ကယ်လီဖိုးနီးယားပြည်နယ်၏ မွေးရပ်မြေအဖြစ်ရည်ညွှန်းခံရသည့် ဆန်ဒီယေဂို

 170

Pika (NP News) - ဒီဇင်ဘာ ၁၉

ဆန်ဒီယေဂိုမြို့သည် မက္ကဆီကို-အမေ ရိကန်နယ်စပ်နှင့်ကပ်လျက်ရှိသော ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းပေါ်တွင်တည်ရှိသောမြို့တစ်မြို့ဖြစ်ပြီး ကမ်းခြေများ၊ ပန်းခြံ များနှင့် ပူနွေးသောရာသီဥတုကြောင့် နာမည်ကျော်ကြားသည့်မြို့တစ်မြို့ဖြစ်သည်။ ဆန်ဒီယေဂိုမြို့တွင် စုစုပေါင်းနေထိုင်သူ လူဦးရေမှာ(၁ ဒသမ ၄)သန်းရှိပြီး အမေရိကန်နိုင်ငံတွင်းတွင် (၈)ခုမြောက် လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့ဖြစ် ကာ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဒုတိယမြောက် လူဦးရေ အထူထပ် ဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ ဆန်ဒီယေဂိုမြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၃ ဒသမ ၃) သန်းရှိ ပြီး နိုင်ငံတွင်းတွင်(၁၈)ခု မြောက်အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ဆန် ဒီယေဂိုမြို့သည် သာ ယာသောရာသီဥတု၊ ကျယ်ပြန့်သောကမ်းခြေများနှင့် ပန်းခြံများ၊ အမေရိကန် ရေ တပ်နှင့် ကာလရှည်ကြာ စွာဆက်စပ်ထားမှု၊ အီလက်ထရွန်းနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဇီဝနည်း ပညာဖွံ့ဖြိုးတိုး တက်ရေးစင်တာတစ်ခုအဖြစ် နာမည်ကျော်ကြားသည့်မြို့လည်းဖြစ်သည်။

သမိုင်းကြောင်း

Kumeyaay လူမျိုးတို့၏သမိုင်းကြောင်းအရ ဆန်ဒီယေဂိုမြို့ကို ကယ်လီဖိုးနီးယား ပြည်နယ်၏ မွေးရပ်မြေအဖြစ်ရည်òန်းခံခဲ့ရပြီး ဥရောပသားများ ပထမဆုံးလာရောက်လည်ပတ်အခြေချနေထိုင်ရာ မြို့ တစ်မြို့လည်းဖြစ်သည်။(၁၅၄၂)ခုနှစ်တွင် ပေါ်တူဂီစူးစမ်းလေ့လာသူ Juan Rodríguez Cabrillo သည် အဆိုပါဧရိ ယာကို စပိန်နိုင်ငံအတွက်သိမ်းယူခဲ့ပြီး နှစ်ပေါင်း (၂၀ဝ)ကြာပြီးနောက် ကယ်လီဖိုးနီးယား ပြည်နယ်၏အခြေချမှုအတွက် အခြေခံအုတ်မြစ်အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် (၁၇၆၉)ခုနှစ် တွင် The Presidio and Mission San Diego de Alcalá ဟုခေါ်သည့် စပိန်စစ်တပ်၏ခံတပ်ကို စတင် တည်ထောင်ခဲ့ပြီးနောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ (၁၈၂၁) ခုနှစ်တွင် ဆန်ဒီယေဂိုမြို့သည် အသစ်ထုတ်ပြန်ကြေညာခဲ့သော မက္ကဆီကိုအင်ပါယာ၏ တစ်စိတ်တစ် ပိုင်းဖြစ်လာခဲ့သော်လည်း မက္ကဆီကို-အမေရိကန်စစ်ပွဲအပြီး (၁၈၄၈)ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည် နယ်ကို အမေရိကန်လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကာ (၁၈၅၀)ပြည့်နှစ်တွင် (၃၁)ခု မြောက် ပြည်နယ်အဖြစ် လက်ခံခဲ့ကြောင်းသိရသည်။
ဆန်ဒီယေဂိုမြို့စီးပွားရေး၏ အကြီးဆုံး ကဏ္ဍများတွင် စစ်တပ်နှင့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်း များ၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံတကာကုန်သွယ်မှု၊ သုတေသနနှင့်ကုန်ထုတ်လုပ်မှုတို့ပါဝင်ကြောင်းသိရ သည်။ ထို့ပြင် ဆန်ဒီယေဂိုမြို့သည် UC San Diego တက္ကသိုလ်၊ San Diego State တက္ကသိုလ်နှင့် ဆန် ဒီယေဂိုတက္ကသိုလ်တို့အပါအဝင် တက္ကသိုလ်များစွာ၏ နေအိမ်လည်းဖြစ်သည်။ ဆန်ဒီယေဂိုမြို့သည် San Diego–Tijuana ဒေသ၏ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး (၂၀ဝ၂)ခုနှစ်အထိ စုစုပေါင်း နေထိုင်သူလူဦးရေမှာ (၅)သန်းရှိကြောင်းသိရသည်။ ဆန်ဒီယေဂိုမြို့နှင့် မက္ကဆီကိုနိုင်ငံ Tijuana မြို့တို့ ကြားရှိ အဓိကနယ်စပ်ဖြတ်ကျော်ရာနေရာတစ်ခုဖြစ်သည့် San Ysidro Port of Entry သည် အာရှပြင် ဘက်ကမ္ဘာကြီးတွင် အလုပ်အရှုပ်ဆုံး နိုင်ငံတကာနယ် စပ်ဂိတ်တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ထို့ ပြင် ဆန်ဒီယေဂို အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အမေရိကန်နိုင်ငံတွင်းတွင် အလုပ်အများဆုံး လေဆိပ်တစ်ခုလည်းဖြစ်သည်။

