရတပ္အင္အားတစ္ရပ္ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ရည္႐ြယ္ ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ His Majesty King Saud သေဘၤာကို ေရခ်တဲ့အခမ္းအနားကို ေဆာ္ဒီအာေရးဗ်ေရတပ္ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး Mohammed Al-Ghuraibi၊ ေဆာ္ဒီအာေရးဗ် နဲ႔ အေမရိကန္တို႔ရဲ႕ အႀကီးတန္းအရာရွိေတြ တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.