အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်ဌာနများအတွက် ဝန်ထမ်း (၆၃၀)ကျော် ခေါ်ယူနေ

 386

စော(NP News)-ဒီဇင်ဘာ ၁၈
တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းနှင့် ဌာနများအတွက် ဝန်ထမ်း (၆၃၀)ကျော်ခေါ်ယူနေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဝန်ထမ်းများတွင် နည်းပြရာထူးအတွက် (၂၄၁)ဦးခေါ်ယူသွားမည်ဖြစ်ပြီး B.E(Civil, EP, Mech, IT) B.C.Sc B.C.Techi B.A(Myan, Eng) B.Sc(Maths, Chem) (မဟာဘွဲ့တက်ရောက်ရန်အရည်အချင်း ပြည့်မီသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စာရင်းကိုင် (၄)ရာထူးအတွက် (၁၅)ဦးခေါ်ယူသွားမည်ဖြစ်ကာ ဘွဲ့တစ်ခုခုရရှိသူ/စီးပွားရေးဘွဲ့ရရှိသူဖြစ်ရန်လိုအပ်ပြီး အငယ်တန်းရာထူးအတွက် (၆၂)ဦး ခေါ်ယူသွားမည်ဖြစ်၍ ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ စက်မှုကျွမ်းကျင် (၄)ရာထူးအတွက် A.G.T.I(Civil, EC, EP, Mech, IT) ၊ A.G.T.I(Farm Machinery) ဒီပလိုမာလက်မှတ်ရရှိသူ (၁၂၀)ဦး ၊ စက်မှုကျွမ်းကျင် (၅)ရာထူးအတွက် GTHS(BT, ECT, ET, Mech, IT, MPT)/ ITCရရှိသူ (၁၀၀)ဦး၊ ရုံးအကူရာထူးအတွက် (၇၀)ဦး၊ အစောင့်ရာထူး၊ သန့်ရှင်းရေးအကူ ရာထူး နှင့်လုပ်သားရာထူးအတွက် (၁၀)ဦးစီ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ပြီး ဦးစီးဌာန၏ နေ့စားဝန်ထမ်းဖြစ်ပါက (၃၈)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစောင့်၊သန့်ရှင်းရေးအကူ၊ လုပ်သားရာထူးနေရာများတွင် လျှောက်ထားသူများသည် အသက်(၄၀)နှစ်အထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ပြီး အဆိုပါရာထူးနေရာအတွက် ‌‌ရွေးချယ်ခံရသူများအနေဖြင့် ရုံးချုပ်နှင့် နေပြည်တော်အတွင်းရှိ သိပ္ပံနှင့်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ https:// www.dtvet.gov.mm တွင် ဒေါင်းလုပ်ရယူနိုင်သည့် အပြင် နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်ဌာနများတွင်ထုတ်ယူနိုင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၉ရက်နေ့ နောက်ဆုံးထား၍ တိုက်ရိုက်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
နည်းပြ၊ အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)နှင့် စက်မှုကျွမ်းကျင် (၄)ရာထူးများကို လျှောက်ထားသူများသည် မြန်မာစာ၊ အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာဘာသာရပ်များကို ဇန်နဝါရီ ၁၇ရက်မှ ၁၈ရက်တို့တွင် ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစာမေးပွဲအောင်မြင်သူများနှင့် စက်မှုကျွမ်းကျင် (၅)၊ ရုံးအကူ၊ အစောင့်၊သန့်ရှင်းရေးအကူနှင့် လုပ်သားရာထူးများသည် လူတွေ့စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၇ရက်မှ ၉ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အစိုးရနည္းပညာေကာလိပ္၊ သိပၸံ၊ ေက်ာင္းႏွင့္ဌာနမ်ားအတြက္ ဝန္ထမ္း (၆၃၀)ေက်ာ္ ေခၚယူေန