စီးပွားရေး

ဆန်ဒီယေဂိုမြို့၏ အဓိကစီးပွားရေးလုပ်ငန်းများမှာ စစ်တပ်နှင့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံတကာကုန်သွယ်မှု၊ သုတေသနနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့ဖြစ်သည်။ (၂၀၁၈) ခုနှစ်တွင် ဆန်ဒီယေဂိုမြို့ရှိ ပျမ်းမျှအိမ် ထောင်စုတစ်ခု၏ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၇၉၆၄၆) ဒေါ် လာဖြစ်ပြီး (၂၀၁၇)ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၃ ဒသမ ၈၉)ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။ (၂၀၁၈)ခုနှစ်တွင် ဆန်ဒီယေဂိုမြို့ရှိ ပျမ်းမျှအိမ်ခြံမြေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၅၄၇၀ဝ) ဖြစ်ပြီး အိမ်တစ်အိမ်လျှင် ပျမ်းမျှ ကား(၂)စီးရှိကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်းသည် Balboa ပန်းခြံ၊ Belmont ပန်းခြံ၊ San Diego တိရစ္ဆာန်ရုံ၊ San Diego Zoo Safari Park နှင့် SeaWorld San Diego တို့ကဲ့သို့သော ခရီးသွားဆွဲဆောင်မှုများ၊ ကမ်းခြေများ၊ ဆန်ဒီယေဂိုမြို့၏ရာသီဥတုနှင့်ကိုက်ညီမှုရှိသော အဓိကလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ဆန်ဒီယေဂို မြို့ ၏ စပိန်နှင့်မက္ကဆီကိုအမွေအနှစ်များကို မြို့တစ်ဝန်းရှိ သမိုင်းဝင်နေရာအများအပြားတွင် တွေ့မြင် နိုင် ပြီး ဘီယာထုတ်လုပ်သည့်လုပ်ငန်းသည် ဘီယာခရီးစဉ်များနှင့် နှစ်စဉ် နိုဝင်ဘာလတွင် ကျင်းပမြဲဖြစ် သော San Diego Beer Week အတွက် လာရောက်လည်ပတ်သူအရေအတွက် တိုးများလာစေရန် ဆွဲ ဆောင်လျက်ရှိကြောင်းလည်းသိရသည်။
(၂၀၁၂)ခုနှစ်တွင် ဆန်ဒီယေဂိုမြို့သည် ခရီးသွားဧည့်သည်(၃၂)သန်းကျော်ကို လက်ခံရရှိခဲ့ပြီး လာရောက်လည်ပတ်သည့်ခရီးသွားအားလုံး၏ စုစုပေါင်းအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ(၈) ဘီလျံ ခန့်ရှိခဲ့ကာ ဧည့်ကြိုလုပ်ငန်းသည် လူပေါင်း (၁၆၀ဝဝဝ)ကျော်အတွက် အလုပ်အကိုင်များကို ထောက်ပံ့ ပေးထားကြောင်းသိရသည်။
ဆန်ဒီယေဂိုမြို့၏ အပျော်စီးသင်္ဘောလုပ်ငန်းသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် ဒုတိယ မြောက်အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး ဆန်ဒီယေဂိုမြို့မှာ အပျော်စီးသင်္ဘောလိုင်း အများအပြားလည် ပတ်လျက်ရှိတယ်လို့လည်းသိရပါတယ်။ ငါးဖမ်းအားကစားသည် ဆန်ဒီယေဂိုမြို့ရှိ အခြား လူကြိုက်များ သော ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ၎င်းသည် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ အကြီးမား ဆုံး ငါးဖမ်းအားကစားရေယာဉ်စု တည်ရှိရာနေရာလည်းဖြစ်သည်။

