ပူတာအိုဒေသသည် ရှားပါးဆေးဖက်ဝင် ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်ထွက်ရှိရာ ဒေသဖြစ်၍ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းထုတ်လုပ်တင်ပို့ရန်လို

 174

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၈
ပူတာအိုဒေသတွင် ရှားပါးဆေးဖက်ဝင် ပစ္စည်းများ နိုင်ငံတကာအဆင့်မီ ဂရိတ် ဖုသီး၊ အမေရိကန်သံပရာသီး၊ ဝါရှင်တန်သီးများ ဖြစ်ထွန်း သည့်အပြင် အိမ်နီးချင်း နိုင်ငံသို့ တင်ပို့နိုင်သည့် ဟင်းခတ်အမွှေး အကြိုင်ရှာကော၊ ပါကောထွက်ရှိရာ ဒေသဖြစ်၍ နားလည်တတ် ကျွမ်းသည့် ပညာရှင်များဖြင့် ပူးပေါင်းပြီး စနစ်တကျ ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်သွား ကြရန်လိုကြောင်းနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့( ဒီဇင်ဘာ ၁၇ရက်)၊ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများကို တွေ့ဆုံအမှာစကား ပြောကြားစဉ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပူတာအိုဒေသသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုဖြင့် ယခုစပါးဖူလုံမှုရှိလာပြီဖြစ်ကြောင်းနှင့် စားသုံးဆီ ဖူလုံမှု အနည်းငယ် လိုအပ်ချက်ရှိသဖြင့် ဆက်လက်ကြိုးပမ်း၍ ဒေသအတွင်း ဖြစ်ထွန်းနိုင်မည့် ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးကောင်းနေရန် လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
သို့မှသာ ဒေသအတွင်း ကုန်စည်စီးဆင်းမှုရှိစေရေး ဒေသနှင့် ကိုက်ညီသည့် ထွက်ကုန်ပစ္စည်း တိုးမြှင့် ထုတ်လုပ်သွားရန်လိုကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ MSME ချေးငွေများဖြင့် ထုတ်ချေး ပေးထားပြီးဖြစ်၍ စနစ်တကျ အကျိုးရှိစွာ စီမံဆောင်ရွက်သွားရန်လိုကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအချင်းချင်း အသိပညာဖလှယ်ခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများကလည်း စိတ်ပါဝင်စားစွာဖြင့် လုပ်ငန်းလုပ်ကိုင် လိုသူများကို တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
လုပ်ငန်းများဆောင်ရွက်ရန်အတွက် အဓိကလိုအပ်သည်မှာ ငွေကြေးအရင်းအနှီးဖြစ်ကြောင်း၊ အရင်းအနှီးရရှိမှသာ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
ထို့ပြင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်အချက်များကို တာဝန်ရှိသူများဖြင့် တိုင်ပင်ဆွေးနွေး တင်ပြရမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပူတာအိုေဒသသည္ ရွားပါးေဆးဖက္ဝင္ ပစၥည္းမ်ားႏွင့္ ဟင္းခတ္အေမႊးအႀကိဳင္ထြက္ရွိရာ ေဒသျဖစ္၍ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ ပူးေပါင္းထုတ္လုပ္တင္ပို႔ရန္လို
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၈
ပူတာအိုေဒသတြင္ ရွားပါးေဆးဖက္ဝင္ ပစၥည္းမ်ား ႏိုင္ငံတကာအဆင့္မီ ဂရိတ္ ဖုသီး၊ အေမရိကန္သံပရာသီး၊ ဝါရွင္တန္သီးမ်ား ျဖစ္ထြန္း သည့္အျပင္ အိမ္နီးခ်င္း ႏိုင္ငံသို႔ တင္ပို႔ႏိုင္သည့္ ဟင္းခတ္အေမႊး အႀကိဳင္ရွာေကာ၊ ပါေကာထြက္ရွိရာ ေဒသျဖစ္၍ နားလည္တတ္ ကြၽမ္းသည့္ ပညာရွင္မ်ားျဖင့္ ပူးေပါင္းၿပီး စနစ္တက် ထုတ္လုပ္တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္သြား ၾကရန္လိုေၾကာင္းႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ယမန္ေန႔( ဒီဇင္ဘာ ၁၇ရက္)၊ နံနက္ပိုင္းက ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕ရွိ ဖုန္ကန္ရာဇီခန္းမ၌ ခ႐ိုင္/ ၿမိဳ႕နယ္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီအဖြဲ႕မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားကို ေတြ႕ဆုံအမွာစကား ေျပာၾကားစဥ္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပူတာအိုေဒသသည္ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ႀကိဳးပမ္းမႈျဖင့္ ယခုစပါးဖူလုံမႈရွိလာၿပီျဖစ္ေၾကာင္းႏွင့္ စားသုံးဆီ ဖူလုံမႈ အနည္းငယ္ လိုအပ္ခ်က္ရွိသျဖင့္ ဆက္လက္ႀကိဳးပမ္း၍ ေဒသအတြင္း ျဖစ္ထြန္းႏိုင္မည့္ ဆီထြက္သီးႏွံမ်ားကို စိုက္ပ်ိဳးၾကရန္လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အတတ္ႏိုင္ဆုံးျဖည့္ဆည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္ စီးပြားေရးေကာင္းေနရန္ လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့သည္။
သို႔မွသာ ေဒသအတြင္း ကုန္စည္စီးဆင္းမႈရွိေစေရး ေဒသႏွင့္ ကိုက္ညီသည့္ ထြက္ကုန္ပစၥည္း တိုးျမႇင့္ ထုတ္လုပ္သြားရန္လိုေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြ၊ MSME ေခ်းေငြမ်ားျဖင့္ ထုတ္ေခ်း ေပးထားၿပီးျဖစ္၍ စနစ္တက် အက်ိဳးရွိစြာ စီမံေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့သည္။
လုပ္ငန္းေဆာင္႐ြက္ရာတြင္ လုပ္ငန္းရွင္မ်ားအခ်င္းခ်င္း အသိပညာဖလွယ္ျခင္း၊ သက္ဆိုင္ရာ ဝန္ထမ္းမ်ားကလည္း စိတ္ပါဝင္စားစြာျဖင့္ လုပ္ငန္းလုပ္ကိုင္ လိုသူမ်ားကို ေတြ႕ဆုံေဆြးေႏြးၿပီး ၎တို႔၏လိုအပ္ခ်က္မ်ားကိုလည္း ျဖည့္ဆည္း ေပးရမည္ျဖစ္ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
လုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ အဓိကလိုအပ္သည္မွာ ေငြေၾကးအရင္းအႏွီးျဖစ္ေၾကာင္း၊ အရင္းအႏွီးရရွိမွသာ ေဆာင္႐ြက္လိုသည့္ လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး ထုတ္ကုန္မ်ား ထုတ္လုပ္ေရာင္းခ်ႏိုင္မည္ ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ လိုအပ္သည့္အခ်က္မ်ားကို တာဝန္ရွိသူမ်ားျဖင့္ တိုင္ပင္ေဆြးေႏြး တင္ျပရမည္ျဖစ္ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.