ငွေစက္ကူ အတုနှင့်အစစ် ခြားနားချက်များကိုဗဟိုဘဏ်ထုတ်ပြန်

533

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၁၈
လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုများအား သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန်နှင့် အတုနှင့် အစစ် တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုများကို ဒီဇင်ဘာ ၁၇ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ထုတ်ပြန်လိုက်ပြီး ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ “A4” စာရွက်များဖြင့် မိတ္တူကူးထားသော်လည်း အတုမှန်း လွယ်ကူစွာသိရှိနိုင်မည်ဖြစ်သည်။
ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော အချက်များမှာ ငွေစက္ကူ၏ စက္ကူသားမှာ ကြမ်းရှရှရှိနေခြင်း (ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)၊ ငွေစက္ကူ၏ရှေ့မျက်နှာစာ လက်ဝဲဘက်ထောင့်ရှိ အညိုရောင်ကနုတ်ပန်းကို လက်ဖြင့် စမ်းသပ်ကြည့်ပါက ကြမ်းရှရှဖြစ်နေပြီး ဘေးတိုက်တိမ်းစောင်းကြည့်ခြင်း၊ အလင်းရောင်ဖြင့် ၄၅ ဒီဂရီတိမ်းစောင်း၍ကြည့်ပါက CBM စာသားကို ပေါ်လွင်ပြတ်သားစွာ တွေ့မြင်ရခြင်း (ငွေစက္ကူအတုတွင် မတွေ့ရခြင်း)တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ငွေစက္ကူမျက်နှာပြင်ပေါ်ရှိ ဒေါင်လိုက်ရိုက်နှိပ်ထားသော "တစ်သောင်းကျပ်" စာသားနှင့် တန်ဖိုး “၁၀,၀၀၀” ဂဏန်းများကို လက်ဖြင့်ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း (ငွေစက္ကူအတုတွင် ပြောင်ချောနေခြင်း)၊ ငွေစက္ကူမျက်နှာစာဘက်ရှိ "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတမ်းကို လက်ဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း (ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)တို့ဖြစ်သည်။
ဆက်လက်ပြီးအလွယ်ကူဆုံးအချက်အနေဖြင့် လုံခြုံရေးကြိုးမှာ အထက်အောက် လှုပ်ရှားကြည့်ပါက အရောင်ပြောင်းလဲခြင်း (ငွေစက္ကူအတုတွင် အရောင်မပြောင်းပါ)၊ ငွေစက္ကူအစစ်တွင် လုံခြုံရေးကြိုးသည် ဒေါင်လိုက်တည့်မတ်စွာမြှုပ်ထားပြီး တစ်ပိုင်းပေါ် တစ်ပိုင်းမြှုပ်ဖြင့် ထည့်သွင်းထားခြင်းကြောင့် ပေါ်နေသောအစိတ်အပိုင်းများသည် စတုဂံကျကျ သေသပ်စွာရှိမနေခြင်းနှင့် ငွေစက္ကူကိုအလင်းရောင်တွင် ထောင်ကြည့်ပါက တဆက်စပ်တည်း မြင်ရခြင်း (ငွေစက္ကူအတု၏ လုံခြုံရေးကြိုးမှာ အပေါ်မှသေသပ်စွာ ဒေါင်ကျကျကပ်ထားခြင်းသာဖြစ်ပြီး အတွင်းမြှုပ်နှံထားခြင်းမရှိပါ) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဗဟိုဘဏ်ဥပဒေ ပုဒ်မ (၁၀၁) အရ တားမြစ်ထားသော ငွေစက္ကူအတုများအား အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းပြုလုပ်ပါက မည်သူမဆို ပုဒ်မ (၁၀၁) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ (၁၀၅) အရ ထိုသူကို ငွေဒဏ်ဖြစ်စေ၊ (၃) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းသိရသည်။