နိုင်ငံတကာကုန်သွယ်မှု

ဆန်ဒီယေဂိုမြို့၏ ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းနှင့် အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ ၎င်း၏တည်နေရာသည် ဆန်ဒီယေဂိုမြို့၏စီးပွားရေးအတွက် နိုင်ငံတကာကုန်သွယ်မှုတွင် အရေးပါ သောအချက်အချာနေရာတစ်ခုလည်းဖြစ်သည်။ ထို့ပြင် ဆန်ဒီယာဂိုမြို့ကို နိုင်ငံခြားကုန်သွယ်မှုဇုန် အဖြစ်လုပ်ကိုင်ရန် အမေရိကန်အစိုးရကခွင့်ပြုထားပြီး မြို့သည် မက္ကဆီကိုနိုင်ငံနှင့် (၂၄)ကီလို မီတာခန့် နယ်နိမိတ်ချင်းထိစပ်နေကြောင်းသိရသည်။ ဆန်ဒီယေဂိုဆိပ်ကမ်းသည် ကယ်လီဖိုးနီးယားပြည်နယ် တွင် တတိယမြောက် အလုပ်အများဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပြီး အနောက်ဘက်ကမ်းရိုးတန်းတွင် အလုပ် အများဆုံးဆိပ်ကမ်းထဲမှတစ်ခုလည်းဖြစ်သည်။ ဆန်ဒီယေဂိုမြို့၏ ကုန်တင်ကုန်ချ အဆောက်အအုံ နှစ်ခု အနက် တစ်ခုသည် ဆန်ဒီယေဂိုမြို့လယ်တွင်တည်ရှိပြီး အဆိုပါဂိတ်တွင် ကွန်တိန်နာအများအပြားကို ကုန်တင်ကုန်ချလုပ် ဆောင်လျက်ရှိကြောင်းသိရသည်။ အမေရိကန် တူနာငါးဖမ်းရေယာဉ်စုသည် ဆန်ဒီ ယေဂိုမြို့တွင် အခြေစိုက်ခြင်းမျိုးမရှိတော့သော်လည်း သမိုင်းကြောင်းအရ တူနာငါးဖမ်းခြင်းနှင့် စည် သွတ်ဘူးများသည် ဆန်ဒီယေဂိုမြို့၏ အဓိကလုပ်ငန်းများထဲမှတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
ကယ္လီဖိုးနီးယားျပည္နယ္၏ ေမြးရပ္ေျမအျဖစ္ရည္ၫႊန္းခံရသည့္ ဆန္ဒီေယဂို
Pika (NP News) - ဒီဇင္ဘာ ၁၉
ဆန္ဒီေယဂိုၿမိဳ႕သည္ မကၠဆီကို-အေမ ရိကန္နယ္စပ္ႏွင့္ကပ္လ်က္ရွိေသာ ကယ္လီဖိုးနီးယား ျပည္နယ္ေတာင္ပိုင္း ပစိဖိတ္ကမ္း႐ိုးတန္းေပၚတြင္တည္ရွိေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ကမ္းေျခမ်ား၊ ပန္းၿခံ မ်ားႏွင့္ ပူေႏြးေသာရာသီဥတုေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ဆန္ဒီေယဂိုၿမိဳ႕တြင္ စုစုေပါင္းေနထိုင္သူ လူဦးေရမွာ(၁ ဒသမ ၄)သန္းရွိၿပီး အေမရိကန္ႏိုင္ငံတြင္းတြင္ (၈)ခုေျမာက္ လူဦးေရ အထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ ကာ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ဒုတိယေျမာက္ လူဦးေရ အထူထပ္ ဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ဆန္ဒီေယဂိုၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၃ ဒသမ ၃) သန္းရွိ ၿပီး ႏိုင္ငံတြင္းတြင္(၁၈)ခု ေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဆန္ ဒီေယဂိုၿမိဳ႕သည္ သာ ယာေသာရာသီဥတု၊ က်ယ္ျပန႔္ေသာကမ္းေျခမ်ားႏွင့္ ပန္းၿခံမ်ား၊ အေမရိကန္ ေရ တပ္ႏွင့္ ကာလရွည္ၾကာ စြာဆက္စပ္ထားမႈ၊ အီလက္ထ႐ြန္းနစ္၊ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ဇီဝနည္း ပညာဖြံ႕ၿဖိဳးတိုး တက္ေရးစင္တာတစ္ခုအျဖစ္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕လည္းျဖစ္သည္။

