သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးအား လေ့လာကြည့်ရှုနိုင်သော ဘက်ထရီလျှပ်စစ်စက်ခေါင်းသုံးရထားခရီးစဉ်အား မနက်ဖြန်တွင် စတင်ပြေးဆွဲမည်

315

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၈
သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးအား လေ့လာကြည့်ရှုနိုင်သော ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) သုံးရထားခရီးစဉ်အား မနက်ဖြန် (ဒီဇင်ဘာ ၁၉ရက်)စတင်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားထံမှ သိရသည်။
အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီး စဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး-လားရှိုး လမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေ တောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇီးပင်ကြီး-ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်အား ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) အသုံး ပြုပြီး အမှတ်(၁၃၁)အဆန် ဇီးပင်ကြီး-ပြင်ဦးလွင်၊ အမှတ်(၁၃၂)အစုန် ပြင်ဦးလွင်- ဇီးပင်ကြီး ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရထားခရီးစဉ်များကို အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၁၃၁)အဆန်ရထားသည် ဇီးပင်ကြီး ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင်ရော က်ရှိရပ်နားပြီး ဂုတ်ထိပ်(၂)RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မှ ဇီးပင်ကြီးသို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် ပြင်ဦးလွင် ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက် ခွာမည့် အမှတ် (၁၃၂) အစုန် BEL ရထားဖြင့် ဆက်လက် လိုက်ပါနိုင်ပြီး ဇီးပင်ကြီးသို့ ညနေ ၆ နာရီ တွင် ဆိုက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
ဇီးပင်ကြီး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဇီးပင်ကြီး BEL ရထားခရီးစဉ်တွင် အထက်တန်းလူစီးတွဲတစ်တွဲ၊ ရိုးရိုတန်း လူစီးတွဲနှစ်တွဲနှင့် ဘရိတ်တွဲ တစ်တွဲပါရှိပြီး လက်မှတ်ခနှုန်းထားမှာ ဇီးပင်ကြီးမှ ပြင်ဦးလွင်အထိ ရိုးရိုးတန်း ကျပ် (၅၀၀၀) နှင့် အထက်တန်းကျပ် (၁၀၀၀၀) ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် (၄၀) လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပြီးလက်မှတ်ခနှုန်းထားမှာ ပြင်ဦးလွင် မှ ဂုတ်ထိပ်အထိ ကျပ် (၁၅၀၀၀) ဖြစ်ပြီး လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာများနှင့် ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်၌ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့တွင် ရပ်တန့်ပေး မည်ဖြစ်ကြောင်း သိရသည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ ပြေးဆွဲပေးသွားမည် ဖြစ်ပြီး အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ် အသွား၊ အပြန်ခရီးစဉ် အတွက် ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွား အေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ RBE ရထား (တစ်စီးလုံး) ငှားရမ်းလိုပါက (၂၄) ဦး လိုက်ပါစီးနင်းနိုင်ပြီး အသွား၊ အပြန် ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သမိုင္းဝင္ဂုတ္ထိပ္ တံတားႀကီးအား ေလ့လာၾကည့္ရႈႏိုင္ေသာ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းသုံးရထားခရီးစဥ္အား မနက္ျဖန္တြင္ စတင္ေျပးဆြဲမည္
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၈
