ငွေကျပ်သိန်း (၂၉၄၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ပန်းတောင်းမြို့နယ်တွင် ဖမ်းဆီးရမိ

 183

စိမ့် (NP News) - ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီးတွင် ငွေကျပ်သိန်း (၂၉၄၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၈ရက်)က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီး၌ သတင်းများအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ကိုကိုဇော်(ခ)ကိုဇော်နှင့် မြတ်ကျော်တို့ မောင်းနှင်လာသည့် HONDA FIT ကားကို ရှာဖွေစစ်ဆေးရာ ၎င်းကားပေါ်မှ ငွေကျပ်သိန်း(၂၉၄၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၉၆၀၀၀)ပြားနှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကိုကိုဇော်(ခ)ကိုဇော်(၃၂)နှစ် နှင့် မြတ်ကျော်(၃၇)နှစ်တို့ကို ဥသျှစ်ပင်နယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၌ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇) ရက်က သတင်းများအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စိုင်းစံအောင် မောင်းနှင်လာသည့် HONDA CIVICကားကို ရှာဖွေစစ်ဆေးရာ ၎င်းကားပေါ်မှ ငွေကျပ်သိန်း(၆၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၀၀၀) ပြားနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အိုက်ဆာထွန်း၏နေအိမ်အတွင်းမှ ငွေကျပ်(၁၆)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၆၀၀) ပြားနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စိုင်းစံအောင်(၃၇)နှစ် နှင့် အိုက်ဆာထွန်း(၅၆)နှစ်တို့ကို လားရှိုးနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ေငြက်ပ္သိန္း (၂၉၄၀) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ပန္းေတာင္းၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိ
စိမ့္ (NP News) - ဒီဇင္ဘာ ၁၉
ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္ၿမိဳ႕၊ က်ီးပင္ေက်း႐ြာအနီးတြင္ ေငြက်ပ္သိန္း (၂၉၄၀) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၁၈ရက္)က ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္ၿမိဳ႕၊ က်ီးပင္ေက်း႐ြာအနီး၌ သတင္းမ်ားအရ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ကိုကိုေဇာ္(ခ)ကိုေဇာ္ႏွင့္ ျမတ္ေက်ာ္တို႔ ေမာင္းႏွင္လာသည့္ HONDA FIT ကားကို ရွာေဖြစစ္ေဆးရာ ၎ကားေပၚမွ ေငြက်ပ္သိန္း(၂၉၄၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၁၉၆၀၀၀)ျပားႏွင့္ လက္ကိုင္ဖုန္း (၂) လုံးတို႔ကို သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ကိုကိုေဇာ္(ခ)ကိုေဇာ္(၃၂)ႏွစ္ ႏွင့္ ျမတ္ေက်ာ္(၃၇)ႏွစ္တို႔ကို ဥသွ်စ္ပင္နယ္ေျမရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)၌ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၁၇) ရက္က သတင္းမ်ားအရ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က စိုင္းစံေအာင္ ေမာင္းႏွင္လာသည့္ HONDA CIVICကားကို ရွာေဖြစစ္ေဆးရာ ၎ကားေပၚမွ ေငြက်ပ္သိန္း(၆၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၂၀၀၀) ျပားႏွင့္ လက္ကိုင္ဖုန္း (၁) လုံးတို႔ကို သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)၊ အိုက္ဆာထြန္း၏ေနအိမ္အတြင္းမွ ေငြက်ပ္(၁၆)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၆၀၀) ျပားႏွင့္ လက္ကိုင္ဖုန္း (၁) လုံးတို႔ကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ စိုင္းစံေအာင္(၃၇)ႏွစ္ ႏွင့္ အိုက္ဆာထြန္း(၅၆)ႏွစ္တို႔ကို လားရႈိးနယ္ေျမရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.