သမိုင္းေၾကာင္း

Kumeyaay လူမ်ိဳးတို႔၏သမိုင္းေၾကာင္းအရ ဆန္ဒီေယဂိုၿမိဳ႕ကို ကယ္လီဖိုးနီးယား ျပည္နယ္၏ ေမြးရပ္ေျမအျဖစ္ရည္òန္းခံခဲ့ရၿပီး ဥေရာပသားမ်ား ပထမဆုံးလာေရာက္လည္ပတ္အေျခခ်ေနထိုင္ရာ ၿမိဳ႕ တစ္ၿမိဳ႕လည္းျဖစ္သည္။(၁၅၄၂)ခုႏွစ္တြင္ ေပၚတူဂီစူးစမ္းေလ့လာသူ Juan Rodríguez Cabrillo သည္ အဆိုပါဧရိ ယာကို စပိန္ႏိုင္ငံအတြက္သိမ္းယူခဲ့ၿပီး ႏွစ္ေပါင္း (၂၀ဝ)ၾကာၿပီးေနာက္ ကယ္လီဖိုးနီးယား ျပည္နယ္၏အေျခခ်မႈအတြက္ အေျခခံအုတ္ျမစ္အျဖစ္ စတင္ဖြဲ႕စည္းခဲ့သည္။ ထို႔ေနာက္ (၁၇၆၉)ခုႏွစ္ တြင္ The Presidio and Mission San Diego de Alcalá ဟုေခၚသည့္ စပိန္စစ္တပ္၏ခံတပ္ကို စတင္ တည္ေထာင္ခဲ့ၿပီးေနာက္ပိုင္းတြင္ ကယ္လီဖိုးနီးယားျပည္နယ္အျဖစ္ ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။ (၁၈၂၁) ခုႏွစ္တြင္ ဆန္ဒီေယဂိုၿမိဳ႕သည္ အသစ္ထုတ္ျပန္ေၾကညာခဲ့ေသာ မကၠဆီကိုအင္ပါယာ၏ တစ္စိတ္တစ္ ပိုင္းျဖစ္လာခဲ့ေသာ္လည္း မကၠဆီကို-အေမရိကန္စစ္ပြဲအၿပီး (၁၈၄၈)ခုႏွစ္တြင္ ကယ္လီဖိုးနီးယား ျပည္ နယ္ကို အေမရိကန္လက္ထဲသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ကာ (၁၈၅၀)ျပည့္ႏွစ္တြင္ (၃၁)ခု ေျမာက္ ျပည္နယ္အျဖစ္ လက္ခံခဲ့ေၾကာင္းသိရသည္။
ဆန္ဒီေယဂိုၿမိဳ႕စီးပြားေရး၏ အႀကီးဆုံး က႑မ်ားတြင္ စစ္တပ္ႏွင့္ကာကြယ္ေရးဆိုင္ရာလုပ္ငန္း မ်ား၊ ခရီးသြားလုပ္ငန္း၊ ႏိုင္ငံတကာကုန္သြယ္မႈ၊ သုေတသနႏွင့္ကုန္ထုတ္လုပ္မႈတို႔ပါဝင္ေၾကာင္းသိရ သည္။ ထို႔ျပင္ ဆန္ဒီေယဂိုၿမိဳ႕သည္ UC San Diego တကၠသိုလ္၊ San Diego State တကၠသိုလ္ႏွင့္ ဆန္ ဒီေယဂိုတကၠသိုလ္တို႔အပါအဝင္ တကၠသိုလ္မ်ားစြာ၏ ေနအိမ္လည္းျဖစ္သည္။ ဆန္ဒီေယဂိုၿမိဳ႕သည္ San Diego–Tijuana ေဒသ၏ စီးပြားေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး (၂၀ဝ၂)ခုႏွစ္အထိ စုစုေပါင္း ေနထိုင္သူလူဦးေရမွာ (၅)သန္းရွိေၾကာင္းသိရသည္။ ဆန္ဒီေယဂိုၿမိဳ႕ႏွင့္ မကၠဆီကိုႏိုင္ငံ Tijuana ၿမိဳ႕တို႔ ၾကားရွိ အဓိကနယ္စပ္ျဖတ္ေက်ာ္ရာေနရာတစ္ခုျဖစ္သည့္ San Ysidro Port of Entry သည္ အာရွျပင္ ဘက္ကမာၻႀကီးတြင္ အလုပ္အရႈပ္ဆုံး ႏိုင္ငံတကာနယ္ စပ္ဂိတ္တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ ျပင္ ဆန္ဒီေယဂို အျပည္ျပည္ဆိုင္ရာေလဆိပ္သည္ အေမရိကန္ႏိုင္ငံတြင္းတြင္ အလုပ္အမ်ားဆုံး ေလဆိပ္တစ္ခုလည္းျဖစ္သည္။

