အခေါက်ရွှေဈေး တစ်ကျပ်သားလျှင်သိန်း(၉၀)ကျော်သို့ရောက်ရှိလာ

 297

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၁၈
ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးများ ဆက်လက်မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးမှာလည်း တစ်ကျပ်သား လျှင် သိန်း(၉၀)နှစ်သောင်းကျပ်ဝန်းကျင်အထိဈေးနှုန်းများမြင့်တက်နေကြောင်း ဈေးကွက် အတွင်းမှသိရသည်။
“ကမ္ဘာရွှေ‌ဈေးကတစ်အောင်စ ကို (၄၃၃၀) ဒေါ်လာအထိဈေးပြန်မြင့်လာတယ်၊ပြည်းတွင်ရွှေဈေးကလည်း လိုက်ပါမြင့်တက်လာတာပေါ့ ၊အခေါက်ရွှေတစ်ကျပ်သားကို သိန်း(၉၀)အကျော် အထိ ပေါက်ဈေးဖြစ်နေတာ၊ဒီနေ့ဈေးကွက်အဖွင့်ဈေးကအမြင့်ပိုင်းဆိုတော့ ဒီတစ်ပါတ်ထဲမှာ ဈေးကျနိုင်ခြေမရှိဘူး”ဟု ရန်ကုန်မြို့ခံရွှေကုန်သည်တစ်ဦးကပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှနေ့စဉ်ထုတ်ပြန်ပေးနေသည့် ဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းကိုးသောင်းကျပ်ဟု ထုတ်ပြန်ထားသည်။
ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ‌(၄,၉၁၀)ကျပ်နှင့် အရောင်း (၄,၀၁၀)ကျပ် ဝန်းကျင် ရှိသည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေး ရနိုင်ကြောင်း သိရသည်။

Zawgyi Version:
အေခါက္ေ႐ႊေဈး တစ္က်ပ္သားလွ်င္သိန္း(၉၀)ေက်ာ္သို႔ေရာက္ရွိလာ
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၁၈
ေ႐ႊေဈးကြက္အတြင္း ကမာၻ႔ေ႐ႊေဈးမ်ား ဆက္လက္ျမင့္တက္လာၿပီး ျပည္တြင္းေ႐ႊေဈးမွာလည္း တစ္က်ပ္သား လွ်င္ သိန္း(၉၀)ႏွစ္ေသာင္းက်ပ္ဝန္းက်င္အထိေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္း ေဈးကြက္ အတြင္းမွသိရသည္။
“ကမာၻေ႐ႊ‌ေဈးကတစ္ေအာင္စ ကို (၄၃၃၀) ေဒၚလာအထိေဈးျပန္ျမင့္လာတယ္၊ျပည္းတြင္ေ႐ႊေဈးကလည္း လိုက္ပါျမင့္တက္လာတာေပါ့ ၊အေခါက္ေ႐ႊတစ္က်ပ္သားကို သိန္း(၉၀)အေက်ာ္ အထိ ေပါက္ေဈးျဖစ္ေနတာ၊ဒီေန႔ေဈးကြက္အဖြင့္ေဈးကအျမင့္ပိုင္းဆိုေတာ့ ဒီတစ္ပါတ္ထဲမွာ ေဈးက်ႏိုင္ေျခမရွိဘူး”ဟု ရန္ကုန္ၿမိဳ႕ခံေ႐ႊကုန္သည္တစ္ဦးကေျပာသည္။
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွေန႔စဥ္ထုတ္ျပန္ေပးေနသည့္ ေဈးႏႈန္းမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉)သိန္းကိုးေသာင္းက်ပ္ဟု ထုတ္ျပန္ထားသည္။
ေ႐ႊေဈးျမင့္တက္ေနေသာ္လည္း ျပည္တြင္းႏိုင္ငံျခားေငြလဲႏႈန္းေစ်းကြက္၌မူ ေစ်းတည္ၿငိမ္ေနၿပီး တစ္ေဒၚလာ ျပင္ပေပါက္ေစ်း အဝယ္ ‌(၄,၉၁၀)က်ပ္ႏွင့္ အေရာင္း (၄,၀၁၀)က်ပ္ ဝန္းက်င္ ရွိသည္။
ျပည္တြင္း၌ ေ႐ႊခ်ိန္တြယ္ရာတြင္မူ က်ပ္၊ပဲ၊မူး၊ေ႐ြးကိုအသုံးျပဳၿပီး တက်ပ္သားလွ်င္ ၀ ဒသမ ၅၂၅ ေအာင္စ ရွိကာ (ကမာၻ႔ေ႐ႊေစ်း × တစ္ေဒၚလာေငြလဲႏႈန္း × ၀ ဒသမ ၅၂၅ )ျဖင့္ တြက္ခ်က္ပါက ရရွိသည့္ ပမာဏသည္ အနီးစပ္ဆုံးျပည္တြင္း အေခါက္ေ႐ႊေစ်း ရႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.