Girls' Generation ရဲ့အဖွဲ့ဝင် တစ်ဖနီယန်း နဲ့ သရုပ်ဆောင် ဗြောင်ရိုဟန် တွဲနေကြောင်း တရားဝင် အတည်ပြုလာ

 155

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈

တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ Girls' Generation ရဲ့ အဖွဲ့ဝင် တစ်ဖနီယန်း နဲ့ သရုပ်ဆောင် ဗြောင်ရိုဟန်တို့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတာကို ဒီဇင်ဘာ ၁၃ ရက်မှာ အတည်ပြုလိုက်ပါပြီ။
ဒီဇင်ဘာ ၁၃ ရက် ကိုရီးယားစံတော်ချိန် ည ၈ နာရီအချိန်က သရုပ်ဆောင် ဗြောင်ရိုဟန်ရဲ့အေဂျင်စီ TEAMHOPE က "သူတို့နှစ်ယောက် တွဲနေကြတာ အမှန်ဖြစ်ပြီး လက်ထပ်ဖို့လည်း ရည်ရွယ်ထားကြပါတယ်" လို့ မီဒီယာတွေကို ပြောကြား အတည်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဆောင်းဦးရာသီမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတယ်ဆိုတဲ့ကောလာဟနဲ့ပတ်သက်ပြီး အေဂျင်စီက "လက်ရှိတော့ ဘာမှအတည်မပြုရသေးပါဘူး၊ အချိန်ဇယား အတည်ပြုပြီးရင်တော့ သတင်းကောင်းကို ဦးစွာအသိပေးသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။ မင်းသားဗြောင်ရိုဟန် နဲ့ တစ်ဖနီ တို့ဟာ Disney+ ရဲ့ မူရင်းဇာတ်လမ်းတွဲ 'Uncle Samsik' ရိုက်ကွင်းမှာ အတူတူ အလုပ်လုပ်ရင်း တွေ့ဆုံခဲ့ကြတာပါ။ အဲဒီဇာတ်ကားမှာ ဗြောင်ရိုဟန်က ကင်ဆန်လို့ခေါ်တဲ့ အထက်တန်းလွှာ လူငယ်နိုင်ငံရေးသမားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး တစ်ဖနီ က သူ့ရဲ့ချစ်သူ ရေချယ်ဂျောင်အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ဆုံတွေ့ပြီးတဲ့နောက် ဗြောင်ရိုဟန်က တစ်ဖနီကို သူ့ရဲ့ "အင်္ဂလိပ်စာဆရာမ" ဖြစ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အင်တာဗျူးတွေမှာ ခဏခဏ ပြောခဲ့ဖူးပါတယ်။
လက်ထပ်တော့မယ့်သတင်းသာအမှန်ဆိုရင်တော့ တစ်ဖနီဟာ ​၂ဝ၂၆ ခုနှစ်မှာ လက်ထပ်မယ့် Girls' Generation ရဲ့ပထမဆုံးအဖွဲ့ဝင်ဖြစ်လာမှာဖြစ်ပါတယ်။

Zawgyi Version:
Girls' Generation ရဲ႕အဖြဲ႕ဝင္ တစ္ဖနီယန္း နဲ႔ သ႐ုပ္ေဆာင္ ေျဗာင္႐ိုဟန္ တြဲေနေၾကာင္း တရားဝင္ အတည္ျပဳလာ
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၁၈
ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ Girls' Generation ရဲ႕ အဖြဲ႕ဝင္ တစ္ဖနီယန္း နဲ႔ သ႐ုပ္ေဆာင္ ေျဗာင္႐ိုဟန္တို႔ ခ်စ္သူေတြ ျဖစ္ေနၾကတယ္ဆိုတာကို ဒီဇင္ဘာ ၁၃ ရက္မွာ အတည္ျပဳလိုက္ပါၿပီ။
ဒီဇင္ဘာ ၁၃ ရက္ ကိုရီးယားစံေတာ္ခ်ိန္ ည ၈ နာရီအခ်ိန္က သ႐ုပ္ေဆာင္ ေျဗာင္႐ိုဟန္ရဲ႕ေအဂ်င္စီ TEAMHOPE က "သူတို႔ႏွစ္ေယာက္ တြဲေနၾကတာ အမွန္ျဖစ္ၿပီး လက္ထပ္ဖို႔လည္း ရည္႐ြယ္ထားၾကပါတယ္" လို႔ မီဒီယာေတြကို ေျပာၾကား အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ၂၀၂၆ ခုႏွစ္ ေဆာင္းဦးရာသီမွာ မဂၤလာပြဲက်င္းပဖို႔ စီစဥ္ထားတယ္ဆိုတဲ့ေကာလာဟနဲ႔ပတ္သက္ၿပီး ေအဂ်င္စီက "လက္ရွိေတာ့ ဘာမွအတည္မျပဳရေသးပါဘူး၊ အခ်ိန္ဇယား အတည္ျပဳၿပီးရင္ေတာ့ သတင္းေကာင္းကို ဦးစြာအသိေပးသြားပါမယ္" လို႔ ေျပာၾကားခဲ့ပါတယ္။ မင္းသားေျဗာင္႐ိုဟန္ နဲ႔ တစ္ဖနီ တို႔ဟာ Disney+ ရဲ႕ မူရင္းဇာတ္လမ္းတြဲ 'Uncle Samsik' ႐ိုက္ကြင္းမွာ အတူတူ အလုပ္လုပ္ရင္း ေတြ႕ဆုံခဲ့ၾကတာပါ။ အဲဒီဇာတ္ကားမွာ ေျဗာင္႐ိုဟန္က ကင္ဆန္လို႔ေခၚတဲ့ အထက္တန္းလႊာ လူငယ္ႏိုင္ငံေရးသမားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး တစ္ဖနီ က သူ႔ရဲ႕ခ်စ္သူ ေရခ်ယ္ေဂ်ာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အဲဒီဇာတ္ကားမွာ ဆုံေတြ႕ၿပီးတဲ့ေနာက္ ေျဗာင္႐ိုဟန္က တစ္ဖနီကို သူ႔ရဲ႕ "အဂၤလိပ္စာဆရာမ" ျဖစ္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း အင္တာဗ်ဴးေတြမွာ ခဏခဏ ေျပာခဲ့ဖူးပါတယ္။
လက္ထပ္ေတာ့မယ့္သတင္းသာအမွန္ဆိုရင္ေတာ့ တစ္ဖနီဟာ ​၂ဝ၂၆ ခုႏွစ္မွာ လက္ထပ္မယ့္ Girls' Generation ရဲ႕ပထမဆုံးအဖြဲ႕ဝင္ျဖစ္လာမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.