စီးပြားေရး

ဆန္ဒီေယဂိုၿမိဳ႕၏ အဓိကစီးပြားေရးလုပ္ငန္းမ်ားမွာ စစ္တပ္ႏွင့္ကာကြယ္ေရးဆိုင္ရာလုပ္ငန္းမ်ား၊ ခရီးသြားလုပ္ငန္း၊ ႏိုင္ငံတကာကုန္သြယ္မႈ၊ သုေတသနႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းတို႔ျဖစ္သည္။ (၂၀၁၈) ခုႏွစ္တြင္ ဆန္ဒီေယဂိုၿမိဳ႕ရွိ ပ်မ္းမွ်အိမ္ ေထာင္စုတစ္ခု၏ဝင္ေငြသည္ အေမရိကန္ေဒၚလာ (၇၉၆၄၆) ေဒၚ လာျဖစ္ၿပီး (၂၀၁၇)ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၃ ဒသမ ၈၉)ရာခိုင္ႏႈန္းတိုးလာေၾကာင္း သိရသည္။ (၂၀၁၈)ခုႏွစ္တြင္ ဆန္ဒီေယဂိုၿမိဳ႕ရွိ ပ်မ္းမွ်အိမ္ၿခံေျမတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၆၅၄၇၀ဝ) ျဖစ္ၿပီး အိမ္တစ္အိမ္လွ်င္ ပ်မ္းမွ် ကား(၂)စီးရွိေၾကာင္း သိရသည္။

ခရီးသြားလုပ္ငန္း

ခရီးသြားလုပ္ငန္းသည္ Balboa ပန္းၿခံ၊ Belmont ပန္းၿခံ၊ San Diego တိရစာၦန္႐ုံ၊ San Diego Zoo Safari Park ႏွင့္ SeaWorld San Diego တို႔ကဲ့သို႔ေသာ ခရီးသြားဆြဲေဆာင္မႈမ်ား၊ ကမ္းေျခမ်ား၊ ဆန္ဒီေယဂိုၿမိဳ႕၏ရာသီဥတုႏွင့္ကိုက္ညီမႈရွိေသာ အဓိကလုပ္ငန္းတစ္ခုလည္းျဖစ္သည္။ ဆန္ဒီေယဂို ၿမိဳ႕ ၏ စပိန္ႏွင့္မကၠဆီကိုအေမြအႏွစ္မ်ားကို ၿမိဳ႕တစ္ဝန္းရွိ သမိုင္းဝင္ေနရာအမ်ားအျပားတြင္ ေတြ႕ျမင္ ႏိုင္ ၿပီး ဘီယာထုတ္လုပ္သည့္လုပ္ငန္းသည္ ဘီယာခရီးစဥ္မ်ားႏွင့္ ႏွစ္စဥ္ ႏိုဝင္ဘာလတြင္ က်င္းပၿမဲျဖစ္ ေသာ San Diego Beer Week အတြက္ လာေရာက္လည္ပတ္သူအေရအတြက္ တိုးမ်ားလာေစရန္ ဆြဲ ေဆာင္လ်က္ရွိေၾကာင္းလည္းသိရသည္။
(၂၀၁၂)ခုႏွစ္တြင္ ဆန္ဒီေယဂိုၿမိဳ႕သည္ ခရီးသြားဧည့္သည္(၃၂)သန္းေက်ာ္ကို လက္ခံရရွိခဲ့ၿပီး လာေရာက္လည္ပတ္သည့္ခရီးသြားအားလုံး၏ စုစုေပါင္းအသုံးစရိတ္မွာ အေမရိကန္ေဒၚလာ(၈) ဘီလ်ံ ခန႔္ရွိခဲ့ကာ ဧည့္ႀကိဳလုပ္ငန္းသည္ လူေပါင္း (၁၆၀ဝဝဝ)ေက်ာ္အတြက္ အလုပ္အကိုင္မ်ားကို ေထာက္ပံ့ ေပးထားေၾကာင္းသိရသည္။
ဆန္ဒီေယဂိုၿမိဳ႕၏ အေပ်ာ္စီးသေဘၤာလုပ္ငန္းသည္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ဒုတိယ ေျမာက္အႀကီးဆုံးလုပ္ငန္းတစ္ခုျဖစ္ခဲ့ၿပီး ဆန္ဒီေယဂိုၿမိဳ႕မွာ အေပ်ာ္စီးသေဘၤာလိုင္း အမ်ားအျပားလည္ ပတ္လ်က္ရွိတယ္လို႔လည္းသိရပါတယ္။ ငါးဖမ္းအားကစားသည္ ဆန္ဒီေယဂိုၿမိဳ႕ရွိ အျခား လူႀကိဳက္မ်ား ေသာ ခရီးသြားဆြဲေဆာင္မႈတစ္ခုျဖစ္ၿပီး ၎သည္ ကယ္လီဖိုးနီးယားျပည္နယ္ေတာင္ပိုင္းရွိ အႀကီးမား ဆုံး ငါးဖမ္းအားကစားေရယာဥ္စု တည္ရွိရာေနရာလည္းျဖစ္သည္။

