Hello Kitty ကုမ္ပဏီ Sanrio က ဂျပန်နိုင်ငံ၊ ယာမာနာရှီ စီရင်စုမှာ ပထမဆုံးသော Sanrio ပြတိုက် ဖွင့်လှစ်မည်

40

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈
Hello Kitty ထုတ်လုပ်ခဲ့တဲ့ Sanrio ကုမ္ပဏီဟာ ကုမ္ပဏီရဲ့တည်ထောင်သူနှင့် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရှင်တာရိုဆုဂျီရဲ့(အသက် ၉၈ နှစ်) ပြည့် အမှတ်တရအဖြစ် လာမယ့်ဧပြီလမှာ ဂျပန်နိုင်ငံ၊ ရာမာနာရှီ စီရင်စုမှာ ပြတိုက်တစ်ခုဖွင့်လှစ်မယ်လို့ ဒီဇင်ဘာ ၁ဝ ရက်က ကြေညာခဲ့ပါတယ်။
ပြတိုက်မှာ ကုမ္ပဏီမှ ဖန်တီးထားတဲ့ Hello Kitty နဲ့ အခြားလူကြိုက်များတဲ့ ဇာတ်ကောင်တွေနဲ့ ဆက်စပ် ပစ္စည်းတွေကို ပြသထားမှာဖြစ်ကာ လက်ဆောင်ပစ္စည်းဆိုင်တစ်ခုလည်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒါအပြင် Sanrio ရဲ့အစောပိုင်းကာလ သမိုင်းကြောင်းကို ကာလအလိုက်ပြသထားတဲ့ပစ္စည်းတွေနဲ့ကုမ္ပဏီရဲ့ လစဉ်မဂ္ဂဇင်း Gekkan Ichigo Shimbun (The Strawberry News) ရဲ့ယခင်ထုတ်ဝေမှု ဆက်စပ်ကုန်ပစ္စည်းတွေ လည်း ပြသသွားမယ်လို့ သိရပါတယ်။ ကုမ္ပဏီတည်ထောင်သူ မစ္စတာဆုဂျီဟာ ၁၉၂၇ ခုနှစ်က ဂျပန်နိုင်ငံ၊ ကိုဖူမှာ မွေးဖွားခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်မှာ Sanrio ကို တည်ထောင်ခဲ့ပါတယ်။ မစ္စတာဆုဂျီနဲ့ဆက်စပ်ပစ္စည်းတွေကိုလည်း ပြတိုက်မှာ ထည့်သွင်းပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကုမ္ပဏီဟာ Sanrio ပရိသတ်တွေစုစုဝေးဝေးနဲ့ ပျော်ရွှင်စွာ အပန်းဖြေနိုင်မယ့် အဆောက်အအုံတစ်ခုအဖြစ် ဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ကုမ္ပဏီအနေနဲ့ ပထမဆုံးအကြိမ် ပြတိုက်ဖွင့်လှစ်ခြင်းပဲဖြစ်ပါတယ်။

Zawgyi Version:
Hello Kitty ကုမၸဏီ Sanrio က ဂ်ပန္ႏိုင္ငံ၊ ယာမာနာရွီ စီရင္စုမွာ ပထမဆုံးေသာ Sanrio ျပတိုက္ ဖြင့္လွစ္မည္
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၁၈
Hello Kitty ထုတ္လုပ္ခဲ့တဲ့ Sanrio ကုမၸဏီဟာ ကုမၸဏီရဲ႕တည္ေထာင္သူႏွင့္ ဂုဏ္ထူးေဆာင္ဥကၠ႒ ရွင္တာ႐ိုဆုဂ်ီရဲ႕(အသက္ ၉၈ ႏွစ္) ျပည့္ အမွတ္တရအျဖစ္ လာမယ့္ဧၿပီလမွာ ဂ်ပန္ႏိုင္ငံ၊ ရာမာနာရွီ စီရင္စုမွာ ျပတိုက္တစ္ခုဖြင့္လွစ္မယ္လို႔ ဒီဇင္ဘာ ၁ဝ ရက္က ေၾကညာခဲ့ပါတယ္။
ျပတိုက္မွာ ကုမၸဏီမွ ဖန္တီးထားတဲ့ Hello Kitty နဲ႔ အျခားလူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္ေတြနဲ႔ ဆက္စပ္ ပစၥည္းေတြကို ျပသထားမွာျဖစ္ကာ လက္ေဆာင္ပစၥည္းဆိုင္တစ္ခုလည္း ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။ ဒါအျပင္ Sanrio ရဲ႕အေစာပိုင္းကာလ သမိုင္းေၾကာင္းကို ကာလအလိုက္ျပသထားတဲ့ပစၥည္းေတြနဲ႔ကုမၸဏီရဲ႕ လစဥ္မဂၢဇင္း Gekkan Ichigo Shimbun (The Strawberry News) ရဲ႕ယခင္ထုတ္ေဝမႈ ဆက္စပ္ကုန္ပစၥည္းေတြ လည္း ျပသသြားမယ္လို႔ သိရပါတယ္။ ကုမၸဏီတည္ေထာင္သူ မစၥတာဆုဂ်ီဟာ ၁၉၂၇ ခုႏွစ္က ဂ်ပန္ႏိုင္ငံ၊ ကိုဖူမွာ ေမြးဖြားခဲ့ၿပီး ၁၉၆ဝ ျပည့္ႏွစ္မွာ Sanrio ကို တည္ေထာင္ခဲ့ပါတယ္။ မစၥတာဆုဂ်ီနဲ႔ဆက္စပ္ပစၥည္းေတြကိုလည္း ျပတိုက္မွာ ထည့္သြင္းျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ကုမၸဏီဟာ Sanrio ပရိသတ္ေတြစုစုေဝးေဝးနဲ႔ ေပ်ာ္႐ႊင္စြာ အပန္းေျဖႏိုင္မယ့္ အေဆာက္အအုံတစ္ခုအျဖစ္ ဖန္တီးဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။ ဒါဟာ ကုမၸဏီအေနနဲ႔ ပထမဆုံးအႀကိမ္ ျပတိုက္ဖြင့္လွစ္ျခင္းပဲျဖစ္ပါတယ္။