သမိုင္းဝင္ဂုတ္ထိပ္ တံတားႀကီးအား ေလ့လာၾကည့္ရႈႏိုင္ေသာ ဘက္ထရီလွ်ပ္စစ္စက္ေခါင္း(BEL) သုံးရထားခရီးစဥ္အား မနက္ျဖန္ (ဒီဇင္ဘာ ၁၉ရက္)စတင္ကာ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားထံမွ သိရသည္။
အမ်ားျပည္သူလူထုရထားျဖင့္ ခရီးသြားလာမႈ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ရထားလမ္းပိုင္းအသီးသီးတြင္ လူစီးရထားခရီး စဥ္မ်ားကို စီစဥ္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။
မႏၲေလး-လားရႈိး လမ္းပိုင္းရွိ ဇီးပင္ႀကီး-ျပင္ဦးလြင္-ဂုတ္ထိပ္ လမ္းပိုင္းတြင္ ျပည္တြင္းမွ ခရီးသြားလာမည့္ ျပည္သူမ်ား၊ ႏိုင္ငံျခားသား ခရီးသြားလာသူမ်ားအား သမိုင္းဝင္ဂုတ္ထိပ္ တံတားႀကီးအား ေလ့လာၾကည့္ရႈႏိုင္ရန္၊ လမ္းခရီးရွိေရေျမ ေတာေတာင္သဘာဝရႈခင္းမ်ား ေလ့လာၾကည့္ရႈႏိုင္ရန္၊ ရွမ္းျပည္နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈရရွိေစရန္ႏွင့္ ေဒသႏၲရဗဟုသုတမ်ား ရရွိေစရန္ရည္႐ြယ္၍ ဇီးပင္ႀကီး-ျပင္ဦးလြင္ - ဇီးပင္ႀကီးခရီးစဥ္အား ဘက္ထရီလွ်ပ္စစ္စက္ေခါင္း(BEL) အသုံး ျပဳၿပီး အမွတ္(၁၃၁)အဆန္ ဇီးပင္ႀကီး-ျပင္ဦးလြင္၊ အမွတ္(၁၃၂)အစုန္ ျပင္ဦးလြင္- ဇီးပင္ႀကီး ရထားခရီးစဥ္ႏွင့္ RBE ရထားျဖင့္ ဂုတ္ထိပ္(၁)ျပင္ဦးလြင္-ဂုတ္ထိပ္၊ ဂုတ္ထိပ္(၂) ဂုတ္ထိပ္-ျပင္ဦးလြင္ ရထားခရီးစဥ္မ်ားကို အပတ္စဥ္စေန၊ တနဂၤေႏြရက္မ်ားတြင္ ေျပးဆြဲေပးမည္ ျဖစ္ေၾကာင္း သိရသည္။
ဘက္ထရီ လွ်ပ္စစ္စက္ေခါင္းျဖင့္ ေျပးဆြဲမည့္ အမွတ္(၁၃၁)အဆန္ရထားသည္ ဇီးပင္ႀကီး ဘူတာမွ နံနက္ ၆ နာရီတြင္ စတင္ထြက္ခြာ၍ ျပင္ဦးလြင္ဘူတာသို႔ နံနက္ ၇ နာရီခြဲတြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ဂုတ္ထိပ္(၁) RBE ရထားသည္ ျပင္ဦးလြင္ဘူတာမွ နံနက္ ၈ နာရီတြင္ ထြက္ခြာ၍ ဂုတ္ထိပ္ဘူတာသို႔ နံနက္ ၁၁ နာရီခြဲတြင္ေရာ က္ရွိရပ္နားၿပီး ဂုတ္ထိပ္(၂)RBE ရထားသည္ ဂုတ္ထိပ္ဘူတာမွ မြန္းလြဲ ၁၂ နာရီခြဲတြင္ ျပန္လည္ထြက္ခြာ၍ ျပင္ဦးလြင္ဘူတာသို႔ ညေန ၄ နာရီတြင္ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ျပင္ဦးလြင္မွ ဇီးပင္ႀကီးသို႔ ဆက္လက္လိုက္ပါလိုသည့္ ခရီးသည္မ်ားအေနျဖင့္ ျပင္ဦးလြင္ ဘူတာမွ ညေန ၄ နာရီ ၁၅ မိနစ္တြင္ စတင္ထြက္ ခြာမည့္ အမွတ္ (၁၃၂) အစုန္ BEL ရထားျဖင့္ ဆက္လက္ လိုက္ပါႏိုင္ၿပီး ဇီးပင္ႀကီးသို႔ ညေန ၆ နာရီ တြင္ ဆိုက္ေရာက္ မည္ျဖစ္ေၾကာင္း သိရသည္။
ဇီးပင္ႀကီး-ျပင္ဦးလြင္၊ ျပင္ဦးလြင္-ဇီးပင္ႀကီး BEL ရထားခရီးစဥ္တြင္ အထက္တန္းလူစီးတြဲတစ္တြဲ၊ ႐ိုး႐ိုတန္း လူစီးတြဲႏွစ္တြဲႏွင့္ ဘရိတ္တြဲ တစ္တြဲပါရွိၿပီး လက္မွတ္ခႏႈန္းထားမွာ ဇီးပင္ႀကီးမွ ျပင္ဦးလြင္အထိ ႐ိုး႐ိုးတန္း က်ပ္ (၅၀၀၀) ႏွင့္ အထက္တန္းက်ပ္ (၁၀၀၀၀) ျဖစ္ေၾကာင္း သိရသည္။
ျပင္ဦးလြင္-ဂုတ္ထိပ္၊ ဂုတ္ထိပ္-ျပင္ဦးလြင္ RBE ရထားခရီးစဥ္တြင္ ခရီးသည္ (၄၀) လိုက္ပါစီးနင္းႏိုင္မည္ ျဖစ္ၿပီးလက္မွတ္ခႏႈန္းထားမွာ ျပင္ဦးလြင္ မွ ဂုတ္ထိပ္အထိ က်ပ္ (၁၅၀၀၀) ျဖစ္ၿပီး လမ္းခရီးတြင္ ပြဲေကာက္၊ ဝက္ဝံ၊ ဆမ္ဆယ္၊ ေနာင္ခ်ိဳဘူတာမ်ားႏွင့္ ျပင္ဦးလြင္ - ဇီးပင္ႀကီးခရီးစဥ္၌ အနီးစခန္းႏွင့္ သုံးေတာင္ဘူတာတို႔တြင္ ရပ္တန႔္ေပး မည္ျဖစ္ေၾကာင္း သိရသည္။
ေနာင္တြင္ အပတ္စဥ္ စေန၊ တနဂၤေႏြ႐ုံးပိတ္ရက္မ်ား၌ ေျပးဆြဲေပးသြားမည္ ျဖစ္ၿပီး အဆိုပါ ျပင္ဦးလြင္-ဂုတ္ထိပ္ အသြား၊ အျပန္ခရီးစဥ္ အတြက္ ခရီးသြားကုမၸဏီမ်ား (Tour Company)၊ ခရီးသြား ေအဂ်င္စီမ်ား၊ Private School စသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွ RBE ရထား (တစ္စီးလုံး) ငွားရမ္းလိုပါက (၂၄) ဦး လိုက္ပါစီးနင္းႏိုင္ၿပီး အသြား၊ အျပန္ ခရီးစဥ္အတြက္ တစ္ဦးလွ်င္ ေငြက်ပ္ (၃၀၀၀၀) ႏႈန္းျဖင့္ စုစုေပါင္း က်ပ္ခုနစ္သိန္း ႏွစ္ေသာင္းက်သင့္မည္ျဖစ္ေၾကာင္း သိရသည္။