လှိုင်သာယာ၌ စက်ရုံဝန်ထမ်း ဖယ်ရီယာဥ် တိမ်းမှောက်မှုဖြစ်ပွား (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိ

 255

NP News - ဒီဇင်ဘာ ၁၈

လှိုင်သာယာစက်ရုံဝန်ထမ်းများ လိုက်ပါလာသည့် ဖယ်ရီယာဥ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။
ယနေ့ ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီကျော်အချိန်ခန့်က ရန်ကုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း မီးပွိုင့်တွင် အိုပယ်(၁) စက်ရုံဝန်ထမ်းအမျိုးသမီး (၄၀) နီးပါး လိုက်ပါလာသည့် ဖယ်ရီယာဥ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ လူမှုကူညီရေးအသင်းများ သွားရောက်ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၅) ဦးမှာ လက်ကျိုး၊ခေါင်းကွဲ၊ ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် လှိုင်သာယာဆေးရုံကြီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၂၁ ရက်ကလည်း လှိုင်သာယာ၊ တိုးချဲ့မှတ်တိုင်အကျော်တွင် စက်ရုံဝန်ထမ်းတင်ဆောင်လာသည့် ဖယ်ရီယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ စက်ရုံဝန်ထမ်းအများစု လက်ကျိုး ၊ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။
ထို့အတူ နိုဝင်ဘာ ၂၄ ရက်ကလည်း လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အလယ်ကျေးရွာအုပ်စု ၊ခရေပင်လမ်းမကြီး Denko ဆီဆိုင်ရှေ့အနီးတွင် ကျောင်းကြိုပို့ကား ဘရိတ်ပေါက်၍ ယာဉ်နှစ်စီး နှင့် ဘေးတွဲဆိုင်ကယ် သုံးစီးကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

Zawgyi Version:
လႈိင္သာယာ၌ စက္႐ုံဝန္ထမ္း ဖယ္ရီယာဥ္ တိမ္းေမွာက္မႈျဖစ္ပြား (၁၀) ဦးထက္မနည္း ဒဏ္ရာရရွိ
NP News - ဒီဇင္ဘာ ၁၈
လႈိင္သာယာစက္႐ုံဝန္ထမ္းမ်ား လိုက္ပါလာသည့္ ဖယ္ရီယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ (၁၀) ဦး ထက္မနည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားမွ သိရသည္။
ယေန႔ ဒီဇင္ဘာ ၁၈ ရက္ နံနက္ ၇ နာရီေက်ာ္အခ်ိန္ခန႔္က ရန္ကုန္၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၆) ရပ္ကြက္၊ ဗိုလ္ေအာင္ေက်ာ္လမ္း မီးပြိဳင့္တြင္ အိုပယ္(၁) စက္႐ုံဝန္ထမ္းအမ်ိဳးသမီး (၄၀) နီးပါး လိုက္ပါလာသည့္ ဖယ္ရီယာဥ္တစ္စီး ဘရိတ္ေပါက္၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚပါ (၁၅) ဦးခန႔္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္သည္။
အဆိုပါ အခင္းျဖစ္ပြားရာေနရာသို႔ လူမႈကူညီေရးအသင္းမ်ား သြားေရာက္ကူညီေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ (၁၅) ဦးမွာ လက္က်ိဳး၊ေခါင္းကြဲ၊ ပြန္းပဲ့ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း၊ ၎တို႔အားလုံးကို လူမႈကူညီေရးအသင္းယာဥ္ျဖင့္ လႈိင္သာယာေဆး႐ုံႀကီး ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ႏိုဝင္ဘာ ၂၁ ရက္ကလည္း လႈိင္သာယာ၊ တိုးခ်ဲ႕မွတ္တိုင္အေက်ာ္တြင္ စက္႐ုံဝန္ထမ္းတင္ေဆာင္လာသည့္ ဖယ္ရီယာဥ္ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚပါ စက္႐ုံဝန္ထမ္းအမ်ားစု လက္က်ိဳး ၊ ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားမွ သိရသည္။
ထို႔အတူ ႏိုဝင္ဘာ ၂၄ ရက္ကလည္း လႈိင္သာယာ(အေနာက္ပိုင္း) ၿမိဳ႕နယ္၊ အလယ္ေက်း႐ြာအုပ္စု ၊ခေရပင္လမ္းမႀကီး Denko ဆီဆိုင္ေရွ႕အနီးတြင္ ေက်ာင္းႀကိဳပို႔ကား ဘရိတ္ေပါက္၍ ယာဥ္ႏွစ္စီး ႏွင့္ ေဘးတြဲဆိုင္ကယ္ သုံးစီးကို ဝင္ေရာက္တိုက္မိမႈျဖစ္ပြားခဲ့ၿပီး ကေလးငယ္တစ္ဦး အပါအဝင္ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

Related news

© 2021. All rights reserved.