စင်ကာပူမှာ မြက်ခင်းပြင်ပေါ် ငှက်တွေ လွှတ်ပေးခဲ့တဲ့ အသက် (၇၇) နှစ်အရွယ် အမျိုးသား ဖမ်းဆီးခံရ

168
ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈
စင်ကာပူနိုင်ငံ၊ Block 181 Lorong 4 Toa Payoh အနီးရှိ မြက်ခင်းပြင်မှာ လှောင်ချိုင့်ထဲက ငှက်(ကျီးကန်း) တွေကို သက်ဆိုင်ရာ ခွင့်ပြုချက်မရှိ လွှတ်ပေးခဲ့တဲ့ အသက် (၇၇) အရွယ် အဖိုးအိုတစ်ဦး ဒီဇင်ဘာ ၁၆ ရက်က ဖမ်းဆီးခံရပါတယ်။
အသက် ၇၇ နှစ်အရွယ် တန်ဆီချီ အမည်ရှိ အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၂ဝ ရက် ညနေ ၆ နာရီမတိုင်မီ Block 181 Lorong 4 Toa Payoh အနီးရှိ မြက်ခင်းပြင်တစ်ခုမှာ အဆိုပါ ပြစ်မှုကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဥယျာဉ်ဘုတ်အဖွဲ့ (NParks) စီမံခန့်ခွဲတဲ့ ဥယျာဉ်နေရာတွေမှာ သူ့ရဲ့ငှက်လွှတ်လိုက်တဲ့ အပြုအမူဟာ ငှက်ဦးရေကို စီမံခန့်ခွဲတဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ ဒီလိုလုပ်ရပ်အတွက် ပြစ်မှုထင်ရှားမယ်ဆိုရင်တော့ ထောင်ဒဏ် (၁ဝ) နှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) နှစ်မျိုးလုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။