YGEA အမည်ခံ၍ သတင်းတု သတင်းမှားများ လုပ်ကြံဖြန့်ချိပါက ဥပဒေအရ အရေးယူမည်

165

Pearl (NP News) - ဒီဇင်ဘာ ၁၈
YGEA အမည်ခံ၍ သတင်းတု သတင်းမှားများ လုပ်ကြံဖြန့်ချိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းကြီးအား (၂၀၁၇) ခုနှစ်မှစ၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်မှတ်ပုံတင်သွင်းဖွဲ့စည်းတည်ထောင်ပြီး နိုင်ငံတော်၏မူဝါနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အချို့က အသင်းကြီးနှင့်ပတ်သက်၍ မမှန်မကန်စွပ်စွဲ ဝေဖန်ပြောဆိုခြင်း၊ တရားမဝင် မဟုတ်မမှန်သောအကြောင်းအချက်များပေါင်းစပ်လုပ်ကြံဖြန့်ချီခြင်းများ ဆောင်ရွက်နေကြောင်း YGEA က ဆိုသည်။
အလားတူ တာဝန်အရအသင်းကြီးအား ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် ဂုဏ်သိက္ခာ ထိခိုက်စေသည့် သတင်းများကို ပြောဆိုဖြန့်ဝေခြင်း၊ သတင်းတု သတင်းမှားများကို (YGEA) အမည်ခံ၍ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖြန့်ချိနေခြင်းများပြုလုပ်နေကြောင်း အထောက်အထားများနှင့်တကွ သိရှိကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် အသင်း၏ Logo ကို ဆင်တူရိုးမှားအသုံးချ၍ တရားမဝင်ကြေညာမှုများတွင် ပြုလုပ်ဆောင်ရွက်နေ သဖြင့် အထက်ပါတရားမဲ့ပြုကျင့်မှုများအား လုံးဝမလုပ်ဆောင်ကြပါရန် နှင့် ဆက်လက်ကျူးလွန် ဖောက် ဖျက်ပါက မလွဲမရှောင်သာဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း သတိပေးထားသည်။
အသင်းအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မူလအသင်းဝင်စဉ်က ဖော်ပြ ထားသည့် လိပ်စာ၊ ဖုန်းနံပါတ်များနှင့်ဆက်သွယ်၍မရသူများနှင့် အသင်းနှစ်စဉ်ကြေးအား (၁၀) နှစ် အထက်ပေးဆောင်ရန် ပျက်ကွက်သူများအား အသင်းဝင်အမည်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
YGEA အမည္ခံ၍ သတင္းတု သတင္းမွားမ်ား လုပ္ႀကံျဖန႔္ခ်ိပါက ဥပေဒအရ အေရးယူမည္
Pearl (NP News) - ဒီဇင္ဘာ ၁၈
YGEA အမည္ခံ၍ သတင္းတု သတင္းမွားမ်ား လုပ္ႀကံျဖန႔္ခ်ိပါက ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) က အသိေပးထားသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းႀကီးအား (၂၀၁၇) ခုႏွစ္မွစ၍ တည္ဆဲဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ တရားဝင္မွတ္ပုံတင္သြင္းဖြဲ႕စည္းတည္ေထာင္ၿပီး ႏိုင္ငံေတာ္၏မူဝါႏွင့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လုပ္ငန္းမ်ားကို စီမံခန႔္ခြဲလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ အခ်ိဳ႕က အသင္းႀကီးႏွင့္ပတ္သက္၍ မမွန္မကန္စြပ္စြဲ ေဝဖန္ေျပာဆိုျခင္း၊ တရားမဝင္ မဟုတ္မမွန္ေသာအေၾကာင္းအခ်က္မ်ားေပါင္းစပ္လုပ္ႀကံျဖန႔္ခ်ီျခင္းမ်ား ေဆာင္႐ြက္ေနေၾကာင္း YGEA က ဆိုသည္။
အလားတူ တာဝန္အရအသင္းႀကီးအား ဦးေဆာင္ ဦး႐ြက္ျပဳ ေဆာင္႐ြက္ေပးေနေသာ ပုဂၢိဳလ္မ်ားအား အမ်ားျပည္သူအထင္အျမင္လြဲမွားေစသည့္ ဂုဏ္သိကၡာ ထိခိုက္ေစသည့္ သတင္းမ်ားကို ေျပာဆိုျဖန႔္ေဝျခင္း၊ သတင္းတု သတင္းမွားမ်ားကို (YGEA) အမည္ခံ၍ ထင္ေယာင္ထင္မွားျဖစ္ေစရန္ လုပ္ႀကံျဖန႔္ခ်ိေနျခင္းမ်ားျပဳလုပ္ေနေၾကာင္း အေထာက္အထားမ်ားႏွင့္တကြ သိရွိေၾကာင္းလည္း ေဖာ္ျပထားသည္။
ထို႔ျပင္ အသင္း၏ Logo ကို ဆင္တူ႐ိုးမွားအသုံးခ်၍ တရားမဝင္ေၾကညာမႈမ်ားတြင္ ျပဳလုပ္ေဆာင္႐ြက္ေန သျဖင့္ အထက္ပါတရားမဲ့ျပဳက်င့္မႈမ်ားအား လုံးဝမလုပ္ေဆာင္ၾကပါရန္ ႏွင့္ ဆက္လက္က်ဴးလြန္ ေဖာက္ ဖ်က္ပါက မလြဲမေရွာင္သာဘဲ တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္မည္ျဖစ္ပါေၾကာင္း သတိေပးထားသည္။
အသင္းအလုပ္အမႈေဆာင္အဖြဲ႕အစည္းအေဝးဆုံးျဖတ္ခ်က္အရ မူလအသင္းဝင္စဥ္က ေဖာ္ျပ ထားသည့္ လိပ္စာ၊ ဖုန္းနံပါတ္မ်ားႏွင့္ဆက္သြယ္၍မရသူမ်ားႏွင့္ အသင္းႏွစ္စဥ္ေၾကးအား (၁၀) ႏွစ္ အထက္ေပးေဆာင္ရန္ ပ်က္ကြက္သူမ်ားအား အသင္းဝင္အမည္စာရင္းမွ ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။