မအူပင်မြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ ကျင်းပပြုလုပ်

 375

ပြည့်ဖြိုးပိုင် (မအူပင်)ဒီဇင်ဘာ - ၁၉
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၅)နာရီကျော်အချိန်မှ စတင်ကာ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား မအူပင်မြို့ မှန်ပင်ပရိယတ္တိစာသင်တိုက်မှ မအူပင်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ သယ်ဆောင်ခဲ့ကြပြီး ကရင်အမျိုးသားအလံတော်လွှင့်တင်ခြင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ နှင့် ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း ၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)မှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဖတ်ကြားခြင်း ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်း‌ရင်းသားရေးရာဝန်ကြီးထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် ပါဝင်လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး မအူပင်တက္ကသိုလ် ဒုံယိမ်းအဖွဲ့မှ ဒုံယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းလည်းသိရသည်။

အဆိုပါအခမ်းအနားသို့ မအူပင်မြို့ရှိ ဌာနဆိုင်ရာအကြီးအကဲများ ၊ ကရင်တိုင်ရင်းသားများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ကောက်ညှင်းပေါင်းနံနက်စာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်းနှင့် မအူပင်မြို့အပါအဝင် မအူပင်မြို့နယ်ရှိ ကရင်တိုင်းရင်းသားများရှိရာဒေသများတွင်လည်း ကရင်နှစ်သစ်ကူးပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နေကြကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင်

Zawgyi Version:
မအူပင္ၿမိဳ႕တြင္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲ က်င္းပျပဳလုပ္
ျပည့္ၿဖိဳးပိုင္ (မအူပင္)ဒီဇင္ဘာ - ၁၉
ဧရာဝတီတိုင္းေဒသႀကီး ၊ မအူပင္ၿမိဳ႕တြင္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပြဲေတာ္အား ဒီဇင္ဘာလ (၁၉)ရက္ေန႔ နံနက္ (၅)နာရီေက်ာ္အခ်ိန္မွ စတင္ကာ လြတ္လပ္ေရးေက်ာက္တိုင္ကြင္းအတြင္း၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ကရင္အမ်ိဳးသားအလံေတာ္အား မအူပင္ၿမိဳ႕ မွန္ပင္ပရိယတၱိစာသင္တိုက္မွ မအူပင္ၿမိဳ႕ လြတ္လပ္ေရးေက်ာက္တိုင္ကြင္းသို႔ သယ္ေဆာင္ခဲ့ၾကၿပီး ကရင္အမ်ိဳးသားအလံေတာ္လႊင့္တင္ျခင္း ၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အလံ ႏွင့္ ကရင္အမ်ိဳးသားအလံေတာ္အား အေလးျပဳျခင္း ၊ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပြဲေတာ္ က်င္းပေရးဗဟိုေကာ္မတီ (မဟာရန္ကုန္)မွ ေပးပို႔ေသာ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔ သဝဏ္လႊာအား ဖတ္ၾကားျခင္း ၊ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ တိုင္း‌ရင္းသားေရးရာဝန္ႀကီးထံမွ ေပးပို႔ေသာ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔သဝဏ္လႊာအား ဖတ္ၾကားျခင္းႏွင့္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္ က်င္းပႏိုင္ေရးအတြက္ ပါဝင္လႉဒါန္းသူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားျပန္လည္ေပးအပ္ျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး မအူပင္တကၠသိုလ္ ဒုံယိမ္းအဖြဲ႕မွ ဒုံယိမ္းအကအလွမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကေၾကာင္းလည္းသိရသည္။

အဆိုပါအခမ္းအနားသို႔ မအူပင္ၿမိဳ႕ရွိ ဌာနဆိုင္ရာအႀကီးအကဲမ်ား ၊ ကရင္တိုင္ရင္းသားမ်ား ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကၿပီး ေကာက္ညႇင္းေပါင္းနံနက္စာမ်ားျဖင့္ ေကြၽးေမြးဧည့္ခံခဲ့ၾကေၾကာင္းႏွင့္ မအူပင္ၿမိဳ႕အပါအဝင္ မအူပင္ၿမိဳ႕နယ္ရွိ ကရင္တိုင္းရင္းသားမ်ားရွိရာေဒသမ်ားတြင္လည္း ကရင္ႏွစ္သစ္ကူးပြဲေတာ္မ်ား စည္ကားသိုက္ၿမိဳက္စြာက်င္းပျပဳလုပ္ေနၾကေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္

Related news

© 2021. All rights reserved.