Disney က OpenAI မှာ ဒေါ်လာ ၁.၂၉ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဇာတ်ကောင်တွေ အသုံးပြုခွင့် လိုင်စင်ချပေးမည်

70

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈
Walt Disney ဟာ OpenAI မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (စင်ကာပူဒေါ်လာ ၁.၂၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံလိုက်ပြီး Star Wars၊ Pixar နဲ့ Marvel ရုပ်ရှင်တွေက ဇာတ်ကောင်တွေ အသုံးပြုခွင့်အတွက် သဘော တူညီခဲ့ပါတယ်။
မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ဒီဇင်ဘာ ၁၁ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု သုံးနှစ်တာ သဘောတူထားတာဖြစ်ပြီး ဒါဟာ creative အလုပ်အကိုင်တွေနဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်တွေအပေါ် AI ရဲ့သက်ရောက်မှုနဲ့ပတ်သက်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေရဲ့ စိုးရိမ်မှုတွေကြား ဟောလိဝုဒ်ရဲ့ဉာဏ်ရည်တုနည်းပညာကို လက်ခံကျင့်သုံးလာတဲ့ အဓိကခြေလှမ်းတစ်ခုဖြစ်ပါ တယ်။ သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ Sora နဲ့ ChatGPT Images မှာ ၂ဝ၂၆ ခုနှစ် အစောပိုင်းကစ Mickey Mouse၊ Cinderella နဲ့ Mufasa စတဲ့ Disney ဇာတ်ကောင်တွေအတွက် အသုံးပြုခွင့် လိုင်စင်ရရှိမှာဖြစ်ပါ တယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဟောလိဝုဒ်ရဲ့ ထိပ်တန်း အေဂျင်စီ Creative Artists Agency က OpenAI ဟာ Sora မှတစ်ဆင့် အနုပညာရှင်တွေရဲ့ဖန်တီးမှုတွေကို “အန္တရာယ်” ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ပြီး ဖန်တီးမှုပညာရှင် တွေကို သူတို့လုပ်ဆောင်ခဲ့တဲ့ဖန်တီးမှုတွေအတွက် လျော်ကြေးပေးမှာလားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

Zawgyi Version: