တရုတ်မှ မြန်မာသို့ တင်သွင်းမည့် ဓာတုပစ္စည်းများကို သေချာစွာစိစစ်နေဟုဆို

 262

Pearl (NP News) - ဒီဇင်ဘာ ၁၈

တရုတ်နိုင်မှ မြန်မာနိုင်ငံသို့ တင်သွင်းမည့် ဓာတုပစ္စည်းများကို သေချာစွာစိစစ်နေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးကော်မရှင်၊ ဒုတိယအတွင်းရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen က ပြောသည်။

ယမန်နေ့ ( ဒီဇင်ဘာ ၁၇ရက်) တွင် ကျင်းပသောမြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen က မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး အောင်မြင်မှုများစွာလည်း ရရှိခဲကြောင်းပြောသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကဏ္ဍတွင် ဓာတုပစ္စည်းများထိန်းချုပ်ရေးမှာ အလွန်အရေး ကြီးကြောင်း၊ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံသတင်းဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းမည့် ဓာတုပစ္စည်းများကိုလည်း သေချာစွာစိစစ်နေပြီး နှစ်နိုင်ငံ မူးယစ်တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းဖွဲ့ ကျူးလွန်မှုများ တားဆီးနှိမ်နင်းရေးတို့ကိုလည်း သတင်းဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ အမြင်ချင်းတူစွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။
အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ဝင်းဗိုလ်က မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် အဓိကပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းသည် နိုင်ငံအတွင်းမှုခင်းများ များပြားလာစေသည့် အပြင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေကြောင်းပြောသည်။

မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကို ခြိမ်းခြောက်လျက်ရှိကြောင်းလည်းပြောသည်။

Zawgyi Version:
တ႐ုတ္မွ ျမန္မာသို႔ တင္သြင္းမည့္ ဓာတုပစၥည္းမ်ားကို ေသခ်ာစြာစိစစ္ေနဟုဆို
Pearl (NP News) - ဒီဇင္ဘာ ၁၈

တ႐ုတ္ႏိုင္မွ ျမန္မာႏိုင္ငံသို႔ တင္သြင္းမည့္ ဓာတုပစၥည္းမ်ားကို ေသခ်ာစြာစိစစ္ေနေၾကာင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန အမ်ိဳးသားမူးယစ္ ေဆးဝါးထိန္းခ်ဳပ္ေရးေကာ္မရွင္၊ ဒုတိယအတြင္းေရးမႉးခ်ဳပ္၊ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဗ်ဴ႐ို၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ Mr. ZHAO Zhongchen က ေျပာသည္။

ယမန္ေန႔ ( ဒီဇင္ဘာ ၁၇ရက္) တြင္ က်င္းပေသာျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ မူးယစ္ေဆးဝါးပူးေပါင္းထိန္းခ်ဳပ္ေရးအစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအစည္းအေဝးတြင္ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဗ်ဴ႐ို၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ Mr. ZHAO Zhongchen က ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံပူးေပါင္း၍ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး ေဆာင္႐ြက္ခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီး ေအာင္ျမင္မႈမ်ားစြာလည္း ရရွိခဲေၾကာင္းေျပာသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး က႑တြင္ ဓာတုပစၥည္းမ်ားထိန္းခ်ဳပ္ေရးမွာ အလြန္အေရး ႀကီးေၾကာင္း၊ ဓာတုပစၥည္းမ်ား ထိန္းခ်ဳပ္ေရးအတြက္ ႏွစ္ႏိုင္ငံသတင္းဖလွယ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ တင္သြင္းမည့္ ဓာတုပစၥည္းမ်ားကိုလည္း ေသခ်ာစြာစိစစ္ေနၿပီး ႏွစ္ႏိုင္ငံ မူးယစ္တရားခံေျပးမ်ား ဖမ္းဆီးရမိေရးႏွင့္ ႏိုင္ငံျဖတ္ေက်ာ္မူးယစ္ဂိုဏ္းဖြဲ႕ က်ဴးလြန္မႈမ်ား တားဆီးႏွိမ္နင္းေရးတို႔ကိုလည္း သတင္းဖလွယ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ႏွစ္ႏိုင္ငံ အျမင္ခ်င္းတူစြာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေျပာသည္။
အလားတူ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ ရဲဗိုလ္ခ်ဳပ္ဝင္းဗိုလ္က မူးယစ္ေဆးဝါးျပႆနာသည္ ယေန႔ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ႀကဳံေတြ႕ေနရသည့္ အဓိကျပႆနာျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါး ထုတ္လုပ္၊ သယ္ေဆာင္ေရာင္းဝယ္ျခင္းႏွင့္ သုံးစြဲျခင္းသည္ ႏိုင္ငံအတြင္းမႈခင္းမ်ား မ်ားျပားလာေစသည့္ အျပင္ စီးပြားေရး၊ လူမႈေရးႏွင့္ က်န္းမာေရးဆိုင္ရာ ေနာက္ဆက္တြဲျပႆနာမ်ား ျဖစ္ေပၚေစေၾကာင္းေျပာသည္။

မူးယစ္ေဆးဝါးေဈးကြက္ က်ယ္ျပန႔္လာျခင္းႏွင့္အတူ အဂတိလိုက္စားမႈ၊ ေငြေၾကးခဝါခ်မႈ၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားအပါအဝင္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ား ဆက္စပ္ျဖစ္ေပၚလ်က္ရွိၿပီး ႏိုင္ငံမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈမ်ားကို ၿခိမ္းေျခာက္လ်က္ရွိေၾကာင္းလည္းေျပာသည္။

Related news

© 2021. All rights reserved.