ႏိုင္ငံတကာကုန္သြယ္မႈ

ဆန္ဒီေယဂိုၿမိဳ႕၏ ကူးသန္းေရာင္းဝယ္ေရးဆိပ္ကမ္းႏွင့္ အေမရိကန္-မကၠဆီကိုနယ္စပ္ရွိ ၎၏တည္ေနရာသည္ ဆန္ဒီေယဂိုၿမိဳ႕၏စီးပြားေရးအတြက္ ႏိုင္ငံတကာကုန္သြယ္မႈတြင္ အေရးပါ ေသာအခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ ဆန္ဒီယာဂိုၿမိဳ႕ကို ႏိုင္ငံျခားကုန္သြယ္မႈဇုန္ အျဖစ္လုပ္ကိုင္ရန္ အေမရိကန္အစိုးရကခြင့္ျပဳထားၿပီး ၿမိဳ႕သည္ မကၠဆီကိုႏိုင္ငံႏွင့္ (၂၄)ကီလို မီတာခန႔္ နယ္နိမိတ္ခ်င္းထိစပ္ေနေၾကာင္းသိရသည္။ ဆန္ဒီေယဂိုဆိပ္ကမ္းသည္ ကယ္လီဖိုးနီးယားျပည္နယ္ တြင္ တတိယေျမာက္ အလုပ္အမ်ားဆုံးဆိပ္ကမ္းတစ္ခုျဖစ္ၿပီး အေနာက္ဘက္ကမ္း႐ိုးတန္းတြင္ အလုပ္ အမ်ားဆုံးဆိပ္ကမ္းထဲမွတစ္ခုလည္းျဖစ္သည္။ ဆန္ဒီေယဂိုၿမိဳ႕၏ ကုန္တင္ကုန္ခ် အေဆာက္အအုံ ႏွစ္ခု အနက္ တစ္ခုသည္ ဆန္ဒီေယဂိုၿမိဳ႕လယ္တြင္တည္ရွိၿပီး အဆိုပါဂိတ္တြင္ ကြန္တိန္နာအမ်ားအျပားကို ကုန္တင္ကုန္ခ်လုပ္ ေဆာင္လ်က္ရွိေၾကာင္းသိရသည္။ အေမရိကန္ တူနာငါးဖမ္းေရယာဥ္စုသည္ ဆန္ဒီ ေယဂိုၿမိဳ႕တြင္ အေျခစိုက္ျခင္းမ်ိဳးမရွိေတာ့ေသာ္လည္း သမိုင္းေၾကာင္းအရ တူနာငါးဖမ္းျခင္းႏွင့္ စည္ သြတ္ဘူးမ်ားသည္ ဆန္ဒီေယဂိုၿမိဳ႕၏ အဓိကလုပ္ငန္းမ်ားထဲမွတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.