ေစာ(NP News)-ဒီဇင္ဘာ ၁၈
တိုင္းေဒသႀကီး၊ ျပည္နယ္၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ အစိုးရနည္းပညာ ေကာလိပ္၊ အစိုးရစက္မႈလက္မႈသိပၸံႏွင့္ အစိုးရနည္းပညာအထက္တန္း ေက်ာင္းႏွင့္ ဌာနမ်ားအတြက္ ဝန္ထမ္း (၆၃၀)ေက်ာ္ေခၚယူေနေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဝန္ထမ္းမ်ားတြင္ နည္းျပရာထူးအတြက္ (၂၄၁)ဦးေခၚယူသြားမည္ျဖစ္ၿပီး B.E(Civil, EP, Mech, IT) B.C.Sc B.C.Techi B.A(Myan, Eng) B.Sc(Maths, Chem) (မဟာဘြဲ႕တက္ေရာက္ရန္အရည္အခ်င္း ျပည့္မီသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စာရင္းကိုင္ (၄)ရာထူးအတြက္ (၁၅)ဦးေခၚယူသြားမည္ျဖစ္ကာ ဘြဲ႕တစ္ခုခုရရွိသူ/စီးပြားေရးဘြဲ႕ရရွိသူျဖစ္ရန္လိုအပ္ၿပီး အငယ္တန္းရာထူးအတြက္ (၆၂)ဦး ေခၚယူသြားမည္ျဖစ္၍ ဘြဲ႕တစ္ခုခုရရွိရမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ စက္မႈကြၽမ္းက်င္ (၄)ရာထူးအတြက္ A.G.T.I(Civil, EC, EP, Mech, IT) ၊ A.G.T.I(Farm Machinery) ဒီပလိုမာလက္မွတ္ရရွိသူ (၁၂၀)ဦး ၊ စက္မႈကြၽမ္းက်င္ (၅)ရာထူးအတြက္ GTHS(BT, ECT, ET, Mech, IT, MPT)/ ITCရရွိသူ (၁၀၀)ဦး၊ ႐ုံးအကူရာထူးအတြက္ (၇၀)ဦး၊ အေစာင့္ရာထူး၊ သန႔္ရွင္းေရးအကူ ရာထူး ႏွင့္လုပ္သားရာထူးအတြက္ (၁၀)ဦးစီ ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ အသက္(၁၈)ႏွစ္ျပည့္ၿပီး (၃၅)ႏွစ္ထက္ မေက်ာ္လြန္သူ ျဖစ္ရမည္ျဖစ္ၿပီး ဦးစီးဌာန၏ ေန႔စားဝန္ထမ္းျဖစ္ပါက (၃၈)ႏွစ္ထက္ မေက်ာ္လြန္သူ ျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အေစာင့္၊သန႔္ရွင္းေရးအကူ၊ လုပ္သားရာထူးေနရာမ်ားတြင္ ေလွ်ာက္ထားသူမ်ားသည္ အသက္(၄၀)ႏွစ္အထက္ မေက်ာ္လြန္သူ ျဖစ္ရမည္ျဖစ္ၿပီး အဆိုပါရာထူးေနရာအတြက္ ‌‌ေ႐ြးခ်ယ္ခံရသူမ်ားအေနျဖင့္ ႐ုံးခ်ဳပ္ႏွင့္ ေနျပည္ေတာ္အတြင္းရွိ သိပၸံႏွင့္ေက်ာင္းမ်ားတြင္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာပုံစံမ်ားကို နည္းပညာ၊ သက္ေမြးပညာႏွင့္ေလ့က်င့္ေရးဦးစီးဌာန၊ https:// www.dtvet.gov.mm တြင္ ေဒါင္းလုပ္ရယူႏိုင္သည့္ အျပင္ နီးစပ္ရာ အစိုးရနည္းပညာေကာလိပ္၊ သိပၸံ၊ ေက်ာင္းႏွင့္ဌာနမ်ားတြင္ထုတ္ယူႏိုင္ၿပီး ၂၀၂၆ခုႏွစ္၊ ဇန္နဝါရီ ၉ရက္ေန႔ ေနာက္ဆုံးထား၍ တိုက္႐ိုက္တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
နည္းျပ၊ အငယ္တန္းစာေရး၊ စာရင္းကိုင္(၄)ႏွင့္ စက္မႈကြၽမ္းက်င္ (၄)ရာထူးမ်ားကို ေလွ်ာက္ထားသူမ်ားသည္ ျမန္မာစာ၊ အေထြေထြဗဟုသုတႏွင့္ အဂၤလိပ္စာဘာသာရပ္မ်ားကို ဇန္နဝါရီ ၁၇ရက္မွ ၁၈ရက္တို႔တြင္ ေျဖဆိုရမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါစာေမးပြဲေအာင္ျမင္သူမ်ားႏွင့္ စက္မႈကြၽမ္းက်င္ (၅)၊ ႐ုံးအကူ၊ အေစာင့္၊သန႔္ရွင္းေရးအကူႏွင့္ လုပ္သားရာထူးမ်ားသည္ လူေတြ႕စစ္ေဆးျခင္းကို ေဖေဖာ္ဝါရီ ၇ရက္မွ ၉ရက္ေန႔အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.