ပုဒ်မ (၁၀၂) အရ ငွေစက္ကူအတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်း (သို့မဟုတ်) ပြည်ပသို့တင်ပို့ခြင်းတို့ကိုကျူးလွန်ပါက မည်သူမဆို ပုဒ်မ (၁၀၂) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ (၁၀၆) အရ ထိုသူကို အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်မှ အများဆုံးထောင်ဒဏ်နှစ် (၂၀) အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ယင်းနည်းတူ ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ငွေစက္ကူအတုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးသွားရန်နှင့် တာဝန်ရှိသူအသီးသီးမှလည်း တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေငြစကၠဴ အတုႏွင့္အစစ္ ျခားနားခ်က္မ်ားကိုဗဟိုဘဏ္ထုတ္ျပန္
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၁၈
လူမႈကြန္ရက္ေပၚတြင္ ေငြစကၠဴအတုမ်ားအား သတင္းေပးတိုင္ၾကားခ်က္အရ ဖမ္းဆီးရမိမႈမ်ားအား မၾကာခဏေတြ႕ရွိရ၍ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္စိတ္မ်ားမျဖစ္ေပၚေစရန္ႏွင့္ အတုႏွင့္ အစစ္ တို႔၏ သိသာထင္ရွားစြာကြဲျပားျခားနားမႈမ်ားကို ဒီဇင္ဘာ ၁၇ ရက္ေန႔က ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ (CBM) မွ ထုတ္ျပန္လိုက္ၿပီး ဗဟိုဘဏ္မွ ထုတ္ေဝသည့္ ေငြစကၠဴမ်ားမွာ လုံၿခဳံမႈအဆင့္အတန္း ျမင့္မားစြာပါရွိေသာေၾကာင့္ လြယ္ကူလ်င္ျမန္စြာ ခြဲျခားသိျမင္ႏိုင္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ေငြစကၠဴအတုမ်ားသည္ အရည္အေသြးေကာင္းမြန္ေသာ မိတၱဴကူးစက္မ်ားကိုအသုံးျပဳကာ “A4” စာ႐ြက္မ်ားျဖင့္ မိတၱဴကူးထားေသာ္လည္း အတုမွန္း လြယ္ကူစြာသိရွိႏိုင္မည္ျဖစ္သည္။
ေငြစကၠဴအစစ္ႏွင့္အတုတို႔တြင္ အလြယ္တကူမ်က္ျမင္သိရွိႏိုင္ေသာ အခ်က္မ်ားမွာ ေငြစကၠဴ၏ စကၠဴသားမွာ ၾကမ္းရွရွရွိေနျခင္း (ေငြစကၠဴအတုတြင္ ေျပာင္ေခ်ာေနပါသည္)၊ ေငြစကၠဴ၏ေရွ႕မ်က္ႏွာစာ လက္ဝဲဘက္ေထာင့္ရွိ အညိဳေရာင္ကႏုတ္ပန္းကို လက္ျဖင့္ စမ္းသပ္ၾကည့္ပါက ၾကမ္းရွရွျဖစ္ေနၿပီး ေဘးတိုက္တိမ္းေစာင္းၾကည့္ျခင္း၊ အလင္းေရာင္ျဖင့္ ၄၅ ဒီဂရီတိမ္းေစာင္း၍ၾကည့္ပါက CBM စာသားကို ေပၚလြင္ျပတ္သားစြာ ေတြ႕ျမင္ရျခင္း (ေငြစကၠဴအတုတြင္ မေတြ႕ရျခင္း)တို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ ေငြစကၠဴမ်က္ႏွာျပင္ေပၚရွိ ေဒါင္လိုက္႐ိုက္ႏွိပ္ထားေသာ "တစ္ေသာင္းက်ပ္" စာသားႏွင့္ တန္ဖိုး “၁၀,၀၀၀” ဂဏန္းမ်ားကို လက္ျဖင့္ပြတ္ဆြဲၾကည့္ပါက ၾကမ္းရွရွရွိေနျခင္း (ေငြစကၠဴအတုတြင္ ေျပာင္ေခ်ာေနျခင္း)၊ ေငြစကၠဴမ်က္ႏွာစာဘက္ရွိ "ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္" စာတမ္းကို လက္ျဖင့္ ပြတ္ဆြဲၾကည့္ပါက ၾကမ္းရွရွရွိေနျခင္း (ေငြစကၠဴအတုတြင္ ေျပာင္ေခ်ာေနပါသည္)တို႔ျဖစ္သည္။
ဆက္လက္ၿပီးအလြယ္ကူဆုံးအခ်က္အေနျဖင့္ လုံၿခဳံေရးႀကိဳးမွာ အထက္ေအာက္ လႈပ္ရွားၾကည့္ပါက အေရာင္ေျပာင္းလဲျခင္း (ေငြစကၠဴအတုတြင္ အေရာင္မေျပာင္းပါ)၊ ေငြစကၠဴအစစ္တြင္ လုံၿခဳံေရးႀကိဳးသည္ ေဒါင္လိုက္တည့္မတ္စြာျမႇဳပ္ထားၿပီး တစ္ပိုင္းေပၚ တစ္ပိုင္းျမႇဳပ္ျဖင့္ ထည့္သြင္းထားျခင္းေၾကာင့္ ေပၚေနေသာအစိတ္အပိုင္းမ်ားသည္ စတုဂံက်က် ေသသပ္စြာရွိမေနျခင္းႏွင့္ ေငြစကၠဴကိုအလင္းေရာင္တြင္ ေထာင္ၾကည့္ပါက တဆက္စပ္တည္း ျမင္ရျခင္း (ေငြစကၠဴအတု၏ လုံၿခဳံေရးႀကိဳးမွာ အေပၚမွေသသပ္စြာ ေဒါင္က်က်ကပ္ထားျခင္းသာျဖစ္ၿပီး အတြင္းျမႇဳပ္ႏွံထားျခင္းမရွိပါ) တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ (၁၀၁) အရ တားျမစ္ထားေသာ ေငြစကၠဴအတုမ်ားအား အတုမွန္းသိလ်က္ႏွင့္ သုံးစြဲျခင္းျပဳလုပ္ပါက မည္သူမဆို ပုဒ္မ (၁၀၁) ပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ပုဒ္မ (၁၀၅) အရ ထိုသူကို ေငြဒဏ္ျဖစ္ေစ၊ (၃) ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္ေၾကာင္းသိရသည္။
ပုဒ္မ (၁၀၂) အရ ေငြစကၠဴအတုျပဳလုပ္ျခင္း၊ အတုကို ျပည္ပမွတင္သြင္းျခင္း (သို႔မဟုတ္) ျပည္ပသို႔တင္ပို႔ျခင္းတို႔ကိုက်ဴးလြန္ပါက မည္သူမဆို ပုဒ္မ (၁၀၂) ပါတားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ပုဒ္မ (၁၀၆) အရ ထိုသူကို အနည္းဆုံးေထာင္ဒဏ္ (၁၀) ႏွစ္မွ အမ်ားဆုံးေထာင္ဒဏ္ႏွစ္ (၂၀) အထိ ခ်မွတ္ခံရႏိုင္ေၾကာင္း သိရသည္။
ယင္းနည္းတူ ျပစ္မႈႏွင့္သက္ဆိုင္သည့္ သက္ေသခံပစၥည္းမ်ားကိုလည္း ျပည္ေထာင္စုဘ႑ာအျဖစ္ သိမ္းဆည္းမည္ျဖစ္ေၾကာင္းႏွင့္ ျပည္သူလူထုအေနျဖင့္ ေငြစကၠဴအတုႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ လိုက္နာက်င့္သုံးသြားရန္ႏွင့္ တာဝန္ရွိသူအသီးသီးမွလည္း တရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ားႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗဟိုဘဏ္မွ အသိေပးထုတ္ျပန္ထားသည္။